ဥေရာပရဲ႕ အေကာင္းဆုံး လူငယ္ကစားသမား ၁၁ ေယာက္ စာရင္း

ပရီးမီးယားလိဂ် ၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါ ၊ လီဂူးဝမ်းနဲ့ အဲရီဒီဗီဆီ တို့ကနေ အသက် ၂၃နှစ်နဲ့အောက် အကောင်းဆုံး အသင်းတစ်သင်းကို တည်ဆောက်ဖို့ လိဂ်ပွဲအချက်အလက်တွေကနေ အကောင်းဆုံး ကစားသမားတွေကို စကိုင်းစပေါ့က ရွေးထုတ်ခဲ့တဲ့အကြောင်းကို ဖော်ပြပေးပါမယ်။

ဂိုးသမား

Reims ဂိုးသမား ရက်ဂျ်ကိုဗစ်ဟာ ဒီရာသီ လီဂူးဝမ်း လိဂ်ပွဲ ၁၀ ပွဲကနေ ၇ ပွဲ clean sheet ရယူခဲ့ပြီးနောက် ဆားဘီးယားနိုင်ငံအသင်းအတွက်လဲ ၁၃ ပွဲကစားပေးခဲ့ရတဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်ကာ ဒီစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အကောင်းဆုံး ဂိုးသမားရဲ့ အရန်တွေအဖြစ်တော့ ဖီအိုရင်တီးနားကနေ အငှားလာကစားနေတဲ့ နန့်တက်စ်ဂိုးသမား လာဖွန့်က ဒုတိယနေရာမှာ ရပ်တည်နေပြီး အေဂျက်ဂိုးသမား အိုနာနာက တတိယဖြစ်ပါတယ်။

ဗဟိုခံစစ်

Heerenveen နောက်ခံလူ အီဗရာဟင် ဒရီဆီဗစ်က အဲရီဒီဗီဆီမှာ သူ့အသင်းကို clean sheet လေးကြိမ်ရအောင် ကူညီပေးခဲ့ပြီး တစ်ရာသီ အတွင်း အကောင်းဆုံး ဂိုး စာရင်း ဝင်ခဲ့တဲ့ ဖီယွန်နော့နဲ့ပွဲက ဂိုးအပါအဝင် ဒီရာသီမှာ နှစ်ဂိုး ရယူပေး ထားပါတယ်။ လက်စတာစီးတီးမှာ ဟယ်ရီမက်ဂွဲရား နေရာ အစားထိုးလာတဲ့ ကက်ဂလာ ဆိုယွန်ချူကလဲ အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ ဒရီဆီဗစ်နဲ့အတူ တွဲပြီး ရပ်တည်နေပါတယ်။

Heerenveen ရဲ့ ဘော့မန်း၊ Reims ရဲ့ ဒီဆာဆီ၊ ချယ်ဆီးရဲ့ ဖီကာယို တိုမီုရီတို့ကတော့ ခံစစ်စာရင်းရဲ့ အရန်စာရင်းမှာ ရှိနေပါတယ်။

နောက်တန်း

လိဂ်မှာ တိကျတဲ့ ဖြတ်တင်ပေးပို့မှု အကြိမ် ၂၀ ရှိခဲ့တဲ့ လီဗာပူးနဲ့ အင်္ဂလန် ညာနောက်ခံလူ ထရန့်အလက်ဇန်းဒါး အာနိုးက ရွေးချယ်ခံရတယ်။ ဘယ်တောင်ပံ အတွက်တော့ ၂၀၁၈ မှာ နယ်သာလန် အတွက် ကစားပေးဖို့ ဟားလ်စီးတီးကနေ ထွက်ခွာကာ အင်္ဂလန် လူငယ်အသင်းတွေအတွက် ကိုယ်စားပြု ကစားပေးခဲ့တဲ့ အပြင် အဲရီဒီဗီဆီ မှာ ဖန်တီးမှု သုံးကြိမ် ရခဲ့တဲ့ Vitesse ကစားသမား မက်စ်ကလက် ဖြစ်ပါတယ်။

ပီအက်စ်ဗီရဲ့ Denzel Dumfries နဲ့ ဒေါ့မွန်ရဲ့ ဟာကီမီကတော့ အရန်စာရင်းမှာ ပါဝင်နေတာပါ။

ကွင်းလယ်

ကွင်းလယ်သုံးနေရာအတွက် ပထမဆုံးတစ်ယောက်ကတော့ အေဂျက် အတွက် အကောင်းဆုံး ခံစစ်စွမ်းဆောင်ရည်တွေ ပြသကာ ဂိုးနဲ့ ဖန်တီးမှု တစ်ကြိမ်စီ ရခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ပါ။ နောက်တစ်ယောက်က ဖရန့်လမ်းပတ် လက်အောက်မှာ ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ်ကနေ ၄ဂို းရရှိခဲ့တဲ့ ချယ်ဆီး ကစားသမား မေဆန်မောင့် ဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ မော်ရိုကို အသင်းကနေ ပြန်လည် ခေါ်ယူခြင်း ခံခဲ့ရပြီး ရှော်ကေးအတွက် လေးဂိုးနဲ့ ဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးခဲ့တဲ့ အမီနီ ဟာရစ်ပါ။

မန်စီးတီးရဲ့ ရိုဒရီ၊ ဒေါ့မွန်ရဲ့ ဆန်ချို တို့ကတော့ အရန်စာရင်းမှာ ရှိနေပါတယ်။

တိုက်စစ်

အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ တစ်နေရာထက် ပိုမိုပါဝင်နိုင်ခဲ့တဲ့ တစ်သင်းတည်းသော ကလပ်က ချယ်ဆီးပါ။ တိုက်စစ်မှာ ဦးဆောင်လာသူက တန်မီအေဗရာဟမ် ဖြစ်ပါတယ်။ အသက် ၂၂နှစ်အရွယ် ကစားသမားဟာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် အင်္ဂလန် အသင်းမှာ ပါဝင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် မှာ ၆၆၆ မိနစ်ထဲနဲ့ ၈ ဂိုး သွင်းယူခဲ့ပါတယ်။

နောက်တစ်ယောက်က ပီအက်စ်ဗီ တိုက်စစ် ကစားသမား Donyell Malenပါ။ သူဟာ စက်တင်ဘာလတုန်းက Vitesse နဲ့ပွဲမှာ ၅ဂိုးသွင်းယူခဲ့သလို ပွဲအရေအတွက်နဲ့ဂိုးအချိုး ၁ ရရှိထားတဲ့ ကစားသမား ဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ ရက်ဘူးလိုက်ဇစ်အတွက် လေးပွဲဆက် ဂိုးမသွင်းနိူင်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ အပတ်က ဝုဖ်စ်ဘက်နဲ့ ပွဲမှာ ဂိုးသွင်းခဲ့တဲ့ တီမိုဝါနာပါ။

AZ Alkmaar ရဲ့ အိုင်ဒရစ်ဆာ၊ ပီအက်စ်ဗီ ရဲ့ Bergwijn တို့ကတော့ အရန်စာရင်းမှာပါ

Sports Home Time

ပရီးမီးယားလိဂ္ ၊ လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒက္စ္လီဂါ ၊ လီဂူးဝမ္းနဲ႔ အဲရီဒီဗီဆီ တို႔ကေန အသက္ ၂၃ႏွစ္နဲ႔ေအာက္ အေကာင္းဆုံး အသင္းတစ္သင္းကို တည္ေဆာက္ဖို႔ လိဂ္ပြဲအခ်က္အလက္ေတြကေန အေကာင္းဆုံး ကစားသမားေတြကို စကိုင္းစေပါ့က ေ႐ြးထုတ္ခဲ့တဲ့အေၾကာင္းကို ေဖာ္ျပေပးပါမယ္။

ဂိုးသမား

Reims ဂိုးသမား ရက္ဂ်္ကိုဗစ္ဟာ ဒီရာသီ လီဂူးဝမ္း လိဂ္ပြဲ ၁၀ ပြဲကေန ၇ ပြဲ clean sheet ရယူခဲ့ၿပီးေနာက္ ဆားဘီးယားႏိုင္ငံအသင္းအတြက္လဲ ၁၃ ပြဲကစားေပးခဲ့ရတဲ့ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ကာ ဒီစာရင္းမွာ ပါဝင္ခဲ့ပါတယ္။ အေကာင္းဆံုး ဂိုးသမားရဲ႕ အရန္ေတြအျဖစ္ေတာ့ ဖီအိုရင္တီးနားကေန အငွားလာကစားေနတဲ့ နန္႔တက္စ္ဂိုးသမား လာဖြန္႔က ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ေအဂ်က္ဂိုးသမား အိုနာနာက တတိယျဖစ္ပါတယ္။

ဗဟိုခံစစ္

Heerenveen ေနာက္ခံလူ အီဗရာဟင္ ဒရီဆီဗစ္က အဲရီဒီဗီဆီမွာ သူ႔အသင္းကို clean sheet ေလးႀကိမ္ရေအာင္ ကူညီေပးခဲ့ၿပီး တစ္ရာသီ အတြင္း အေကာင္းဆုံး ဂိုး စာရင္း ဝင္ခဲ့တဲ့ ဖီယြန္ေနာ့နဲ႔ပြဲက ဂိုးအပါအဝင္ ဒီရာသီမွာ ႏွစ္ဂိုး ရယူေပး ထားပါတယ္။ လက္စတာစီးတီးမွာ ဟယ္ရီမက္ဂြဲရား ေနရာ အစားထိုးလာတဲ့ ကက္ဂလာ ဆိုယြန္ခ်ဴကလဲ အေကာင္းဆုံး ၁၁ ေယာက္စာရင္းမွာ ဒရီဆီဗစ္နဲ႔အတူ တြဲၿပီး ရပ္တည္ေနပါတယ္။

Heerenveen ရဲ႕ ေဘာ့မန္း၊ Reims ရဲ႕ ဒီဆာဆီ၊ ခ်ယ္ဆီးရဲ႕ ဖီကာယို တိုမီုရီတို႔ကေတာ့ ခံစစ္စာရင္းရဲ႕ အရန္စာရင္းမွာ ရွိေနပါတယ္။

ေနာက္တန္း

လိဂ္မွာ တိက်တဲ့ ျဖတ္တင္ေပးပို႔မႈ အႀကိမ္ ၂၀ ရွိခဲ့တဲ့ လီဗာပူးနဲ႔ အဂၤလန္ ညာေနာက္ခံလူ ထရန္႔အလက္ဇန္းဒါး အာႏိုးက ေရြးခ်ယ္ခံရတယ္။ ဘယ္ေတာင္ပံ အတြက္ေတာ့ ၂၀၁၈ မွာ နယ္သာလန္ အတြက္ ကစားေပးဖို႔ ဟားလ္စီးတီးကေန ထြက္ခြာကာ အဂၤလန္ လူငယ္အသင္းေတြအတြက္ ကိုယ္စားျပဳ ကစားေပးခဲ့တဲ့ အျပင္ အဲရီဒီဗီဆီ မွာ ဖန္တီးမႈ သုံးႀကိမ္ ရခဲ့တဲ့ Vitesse ကစားသမား မက္စ္ကလက္ ျဖစ္ပါတယ္။

ပီအက္စ္ဗီရဲ႕ Denzel Dumfries နဲ႔ ေဒါ့မြန္ရဲ႕ ဟာကီမီကေတာ့ အရန္စာရင္းမွာ ပါဝင္ေနတာပါ။

ကြင္းလယ္

ကြင္းလယ္သုံးေနရာအတြက္ ပထမဆံုးတစ္ေယာက္ကေတာ့ ေအဂ်က္ အတြက္ အေကာင္းဆုံး ခံစစ္စြမ္းေဆာင္ရည္ေတြ ျပသကာ ဂိုးနဲ႔ ဖန္တီးမႈ တစ္ႀကိမ္စီ ရခဲ့တဲ့ လီဆန္ဒ႐ို မာတီနက္ဇ္ပါ။ ေနာက္တစ္ေယာက္က ဖရန္႔လမ္းပတ္ လက္ေအာက္မွာ ဂိုးေပါက္ကန္သြင္းမႈ ၁၀ ႀကိမ္ကေန ၄ဂို းရရွိခဲ့တဲ့ ခ်ယ္ဆီး ကစားသမား ေမဆန္ေမာင့္ ျဖစ္ပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ ေမာ္႐ိုကို အသင္းကေန ျပန္လည္ ေခၚယူျခင္း ခံခဲ့ရၿပီး ေရွာ္ေကးအတြက္ ေလးဂိုးနဲ႔ ဖန္တီးမႈ ၂ႀကိမ္ ျပဳလုပ္ေပးခဲ့တဲ့ အမီနီ ဟာရစ္ပါ။

မန္စီးတီးရဲ႕ ႐ိုဒရီ၊ ေဒါ့မြန္ရဲ႕ ဆန္ခ်ိဳ တို႔ကေတာ့ အရန္စာရင္းမွာ ရွိေနပါတယ္။

တိုက္စစ္

အေကာင္းဆုံး ၁၁ ေယာက္စာရင္းမွာ တစ္ေနရာထက္ ပိုမိုပါဝင္ႏိုင္ခဲ့တဲ့ တစ္သင္းတည္းေသာ ကလပ္က ခ်ယ္ဆီးပါ။ တိုက္စစ္မွာ ဦးေဆာင္လာသူက တန္မီေအဗရာဟမ္ ျဖစ္ပါတယ္။ အသက္ ၂၂ႏွစ္အ႐ြယ္ ကစားသမားဟာ ႏွစ္ႏွစ္အတြင္း ပထမဆုံးအႀကိမ္ အျဖစ္ အဂၤလန္ အသင္းမွာ ပါဝင္ခဲ့ၿပီး ဒီရာသီ ပရီးမီးယားလိဂ္ မွာ ၆၆၆ မိနစ္ထဲနဲ႔ ၈ ဂိုး သြင္းယူခဲ့ပါတယ္။

ေနာက္တစ္ေယာက္က ပီအက္စ္ဗီ တိုက္စစ္ ကစားသမား Donyell Malenပါ။ သူဟာ စက္တင္ဘာလတုန္းက Vitesse နဲ႔ပြဲမွာ ၅ဂိုးသြင္းယူခဲ့သလို ပြဲအေရအတြက္နဲ႔ဂိုးအခ်ိဳး ၁ ရရွိထားတဲ့ ကစားသမား ျဖစ္ပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ ရက္ဘူးလိုက္ဇစ္အတြက္ ေလးပြဲဆက္ ဂိုးမသြင္းႏိူင္ခဲ့တဲ့ေနာက္ ၿပီးခဲ့တဲ့ အပတ္က ဝုဖ္စ္ဘက္နဲ႔ ပြဲမွာ ဂိုးသြင္းခဲ့တဲ့ တီမိုဝါနာပါ။

AZ Alkmaar ရဲ႕ အိုင္ဒရစ္ဆာ၊ ပီအက္စ္ဗီ ရဲ႕ Bergwijn တို႔ကေတာ့ အရန္စာရင္းမွာပါ

Sports Home Time