အဂၤါေန႔အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] ရီးရဲလ္မက္ဒရစ္ဟာ မန္စီးတီး တိုက္စစ္မွဴး ရာဟင္းစတားလင္းကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈေတြ ရွိထားျပီး ကစားသမား ကုိယ္တိုင္လည္း ရီးရဲလ္ ဥကၠဌနဲ႕ ျပီးခဲ့တဲ့ ေႏြက စကားေျပာဆိုခဲ့ကာ လာမယ့္နွစ္ေတြအတြင္း ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ရွိေၾကာင္း စပိန္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ခံစစ္မွာ ဒဏ္ရာရ စာရင္းေတြမ်ားေနတာေၾကာင့္ မန္စီးတီးဟာ ဒီတပတ္ထဲမွာ ခံစစ္ ပစ္မွတ္ေတြကို ျပန္လည္ စုစည္းေနျပီး ဘင္ဖီကာမွာ ရူဘန္ဒိုင္ယာ့ဇ္လည္း ပါ၀င္ေနပါတယ္။ ဘင္ဖီကာကေတာ့ ၄င္းတို႔ ကစားသမားကို မေရာင္းခ်လိုဘဲ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး အတိုင္း ယူရို သန္း ၆၀ ေပးမွ စဥ္းစားမယ္လို႔ ေလသံပစ္ထားပါတယ္။

လက္ရွိ ကာတာကလပ္ Al-Sadd ကို နည္းျပ အျဖစ္တာ၀န္ယူျပီး အသင္းမန္ေနဂ်ာဘ၀ စတင္ထားတဲ့ ဘာစီလိုနာ ဂႏၱ၀င္ကစားသမား ဇာဗီက ဂြာဒီယိုလာကို စံထားရတဲ့ အခ်က္ေတြ ရွင္းလင္းခဲ့ျပီး တစ္ေန႔မွာ မန္စီးတီးကို နည္းျပအျဖစ္ ကိုင္တြယ္ဖို႔လည္း စိတ္၀င္စားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဖီဖာရဲ႕ The Best ဆုေတြေပးအပ္မယ့္ ဆုေပးပြဲကို တနလၤာေန႔ညက မီလန္ျမိဳ႕မွာ ျပဳလုပ္ခဲ့ရာ ဆန္ကာတင္ စာရင္းပါ၀င္ေနတဲ့ လီဗာပူးအသင္းမွ နည္းျပ ကေလာ့ပ္၊ ဂိုးသမား အယ္လီဆန္နဲ႕ ခံစစ္မွဴး ဗန္ဒိုက္တို႔ သံုးဦး တက္ေရာက္ခဲ့ပါတယ္။

ထိုပြဲမွာ ဖီဖာက ခ်ီးျမႇင့္တဲ့ The Best FIFA Men’s Coach 2019 ဆုကို ယာဂင္ကေလာ့ပ္နဲ႔ ဂိုးသမားဆုကို အယ္လစ္ဆန္က ရရွိသြားပါတယ္။

လီဗာပူးအသင္းဟာ ဒီတပတ္ လိဂ္၀မ္းကလပ္ MK Dons အသင္းနဲ႕ ကစားမယ့္ ကာရာေဘာင္း ပြဲမွာ လူငယ္ ဂိုးသမား ကလဲဟားကို အခြင့္အေရး ေပးဖို႔ ျပင္ဆင္ေနပါတယ္။ ထိုပြဲမွာ စီနီယာအသင္းၾကီးမွ အဓိက ကစားသမား ေတာ္ေတာ္မ်ားမ်ားကို ကေလာ့ပ္က အနားေပးဖြယ္ ရွိပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ရာနႈန္းျပည့္ နိုင္ပြဲ ယူထားကာ အစေကာင္းထားေပမယ့္ လီဗာပူး ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္ ကေတာ့ ၄င္းတို႔ဟာ အမွတ္ေပးဇယားကို စိတ္၀င္စားစရာ ေကာင္းလာတဲ့ အေနအထား မေရာက္မခ်င္း ၾကည့္ေနမွာ မဟုတ္ဘဲ ပံုစံေကာင္းကို ဆက္လက္သယ္ေဆာင္သြားဖို႔သာ အာရံုထားေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးၾကယ္ပြင့္ ကစားသမား ေမဆန္ေမာင့္က ခ်န္ပီယံလိဂ္ပြဲမွာ ေျခက်င္း၀တ္ ဒဏ္ရာ ရခဲ့စဥ္က အဆိုးဆံုး အေနအထားအတြက္ ေတြးပူခဲ့မိေၾကာင္း ၀န္ခံျပီး လီဗာပူးနဲ႕ ပြဲ ပါ၀င္ကစားတုန္းမွာလည္း ေျခက်င္း၀တ္ ေယာင္ကိုင္းေနဆဲ ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဒီတပတ္ လိဂ္တူးကလပ္ Grimsby နဲ႕ ယွဥ္ျပိဳင္ ကစားမယ့္ ကာရာေဘာင္းဖလားပြဲမွာ ဒဏ္ရာကေန ျပန္လည္သက္သာေနျပီ ျဖစ္တဲ့ အိုဒြိဳင္းနဲ႕ ရီစီ ဂ်ိမ္းစ္ကို ပါ၀င္ကစားေစမယ္လို႔ ခ်ယ္ဆီးနည္းျပ လမ္းပတ္က အတည္ျပဳသြားပါတယ္။

လီဗာပူးနဲ႕ပြဲမွာ မိနစ္ ၉၀ ျပည့္ ပါ၀င္ကစားသြားျပီးေနာက္ ကန္ေတက သီတင္းပတ္ ေလးပတ္ၾကာ ေျခက်င္း၀တ္ ဒဏ္ရာကေန ျပန္လည္ သက္သာ ေကာင္းမြန္လာျပီ ျဖစ္ေၾကာင္းနဲ႕ ေကာင္းစြာ ပြဲကစားနိုင္ေနပါျပီလို႔ သတင္းေပးခဲ့ပါတယ္။

ေအစီမီလန္အသင္းဟာ အင္တာနဲ႕ အျပိဳင္ စပါးခံစစ္မွဴး ဗာတြန္ဂန္ကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူနိုင္ဖို႔ ၾကိဳးပမ္းရန္ ျပင္ဆင္ေနပါတယ္။ အသက္ ၃၂ နွစ္ အရြယ္ ခံစစ္မွဴးကို ပိုခ်က္တီနိုကလည္း သက္တမ္းတိုးရန္ အစီအစဥ္ မရွိတာေၾကာင့္ ေနာက္နွစ္မွာ ထြက္ခြာေတာ့မွာပါ။

ေတာတင္ဟမ္ အေနနဲ႕ အသင္းလိုက္ ေျပာင္းလဲမႈၾကီးေတြ လုပ္ဖို႔ လိုအပ္ေနျပီး ဒါအတြက္ တြန္႔ဆုတ္ေနပါက နည္းျပ ပိုခ်က္တီနုိကိုပါ လက္လႊတ္ရလိမ့္မယ္လို႔ ေပါမာဆန္က သံုးသပ္သတိေပးလိုက္ပါတယ္။

အာဆင္နယ္ အေနနဲ႕ ဒီရာသီမွာ ကာရာေဘာင္းဖလား ျပိဳင္ပြဲကိုလည္း အေလးအနက္ထား ယွဥ္ျပိဳင္ကာ ဗိုလ္စြဲဖုိ႔ ၾကိဳးစားသင့္ေၾကာင္း အာဆင္နယ္ ကြင္းလယ္ကစားသမားေဟာင္း ေရးပါလာက တိုက္တြန္းလိုက္ပါတယ္။ ရာသီအကုန္က်ရင္ မန္စီးတီးလို အသင္းေတာင္ ဒီဖလား တစ္လံုး အတြက္ ထည့္သြင္းေအာင္ပြဲခံေၾကာင္း ၄င္းက ေထာက္ျပခဲ့ပါတယ္။

ဒူးဒဏ္ရာေၾကာင့္ ဆယ္လတာေလာက္ ပဲြကစားခြင့္ ကင္းကြာေနခဲ့ရတဲ့ အာဆင္နယ္ ခံစစ္မွဴး ေရာ့ဘ္ဟိုးဒင္းဟာ ဒီတပတ္ ေနာ့တင္ဟမ္ ေဖာရက္စ္နဲ႕ ပြဲမွာ ပါ၀င္ကစားဖို႔ အသင့္ ျဖစ္ေနျပီလို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ပရိသတ္ေတြကို လိုအပ္ျပီး ပရိသတ္ေတြကလည္း ကစားသမားေတြတိုင္းကို ကူညီအားေပးဖို႔ လိုအပ္ေၾကာင္း အမ္မရီက ေျပာၾကားလိုက္ကာ ဇာခါကို ရွံဳ႕ခ်ေနမႈမ်ားအား ရပ္တန္႔ရန္ ကာကြယ္ေျပာဆိုသြားပါတယ္။

အသင္းရလဒ္ပိုင္းနဲ႕ စြမ္းေဆာင္ရည္ပိုင္း က်ဆင္းေနမႈမ်ားေၾကာင့္ ေ၀ဖန္မႈမ်ား ခံေနရတာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ဟာ ေၾကျငာခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္ပါတယ္။ ထိုေၾကျငာခ်က္ထဲမွာ ကလပ္အသင္းဟာ ကစားသမားေကာင္းမ်ား ေခၚယူဖို႔ အျပည့္အ၀ ပံ့ပိုးေပးထားျပီး နည္းျပနဲ႕ တာ၀န္ရွိဌာနေတြကို ၀င္ေရာက္ စြက္ဖက္ျခင္း မရွိေၾကာင္း၊ ျပီးခဲ့တဲ့ေႏြမွာ ကစားသမားေကာငး္ေတြ ၀ယ္ယူခဲ့သလို လာမယ့္ အေျပာင္းအေရႊ႕မ်ားမွာလည္း ထိုသို႔ လုပ္ေဆာင္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ လူငယ္ၾကယ္ပြင့္ ကစားသမား ေမဆန္ဂရင္း၀ုဒ္အား ၅ နွစ္ သက္တမ္းရွိ စာခ်ဳပ္သစ္ တစ္ရပ္ ကမ္းလွမ္း လိုက္တယ္ လို႔ သိရပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက အသင္းအေပၚ အေလးထားမႈ မရွိတဲ့ လူကာကူနဲ႕ ဆန္းခ်က္တို႔ကို ရွင္းထုတ္လိုက္တာဟာ မွန္ကန္တဲ့ ဆုံုးျဖတ္ခ်က္ ျဖစ္ေၾကာင္း ယူနိုက္တက္ ခံစစ္မွဴးေဟာင္း ေပါလ္ ပါကာက ေထာက္ခံေျပာဆိုလိုက္ပါတယ္။

Sports Home Time

[Unicode] ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီး တိုက်စစ်မှူး ရာဟင်းစတားလင်းကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ရှိထားပြီး ကစားသမား ကိုယ်တိုင်လည်း ရီးရဲလ် ဥက္ကဌနဲ့ ပြီးခဲ့တဲ့ နွေက စကားပြောဆိုခဲ့ကာ လာမယ့်နှစ်တွေအတွင်း ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိကြောင်း စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ခံစစ်မှာ ဒဏ်ရာရ စာရင်းတွေများနေတာကြောင့် မန်စီးတီးဟာ ဒီတပတ်ထဲမှာ ခံစစ် ပစ်မှတ်တွေကို ပြန်လည် စုစည်းနေပြီး ဘင်ဖီကာမှာ ရူဘန်ဒိုင်ယာ့ဇ်လည်း ပါဝင်နေပါတယ်။ ဘင်ဖီကာကတော့ ၎င်းတို့ ကစားသမားကို မရောင်းချလိုဘဲ စာချုပ်ပါ ဖျက်သိမ်းကြေး အတိုင်း ယူရို သန်း ၆၀ ပေးမှ စဉ်းစားမယ်လို့ လေသံပစ်ထားပါတယ်။

လက်ရှိ ကာတာကလပ် Al-Sadd ကို နည်းပြ အဖြစ်တာဝန်ယူပြီး အသင်းမန်နေဂျာဘ၀ စတင်ထားတဲ့ ဘာစီလိုနာ ဂန္တဝင်ကစားသမား ဇာဗီက ဂွာဒီယိုလာကို စံထားရတဲ့ အချက်တွေ ရှင်းလင်းခဲ့ပြီး တစ်နေ့မှာ မန်စီးတီးကို နည်းပြအဖြစ် ကိုင်တွယ်ဖို့လည်း စိတ်ဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။

ဖီဖာရဲ့ The Best ဆုတွေပေးအပ်မယ့် ဆုပေးပွဲကို တနင်္လာနေ့ညက မီလန်မြို့မှာ ပြုလုပ်ခဲ့ရာ ဆန်ကာတင် စာရင်းပါဝင်နေတဲ့ လီဗာပူးအသင်းမှ နည်းပြ ကလော့ပ်၊ ဂိုးသမား အယ်လီဆန်နဲ့ ခံစစ်မှူး ဗန်ဒိုက်တို့ သုံးဦး တက်ရောက်ခဲ့ပါတယ်။

ထိုပွဲမှာ ဖီဖာက ချီးမြှင့်တဲ့ The Best FIFA Men’s Coach 2019 ဆုကို ယာဂင်ကလော့ပ်နဲ့ ဂိုးသမားဆုကို အယ်လစ်ဆန်က ရရှိသွားပါတယ်။

လီဗာပူးအသင်းဟာ ဒီတပတ် လိဂ်ဝမ်းကလပ် MK Dons အသင်းနဲ့ ကစားမယ့် ကာရာဘောင်း ပွဲမှာ လူငယ် ဂိုးသမား ကလဲဟားကို အခွင့်အရေး ပေးဖို့ ပြင်ဆင်နေပါတယ်။ ထိုပွဲမှာ စီနီယာအသင်းကြီးမှ အဓိက ကစားသမား တော်တော်များများကို ကလော့ပ်က အနားပေးဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲ ယူထားကာ အစကောင်းထားပေမယ့် လီဗာပူး ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန် ကတော့ ၎င်းတို့ဟာ အမှတ်ပေးဇယားကို စိတ်ဝင်စားစရာ ကောင်းလာတဲ့ အနေအထား မရောက်မချင်း ကြည့်နေမှာ မဟုတ်ဘဲ ပုံစံကောင်းကို ဆက်လက်သယ်ဆောင်သွားဖို့သာ အာရုံထားကြောင်း ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးကြယ်ပွင့် ကစားသမား မေဆန်မောင့်က ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့စဉ်က အဆိုးဆုံး အနေအထားအတွက် တွေးပူခဲ့မိကြောင်း ဝန်ခံပြီး လီဗာပူးနဲ့ ပွဲ ပါဝင်ကစားတုန်းမှာလည်း ခြေကျင်းဝတ် ယောင်ကိုင်းနေဆဲ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီတပတ် လိဂ်တူးကလပ် Grimsby နဲ့ ယှဉ်ပြိုင် ကစားမယ့် ကာရာဘောင်းဖလားပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီ ဖြစ်တဲ့ အိုဒွိုင်းနဲ့ ရီစီ ဂျိမ်းစ်ကို ပါဝင်ကစားစေမယ်လို့ ချယ်ဆီးနည်းပြ လမ်းပတ်က အတည်ပြုသွားပါတယ်။

လီဗာပူးနဲ့ပွဲမှာ မိနစ် ၉၀ ပြည့် ပါဝင်ကစားသွားပြီးနောက် ကန်တေက သီတင်းပတ် လေးပတ်ကြာ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်လည် သက်သာ ကောင်းမွန်လာပြီ ဖြစ်ကြောင်းနဲ့ ကောင်းစွာ ပွဲကစားနိုင်နေပါပြီလို့ သတင်းပေးခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ အင်တာနဲ့ အပြိုင် စပါးခံစစ်မှူး ဗာတွန်ဂန်ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းရန် ပြင်ဆင်နေပါတယ်။ အသက် ၃၂ နှစ် အရွယ် ခံစစ်မှူးကို ပိုချက်တီနိုကလည်း သက်တမ်းတိုးရန် အစီအစဉ် မရှိတာကြောင့် နောက်နှစ်မှာ ထွက်ခွာတော့မှာပါ။

တောတင်ဟမ် အနေနဲ့ အသင်းလိုက် ပြောင်းလဲမှုကြီးတွေ လုပ်ဖို့ လိုအပ်နေပြီး ဒါအတွက် တွန့်ဆုတ်နေပါက နည်းပြ ပိုချက်တီနိုကိုပါ လက်လွှတ်ရလိမ့်မယ်လို့ ပေါမာဆန်က သုံးသပ်သတိပေးလိုက်ပါတယ်။

အာဆင်နယ် အနေနဲ့ ဒီရာသီမှာ ကာရာဘောင်းဖလား ပြိုင်ပွဲကိုလည်း အလေးအနက်ထား ယှဉ်ပြိုင်ကာ ဗိုလ်စွဲဖို့ ကြိုးစားသင့်ကြောင်း အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း ရေးပါလာက တိုက်တွန်းလိုက်ပါတယ်။ ရာသီအကုန်ကျရင် မန်စီးတီးလို အသင်းတောင် ဒီဖလား တစ်လုံး အတွက် ထည့်သွင်းအောင်ပွဲခံကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။

ဒူးဒဏ်ရာကြောင့် ဆယ်လတာလောက် ပွဲကစားခွင့် ကင်းကွာနေခဲ့ရတဲ့ အာဆင်နယ် ခံစစ်မှူး ရော့ဘ်ဟိုးဒင်းဟာ ဒီတပတ် နော့တင်ဟမ် ဖောရက်စ်နဲ့ ပွဲမှာ ပါဝင်ကစားဖို့ အသင့် ဖြစ်နေပြီလို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ပရိသတ်တွေကို လိုအပ်ပြီး ပရိသတ်တွေကလည်း ကစားသမားတွေတိုင်းကို ကူညီအားပေးဖို့ လိုအပ်ကြောင်း အမ်မရီက ပြောကြားလိုက်ကာ ဇာခါကို ရှုံ့ချနေမှုများအား ရပ်တန့်ရန် ကာကွယ်ပြောဆိုသွားပါတယ်။

အသင်းရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေမှုများကြောင့် ဝေဖန်မှုများ ခံနေရတာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ထိုကြေငြာချက်ထဲမှာ ကလပ်အသင်းဟာ ကစားသမားကောင်းများ ခေါ်ယူဖို့ အပြည့်အ၀ ပံ့ပိုးပေးထားပြီး နည်းပြနဲ့ တာဝန်ရှိဌာနတွေကို ဝင်ရောက် စွက်ဖက်ခြင်း မရှိကြောင်း၊ ပြီးခဲ့တဲ့နွေမှာ ကစားသမားကောင်းတွေ ဝယ်ယူခဲ့သလို လာမယ့် အပြောင်းအရွှေ့များမှာလည်း ထိုသို့ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့် ကစားသမား မေဆန်ဂရင်းဝုဒ်အား ၅ နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် ကမ်းလှမ်း လိုက်တယ် လို့ သိရပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းအပေါ် အလေးထားမှု မရှိတဲ့ လူကာကူနဲ့ ဆန်းချက်တို့ကို ရှင်းထုတ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ယူနိုက်တက် ခံစစ်မှူးဟောင်း ပေါလ် ပါကာက ထောက်ခံပြောဆိုလိုက်ပါတယ်။

Sports Home Time