ရွက္ဖီးကို ရွံဳးပြဲမွာ အဓိကက်ခဲ့တဲ့ ေသာ့ခ်က္အေၾကာင္း အမ္မရီ ဖြင့္ဟ

တနင်္လာနေ့ည ဘရာမောလ်က ရှက်ဖီး ယူနိုက်တက်ကို ရှုံးတဲ့ပွဲမှာ ပီပီရဲ့ ကန်ချက် ဂိုးဝင်ဖို့ လွဲချော်ခဲ့တာက အဓိက ကျခဲ့ကြောင်း အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အိုင်ဗရီကို့စ်သား တောင်ပံတိုက်စစ်သမားဟာ ဂိုးမရှိ သရေဖြစ်နေဆဲ ပွဲချိန် ၂၁ မိနစ်မှာ ကိုလာစီနက်ရဲ့ အနိမ့်ဘော ပေးပို့မှုကို ဂိုးကန်သွင်းခွင့်ရခဲ့သော်လည်း လွဲချော်ခဲ့ပါတယ်။ ထိုဖြစ်ရပ်နောက် ၉ မိနစ် အကြာမှာပဲ ရှက်ဖီးယူနိုက်တက်ဘက်က အဖွင့် ဂိုး သွင်းယူ သွားတာကြောင့် အာဆင်နယ်အတွက် ပိုမို ခက်ခဲစေခဲ့တာပါ။

ပွဲအပြီးမှာ အမ်မရီက ပီပီသာ ထို အခွင့်အရေးကို အသုံးချနိုင်ခဲ့ရင် ခြားနားတဲ့ ရလဒ်နဲ့ ပွဲကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

” ကျနော်တို့ အခွင့်အရေးရခဲ့တဲ့ ပီပီရဲ့ အားထုတ်မှုက အဓိက သော့ချက် ဖြစ်ခဲ့တယ်။ တကယ်လို့ သူတို့ (ရှက်ဖီး)သာ ဂိုး အရင် ရသွားရင် သူတို့က ခံစစ် သိပ်ကျစ်လစ်တဲ့ အသင်း ဖြစ်တယ်။ ပီပီက တိုးတက်နေတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ အတူ ကစားတာ ဖြည်းဖြည်းချင်း တိုးတက်လာနေတယ်.. နောက်တစ်ဆင့်ကတော့ ဂိုးတွေ သွင်းဖို့ပေါ့။ ”

” ဥပမာ ဒီည ရတဲ့ အခွင့်အရေးမျိုးဆို ပုံမှန် သူ ဂိုးသွင်းမယ့် အကောင်းဆုံး အနေအထားပါ။ ဒါပေမယ့် သူ အကျိုးရှိရှိ မသုံးနိုင်ခဲ့ဘူးပေါ့။ သူက တိုးတက်လာနေပြီး ယုံကြည်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် လမ်းကြောင်းပေါ်မှာပဲ ရှိနေသေးတာပါ။ ” လို့ အမ်မရီက ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အသက် ၂၄ နှစ်သား တိုက်စစ်သမား ပီပီကို ဒီနွေမှာ လိုင်လီကနေ ကလပ်စံချိန်တင်ကြေး ပေါင် ၇၂ သန်း သုံး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လိုင်လီအတွက် ၂၂ ဂိုး သွင်း၊ ဂိုးထောက်ပံ့မှု ၁၁ ကြိမ် ပြုလုပ်ခဲ့တဲ့ ပီပီက အာဆင်နယ်မှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

နစ်ကိုးလပ်စ် ပီပီဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို မပြရသေးဘဲ ၉ ပွဲ ကစားပြီးချိန်မှာ ၁ ဂိုးသာ သွင်းထားပါတယ်။ ထို ဂိုးကလည်း စက်တင်ဘာလထဲက အက်စတွန်ဗီလာဘက် သွင်းခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးပါ။

Zawgyi

တနလၤာေန႔ည ဘရာေမာလ္က ရွက္ဖီး ယူနိုက္တက္ကို ရွံဳးတဲ့ပြဲမွာ ပီပီရဲ႕ ကန္ခ်က္ ဂိုး၀င္ဖို႔ လြဲေခ်ာ္ခဲ့တာက အဓိက က်ခဲ့ေၾကာင္း အာဆင္နယ္နည္းျပ အူနိုင္း အမ္မရီက ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

အိုင္ဗရီကို႔စ္သား ေတာင္ပံတိုက္စစ္သမားဟာ ဂိုးမရွိ သေရျဖစ္ေနဆဲ ပြဲခ်ိန္ ၂၁ မိနစ္မွာ ကိုလာစီနက္ရဲ႕ အနိမ့္ေဘာ ေပးပို႔မႈကို ဂိုးကန္သြင္းခြင့္ရခဲ့ေသာ္လည္း လြဲေခ်ာ္ခဲ့ပါတယ္။ ထိုျဖစ္ရပ္ေနာက္ ၉ မိနစ္ အၾကာမွာပဲ ရွက္ဖီးယူနိုက္တက္ဘက္က အဖြင့္ ဂိုး သြင္းယူ သြားတာေၾကာင့္ အာဆင္နယ္အတြက္ ပိုမို ခက္ခဲေစခဲ့တာပါ။

ပြဲအျပီးမွာ အမ္မရီက ပီပီသာ ထို အခြင့္အေရးကို အသံုးခ်နိုင္ခဲ့ရင္ ျခားနားတဲ့ ရလဒ္နဲ႕ ပြဲကို အဆံုးသတ္နုိင္လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ အခြင့္အေရးရခဲ့တဲ့ ပီပီရဲ႕ အားထုတ္မႈက အဓိက ေသာ့ခ်က္ ျဖစ္ခဲ့တယ္။ တကယ္လုိ႔ သူတို႔ (ရွက္ဖီး)သာ ဂိုး အရင္ ရသြားရင္ သူတို႔က ခံစစ္ သိပ္က်စ္လစ္တဲ့ အသင္း ျဖစ္တယ္။ ပီပီက တိုးတက္ေနတယ္လို႔ က်ေနာ္ ထင္ပါတယ္။ က်ေနာ္တို႔ အတူ ကစားတာ ျဖည္းျဖည္းခ်င္း တိုးတက္လာေနတယ္.. ေနာက္တစ္ဆင့္ကေတာ့ ဂိုးေတြ သြင္းဖို႔ေပါ့။ ”

” ဥပမာ ဒီည ရတဲ့ အခြင့္အေရးမ်ိဳးဆို ပံုမွန္ သူ ဂိုးသြင္းမယ့္ အေကာင္းဆံုး အေနအထားပါ။ ဒါေပမယ့္ သူ အက်ိဳးရွိရွိ မသံုးနိုင္ခဲ့ဘူးေပါ့။ သူက တိုးတက္လာေနျပီး ယံုၾကည္မႈေတြလည္း ရွိေနပါတယ္။ ဒါေပမယ့္ လမ္းေၾကာင္းေပၚမွာပဲ ရွိေနေသးတာပါ။ ” လို႔ အမ္မရီက ဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ အသက္ ၂၄ နွစ္သား တိုက္စစ္သမား ပီပီကို ဒီေႏြမွာ လိုင္လီကေန ကလပ္စံခ်ိန္တင္ေၾကး ေပါင္ ၇၂ သန္း သံုး ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရာသီက လိုင္လီအတြက္ ၂၂ ဂိုး သြင္း၊ ဂိုးေထာက္ပံ့မႈ ၁၁ ၾကိမ္ ျပဳလုပ္ခဲ့တဲ့ ပီပီက အာဆင္နယ္မွာေတာ့ ေျခစြမ္းျပဖို႔ ရုန္းကန္ေနရဆဲ ျဖစ္ပါတယ္။

နစ္ကိုးလပ္စ္ ပီပီဟာ ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ အေကာင္းဆံုး ေျခစြမ္းကို မျပရေသးဘဲ ၉ ပြဲ ကစားျပီးခ်ိန္မွာ ၁ ဂိုးသာ သြင္းထားပါတယ္။ ထို ဂိုးကလည္း စက္တင္ဘာလထဲက အက္စတြန္ဗီလာဘက္ သြင္းခဲ့တဲ့ ပင္နယ္တီ သြင္းဂိုးပါ။