အာဆင္နယ္က ရွံဳးပြဲနဲ႕ မထုိက္တန္ဘူးလို႔ အမ္မရီ ရွင္းလင္းေျပာဆို

တနင်္လာနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ်က အိမ်ရှင် ရှက်ဖီးယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီပွဲမှာ အာဆင်နယ် ပင်နယ်တီ ရမယ့် အခွင့်အရေးတချို့ ရှိခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရပြီး အာဆင်နယ် နည်းပြ အမ်မရီကတော့ ဂန်းနားတွေဟာ ရှုံးပွဲနဲ့ မထိုက်တန်ကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ ရှုံးဖို့ မထိုက်တန်ခဲ့ဘူး။ ပထမပိုင်းမှာ ထောင့်ကန်ဘောတွေ အများအပြားပေးခဲ့ရပြီး အဲဒီထဲကမှ သူတို့ တစ်ဂိုး သွင်းထားတယ်။ ကျေျနာ်တို့ အနေနဲ့ ဒီလို ဂိုးတွေ မခွင့်ပြုအောင် ကြိုးစားဖို့ တိုးတက်လာဖို့ လိုပါတယ်။ ကျနော်တို့ တိုက်စစ် အခွင့်အရေး ရတဲ့ အခါမှာလည်း အနေအထားကောင်းတွေ ဖန်တီးနိုငပေမယ့် ဂိုး မသွင်းနိုင်ခဲ့ဘူး။ ”

” ဒီပွဲကနေ ရမှတ် တစ်ခုခု ရသွားဖို့ ကျနော်တို့ ထိုက်တန်ခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ် ပေးဂိုး အနည်းဆုံး အသင်းတွေထဲ ပါဝင်တယ်။ သူတို့သာ ဂိုး အရင် သွင်းရင် ပွဲက တော်တော်ကို ခက်သွားပါတယ်။ ကျနော်တို့ ဒုတိယပိုင်းမှာ ပြန် ကြိုးစားခဲ့တယ်။ ဂိုးသွင်းဖို့ အခွင့်အရေးကောင်း ၃ ကြိမ် ဖန်တီးနိုင်ခဲ့တယ်။ ”

” ဒီပွဲမှာ အဓိက ကျတဲ့ အချိန် နှစ်ခု ရှိခဲ့တယ်။ တစ်ခုက သူတို့ ဂိုးနဲ့ နောက်တစ်ခုက ဆိုကရေးတစ်ကို ပြစ်ဒဏ်ဘော ကျူးလွန်သွားတာက လုံး ၀ ပယ်နယ်တီပါ။ အရှင်းကြီးပါပဲ။ ” လို့ အမ်မရီက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်က ရှက်ဖီးကို နိုင်ရင် အမှတ်ပေးဇယား အဆင့် ၃ နေရာထိ တက်လှမ်းနိုင်မှာ ဖြစ်သော်လည်း ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် မှတ်တမ်းဆိုး အနေနဲ့ အာဆင်နယ်က တန်းတက်လာတဲ့ အသင်းတွေနဲ့ ကစားတဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် နောက်ဆုံး ၇ ပွဲမှာ ၄ ပွဲ ထိ ရှုံးနိမ့်ထားပါတယ်။

Zawgyi

တနလၤာေန႔ညက ကစားသြားတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာေတာ့ အာဆင္နယ္က အိမ္ရွင္ ရွက္ဖီးယူနိုက္တက္ကို ၁-၀ နဲ႕ ရွံဳးနိမ့္သြားပါတယ္။ ဒီပြဲမွာ အာဆင္နယ္ ပင္နယ္တီ ရမယ့္ အခြင့္အေရးတခ်ိဳ႕ ရွိခဲ့ေသာ္လည္း ျငင္းပယ္ျခင္း ခံခဲ့ရျပီး အာဆင္နယ္ နည္းျပ အမ္မရီကေတာ့ ဂန္းနားေတြဟာ ရွံဳးပြဲနဲ႕ မထိုက္တန္ေၾကာင္း ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ရွံဳးဖို႔ မထိုက္တန္ခဲ့ဘူး။ ပထမပိုင္းမွာ ေထာင့္ကန္ေဘာေတြ အမ်ားအျပားေပးခဲ့ရျပီး အဲဒီထဲကမွ သူတို႔ တစ္ဂိုး သြင္းထားတယ္။ က်ေ်နာ္တို႔ အေနနဲ႕ ဒီလို ဂိုးေတြ မခြင့္ျပဳေအာင္ ၾကိဳးစားဖို႔ တိုးတက္လာဖို႔ လိုပါတယ္။ က်ေနာ္တို႔ တိုက္စစ္ အခြင့္အေရး ရတဲ့ အခါမွာလည္း အေနအထားေကာင္းေတြ ဖန္တီးနုိ္ငေပမယ့္ ဂိုး မသြင္းနုိင္ခဲ့ဘူး။ ”

” ဒီပြဲကေန ရမွတ္ တစ္ခုခု ရသြားဖို႔ က်ေနာ္တို႔ ထုိက္တန္ခဲ့တာပါ။ ဒါေပမယ့္ သူတို႔ဟာ ပရီးမီးယားလိဂ္ ေပးဂိုး အနည္းဆံုး အသင္းေတြထဲ ပါ၀င္တယ္။ သူတို႔သာ ဂိုး အရင္ သြင္းရင္ ပြဲက ေတာ္ေတာ္ကို ခက္သြားပါတယ္။ က်ေနာ္တို႔ ဒုတိယပိုင္းမွာ ျပန္ ၾကိဳးစားခဲ့တယ္။ ဂိုးသြင္းဖို႔ အခြင့္အေရးေကာင္း ၃ ၾကိမ္ ဖန္တီးနုိင္ခဲ့တယ္။ ”

” ဒီပြဲမွာ အဓိက က်တဲ့ အခ်ိန္ နွစ္ခု ရွိခဲ့တယ္။ တစ္ခုက သူတို႔ ဂိုးနဲ႕ ေနာက္တစ္ခုက ဆိုကေရးတစ္ကို ျပစ္ဒဏ္ေဘာ က်ဴးလြန္သြားတာက လံုး ၀ ပယ္နယ္တီပါ။ အရွင္းၾကီးပါပဲ။ ” လို႔ အမ္မရီက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္က ရွက္ဖီးကို နုိင္ရင္ အမွတ္ေပးဇယား အဆင့္ ၃ ေနရာထိ တက္လွမ္းနုိင္မွာ ျဖစ္ေသာ္လည္း ဒီအခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။ ဒါ့အျပင္ မွတ္တမ္းဆိုး အေနနဲ႕ အာဆင္နယ္က တန္းတက္လာတဲ့ အသင္းေတြနဲ႕ ကစားတဲ့ ပရီးမီးယားလိဂ္ အေ၀းကြင္းပြဲစဥ္ ေနာက္ဆံုး ၇ ပြဲမွာ ၄ ပြဲ ထိ ရွံဳးနိမ့္ထားပါတယ္။