ခ်န္ပီယံလိဂ္ ပြဲအတြက္ အမ္စတာဒမ္သို႔ ေရာက္ရွိသြားတဲ့ ခ်ယ္ဆီးအသင္းသားမ်ား

ချယ်ဆီးအသင်းရဲ့ ၁၉ ယောက် လူစာရင်းနဲ့ အသင်းသားတွေဟာ အေဂျက်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားဖို့ နယ်သာလန်သို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့ ကော့ဘ်ဟန်းက သတင်းတွေ အရ အသင်း ထရိန်နင်မှာ ကန်တေ၊ ရော့စ် ဘာကလေတို့ မပါဝင်ခဲ့ဘူးလို့ သိရပြီး ခရီးထွက်သွားတဲ့ ချယ်ဆီး လူစာရင်းမှာလည်း မပါဝင်သွားပါဘူး။

ရော့စ် ဘာကလေက ပြီးခဲ့တဲ့တဲ့ စနေ နယူးကာဆယ်နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ကန်တေကတော့ နိုင်ငံတကာ သီတင်းပတ်မှာ သူ့ရဲ့ ပေါင်ခြံဒဏ်ရာ ဆက်လက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ခရစ်စတန်ဆန်လည်း ဒီပွဲကို လွဲချော်မှာ ဖြစ်ပြီး သီတင်းပတ် အနည်းငယ်လောာက် ကြာမယ် လို့ လမ်းပတ်က ဆိုထားပါတယ်။

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် အုပ်စု H မှာ အဖွင့်ပွဲ ၂ ပွဲ ကစားပြီးထားရာ တစ်ပွဲနိုင် တစ်ပွဲ သရေ ရလဒ် ရထားပါတယ်။ နောက်ဆုံး ကစားထားတဲ့လိုင်လီနဲ့ ပွဲမှာ အေဗရာဟမ်၊ ဝီလီယံတို့ ဂိုတွေနဲ့ အနိုင် ရရှိထားပါတယ်။

အေဂျက်နဲ့ ပွဲအတွက် ခရီးထွက်သွားတဲ့ ချယ်ဆီးအသင်း လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  1. Kepa Arrizabalaga
  2. Marcos Alonso
  3. Jorginho
  4. Tammy Abraham
  5. Willian
  6. Willy Caballero
  7. Kurt Zouma
  8. Mateo Kovacic
  9. Olivier Giroud
  10. Mason Mount
  11. Callum Hudson-Odoi
  12. Christian Pulisic
  13. Michy Batshuayi
  14. Reece James
  15. Cesar Azpilicueta
  16. Fikayo Tomori
  17. Jamie Cumming
  18. Emerson Palmieri
  19. Billy Gilmour

Sports Home Time

Zawgyi

ခ်ယ္ဆီးအသင္းရဲ႕ ၁၉ ေယာက္ လူစာရင္းနဲ႔ အသင္းသားေတြဟာ ေအဂ်က္နဲ႔ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ကစားဖို႔ နယ္သာလန္သို႔ ထြက္ခြာသြားခဲ့ၿပီ ျဖစ္ပါတယ္။

အဂၤါေန႔ ေကာ့ဘ္ဟန္းက သတင္းေတြ အရ အသင္း ထရိန္နင္မွာ ကန္ေတ၊ ေရာ့စ္ ဘာကေလတို႔ မပါဝင္ခဲ့ဘူးလို႔ သိရၿပီး ခရီးထြက္သြားတဲ့ ခ်ယ္ဆီး လူစာရင္းမွာလည္း မပါဝင္သြားပါဘူး။

ေရာ့စ္ ဘာကေလက ၿပီးခဲ့တဲ့တဲ့ စေန နယူးကာဆယ္နဲ႔ ပြဲမွာ ေျခက်င္းဝတ္ ဒဏ္ရာ ရခဲ့တာ ျဖစ္ၿပီး ကန္ေတကေတာ့ ႏိုင္ငံတကာ သီတင္းပတ္မွာ သူ႔ရဲ႕ ေပါင္ၿခံဒဏ္ရာ ဆက္လက္ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ခရစ္စတန္ဆန္လည္း ဒီပြဲကို လြဲေခ်ာ္မွာ ျဖစ္ၿပီး သီတင္းပတ္ အနည္းငယ္ေလာာက္ ၾကာမယ္ လို႔ လမ္းပတ္က ဆိုထားပါတယ္။

ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စု H မွာ အဖြင့္ပြဲ ၂ ပြဲ ကစားၿပီးထားရာ တစ္ပြဲႏိုင္ တစ္ပြဲ သေရ ရလဒ္ ရထားပါတယ္။ ေနာက္ဆုံး ကစားထားတဲ့လိုင္လီနဲ႔ ပြဲမွာ ေအဗရာဟမ္၊ ဝီလီယံတို႔ ဂိုေတြနဲ႔ အႏိုင္ ရရွိထားပါတယ္။