BREAKING: စံခ်ိန္တင္ျဖစ္မယ့္ သေဘာတူညီခ်က္ျဖင့္ လီဗာပူးနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ နီးစပ္

လီဗာပူးဟာ လာမယ့္ရာသီအတြက္ စပြန္ဆာအသစ္အျဖစ္ Nike နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ အေတာ္ေလး နီးစပ္ခဲ့ျပီျဖစ္ျပီး ပရီးမီးယားလိဂ္မွာ တန္ေၾကးအၾကီးဆံုး စပြန္ဆာစာခ်ဳပ္ျဖစ္လာဖို႔ အားေကာင္းခဲ့ျပီလို႔ တယ္လီဂရပ္ရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။

လီဗာပူးနဲ႔ အေမရိကန္ အားကစားကုမၸဏီ New Balance တို႔ၾကား ေနာက္ဆံုး စာခ်ဳပ္သက္တမ္းတိုးထားမႈအရ ဒီရာသီကုန္ျပီးရင္ စာခ်ဳပ္သက္တမ္းျပည့္ျပီျဖစ္ပါတယ္။ ႏွစ္ဘက္အဖြဲ႔အစည္းဟာ တစ္ႏွစ္ကို ေပါင္ ၄၅ သန္းတန္ သေဘာတူညီမႈအတိုင္း လက္တြဲထားခဲ့ၾကတာျဖစ္တယ္။ ဒါေပမယ့္လုိ႔ လာမယ့္ရာသီကစလို႔ စပြန္ဆာသစ္ကို ရွာေဖြေနခဲ့ျပီး Nike နဲ႔ ေျပာင္းလဲလက္တြဲမွာျဖစ္ပါတယ္။

လီဗာပူးကေတာ့ New Balance နဲ႔ပဲ သစၥာရွိစြာ ဆက္လက္ လက္တြဲလိုေပမယ့္လို႔ နာမည္ေက်ာ္ အမွတ္တံဆိပ္ေတြနည္းတူ အေမရိကန္ကုမၸဏီက ျမင့္မားတဲ့စာခ်ဳပ္ ေပးဖို႔ မတတ္ႏုိင္ခဲ့ပါဘူး။ FSG ကေတာ့ ကာလရွည္ လက္တြဲလာတဲ့ New Balance ကို ဦးစားေပးခဲ့ျပီး အဆင္မေျပျခင္းေၾကာင့္ အျခားေသာ အားကစားကုမၸဏီေတြနဲ႔ လက္တြဲဖို႔ရာ တံခါးဖြင့္ခဲ့ရာက Nike ဟာ ဝင္ေရာက္ညိႏိႈင္းလာခဲ့တာျဖစ္ပါတယ္။

Nike ဟာ ကမၻာတန္ေၾကးအၾကီးဆံုး စာခ်ဳပ္အျဖစ္ ဘာစီလိုနာနဲ႔ တစ္ႏွစ္ကို ေပါင္ ၉၈ သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္အား ၁၀ ႏွစ္အတြက္ စာခ်ဳပ္ ခ်ဳပ္ဆိုထားသလို ခ်ယ္ဆီးအသင္းကိုလည္း ၁၅ ႏွစ္အတြက္ ေပါင္ ၉၀၀ သန္း သေဘာတူညီထားပါတယ္။ ျပင္သစ္ခ်န္ပီယံ ပီအက္ဂ်ီနဲ႔ Nike တို႔ဟာ ၂၀၃၂ ေဘာလံုးရာသီ အကုန္ထိ လက္တြဲသြားၾကမယ့္ ကာလရွည္ စပြန္ဆာ စာခ်ဳပ္ကို သေဘာတူညီမႈ ရထားခဲ့ျပီး ယူရို ၁ ဘီလီယံ တန္ေၾကးရွိမွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ Adidas နဲ႔ တစ္ႏွစ္ကို ေပါင္ ၁၀၂ သန္း တန္ေၾကးရွိမယ့္ စာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့ျပီး ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္ကလည္း တစ္ႏွစ္ကို ၇၅ သန္းနဲ႔ ၁၀ ႏွစ္စာ စာခ်ဳပ္ကို ၂၀၁၄ ခုႏွစ္မွာ ခ်ဳပ္ဆိုထားခဲ့တာျဖစ္တယ္။ လီဗာပူးနဲ႔ Nike ၾကား ညိႏိႈင္းမႈဟာ ပရီးမီးယားလိဂ္ စံခ်ိန္တင္ေၾကး ေပါင္ ၇၅ သန္း ဝန္းက်င္လို႔ သိရျပီး ခ်ဳပ္ဆိုမယ့္ ကာလနဲ႔ တိက်တဲ့ သက္မွတ္ေၾကးတို႔ကို ညိႏိႈင္းေနတာျဖစ္တယ္။

လီဗာပူးနဲ႔ Nike ၾကား လာမယ့္ရာသီအတြက္ ညိႏိႈင္းမႈဟာ ပရီးမီးယားလိဂ္ စံခ်ိန္တင္ေၾကးျဖစ္သလို ကလပ္အသင္းသမုိင္း အၾကီးမားဆံုး စီးပြားေရးဆိုင္ရာ စပြန္ဆာကိစၥ စာခ်ဳပ္ျဖစ္ဖို႔ ေသခ်ာလာေနျပီး ဒါဟာ ဥေရာပနဲ႔ ပရီးမီးယားလိဂ္ကို လႊမ္းမိုးလာႏုိင္ျခင္းရဲ႕ အက်ိဳးဆက္လို႔ ေဖာ္ျပသြားတာျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူးဟာ လာမယ့်ရာသီအတွက် စပွန်ဆာအသစ်အဖြစ် Nike နဲ့ စာချုပ်ချုပ်ဆိုသွားဖို့ အတော်လေး နီးစပ်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တန်ကြေးအကြီးဆုံး စပွန်ဆာစာချုပ်ဖြစ်လာဖို့ အားကောင်းခဲ့ပြီလို့ တယ်လီဂရပ်ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

လီဗာပူးနဲ့ အမေရိကန် အားကစားကုမ္ပဏီ New Balance တို့ကြား နောက်ဆုံး စာချုပ်သက်တမ်းတိုးထားမှုအရ ဒီရာသီကုန်ပြီးရင် စာချုပ်သက်တမ်းပြည့်ပြီဖြစ်ပါတယ်။ နှစ်ဘက်အဖွဲ့အစည်းဟာ တစ်နှစ်ကို ပေါင် ၄၅ သန်းတန် သဘောတူညီမှုအတိုင်း လက်တွဲထားခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့်လို့ လာမယ့်ရာသီကစလို့ စပွန်ဆာသစ်ကို ရှာဖွေနေခဲ့ပြီး Nike နဲ့ ပြောင်းလဲလက်တွဲမှာဖြစ်ပါတယ်။

လီဗာပူးကတော့ New Balance နဲ့ပဲ သစ္စာရှိစွာ ဆက်လက် လက်တွဲလိုပေမယ့်လို့ နာမည်ကျော် အမှတ်တံဆိပ်တွေနည်းတူ အမေရိကန်ကုမ္ပဏီက မြင့်မားတဲ့စာချုပ် ပေးဖို့ မတတ်နိုင်ခဲ့ပါဘူး။ FSG ကတော့ ကာလရှည် လက်တွဲလာတဲ့ New Balance ကို ဦးစားပေးခဲ့ပြီး အဆင်မပြေခြင်းကြောင့် အခြားသော အားကစားကုမ္ပဏီတွေနဲ့ လက်တွဲဖို့ရာ တံခါးဖွင့်ခဲ့ရာက Nike ဟာ ဝင်ရောက်ညိနှိုင်းလာခဲ့တာဖြစ်ပါတယ်။

Nike ဟာ ကမ္ဘာတန်ကြေးအကြီးဆုံး စာချုပ်အဖြစ် ဘာစီလိုနာနဲ့ တစ်နှစ်ကို ပေါင် ၉၈ သန်း တန်ကြေးရှိတဲ့ စာချုပ်အား ၁၀ နှစ်အတွက် စာချုပ် ချုပ်ဆိုထားသလို ချယ်ဆီးအသင်းကိုလည်း ၁၅ နှစ်အတွက် ပေါင် ၉၀၀ သန်း သဘောတူညီထားပါတယ်။ ပြင်သစ်ချန်ပီယံ ပီအက်ဂျီနဲ့ Nike တို့ဟာ ၂၀၃၂ ဘောလုံးရာသီ အကုန်ထိ လက်တွဲသွားကြမယ့် ကာလရှည် စပွန်ဆာ စာချုပ်ကို သဘောတူညီမှု ရထားခဲ့ပြီး ယူရို ၁ ဘီလီယံ တန်ကြေးရှိမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ Adidas နဲ့ တစ်နှစ်ကို ပေါင် ၁၀၂ သန်း တန်ကြေးရှိမယ့် စာချုပ် ချုပ်ဆိုထားခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ကလည်း တစ်နှစ်ကို ၇၅ သန်းနဲ့ ၁၀ နှစ်စာ စာချုပ်ကို ၂၀၁၄ ခုနှစ်မှာ ချုပ်ဆိုထားခဲ့တာဖြစ်တယ်။ လီဗာပူးနဲ့ Nike ကြား ညိနှိုင်းမှုဟာ ပရီးမီးယားလိဂ် စံချိန်တင်ကြေး ပေါင် ၇၅ သန်း ဝန်းကျင်လို့ သိရပြီး ချုပ်ဆိုမယ့် ကာလနဲ့ တိကျတဲ့ သက်မှတ်ကြေးတို့ကို ညိနှိုင်းနေတာဖြစ်တယ်။

လီဗာပူးနဲ့ Nike ကြား လာမယ့်ရာသီအတွက် ညိနှိုင်းမှုဟာ ပရီးမီးယားလိဂ် စံချိန်တင်ကြေးဖြစ်သလို ကလပ်အသင်းသမိုင်း အကြီးမားဆုံး စီးပွားရေးဆိုင်ရာ စပွန်ဆာကိစ္စ စာချုပ်ဖြစ်ဖို့ သေချာလာနေပြီး ဒါဟာ ဥရောပနဲ့ ပရီးမီးယားလိဂ်ကို လွှမ်းမိုးလာနိုင်ခြင်းရဲ့ အကျိုးဆက်လို့ ဖော်ပြသွားတာဖြစ်ပါတယ်။

Sports Home Time