ဆြာရက္စ္ကို ေထာက္ခံခဲ့တဲ့လုပ္ရပ္ အၾကီးအက်ယ္ မွားယြင္းေၾကာင္း ကာေရဂါ ၀န္္ခံ

လီဗာပူး ခံစစ်မူှးဟောင်း ဂျင်မီ ကာရေဂါက တိုက်စစ်မှူး လူးဝစ် ဆွာရက်စ်နဲ့ ယူနိုက်တက် ကစားသမား အီဗရာတို့ အချင်းများခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ဆွာရက်စ်ကို ထောက်ခံမှု ပြသတဲ့ အနေနဲ့ ဆွာရက်စ် ပုံရိပ်နဲ့ ဆင်တူ တီရှပ်များ ဝတ်ဆင်ပြခဲ့ခြင်းဟာ အကြီးအကျယ် မှားယွင်းတဲ့ လုပ်ရပ် ဖြစ်ကြောင်း ထုတ်ဖော် ဝန်ခံသွားပါတယ်။ ဒါ့အပြင် ထိုလုပ်ရပ်အတွက် အီဗရာကိုပါ ကာရေဂါက တောင်းပန်စကား ဆိုခဲ့ပါတယ်။

ဆွာရက်စ်ဟာ အောက်တိုဘာ ၂၀၁၁ က အန်းဖီးလ်မှာ ကစားတဲ့ လီဗာပူးနဲ့ ယူနိုက်တက် ပွဲစဉ်မှာ အီဗရာနဲ့ အချင်းများခဲ့ပြီး လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းများ ပြောဆိုခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။ လီဗာပူးကလပ်အသင်းကလည်း အားထားရတဲ့ တိုက်စစ်မှူး ဆွာရက်စ်ဘက်မှ ရပ်တည်က ထောက်ခံမှုများ ပြသခဲ့ပါတယ်။

ထိုပွဲစဉ်ပြီး နောက် ဝီဂန်နဲ့ ပွဲစဉ်မှာ လီဗာပူးနည်းပြ ကင်နီ ဒဲဂလစ်ရှ် အပါအဝင် အသင်းသားတွေက ဆွာရက်စ်ပုံ တီရှပ် ဝတ်ဆင်ကာ တိုက်စစ်မှူးဘက်က ထောက်ခံကြောင်း တုန့်ပြန်ခဲ့ပြီး ထိုဖြစ်ရပ်ကလည်း ဝေဖန်မှုများစွာဆီ ဦးတည်စေခဲ့ပါတယ်။ ဆွာရက်စ်ဟာ အီဗရာအပေါ် ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ခံခဲ့ရပြီး ၈ပွဲပယ်နဲ့ ဒဏ်ငွေ ပေါင် ၄ သောင်း ရိုက်ခံခဲ့ရပါတယ်။

ဂျင်မီ ကာရေဂါက ထိုစဉ်က လုပ်ရပ်အပေါ် ရှက်မိကြောင်း ဝန်ခံလိုက်ပြီး ခေါင်းဆောင် တစ်ဦး အနေနဲ့ အသင်းသားတွေကို ထိုတီရှပ် မဝတ်ဆင်ရန် တိုက်တွန်းနိုင်ခဲ့ခြင်း မရှိတာ အတွက် အီဗရာအပေါ် တောင်းပန်လိုက်ပါတယ်။

” ကျနော်တို့ အမှားကြီး လုပ်ခဲ့မိတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သိပ် သိသာလွန်းတယ်။ အဲဒီပွဲနေ့က နေ့လည်စာ စားပြီး အသင်း အစည်းအဝေးလုပ်ခဲ့တယ်။ အဲဒီတုန်းက ကင်နီလား စတိဗ်ကလပ်လား မသိဘူး ပြောတာ မှတ်မိတယ်။ ‘ ငါတို့ ဒီတီရှပ်တွေ တကယ် ဝတ်ကြမှာလား’ ဆိုပြီး။ ဒါ ပထမဆုံးကြားခဲ့တာ ဖြစ်လို့ မှတ်မိနေတယ်။ ကျနျော် ဒီအုပ်စုထဲ မပါဝင်ခဲ့ဘူး ပြောနေတာ မဟုတ်ဘူးနော်။ ဒါက အသင်းလိုက် မှားခဲ့တာ ဖြစ်ပြီး ကျနော်က ဒုတိယ အသင်းခေါင်းဆောင်ပါ။ ”

” ဒါပေမယ့် ဒီကိစ္စမှာ နောက်ကွယ်က ဘယ်သူရှိခဲ့လဲ ကျနော် သိပ်သေချာ မသိခဲ့ဘူး။ ဒါက သူနဲ့ အရင်နှီးဆုံး ကစားသမား တစ်ယောက်ယောက်က စတင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကင်နီနဲ့ မဆိုင်ဘူး။ အဝတ်လဲခန်းထဲမှာ ဆွာရက်စ်နဲ့ ရင်းနှီးတဲ့ ကစားသမားတွေ ရှိပြီး သူတို့က အသင်းဖော်ဘက်က ရပ်တည်ကြောင်း ပြသချင်ခဲ့တာပါ။ ”

” အခုချိန်မှာ ကိုယ့်ကိုယ်ကို ပြန် သုံးသပ်တွေးတောမိတော့မှာ အဲဒီအချိန်က ကစားသမား တစ်ယောက် အနေနဲ့ ငါ ဒါ မဝတ်ဘူး တစ်ယောက်တည်း ငြင်းဖို့ သတ္တိမရှိခဲ့ဘူးဆိုတာ မြင်လာတယ်။ လီဗာပူးကလပ်က လူတိုင်းလည်း ကျနော်တို့ မှန်တယ်လို့ ထောက်ခံကြမယ် မထင်ပါဘူး။ ကျနော့် မိသားစု အနေနဲ့ပဲ ဖြစ်ဖြစ် ကလပ်အသင်း အနေနဲ့ပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က အမှားယွင်း လုပ်မိရင် အမှားပြင်ဖို့ထက် ပထမဆုံး ကာကွယ်ဖို့ ကြိုးစားတာက မှားယွင်းတာပါပဲ။ ” လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

ထိုဖြစ်ရပ်နောက်ပိုင်း လူးဝစ်ဆွာရက်စ်ဟာ အင်္ဂလန်မှာ ဖိအားများစွာ ခံခဲ့ရပြီး ၂၀၁၄ မှာတော့ ဘာစီလိုနာသို့ ပြောင်းရွှေ့သွားပါတယ်။

Zawgyi

လီဗာပူး ခံစစ္မဴွးေဟာင္း ဂ်င္မီ ကာေရဂါက တိုက္စစ္မွဴး လူး၀စ္ ဆြာရက္စ္နဲ႕ ယူနုိက္တက္ ကစားသမား အီဗရာတို႔ အခ်င္းမ်ားခဲ့တဲ့ ျဖစ္ရပ္ေနာက္ပိုင္း ဆြာရက္စ္ကို ေထာက္ခံမႈ ျပသတဲ့ အေနနဲ႕ ဆြာရက္စ္ ပံုရိပ္နဲ႕ ဆင္တူ တီရွပ္မ်ား ၀တ္ဆင္ျပခဲ့ျခင္းဟာ အၾကီးအက်ယ္ မွားယြင္းတဲ့ လုပ္ရပ္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ၀န္ခံသြားပါတယ္။ ဒါ့အျပင္ ထိုလုပ္ရပ္အတြက္ အီဗရာကိုပါ ကာေရဂါက ေတာင္းပန္စကား ဆိုခဲ့ပါတယ္။

ဆြာရက္စ္ဟာ ေအာက္တိုဘာ ၂၀၁၁ က အန္းဖီးလ္မွာ ကစားတဲ့ လီဗာပူးနဲ႕ ယူနိုက္တက္ ပြဲစဥ္မွာ အီဗရာနဲ႕ အခ်င္းမ်ားခဲ့ျပီး လူမ်ိဳးေရးခြဲျခားတဲ့ အသံုးနႈန္းမ်ား ေျပာဆိုခဲ့ေၾကာင္း စြပ္စြဲခံခဲ့ရပါတယ္။ လီဗာပူးကလပ္အသင္းကလည္း အားထားရတဲ့ တိုက္စစ္မွဴး ဆြာရက္စ္ဘက္မွ ရပ္တည္က ေထာက္ခံမႈမ်ား ျပသခဲ့ပါတယ္။

ထိုပြဲစဥ္ျပီး ေနာက္ ၀ီဂန္နဲ႕ ပြဲစဥ္မွာ လီဗာပူးနည္းျပ ကင္နီ ဒဲဂလစ္ရွ္ အပါအ၀င္ အသင္းသားေတြက ဆြာရက္စ္ပံု တီရွပ္ ၀တ္ဆင္ကာ တိုက္စစ္မွဴးဘက္က ေထာက္ခံေၾကာင္း တုန္႔ျပန္ခဲ့ျပီး ထိုျဖစ္ရပ္ကလည္း ေ၀ဖန္မႈမ်ားစြာဆီ ဦးတည္ေစခဲ့ပါတယ္။ ဆြာရက္စ္ဟာ အီဗရာအေပၚ ျပစ္မႈက်ဴးလြန္တယ္လို႔ ဆံုးျဖတ္ခံခဲ့ရျပီး ၈ပြဲပယ္နဲ႕ ဒဏ္ေငြ ေပါင္ ၄ ေသာင္း ရိုက္ခံခဲ့ရပါတယ္။

ဂ်င္မီ ကာေရဂါက ထိုစဥ္က လုပ္ရပ္အေပၚ ရွက္မိေၾကာင္း ၀န္ခံလိုက္ျပီး ေခါင္းေဆာင္ တစ္ဦး အေနနဲ႕ အသင္းသားေတြကို ထိုတီရွပ္ မ၀တ္ဆင္ရန္ တိုက္တြန္းနိုင္ခဲ့ျခင္း မရွိတာ အတြက္ အီဗရာအေပၚ ေတာင္းပန္လိုက္ပါတယ္။

” က်ေနာ္တို႔ အမွားၾကီး လုပ္ခဲ့မိတယ္ဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။ သိပ္ သိသာလြန္းတယ္။ အဲဒီပြဲေန႔က ေန႔လည္စာ စားျပီး အသင္း အစည္းအေ၀းလုပ္ခဲ့တယ္။ အဲဒီတုန္းက ကင္နီလား စတိဗ္ကလပ္လား မသိဘူး ေျပာတာ မွတ္မိတယ္။ ‘ ငါတို႔ ဒီတီရွပ္ေတြ တကယ္ ၀တ္ၾကမွာလား’ ဆိုျပီး။ ဒါ ပထမဆံုးၾကားခဲ့တာ ျဖစ္လို႔ မွတ္မိေနတယ္။ က်ေန်ာ္ ဒီအုပ္စုထဲ မပါ၀င္ခဲ့ဘူး ေျပာေနတာ မဟုတ္ဘူးေနာ္။ ဒါက အသင္းလိုက္ မွားခဲ့တာ ျဖစ္ျပီး က်ေနာ္က ဒုတိယ အသင္းေခါင္းေဆာင္ပါ။ ”

” ဒါေပမယ့္ ဒီကိစၥမွာ ေနာက္ကြယ္က ဘယ္သူရွိခဲ့လဲ က်ေနာ္ သိပ္ေသခ်ာ မသိခဲ့ဘူး။ ဒါက သူနဲ႕ အရင္နီွးဆံုး ကစားသမား တစ္ေယာက္ေယာက္က စတင္ခဲ့တာ ျဖစ္နုိင္ပါတယ္။ ဒါေပမယ့္ ဒါက ကင္နီနဲ႕ မဆိုင္ဘူး။ အ၀တ္လဲခန္းထဲမွာ ဆြာရက္စ္နဲ႕ ရင္းနွီးတဲ့ ကစားသမားေတြ ရွိျပီး သူတို႔က အသင္းေဖာ္ဘက္က ရပ္တည္ေၾကာင္း ျပသခ်င္ခဲ့တာပါ။ ”

” အခုခ်ိန္မွာ ကိုယ့္ကိုယ္ကို ျပန္ သံုးသပ္ေတြးေတာမိေတာ့မွာ အဲဒီအခ်ိန္က ကစားသမား တစ္ေယာက္ အေနနဲ႕ ငါ ဒါ မ၀တ္ဘူး တစ္ေယာက္တည္း ျငင္းဖို႔ သတၱိမရွိခဲ့ဘူးဆိုတာ ျမင္လာတယ္။ လီဗာပူးကလပ္က လူတုိင္းလည္း က်ေနာ္တို႔ မွန္တယ္လို႔ ေထာက္ခံၾကမယ္ မထင္ပါဘူး။ က်ေနာ့္ မိသားစု အေနနဲ႕ပဲ ျဖစ္ျဖစ္ ကလပ္အသင္း အေနနဲ႕ပဲ ျဖစ္ျဖစ္ တစ္ေယာက္ေယာက္က အမွားယြင္း လုပ္မိရင္ အမွားျပင္ဖို႔ထက္ ပထမဆံုး ကာကြယ္ဖို႔ ၾကိဳးစားတာက မွားယြင္းတာပါပဲ။ ” လို႔ ကာေရဂါက ေျပာၾကားခဲ့ပါတယ္။

ထိုျဖစ္ရပ္ေနာက္ပိုင္း လူး၀စ္ဆြာရက္စ္ဟာ အဂၤလန္မွာ ဖိအားမ်ားစြာ ခံခဲ့ရျပီး ၂၀၁၄ မွာေတာ့ ဘာစီလုိနာသို႔ ေျပာင္းေရႊ႕သြားပါတယ္။