တိုးတက္လာတဲ့ ခ်ယ္ဆီးၾကယ္ပြင့္ေတြနဲ႔ လူငယ္ဘုရင္ေတြျဖစ္တဲ့ ေအဂ်က္ရဲ႕ အားၿပိဳင္မႈ ပြဲေကာင္း

ခြေတက်နေတဲ့ ချယ်ဆီး လူငယ်အင်အားစုဟာ ဗုဒ္ဓဟူးနေ့မှာ သူတို့ရဲ့ ခြေစွမ်းကို စမ်းသပ်ရင်း မနှစ်က ချန်ပီယံလိဂ် မှာ ဆီမီးထိ ရောက်ခဲ့တဲ့ အေဂျက်ကို ရပ်တန့်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ခြင်္သေ့ပြာ တွေဟာ နယူးကာဆယ် ကို ၁-၀ နဲ့ အနိူင်ရခဲ့ပြီးနောက် ပြိုင်ပွဲစုံ ငါးပွဲဆက် အနိုင်မှတ်တမ်း ရရှိခဲ့တာ ဖြစ်ပေမယ့် အမ်စတာဒန်မှာ ချန်ပီယံလိဂ် အုပ်စု H ရဲ့ ဦးဆောင်သူတွေနဲ့ တွေ့ရမှာပါ။ အေဂျက်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ တပွဲ ပျမ်းမျှ ၃ဂိုးရထားပြီး မနှစ်က ဆီမီးရောက်ခဲ့ပြီးနောက် ဒီနှစ်ရဲ့ ဥရောပ အောင်မြင်မှုကို ဆာလောင်နေပါတယ်။

ဖီကာယိုတိုမီုရီ ၊ ရော့စ်ဘာကလေ ၊ မေဆန်မောင့် ၊ ကော်လမ်ဟဒ်ဆန်အိုဒွိုင်း နဲ့ တန်မီအေဗရာဟမ် တို့ အားလုံးက စနေ့နေ့က စတန်းဖို့ဒ် ဘရစ်ချ် နိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ဒါဟာ ၂၀၁၃နောက်ပိုင်း လန်ဒန်ကလပ် အတွက် အင်္ဂလန် ကစားသမား ငါးယောက် ပထမဆုံး အကြိမ် ပွဲထွက် စာရင်းထဲ ပါဝင်ခဲ့တာလဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒယိမ်းဒယိုင် နဲ့ ချန်ပီယံလိဂ် နှစ်ပွဲကစားအပြီး ၃မှတ်နဲ့ အုပ်စု H ရဲ့ တတိယနေရာ မှာ ရှိနေပြီး အေဂျက်နဲ့ တွေ့ရမယ့် ပွဲတွေဟာ သူတို့ရဲ့ ဥရောပ ဂုဏ်သိက္ခာကို အဆုံးအဖြတ် ပေးနိူင်ပါတယ်။

“အေဂျက်နဲ့ နှစ်ပွဲဟာ တကယ်ကို ပွဲကြီးပါပဲ။ဘာကြောင့်လဲဆိုတော့ သူတို့က အင်အားတောင့်တင်းတဲ့ အသင်းပါ။ အသင်းရဲ့ ရုန်းအားနဲ့ ကစားပုံက ကျနော်တို့ အတွက် ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်ပါလိမ့်မယ်။ ” လို့ ဖရန့်လမ်းပတ် က ပြောကြားခဲ့ပါတယ်။

အေဗရာဟမ် ဟာ ချယ်ဆီးရဲ့ လိဂ်ပွဲ ၉ပွဲမှာ ၈ဂိုး၊ လိူင်လီကို အနိူင်ရခဲ့တဲ့ ပွဲမှာ အဖွင့်ဂိုး သွင်းယူခဲ့ပြီးနောက် နာမည်ရလာခဲ့ပြီး အသက် ၂၂နှစ်အရွယ်ကစားသမား ရဲ့ သင်ယူနိုင်စွမ်းအတွက် လမ်းပတ်က သူ့ကို ရေမြုပ်လို့ ခေါ်ခဲ့ပါတယ်။

“သူက နားထောင်လိုတယ်၊ ပိုကောင်းချင်တယ်၊ ဂိုးတွေအများကြီး သွင်းချင်တယ်၊ တိုးတက်လိုပြီး အသင်းဖော်တွေကို ကူညီပေးလိုတယ်။ သူ့မှာ ကောင်းမွန်တဲ့ အခြေခံ ရှိတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စနေနေ့က ပွဲထွက်ခဲ့တဲ့ လေးယောက်ဟာ အီဒင်ဟာဇက် ကို ဆုံးရှုံးလိုက်ရပြီး အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု ကြောင့် လူငယ် ကစားသမား တွေကို ထုတ်သူံးလာရတဲ့ လမ်းပတ် လက်အောက်မှာ တိုးတက်အောင်မြင်လာခဲ့တဲ့ အကယ်ဒမီထွက်တွေ ဖြစ်ပါတယ်။
ကာလရှည် ခြေချင်းဝတ်ဒဏ်ရာကနေ မကြာသေးမီကမှ ပြန်လာခဲ့တဲ့ ကော်လမ်ဟဒ်ဆန်အိုဒွိုင်း ဟာ တောင်ပံတလျှောက် ကြောက်စရာကောင်းအောင် ရုန်းကန်ပြခဲ့ပြီး ချယ်ဆီးတို့ ဂိုးပေါက်ကန်သွင်းမှု ၁၆ကြိမ်၊ ဘောပိုင်ဆိုင်မှု ၇၂% ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးအတွက် မာကိုအလွန်ဆို ကို ဖန်တီးပေးခဲ့ပါတယ်။

ဒါဟာ ဒီရာသီ မှာ ချယ်ဆီးတို့ ဒုတိယမြောက် clean sheet ရခဲ့တာဖြစ်ပြီး အသက် ၂၁နှစ်အရွယ် တိုမီုရီ က ခံစစ်မှာ ခိုင်ခိုင်မာမာ တည်ရှိပေးခဲ့သလို ခရစ္စတန်ဆန် ၊ ရူဒီဂါ တို့ မပါပဲ သူတို့ ကောင်းကောင်း လုပ်ခဲ့ပါတယ်။ သူတို့၂ယောက်အပြင် ကန်တေ၊ ရူဘန် လော့ဖ်တပ်ချိခ်တို့လဲ ဒဏ်ရာရနေပြီး ကာကလေနဲ့ အက်ဇ်ပီလီကွီတာ တို့ကလဲ အေဂျက်နဲ့ပွဲအတွက် သံသယရှိစရာ ဖြစ်နေပါတယ်။

အေဂျက် အသင်းကတော့ ကွင်းလယ်လူ ဒီဂျောင်နဲ့ ခံစစ်မှူး ဒီလစ်တို့ကို ဘာစီလိုနာ နဲ့ ဂျူဗင်တပ် တို့ဆီ ပေးခဲ့ရပေမယ့် သူတို့ဟာ အဲရီဒီဗီဆီမှာ အဆင့်၁ အဖြစ် ဦးဆောင်ထားဆဲ ဖြစ်ပြီး အဖွင့် ၁၀ပွဲအပြီးရှုံးပွဲမရှိ၊ ၃၁ဂိုးနဲ့ ပီအက်စ်ဗီ ကို ၃မှတ် ဖြတ်ထားပါတယ်။ ချန်ပီယံလိဂ် မှာလဲ လိုင်လီနဲ့ ဗလန်စီယာ တို့ကို ၃ဂိုးစီနဲ့ အနိူင်ယူပြီး အုပ်စု H မှာ ဦးဆောင်နေပါတယ်။

အကယ်ဒမီ ကစားသမား တွေကြောင့် ဥရောပမှာ အသင်းကြီးတစ်သင်းအနေနဲ့ ပြန်လည်ပေါ်ထွက်လာခဲ့ပေမယ့် ပြည်ပ ကစားသမားတွေဖြစ်တဲ့ ဟာကင် ဇီယက်ချ်၊ ဒေးဗစ်နီရက်စ်၊ ဒူဆန်တာဒစ်၊ ပရောမက်စ်တို့အားလုံးကလဲ အထင်ကြီးလောက်စရာ ပါပဲ။

အသက် ၂၆နှစ် အရွယ် ဇီယက်ချ်ရဲ့ အံ့အားသင့်စရာ တိုက်စစ်စွမ်းရည်ဟာ မနှစ်က ချန်ပီယံလိဂ် မှာ အဓိကကျခဲ့ပြီး အသက် ၂၇နှစ်အရွယ် ပရောမက်စ်ကလဲ အုပ်စု၂ပွဲလုံးမှာ ဂိူးသွင်းခဲ့တဲ့အပြင် လိဂ်မှာပါ ၆ဂိုး ရရှိထားပါတယ်။ အသက် ၃၆နှစ်အရွယ် Huntelaar ကတောင် လိဂ်ဂိုး ၅ဂိုး ရရှိထားတာနဲ့အတူ သူတို့က ၂၅နှစ်အတွင်း ပထမဆုံး ဥရောပ အောင်မြင်မှုအတွက် ကြိုးစားကြမှာ ဖြစ်ပါတယ်။

အခုလို တိုးတက်လာတဲ့ ချယ်ဆီးကြယ်ပွင့်တွေနဲ့ လူငယ်ဘုရင်တွေဖြစ်တဲ့ အေဂျက်ရဲ့ အားပြိုင်မှု ပွဲကောင်းကို မနက်ဖြန် ညမှာ ရှုစားရမှာ ဖြစ်ပြီး အေဂျက် အိမ်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

Zawgyi

ေျခတက္ေနတဲ့ ခ်ယ္ဆီး လူငယ္အင္အားစုဟာ ဗုဒၶဟူးေန႔မွာ သူတို႔ရဲ႕ ေျခစြမ္းကို စမ္းသပ္ရင္း မႏွစ္က ခ်န္ပီယံလိဂ္ မွာ ဆီမီးထိ ေရာက္ခဲ့တဲ့ ေအဂ်က္ကို ရပ္တန္႔ဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ ျခေသၤ့ျပာ ေတြဟာ နယူးကာဆယ္ ကို ၁-၀ နဲ႔ အႏိူင္ရခဲ့ၿပီးေနာက္ ၿပိဳင္ပြဲစုံ ငါးပြဲဆက္ အႏိုင္မွတ္တမ္း ရရွိခဲ့တာ ျဖစ္ေပမယ့္ အမ္စတာဒန္မွာ ခ်န္ပီယံလိဂ္ အုပ္စု H ရဲ႕ ဦးေဆာင္သူေတြနဲ႔ ေတြ႕ရမွာပါ။ ေအဂ်က္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ တပြဲ ပ်မ္းမွ် ၃ဂိုးရထားၿပီး မႏွစ္က ဆီမီးေရာက္ခဲ့ၿပီးေနာက္ ဒီႏွစ္ရဲ႕ ဥေရာပ ေအာင္ျမင္မႈကို ဆာေလာင္ေနပါတယ္။

ဖီကာယိုတိုမီုရီ ၊ ေရာ့စ္ဘာကေလ ၊ ေမဆန္ေမာင့္ ၊ ေကာ္လမ္ဟဒ္ဆန္အိုဒြိဳင္း နဲ႔ တန္မီေအဗရာဟမ္ တို႔ အားလုံးက စေန႔ေန႔က စတန္းဖို႔ဒ္ ဘရစ္ခ်္ ႏိုင္ပြဲမွာ ပါဝင္ခဲ့ၿပီး ဒါဟာ ၂၀၁၃ေနာက္ပိုင္း လန္ဒန္ကလပ္ အတြက္ အဂၤလန္ ကစားသမား ငါးေယာက္ ပထမဆုံး အႀကိမ္ ပြဲထြက္ စာရင္းထဲ ပါဝင္ခဲ့တာလဲ ျဖစ္ပါတယ္။ သူတို႔ဟာ ဒယိမ္းဒယိုင္ နဲ႔ ခ်န္ပီယံလိဂ္ ႏွစ္ပြဲကစားအၿပီး ၃မွတ္နဲ႔ အုပ္စု H ရဲ႕ တတိယေနရာ မွာ ရွိေနၿပီး ေအဂ်က္နဲ႔ ေတြ႕ရမယ့္ ပြဲေတြဟာ သူတို႔ရဲ႕ ဥေရာပ ဂုဏ္သိကၡာကို အဆုံးအျဖတ္ ေပးႏိူင္ပါတယ္။

“ေအဂ်က္နဲ႔ ႏွစ္ပြဲဟာ တကယ္ကို ပြဲႀကီးပါပဲ။ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က အင္အားေတာင့္တင္းတဲ့ အသင္းပါ။ အသင္းရဲ႕ ႐ုန္းအားနဲ႔ ကစားပုံက က်ေနာ္တို႔ အတြက္ ႀကီးမားတဲ့ စမ္းသပ္မႈ ျဖစ္ပါလိမ့္မယ္။ ” လို႔ ဖရန္႔လမ္းပတ္ က ေျပာၾကားခဲ့ပါတယ္။

ေအဗရာဟမ္ ဟာ ခ်ယ္ဆီးရဲ႕ လိဂ္ပြဲ ၉ပြဲမွာ ၈ဂိုး၊ လိူင္လီကို အႏိူင္ရခဲ့တဲ့ ပြဲမွာ အဖြင့္ဂိုး သြင္းယူခဲ့ၿပီးေနာက္ နာမည္ရလာခဲ့ၿပီး အသက္ ၂၂ႏွစ္အ႐ြယ္ကစားသမား ရဲ႕ သင္ယူႏိုင္စြမ္းအတြက္ လမ္းပတ္က သူ႔ကို ေရျမဳပ္လို႔ ေခၚခဲ့ပါတယ္။

“သူက နားေထာင္လိုတယ္၊ ပိုေကာင္းခ်င္တယ္၊ ဂိုးေတြအမ်ားႀကီး သြင္းခ်င္တယ္၊ တိုးတက္လိုၿပီး အသင္းေဖာ္ေတြကို ကူညီေပးလိုတယ္။ သူ႔မွာ ေကာင္းမြန္တဲ့ အေျခခံ ရွိတယ္။ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ စေနေန႔က ပြဲထြက္ခဲ့တဲ့ ေလးေယာက္ဟာ အီဒင္ဟာဇက္ ကို ဆုံးရႈံးလိုက္ရၿပီး အေျပာင္းအေ႐ႊ႕ ပိတ္ပင္ခံရမႈ ေၾကာင့္ လူငယ္ ကစားသမား ေတြကို ထုတ္သူံးလာရတဲ့ လမ္းပတ္ လက္ေအာက္မွာ တိုးတက္ေအာင္ျမင္လာခဲ့တဲ့ အကယ္ဒမီထြက္ေတြ ျဖစ္ပါတယ္။
ကာလရွည္ ေျခခ်င္းဝတ္ဒဏ္ရာကေန မၾကာေသးမီကမွ ျပန္လာခဲ့တဲ့ ေကာ္လမ္ဟဒ္ဆန္အိုဒြိဳင္း ဟာ ေတာင္ပံတေလွ်ာက္ ေၾကာ​က္စရာေကာင္းေအာင္ ႐ုန္းကန္ျပခဲ့ၿပီး ခ်ယ္ဆီးတို႔ ဂိုးေပါက္ကန္သြင္းမႈ ၁၆ႀကိမ္၊ ေဘာပိုင္ဆိုင္မႈ ၇၂% ရခဲ့တဲ့ပြဲမွာ အႏိုင္ဂိုးအတြက္ မာကိုအလြန္ဆို ကို ဖန္တီးေပးခဲ့ပါတယ္။

ဒါဟာ ဒီရာသီ မွာ ခ်ယ္ဆီးတို႔ ဒုတိယေျမာက္ clean sheet ရခဲ့တာျဖစ္ၿပီး အသက္ ၂၁ႏွစ္အ႐ြယ္ တိုမီုရီ က ခံစစ္မွာ ခိုင္ခိုင္မာမာ တည္ရွိေပးခဲ့သလို ခရစၥတန္ဆန္ ၊ ႐ူဒီဂါ တို႔ မပါပဲ သူတို႔ ေကာင္းေကာင္း လုပ္ခဲ့ပါတယ္။ သူတို႔၂ေယာက္အျပင္ ကန္ေတ၊ ႐ူဘန္ ေလာ့ဖ္တပ္ခ်ိခ္တို႔လဲ ဒဏ္ရာရေနၿပီး ကာကေလနဲ႔ အက္ဇ္ပီလီကြီတာ တို႔ကလဲ ေအဂ်က္နဲ႔ပြဲအတြက္ သံသယရွိစရာ ျဖစ္ေနပါတယ္။

ေအဂ်က္ အသင္းကေတာ့ ကြင္းလယ္လူ ဒီေဂ်ာင္နဲ႔ ခံစစ္မႉး ဒီလစ္တို႔ကို ဘာစီလိုနာ နဲ႔ ဂ်ဴဗင္တပ္ တို႔ဆီ ေပးခဲ့ရေပမယ့္ သူတို႔ဟာ အဲရီဒီဗီဆီမွာ အဆင့္၁ အျဖစ္ ဦးေဆာင္ထားဆဲ ျဖစ္ၿပီး အဖြင့္ ၁၀ပြဲအၿပီးရႈံးပြဲမရွိ၊ ၃၁ဂိုးနဲ႔ ပီအက္စ္ဗီ ကို ၃မွတ္ ျဖတ္ထားပါတယ္။ ခ်န္ပီယံလိဂ္ မွာလဲ လိုင္လီနဲ႔ ဗလန္စီယာ တို႔ကို ၃ဂိုးစီနဲ႔ အႏိူင္ယူၿပီး အုပ္စု H မွာ ဦးေဆာင္ေနပါတယ္။ အကယ္ဒမီ ကစားသမား ေတြေၾကာင့္ ဥေရာပမွာ အသင္းႀကီးတစ္သင္းအေနနဲ႔ ျပန္လည္ေပၚထြက္လာခဲ့ေပမယ့္ ျပည္ပ ကစားသမားေတြျဖစ္တဲ့ ဟာကင္ ဇီယက္ခ်္၊ ေဒးဗစ္နီရက္စ္၊ ဒူဆန္တာဒစ္၊ ပေရာမက္စ္တို႔အားလုံးကလဲ အထင္ႀကီးေလာက္စရာ ပါပဲ။

အသက္ ၂၆ႏွစ္ အ႐ြယ္ ဇီယက္ခ်္ရဲ႕ အံ့အားသင့္စရာ တိုက္စစ္စြမ္းရည္ဟာ မႏွစ္က ခ်န္ပီယံလိဂ္ မွာ အဓိကက်ခဲ့ၿပီး အသက္ ၂၇ႏွစ္အ႐ြယ္ ပေရာမက္စ္ကလဲ အုပ္စု၂ပြဲလုံးမွာ ဂိူးသြင္းခဲ့တဲ့အျပင္ လိဂ္မွာပါ ၆ဂိုး ရရွိထားပါတယ္။ အသက္ ၃၆ႏွစ္အ႐ြယ္ Huntelaar ကေတာင္ လိဂ္ဂိုး ၅ဂိုး ရရွိထားတာနဲ႔အတူ သူတို႔က ၂၅ႏွစ္အတြင္း ပထမဆုံး ဥေရာပ ေအာင္ျမင္မႈအတြက္ ႀကိဳးစားၾကမွာ ျဖစ္ပါတယ္။

အခုလို တိုးတက္လာတဲ့ ခ်ယ္ဆီးၾကယ္ပြင့္ေတြနဲ႔ လူငယ္ဘုရင္ေတြျဖစ္တဲ့ ေအဂ်က္ရဲ႕ အားၿပိဳင္မႈ ပြဲေကာင္းကို မနက္ျဖန္ ညမွာ ရႈစားရမွာ ျဖစ္ျပီး ေအဂ်က္ အိမ္ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။