အမ္မရီေနရာ အစားထိုးမယ့္ အာဆင္နယ္မန္ေနဂ်ာသစ္ကို ေ႐ြးထုတ္ သုံးသပ္မႈ ထြက္ေပၚ

တနင်္လာနေ့က ရှက်ဖီးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်တဲ့နောက် မန်နေဂျာအမ်မရီဟာ စောင့်ကြည့်မှုတွေအောက်ကို ရောက်ရှိလာခဲ့ပြီး သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးသင့်သလဲဆိုတဲ့ ထင်မြင်ချက်တွေပါ စတင် ရရှိလာခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဘုတ်အဖွဲ့က အမ်မရီကို ဆက်လက် ထောက်ခံထားပေမယ့်လို့ ကစားသမားတွေရဲ့ အကောင်းဆုံးတွေကို ရယူနိုင်စွမ်းမရှိတဲ့ အမ်မရီရဲ့ အနေအထားဟာ ယိမ်းယိုင်လာခဲ့ပြီလို့ အာဆင်နယ်သတင်းထောက်တွေက သုံးသပ်နေကြတာဖြစ်တယ်။ ပရိသတ်တွေက စိတ်ရှည်ပေးမှု ကုန်ဆုံးလာတဲ့ အနေအထားမှာ အာဆင်ဝင်းဂါးရဲ့ ဆက်ခံသူကို ထုတ်ပယ်ရင် ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာက အငြင်းပွားစရာလည် ဖြစ်လာနေပါတယ်။

အမ်မရီဟာ အာဆင်နယ်ကို ချန်ပီယံလိဂ်ဝင်ခွင့် ရယူပေးဖို့ လိုအပ်နေပေမယ့် လီဗာပူး၊ မန်စီးတီး၊ ချယ်ဆီးနဲ့ လက်စတာတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ဖို့ ရုန်းကန်ရဦးမယ့် အနေအထားမှာ ရှိနေတယ်။ စပိန်သားဟာ လွယ်ကူစွာ အနိုင်ရသင့်တဲ့ ပွဲတွေမှာ နည်းစနစ်ပိုင်း မှားယွင်းမှုတွေကို လုပ်မြဲလုပ်ခဲ့ပြီး ဒါဟာလည်း သူ့ရဲ့ မန်နေဂျာထိုင်ခုံကို ကိုင်လှုပ်လာတဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။

The Athletic အတွက် သတင်းရေးသားနေပြီး အာဆင်နယ်သတင်းထောက်ဖြစ်သူ David Ornstein ကတော့ ဗြိတိန် နာမည်ကျော် သုံးသပ်ရေးဝဘ်ဆိုဒ်ကနေပဲ အာဆင်နယ်ရဲ့ အနာဂတ် မန်နေဂျာအဖြစ် ယွန်းဘတ်ကို ရှေ့တန်းတင်လာခဲ့ပါတယ်။ ဒီဆွေးနွေးချက်က ထောက်ခံမှုနှုန်း အတော်လေးမြင့်လာတဲ့ ဆွေးနွေးချက်လည်း ဖြစ်လာခဲ့တယ်။

David Ornstein က ” ဖရက်ဒီက ကစားသမားတွေနဲ့ ကလပ်အသင်းအဖွဲ့ဝင်တွေ ချီးကျူးရသူပပါ။ အမ်မရီနဲ့ ပက်သက်ပြီး တစ်ခုခု ထူးခြားနာဖြစ်ခဲ့ရင်လည်း လုပ်ရိုးလုပ်စဉ်အရ သူကပဲ ယာယီတာဝန်ယူမှုကို လုပ်ပါလိမ့်မယ်။ သူက နံပါတ်တစ်နေရာကို ယူဖို့ ရည်မှန်းချက်ရှိသူဖြစ်ပြီး အဲ့သည် အခွင့်အရေး ရောက်လာဖို့ အချိန်အကြာကြီး စောင့်နေရမယ်လို့လည်း မထင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကစားသမားဘဝမှာ မြောက်လန်ဒန်ကလပ်အတွက် အရေးပါသူဖြစ်ခဲ့ပြီး မန်နေဂျာအာဆင်ဝင်းဂါးရဲ့ ၂၀၀၄ အသင်းမှာ အဓိကကျသူ တစ်ဦးဖြစ်ခဲ့တဲ့ ယွန်းဘတ်ဟာ ဂန်းနားကြယ်ပွင့်လေးတွေကို မြေတောက်မြောက်ပေးလာသူပါ။ ဆာကာလို ကစားသမားနဲ့တကွ လူငယ်ကစားသမားတွေကို စီနီယာအသင်းထံ ပို့ပေးနေတဲ့ ယွန်းဘတ်ဟာ ကလပ်အသင်းနဲ့ ပရိသတ်တွေရဲ့ လေးစားမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Sports Home Time

ZAWGYI

တနလၤာေန႔က ရွက္ဖီးကို ၁-၀ ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္တဲ့ေနာက္ မန္ေနဂ်ာအမ္မရီဟာ ေစာင့္ၾကည့္မႈေတြေအာက္ကို ေရာက္ရွိလာခဲ့ျပီး သူ႔ေနရာမွာ ဘယ္သူ႔ကို အစားထိုးသင့္သလဲဆိုတဲ့ ထင္ျမင္ခ်က္ေတြပါ စတင္ ရရွိလာခဲ့ျပီျဖစ္ပါတယ္။

အာဆင္နယ္ဘုတ္အဖြဲ႔က အမ္မရီကို ဆက္လက္ ေထာက္ခံထားေပမယ့္လို႔ ကစားသမားေတြရဲ႕ အေကာင္းဆံုးေတြကို ရယူႏုိင္စြမ္းမရွိတဲ့ အမ္မရီရဲ႕ အေနအထားဟာ ယိမ္းယိုင္လာခဲ့ျပီလို႔ အာဆင္နယ္သတင္းေထာက္ေတြက သံုးသပ္ေနၾကတာျဖစ္တယ္။ ပရိသတ္ေတြက စိတ္ရွည္ေပးမႈ ကုန္ဆံုးလာတဲ့ အေနအထားမွာ အာဆင္ဝင္းဂါးရဲ႕ ဆက္ခံသူကို ထုတ္ပယ္ရင္ ဘယ္သူ႔ကို ခန္႔အပ္မလဲဆိုတာက အျငင္းပြားစရာလည္ ျဖစ္လာေနပါတယ္။

အမ္မရီဟာ အာဆင္နယ္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ ရယူေပးဖို႔ လိုအပ္ေနေပမယ့္ လီဗာပူး၊ မန္စီးတီး၊ ခ်ယ္ဆီးနဲ႔ လက္စတာတို႔ကို ေက်ာ္ျဖတ္ျပီး ရယူႏုိင္ဖို႔ ရုန္းကန္ရဦးမယ့္ အေနအထားမွာ ရွိေနတယ္။ စပိန္သားဟာ လြယ္ကူစြာ အႏုိင္ရသင့္တဲ့ ပြဲေတြမွာ နည္းစနစ္ပိုင္း မွားယြင္းမႈေတြကို လုပ္ျမဲလုပ္ခဲ့ျပီး ဒါဟာလည္း သူ႔ရဲ႕ မန္ေနဂ်ာထိုင္ခံုကို ကိုင္လႈပ္လာတဲ့ အေနအထား ျဖစ္လာခဲ့ပါတယ္။

The Athletic အတြက္ သတင္းေရးသားေနျပီး အာဆင္နယ္ သတင္းေထာက္ျဖစ္သူ David Ornstein ကေတာ့ ျဗိတိန္ နာမည္ေက်ာ္ သံုးသပ္ေရးဝဘ္ဆိုဒ္ကေနပဲ အာဆင္နယ္ရဲ႕ အနာဂတ္ မန္ေနဂ်ာအျဖစ္ ယြန္းဘတ္ကို ေရွ႔တန္းတင္လာခဲ့ပါတယ္။ ဒီေဆြးေႏြးခ်က္က ေထာက္ခံမႈႏႈန္း အေတာ္ေလးျမင့္လာတဲ့ ေဆြးေႏြးခ်က္လည္း ျဖစ္လာခဲ့တယ္။

David Ornstein က ” ဖရက္ဒီက ကစားသမားေတြနဲ႔ ကလပ္အသင္းအဖြဲ႔ဝင္ေတြ ခ်ီးက်ဴးရသူပပါ။ အမ္မရီနဲ႔ ပက္သက္ျပီး တစ္ခုခု ထူးျခားနာျဖစ္ခဲ့ရင္လည္း လုပ္ရိုးလုပ္စဥ္အရ သူကပဲ ယာယီတာဝန္ယူမႈကို လုပ္ပါလိမ့္မယ္။ သူက နံပါတ္တစ္ေနရာကို ယူဖို႔ ရည္မွန္းခ်က္ရွိသူျဖစ္ျပီး အဲ့သည္ အခြင့္အေရး ေရာက္လာဖုိ႔ အခ်ိန္အၾကာၾကီး ေစာင့္ေနရမယ္လို႔လည္း မထင္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကစားသမားဘဝမွာ ေျမာက္လန္ဒန္ကလပ္အတြက္ အေရးပါသူျဖစ္ခဲ့ျပီး မန္ေနဂ်ာအာဆင္ဝင္းဂါးရဲ႕ ၂၀၀၄ အသင္းမွာ အဓိကက်သူ တစ္ဦးျဖစ္ခဲ့တဲ့ ယြန္းဘတ္ဟာ ဂန္းနားၾကယ္ပြင့္ေလးေတြကို ေျမေတာက္ေျမာက္ေပးလာသူပါ။ ဆာကာလို ကစားသမားနဲ႔တကြ လူငယ္ကစားသမားေတြကို စီနီယာအသင္းထံ ပို႔ေပးေနတဲ့ ယြန္းဘတ္ဟာ ကလပ္အသင္းနဲ႔ ပရိသတ္ေတြရဲ႕ ေလးစားမႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။

Sports Home Time