စေနေန႔အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] မန္စီးတီးဟာ အားထားရတဲ့ ခံစစ္မွဴး လာေပၚေတး မပါ၀င္ဘဲ လအတန္ၾကာ ခရီးဆက္ရမွာ ျဖစ္ျပီး ၂၀၂၀ ဇန္န၀ါရီ ေဖေဖာ္၀ါရီ ေလာက္မွသာ ျပန္လာနိုင္မယ္လို႔ ဂြာဒီယိုလာက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

မန္စီးတီး တိုက္စစ္သမား စတားလင္းရဲ႕ တိုးတက္ျဖစ္ထြန္းလာမႈဟာ ခရစၥတီယာနို ရိုနယ္ဒိုကဲ့သို႔ ရွိျပီး စတားလင္း လက္ရွိေျခစြမ္းဟာ ေနမာထက္ သာလြန္ေကာင္းမြန္တယ္လို႔ လီဗာပူးကစားသမားေဟာင္ားာ ဂ်င္မီကာေရဂါက ခ်ီးက်ဴးလိုက္ပါတယ္။

စီးတီးနည္းျပ ဂြာဒီယိုလာက စတားလင္းရဲ႕ ကလပ္အသင္းနဲ႕ေရာ နုိင္ငံအသင္းနဲ႕ ေျခစြမ္းျပ ကစားေနမႈအေပၚ ေက်နပ္ေပ်ာ္ရႊင္ေၾကာင္း၊ ဒါေပမယ့္ မက္ဆီ၊ ရိုနယ္ဒိုတို႔နဲ႕ နိႈင္းယွဥ္မႈေတြကို သိပ္ေခါင္းထဲ မထည့္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆုိလိုက္ပါတယ္။

လီဗာပူး ဂိုးသမား အယ္လစ္ဆန္ဟာ ေအာက္တိုဘာ နုိင္ငံတကာ ေဘာလံုးသီတင္းပတ္ ျပီးရင္ ျပန္လာဖို႔ ေမွ်ာ္လင့္ရျပီး ကိတ္တာကေတာ့ ေနာက္အပတ္ထဲမွာ ေလ့က်င့္ေရး ျပန္ဆင္းနိုင္မယ္လို႔ ကေလာ့ပ္က နယူူးကာဆယ္နဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ဒီတပတ္ နုိင္ငံတကာ သီတင္းပတ္မွာ အနားရေနတဲ့ မိုဆာလက္နဲ႕ ဆာဒီယိုမာေနးတို႔ဟာ လိုအပ္ေနတဲ့ နားေနခ်ိန္ ရရွိသြားတာေၾကာင့္ လန္းဆန္းကာ အင္အားအျပည့္ ျဖစ္ေနမယ္လို႔ ကေလာ့ပ္က ယံုၾကည္ထားပါတယ္။

လီဗာပူး ၾကယ္ပြင့္ တိုက္စစ္မွဴး မာေနးဟာ ျပီးခဲ့တဲ့ရာသီက ပထမဆံုး နုိင္ငံတကာ သီတင္းပတ္ အျပီးမွာ သြင္းဂိုးေတြ ရဖို႔ ရုန္းကန္ခဲ့ရျပီး ၁၇ ပြဲ အတြင္း ၃ ဂိုးသာ သြင္းယူနုိင္ခဲ့တာေၾကာင့္ ဒီရာသီ ပထမဆံုးနုိင္ငံပြဲေတြ အျပီးမွာ မွတ္တမ္းဆိုး ထပ္မံမၾကံဳရေအာင္ၾကိဳးစားရဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတဟာ ဒီစေန ၀ုဗ္နဲ႕ ပြဲစဥ္မွာ ပါ၀င္နိုင္မွာ မဟုတ္ေၾကာင္း နည္းျပ ဖရန္႔ လမ္းပတ္က အတည္ျပဳသြားပါတယ္။ ျပင္သစ္သားဟာ ဒီရာသီ ခ်ယ္ဆီးအတြက္ ၂ ပြဲသာ ကစားထားရျပီး ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ ျပီးခဲ့တဲ့ ေနာ၀စ္၊ ရွက္ဖီးတို႕နဲ႕ ပြဲေတြမွာ လြဲေခ်ာ္ထားပါတယ္။

ခ်ယ္ဆီးအတြက္ အားတက္စရာ အေနနဲ႕ ဗဟိုခံစစ္မွဴး ရူဒီဂါဟာ ဒီရာသီမွာ ပထမဆံုးအၾကိမ္ ပါ၀င္ကစားဖို႔ အသင့္ ျဖစ္ေနျပီလို႔ လမ္းပတ္က ၀ုဗ္နဲ႕ ပြဲၾကိဳမွာ အသိေပးခဲ့ပါတယ္။

အိုဒြိဳင္းကို အဂၤလန္အသင္းက ေနရာေပးခဲ့သည့္ နည္းတူ စေကာ့တလန္ အသင္းကလည္း ခ်ယ္ဆီး ဆယ္ေက်ာ္သက္ ကြင္းလယ္လူငယ္ေလး Billy Gilmour ဟာ စီနီယာအသင္း လူစာရင္းထဲ ထည့္သြင္း ေရြးခ်ယ္သင့္ျပီလို႔ စေကာ့သား တိုက္စစ္သမားေဟာင္း ေမလာက တိုက္တြန္းလိုက္ပါတယ္။

စပါးအသင္းဟာ ဒီေႏြမွ ဖူလ္ဟမ္ကေန ေခၚယူထားတဲ့ အဂၤလန္ U21 လက္ေရြးစင္ ကစားသမားေလး ဆက္ဆြန္ႏြန္ကို စပါးအသင္းနဲ႕ အတူ ေအာင္ျမင္လာေစဖို႔ လိုအပ္တဲ့ အရာေတြ ပံ့ပိုးကူညီေပးနုိင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ပိုခ်က္တီနိုုက ဆိုပါတယ္။

တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ကလပ္အသင္းသစ္နဲ႕ အတူ ပါ၀င္ခြင့္မရေသးတဲ့ ဆက္ဆြန္ႏြန္ဟာ ေသာၾကာေန႔ကေတာ့ အသင္းထရိန္နင္မွာ ပါ၀င္လာတာ ေတြ႔ရပါတယ္။

အသက္ ၁၇ နွစ္အရြယ္ စပါးလူငယ္ တိုက္စစ္မွဴး Troy Parrott ကို ဥေရာပ ထိပ္သီးကလပ္ေတြ ျဖစ္တဲ့ ဂ်ဴဗင္တပ္၊ ဘိုင္ယန္ျမဴးနစ္၊ အင္တာမီလန္နဲ႕ ရီးရဲလ္မက္ဒရစ္တို႔က ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ ရွိလာပါတယ္။

အာဆင္နယ္အသင္းသား အခ်ိဳ႔ဟာ နည္းျပ အူနိုင္းအမ္မရီရဲ႕ နည္းစနစ္နဲ႕ ညႊန္ၾကားခ်က္ေတြကို အျပည့္အ၀ နားလည္ျခင္း မရွိဘဲ ရႈပ္ေထြး ေနၾကတယ္လို႔ အာဆင္နယ္ တိုက္စစ္မဴွးေဟာင္း အလန္ စမစ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တိုက္စစ္မွဴး လာကာဇက္တီ ဒဏ္ရာရသြားကာ ေနာက္လမွ ျပန္ကစားနုိင္ေတာ့မယ့္ သတင္းေနာက္မွာ ကစားသမားသစ္ နစ္ကိုးလပ္စ္ ပီပီ အတြက္ အခြင့္အေရးလို႔ သံုးသပ္ေနၾကေပမယ့္ ပီပီအတြက္ ဖိအားေတြ ပိုမိုမ်ားျပားလာနုိင္တယ္လို႔ လန္ဒန္အေျခစိုက္ သတင္းဌာနက သံုးသပ္သြားပါတယ္။

ေရာ့ဘ္ ဟိုးဒင္းဟာ ဒဏ္ရာ ေပ်ာက္ကင္းလာျပီး ပြဲကစားဖို႔ အသင့္ ျပန္ျဖစ္လာေပမယ့္ ပြဲထြက္ ကစားဖို႔ အတြက္ ဆိုးကေရးတစ္၊ ေဒးဗစ္ လူး၀စ္တို႔နဲ႕ အျပိဳင္ ရင္ဆိုင္ရဖြယ္ ရွိပါတယ္။ ဘယ္လာရင္နဲ႕ တီရာေနးတို႔ကေတာ့ အသင္းၾကီးနဲ႕ ပါ၀င္ကစားဖို႔ ေနာက္ထပ္ တစ္ပတ္မွ် အခ်ိန္ယူ ေလ့က်င့္ရဖြယ္ ရွိတယ္လို႔ သိရပါတယ္။

ယူနိုက္တက္ နဲ႔ လက္စတာပြဲမတိုင္ခင္ ခံစစ္မွဴးေတြျဖစ္တဲ့ မက္ဂိြဳင္းရားနဲ႔ အီဗန္တို႔ၾကား အခ်က္အလက္ဆိုင္ရာ ႏိႈင္းယွဥ္မႈ စြမ္းေဆာင္ရည္ျပ ဇယားအရ အီဗန္က ပိုသာေနတယ္လို႔ သိရပါတယ္။ ခံစစ္မွဴး ႏွစ္ဦးအတြက္ကေတာ့ အသင္းေဟာင္းေတြနဲ႔ ထိပ္တိုက္ ျပန္ေတြ႔ၾကတာပဲ ျဖစ္ပါတယ္။

ေပါ့ဘာေနရာ အစားထိုးဖို႔ ယူနိုက္တက္ အလိုရွိေနတဲ့ ကြင္းလယ္လူ အဲရစ္ဆန္ကို ဆက္ထိန္းႏုိင္ရန္ စပါးဘက္က တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္း ၃ ေသာင္းထိ ေပးျပီး စာခ်ဳပ္သစ္ေပးဖို႔ ျပင္ဆင္ေနပါတယ္။

ယူနိုက္တက္ ပရိသတ္ေတြက ေပါ့ဘာ ဒဏ္ရာေနရေနခ်ိန္မွာေတာင္ သတင္းထြက္ေပၚမလာတဲ့ ဖရက္ရဲ႕ ၾကံ႕ခိုင္မႈကို ေမးခြန္းထုတ္ေနၾကသလို ကလပ္အသင္း တာဝန္ရွိသူေတြက ဘရာဇီးသား ကြင္းလယ္လူကို ဘာလို႔မ်ား ျမင္ကြင္းကေန ေဖ်ာက္ထားရပါသလဲလို႔ ပေဟဠိျဖစ္ ေနၾကပါတယ္။

Sports Home Time

[Unicoe] မန်စီးတီးဟာ အားထားရတဲ့ ခံစစ်မှူး လာပေါ်တေး မပါဝင်ဘဲ လအတန်ကြာ ခရီးဆက်ရမှာ ဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီ ဖေဖော်ဝါရီ လောက်မှသာ ပြန်လာနိုင်မယ်လို့ ဂွာဒီယိုလာက အတည်ပြု ပြောကြားလိုက်ပါတယ်။

မန်စီးတီး တိုက်စစ်သမား စတားလင်းရဲ့ တိုးတက်ဖြစ်ထွန်းလာမှုဟာ ခရစ္စတီယာနို ရိုနယ်ဒိုကဲ့သို့ ရှိပြီး စတားလင်း လက်ရှိခြေစွမ်းဟာ နေမာထက် သာလွန်ကောင်းမွန်တယ်လို့ လီဗာပူးကစားသမားဟောင်ားာ ဂျင်မီကာရေဂါက ချီးကျူးလိုက်ပါတယ်။

စီးတီးနည်းပြ ဂွာဒီယိုလာက စတားလင်းရဲ့ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ ခြေစွမ်းပြ ကစားနေမှုအပေါ် ကျေနပ်ပျော်ရွှင်ကြောင်း၊ ဒါပေမယ့် မက်ဆီ၊ ရိုနယ်ဒိုတို့နဲ့ နှိုင်းယှဉ်မှုတွေကို သိပ်ခေါင်းထဲ မထည့်ဖို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

လီဗာပူး ဂိုးသမား အယ်လစ်ဆန်ဟာ အောက်တိုဘာ နိုင်ငံတကာ ဘောလုံးသီတင်းပတ် ပြီးရင် ပြန်လာဖို့ မျှော်လင့်ရပြီး ကိတ်တာကတော့ နောက်အပတ်ထဲမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မယ်လို့ ကလော့ပ်က နယူူးကာဆယ်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီတပတ် နိုင်ငံတကာ သီတင်းပတ်မှာ အနားရနေတဲ့ မိုဆာလက်နဲ့ ဆာဒီယိုမာနေးတို့ဟာ လိုအပ်နေတဲ့ နားနေချိန် ရရှိသွားတာကြောင့် လန်းဆန်းကာ အင်အားအပြည့် ဖြစ်နေမယ်လို့ ကလော့ပ်က ယုံကြည်ထားပါတယ်။

လီဗာပူး ကြယ်ပွင့် တိုက်စစ်မှူး မာနေးဟာ ပြီးခဲ့တဲ့ရာသီက ပထမဆုံး နိုင်ငံတကာ သီတင်းပတ် အပြီးမှာ သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပြီး ၁၇ ပွဲ အတွင်း ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ပထမဆုံးနိုင်ငံပွဲတွေ အပြီးမှာ မှတ်တမ်းဆိုး ထပ်မံမကြုံရအောင်ကြိုးစားရဖို့ ရှိနေပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ ဒီစနေ ဝုဗ်နဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း နည်းပြ ဖရန့် လမ်းပတ်က အတည်ပြုသွားပါတယ်။ ပြင်သစ်သားဟာ ဒီရာသီ ချယ်ဆီးအတွက် ၂ ပွဲသာ ကစားထားရပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ နောဝစ်၊ ရှက်ဖီးတို့နဲ့ ပွဲတွေမှာ လွဲချော်ထားပါတယ်။

ချယ်ဆီးအတွက် အားတက်စရာ အနေနဲ့ ဗဟိုခံစစ်မှူး ရူဒီဂါဟာ ဒီရာသီမှာ ပထမဆုံးအကြိမ် ပါဝင်ကစားဖို့ အသင့် ဖြစ်နေပြီလို့ လမ်းပတ်က ဝုဗ်နဲ့ ပွဲကြိုမှာ အသိပေးခဲ့ပါတယ်။

အိုဒွိုင်းကို အင်္ဂလန်အသင်းက နေရာပေးခဲ့သည့် နည်းတူ စကော့တလန် အသင်းကလည်း ချယ်ဆီး ဆယ်ကျော်သက် ကွင်းလယ်လူငယ်လေး Billy Gilmour ဟာ စီနီယာအသင်း လူစာရင်းထဲ ထည့်သွင်း ရွေးချယ်သင့်ပြီလို့ စကော့သား တိုက်စစ်သမားဟောင်း မေလာက တိုက်တွန်းလိုက်ပါတယ်။

စပါးအသင်းဟာ ဒီနွေမှ ဖူလ်ဟမ်ကနေ ခေါ်ယူထားတဲ့ အင်္ဂလန် U21 လက်ရွေးစင် ကစားသမားလေး ဆက်ဆွန်နွန်ကို စပါးအသင်းနဲ့ အတူ အောင်မြင်လာစေဖို့ လိုအပ်တဲ့ အရာတွေ ပံ့ပိုးကူညီပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပိုချက်တီနိုက ဆိုပါတယ်။

တံကောက်ကြော ဒဏ်ရာကြောင့် ကလပ်အသင်းသစ်နဲ့ အတူ ပါဝင်ခွင့်မရသေးတဲ့ ဆက်ဆွန်နွန်ဟာ သောကြာနေ့ကတော့ အသင်းထရိန်နင်မှာ ပါဝင်လာတာ တွေ့ရပါတယ်။

အသက် ၁၇ နှစ်အရွယ် စပါးလူငယ် တိုက်စစ်မှူး Troy Parrott ကို ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ရှိလာပါတယ်။

အာဆင်နယ်အသင်းသား အချို့ဟာ နည်းပြ အူနိုင်းအမ်မရီရဲ့ နည်းစနစ်နဲ့ ညွှန်ကြားချက်တွေကို အပြည့်အ၀ နားလည်ခြင်း မရှိဘဲ ရှုပ်ထွေး နေကြတယ်လို့ အာဆင်နယ် တိုက်စစ်မူှးဟောင်း အလန် စမစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တိုက်စစ်မှူး လာကာဇက်တီ ဒဏ်ရာရသွားကာ နောက်လမှ ပြန်ကစားနိုင်တော့မယ့် သတင်းနောက်မှာ ကစားသမားသစ် နစ်ကိုးလပ်စ် ပီပီ အတွက် အခွင့်အရေးလို့ သုံးသပ်နေကြပေမယ့် ပီပီအတွက် ဖိအားတွေ ပိုမိုများပြားလာနိုင်တယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနက သုံးသပ်သွားပါတယ်။

ရော့ဘ် ဟိုးဒင်းဟာ ဒဏ်ရာ ပျောက်ကင်းလာပြီး ပွဲကစားဖို့ အသင့် ပြန်ဖြစ်လာပေမယ့် ပွဲထွက် ကစားဖို့ အတွက် ဆိုးကရေးတစ်၊ ဒေးဗစ် လူးဝစ်တို့နဲ့ အပြိုင် ရင်ဆိုင်ရဖွယ် ရှိပါတယ်။ ဘယ်လာရင်နဲ့ တီရာနေးတို့ကတော့ အသင်းကြီးနဲ့ ပါဝင်ကစားဖို့ နောက်ထပ် တစ်ပတ်မျှ အချိန်ယူ လေ့ကျင့်ရဖွယ် ရှိတယ်လို့ သိရပါတယ်။

ယူနိုက်တက် နဲ့ လက်စတာပွဲမတိုင်ခင် ခံစစ်မှူးတွေဖြစ်တဲ့ မက်ဂွိုင်းရားနဲ့ အီဗန်တို့ကြား အချက်အလက်ဆိုင်ရာ နှိုင်းယှဉ်မှု စွမ်းဆောင်ရည်ပြ ဇယားအရ အီဗန်က ပိုသာနေတယ်လို့ သိရပါတယ်။ ခံစစ်မှူး နှစ်ဦးအတွက်ကတော့ အသင်းဟောင်းတွေနဲ့ ထိပ်တိုက် ပြန်တွေ့ကြတာပဲ ဖြစ်ပါတယ်။

ပေါ့ဘာနေရာ အစားထိုးဖို့ ယူနိုက်တက် အလိုရှိနေတဲ့ ကွင်းလယ်လူ အဲရစ်ဆန်ကို ဆက်ထိန်းနိုင်ရန် စပါးဘက်က တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၃ သောင်းထိ ပေးပြီး စာချုပ်သစ်ပေးဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် ပရိသတ်တွေက ပေါ့ဘာ ဒဏ်ရာနေရနေချိန်မှာတောင် သတင်းထွက်ပေါ်မလာတဲ့ ဖရက်ရဲ့ ကြံ့ခိုင်မှုကို မေးခွန်းထုတ်နေကြသလို ကလပ်အသင်း တာဝန်ရှိသူတွေက ဘရာဇီးသား ကွင်းလယ်လူကို ဘာလို့များ မြင်ကွင်းကနေ ဖျောက်ထားရပါသလဲလို့ ပဟေဠိဖြစ် နေကြပါတယ်။

Sports Home Time