စကားေျပာရင္ ၾကည့္ေျပာလို႔ အာဆင္နယ္ကို ေဝဖန္ခဲ့တဲ့ အီဗရာကို ရွာခါ တုန္႔ျပန္

အူနိုင်းအမ်မရီရဲ့ အသင်းဟာ ရှက်ဖီးယူနိုက်တက် ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ ကို တက်လှမ်းနိူင်မယ့် အခွင့်အရေး နဲ့ လွဲချော်ခဲ့ပါတယ်။ ဘရာမောလိန်းက ဒီရှုံးပွဲဟာ အာဆင်နယ် အတွက် နောက်ဆုံးကစားခဲ့တဲ့ လိဂ် အဝေးကွင်း ၁၀ ပွဲမှာ ၅ ပွဲမြောက် ရှုံးနိမ့်ခြင်းပါ။

ဒါအတွက် အသင်းရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ဂန်းနားတွေ ကို စိတ်ဓါတ်ပိုင်း ချို့တဲ့တဲ့ ကလေးလေးတွေလို့ ခေါ်ခဲ့သလို ရှာခါလို ကစားသမားက အသင်းခေါင်းဆောင်အဖြစ် ရှိနေတာ စိတ်ပျက်စရာကောင်းကြောင်း ဝေဖန်ခဲ့ပါတယ်။

ဒီဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဂရန်းနစ် ရှာခါက ပြင်သစ်သားအနေနဲ့ ကိုယ်ပြောတဲ့စကား ကိုယ်ဂရုစိုက်သင့်တယ်လို့ တုန့်ပြန်သွားခဲ့ပါတယ်။

ဂန်းနားအသင်းခေါင်းဆောင်က – ” စိတ်ဓာတ်ပိုင်းအပေါ် သောက်ရေးမပါတဲ့ ဝေဖန်မှုတွေကို ကျနော်တို့ ရပ်တန့်ရမယ်။ အိမ်ကွင်းပဲဖြစ်ဖြစ် အဝေးကွင်းပွဲဖြစ်ဖြစ် ကျနော့်အတွက်က အတူတူပါပဲ။ အနိုင်ရရမယ်။ ပုံစံကောင်းပြသရမယ်။ ဆင်ခြေတွေ မပေးရဘူး။ လူတွေကတော့ ဝေဖန်နေကြမှာပဲ။ ကျနော်တို့အကြောင်း သူတို့ပြောကြတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးလေ။

သူက ကြီးကျယ်တဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့တဲ့အပေါ် ကျနော် လေးစားမှုရှိပေမယ့် ကိုယ်ပြောတဲ့စကားကိုတော့ ဂရုစိုက်သင့်တယ်မလား။ ဒါပေမယ့် ပြောတာက သူတစ်ယောက်ထဲလဲ မဟုတ်ပါဘူး။ အများကြီး ပြောနေကြတာပဲ။ သူတို့တွေလဲ ကျနော်တို့နဲ့ အခြေအနေချင်း တူပါလျှက် ဒီလိုပြောနေကြတာတွေက ထူးဆန်းတယ်။

သူတို့တွေလဲ ကစားသမားတွေ ဖြစ်ခဲ့ကြတာပဲ။ တစ်ခါတစ်လေ ကောင်းမယ်။ အမြဲတမ်းတော့ မကောင်းနိုင်ဘူးလေဗျာ။ ဒါပေမယ့် သူတို့တွေက အပတ်တိုင်း သောက်ရေးမပါတာတွေ ပြောကြတယ်။ အမှန်တိုင်းပြောရရင် ကျနော်က ဂရုကိုမစိုက်တာ။ ကျနော်တို့ အနေနဲ့ တိုးတက်ဖို့၊ ကြိုးစားကြဖို့၊ လူတွေပြောနေတာတွေကို ဂရုမစိုက်ဖို့ အသင်းသားတွေကို ပြောရမယ်။ ” လို့ တုံ့ပြန်ခဲ့ပါတယ်။

ကွန်နယ်က အိုလီဗာနော်ဝုဒ်ရဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ခဲ့ပြီးနောက် မောက်ဆက်က အနီးကပ် ကန်ချက်ကနေ ရှက်ဖီးယူနိုက်တက် အတွက် မိနစ်၃၀ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့က အများကြီး ပိုကောင်းအောင် လုပ်ခဲ့တယ်လို့ထင်တယ်။ သူတို့က အခွင့်အရေး တစ်ခုပဲ ရခဲ့ပြီး ဂိုးဝင်ခဲ့တာ။ ဒါပေမယ့် ဒါက အရမ်းလွယ်လွန်းပါတယ်။ ထောင့်ကန်ဘော ဒါမှမဟုတ် ဖရီးကစ်တစ်လုံးကြောင့် ရှုံးတာတော့ မဖြစ်သင့်ဘူးလေ။ ကျနော်တို့ တိုးတက်ဖို့ လိုတယ်။ဒါပေမယ့် ကောင်းတဲ့အရာ အချို့လဲ ရှိခဲ့ပါတယ်။ အဆုံးသတ်မှာ ထိပ်ဆုံး လေးသင်းထဲ ဝင်ချင်ရင် ရှက်ဖီးကို နိူင်ဖို့လိုတယ်။ ” လို့ ရှာခါက ပြောခဲ့တာ ဖြစ်ပါတယ်။

Sports Home Time

Zawgyi

အူႏိုင္းအမ္မရီရဲ႕ အသင္းဟာ ရွက္ဖီးယူႏိုက္တက္ ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး အမွတ္ေပးဇယား အဆင့္ ၃ ကို တက္လွမ္းႏိူင္မယ့္ အခြင့္အေရး နဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ဘရာေမာလိန္းက ဒီရႈံးပြဲဟာ အာဆင္နယ္ အတြက္ ေနာက္ဆုံးကစားခဲ့တဲ့ လိဂ္ အေဝးကြင္း ၁၀ ပြဲမွာ ၅ ပြဲေျမာက္ ရႈံးနိမ့္ျခင္းပါ။

ဒါအတြက္ အသင္းရဲ႕ စိတ္ဓာတ္ပိုင္းအေပၚ ေဝဖန္မႈေတြရွိခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ ေနာက္ခံလူေဟာင္း ပက္ထရစ္ အီဗရာက ဂန္းနားေတြ ကို စိတ္ဓါတ္ပိုင္း ခ်ိဳ႕တဲ့တဲ့ ကေလးေလးေတြလို႔ ေခၚခဲ့သလို ရွာခါလို ကစားသမားက အသင္းေခါင္းေဆာင္အျဖစ္ ရွိေနတာ စိတ္ပ်က္စရာေကာင္းေၾကာင္း ေဝဖန္ခဲ့ပါတယ္။ ဒီေဝဖန္မႈေတြနဲ႔ ပတ္သက္လို႔ ဂရန္းနစ္ ရွာခါက ျပင္သစ္သားအေနနဲ႔ ကိုယ္ေျပာတဲ့စကား ကိုယ္ဂရုစိုက္သင့္တယ္လုိ႔ တုန္႔ျပန္သြားခဲ့ပါတယ္။

ဂန္းနားအသင္းေခါင္းေဆာင္က – ” စိတ္ဓာတ္ပိုင္းအေပၚ ေသာက္ေရးမပါတဲ့ ေဝဖန္မႈေတြကို က်ေနာ္တို႔ ရပ္တန္႔ရမယ္။ အိမ္ကြင္းပဲျဖစ္ျဖစ္ အေဝးကြင္းပြဲျဖစ္ျဖစ္ က်ေနာ့္အတြက္က အတူတူပါပဲ။ အႏိုင္ရရမယ္။ ပုံစံေကာင္းျပသရမယ္။ ဆင္ေျခေတြ မေပးရဘူး။ လူေတြကေတာ့ ေဝဖန္ေနၾကမွာပဲ။ က်ေနာ္တို႔အေၾကာင္း သူတို႔ေျပာၾကတာ ဒါ ပထမဆုံးအႀကိမ္ မဟုတ္ဘူးေလ။

သူက ႀကီးက်ယ္တဲ့ ကစားသမား တစ္ေယာက္ ျဖစ္ခဲ့တဲ့အေပၚ က်ေနာ္ ေလးစားမႈရွိေပမယ့္ ကိုယ္ေျပာတဲ့စကားကိုေတာ့ ဂ႐ုစိုက္သင့္တယ္မလား။ ဒါေပမယ့္ ေျပာတာက သူတစ္ေယာက္ထဲလဲ မဟုတ္ပါဘူး။ အမ်ားႀကီး ေျပာေနၾကတာပဲ။ သူတို႔ေတြလဲ က်ေနာ္တို႔နဲ႔ အေျခအေနခ်င္း တူပါလွ်က္ ဒီလို​ေျပာေနၾကတာေတြက ထူးဆန္းတယ္။

သူတို႔ေတြလဲ ကစားသမားေတြ ျဖစ္ခဲ့ၾကတာပဲ။ တစ္ခါတစ္ေလ ေကာင္းမယ္။ အၿမဲတမ္းေတာ့ မေကာင္းႏိုင္ဘူးေလဗ်ာ။ ဒါေပမယ့္ သူတို႔ေတြက အပတ္တိုင္း ေသာက္ေရးမပါတာေတြ ေျပာၾကတယ္။ အမွန္တိုင္းေျပာရရင္ က်ေနာ္က ဂ႐ုကိုမစိုက္တာ။ က်ေနာ္တို႔ အေနနဲ႔ တိုးတက္ဖို႔၊ ႀကိဳးစားၾကဖို႔၊ လူေတြေျပာေနတာေတြကို ဂ႐ုမစိုက္ဖို႔ အသင္းသားေတြကို ေျပာရမယ္။ ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ကြန္နယ္က အိုလီဗာေနာ္ဝုဒ္ရဲ႕ ေထာင့္ကန္ေဘာကို ေခါင္းတိုက္ခဲ့ၿပီးေနာက္ ေမာက္ဆက္က အနီးကပ္ ကန္ခ်က္ကေန ရွက္ဖီးယူႏိုက္တက္ အတြက္ မိနစ္၃၀ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

“က်ေနာ္တို႔က အမ်ားႀကီး ပိုေကာင္းေအာင္ လုပ္ခဲ့တယ္လို႔ထင္တယ္။ သူတို႔က အခြင့္အေရး တစ္ခုပဲ ရခဲ့ၿပီး ဂိုးဝင္ခဲ့တာ။ ဒါေပမယ့္ ဒါက အရမ္းလြယ္လြန္းပါတယ္။ ေထာင့္ကန္ေဘာ ဒါမွမဟုတ္ ဖရီးကစ္တစ္လုံး​ေၾကာင့္ ရႈံးတာေတာ့ မျဖစ္သင့္ဘူးေလ။ က်ေနာ္တို႔ တိုးတက္ဖို႔ လိုတယ္။ဒါေပမယ့္ ေကာင္းတဲ့အရာ အခ်ိဳ႕လဲ ရွိခဲ့ပါတယ္။ အဆုံးသတ္မွာ ထိပ္ဆုံး ေလးသင္းထဲ ဝင္ခ်င္ရင္ ရွက္ဖီးကို ႏိူင္ဖို႔လိုတယ္။ ” လို႔ ရွာခါက ေျပာခဲ့တာ ျဖစ္ပါတယ္။

Sports Home Time