အတ္ဒရီယန္ေျပာတဲ့ နယူးကာဆယ္ပြဲ မတိုင္ခင္ လီဗာပူးအသင္း ျပဳလုပ္ခဲ့တ့ဲ အပိုေလ့က်င့္ေရး

လီဗာပူး ဂိုးသမား ေအဒရီရန္ဟာ စူပါဖလားမွာ ေျခေထာက္ ဒဏ္ရာ ရခဲ့ၿပီးေနာက္ ပြဲျပန္ကစားေနေပမယ့္လည္း ႏိုင္ငံတကာ သီတင္းပတ္ အတြင္း နည္းစနစ္ပိုင္းနဲ႔ ၾကံ႕ခိုင္မႈဆိုင္ရာ အေျခအေနေတြအတြက္ အပိုေလ့က်င့္ခန္းေတြ လုပ္ေဆာင္ခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလာပါတယ္။

စပိန္သားဟာ ဆိုင္မြန္ မစ္ဂ္ႏိုလက္ ထြက္ခြာသြားၿပီးေနာက္ အယ္လီဆန္ဘက္ကာရဲ႕ အရန္အေနနဲ႔ အန္ဖီးကို ေရာက္ရွိခဲ့တာပါ။ ဒါေပမယ့္ ပရီးမီးယားလိဂ္ အဖြင့္ညမွာ ဘရာဇီး နံပါတ္တစ္ ဂိုးသမားက ဒဏ္ရာရခဲ့တာေၾကာင့္ ဝက္စ္ဟမ္း ဂိုးသမားေဟာင္းက ခ်က္ခ်င္း ေရပန္းစားလာခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ ေအဒရီရန္ဟာ လီဗာပူး ရဲ႕ စူပါဖလား ေအာင္ျမင္မႈမွာ အဓိကေနရာက ပါဝင္ခဲ့ၿပီး လိဂ္မွာလဲ ေလးပြဲဆက္ အႏိုင္ရခဲ့ပါတယ္။

တျခားအသင္းေဖာ္ အမ်ားစုဟာ ႏိုင္ငံအသင္းေတြနဲ႔ ပူးေပါင္းခဲ့ေပမယ့္ အသက္ ၃၂ႏွစ္အ႐ြယ္ ကစားသမား က ဂိုးနည္းျပ ဂြၽန္အက္ရွ္တာဘက္နဲ႔အတူ မဲဝုဒ္မွာ က်န္ေနခဲ့ပါတယ္။

“က်ေနာ္ ရာသီႀကိဳမွာ အသင္းနဲ႔အတူ ရွိမေနခဲ့ဘူး။ ဒါေၾကာင့္ က်ေနာ့္အေနနဲ႔ ႀကံ့ခိုင္မႈ ထိန္းသိမ္းဖို႔ ေလ့က်င့္ေရး အနည္းငယ္ ပိုလုပ္ဖို႔ လိုအပ္ခဲ့တယ္။ စူပါဖလားၿပီးေတာ့ က်ေနာ္ ဒဏ္ရာအနည္းငယ္လဲ ရခဲ့ေသးတယ္။ ဒါေၾကာင့္ အဲ့ဒါျပန္ေကာင္းၿပီး အလုပ္ရႈပ္တဲ့ စက္တင္ဘာ အတြက္ အဆင္သင့္ ျဖစ္ဖို႔ လုပ္ရမယ္။

ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈ ျပည့္ဝေနဖို႔ ေလ့က်င့္ေရး အနည္းငယ္ လုပ္ဖို႔က အရမ္းအေရးႀကီးခဲ့တယ္။ ဒါက ပုံမွန္နဲ႔ မတူတဲ့ ေလ့က်င့္ေရးပါ။ ဂိုးနည္းျပက ေနရာယူပုံ၊ ကစားပုံ၊ အယူအဆအေၾကာင္း ေျပာျပခဲ့တယ္။ ေအးေအးေဆးေဆး ပါပဲ။ က်ေနာ့္အတြက္ သိပ္ေကာင္းတဲ့ အခ်က္အလက္ေတြပါ။” လို႔ ေအဒရီရန္က ဆိုပါတယ္။

စ​ေနေန႔မွာ ကေလာ့ပ္ရဲ႕ အသင္းဟာ နယူးကာဆယ္ နဲ႔ အိမ္ကြင္းမွာ ရင္ဆိုင္ရဖို႔ရွိၿပီး ေအဒရီရန္လဲ ပါဝင္မွာပါ။ ဒါေပမယ့္ ေတာ့တင္ဟမ္ ကို အႏိုင္ယူခဲ့တဲ့ စတိဗ္ဘ႐ုစ္ရဲ႕ အသင္းနဲ႔ ရင္ဆိုင္ရာမွာ အာ႐ုံစူးစိုက္မႈ အျပည့္ထားဖို႔ အသင္းေဖာ္ေတြကို ေအဒရီရန္က တိုက္တြန္းခဲ့ပါတယ္။

“စပါးနဲ႔ပြဲမွာ ဘယ္သူမွ အဲ့ရလဒ္ရမယ္လို႔ ထင္ထားမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သူတို႔ဟာ အႏိုင္သုံးမွတ္ရဖို႔ ရည္မွန္းၿပီး အန္ဖီးကို လာပါလိမ့္မယ္။ ဒါေပမယ့္ က်ေနာ္တို႔မွာ ေကာင္းမြန္တဲ့ အသင္း ရွိတယ္။ ဒီတစ္ပတ္အတြက္ ေကာင္းေကာင္း ျပင္ဆင္ေနတယ္။ လုံေလာက္တဲ့ အခ်ိန္ရွိၿပီး ႏိုင္ငံအသင္းနဲ႔ ပူးေပါင္းတဲ့ ကစားသမားေတြလဲ ျပန္လာေနၿပီ။ဒါေၾကာင့္ အန္ဖီးမွာ အႏိုင္သုံးမွတ္ရဖို႔ က်ေနာ္တို႔ က အဆင္သင့္ ပါပဲ။ ”

“က်ေနာ္တို႔ တစ္ဆင့္ၿပီးတစ္ဆင့္ သြားဖို႔လိုတယ္။ ပထမဆုံးအေနနဲ႔ နယူးကာဆယ္ က ပရီးမီးယားလိဂ္ မွာ ျဖစ္တယ္။ အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ က်ေနာ္တို႔ အႏိုင္ရဖို႔ လိုတယ္။ ၿပီးရင္ ခ်န္ပီယံလိဂ္၊ ၿပီးရင္ ေနာ​က္ထပ္ ပရီးမီးယားလိဂ္၊ ၿပီးရင္ ဖလားပြဲ၊ အဆင့္ေသးေသးေလးေတြကို က်ေနာ္တို႔ လုပ္ဖို႔လိုတယ္။ ဒါေပမယ့္ ပထမအဆင့္က နယူးကာဆယ္ ပါ။ ဒါက အေရးအႀကီးဆုံးအရာ ျဖစ္ပါတယ္။ ” ဆိုၿပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူး ဂိုးသမား အေဒရီရန်ဟာ စူပါဖလားမှာ ခြေထောက် ဒဏ်ရာ ရခဲ့ပြီးနောက် ပွဲပြန်ကစားနေပေမယ့်လည်း နိုင်ငံတကာ သီတင်းပတ် အတွင်း နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုဆိုင်ရာ အခြေအနေတွေအတွက် အပိုလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

စပိန်သားဟာ ဆိုင်မွန် မစ်ဂ်နိုလက် ထွက်ခွာသွားပြီးနောက် အယ်လီဆန်ဘက်ကာရဲ့ အရန်အနေနဲ့ အန်ဖီးကို ရောက်ရှိခဲ့တာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် အဖွင့်ညမှာ ဘရာဇီး နံပါတ်တစ် ဂိုးသမားက ဒဏ်ရာရခဲ့တာကြောင့် ဝက်စ်ဟမ်း ဂိုးသမားဟောင်းက ချက်ချင်း ရေပန်းစားလာခဲ့ပါတယ်။ အဲ့ဒီ့နောက် အေဒရီရန်ဟာ လီဗာပူး ရဲ့ စူပါဖလား အောင်မြင်မှုမှာ အဓိကနေရာက ပါဝင်ခဲ့ပြီး လိဂ်မှာလဲ လေးပွဲဆက် အနိုင်ရခဲ့ပါတယ်။

တခြားအသင်းဖော် အများစုဟာ နိုင်ငံအသင်းတွေနဲ့ ပူးပေါင်းခဲ့ပေမယ့် အသက် ၃၂နှစ်အရွယ် ကစားသမား က ဂိုးနည်းပြ ဂျွန်အက်ရှ်တာဘက်နဲ့အတူ မဲဝုဒ်မှာ ကျန်နေခဲ့ပါတယ်။

“ကျနော် ရာသီကြိုမှာ အသင်းနဲ့အတူ ရှိမနေခဲ့ဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ကြံ့ခိုင်မှု ထိန်းသိမ်းဖို့ လေ့ကျင့်ရေး အနည်းငယ် ပိုလုပ်ဖို့ လိုအပ်ခဲ့တယ်။ စူပါဖလားပြီးတော့ ကျနော် ဒဏ်ရာအနည်းငယ်လဲ ရခဲ့သေးတယ်။ ဒါကြောင့် အဲ့ဒါပြန်ကောင်းပြီး အလုပ်ရှုပ်တဲ့ စက်တင်ဘာ အတွက် အဆင်သင့် ဖြစ်ဖို့ လုပ်ရမယ်။

ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လေ့ကျင့်ရေး အနည်းငယ် လုပ်ဖို့က အရမ်းအရေးကြီးခဲ့တယ်။ ဒါက ပုံမှန်နဲ့ မတူတဲ့ လေ့ကျင့်ရေးပါ။ ဂိုးနည်းပြက နေရာယူပုံ၊ ကစားပုံ၊ အယူအဆအကြောင်း ပြောပြခဲ့တယ်။ အေးအေးဆေးဆေး ပါပဲ။ ကျနော့်အတွက် သိပ်ကောင်းတဲ့ အချက်အလက်တွေပါ။” လို့ အေဒရီရန်က ဆိုပါတယ်။

စနေနေ့မှာ ကလော့ပ်ရဲ့ အသင်းဟာ နယူးကာဆယ် နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ရှိပြီး အေဒရီရန်လဲ ပါဝင်မှာပါ။ ဒါပေမယ့် တော့တင်ဟမ် ကို အနိုင်ယူခဲ့တဲ့ စတိဗ်ဘရုစ်ရဲ့ အသင်းနဲ့ ရင်ဆိုင်ရာမှာ အာရုံစူးစိုက်မှု အပြည့်ထားဖို့ အသင်းဖော်တွေကို အေဒရီရန်က တိုက်တွန်းခဲ့ပါတယ်။

“စပါးနဲ့ပွဲမှာ ဘယ်သူမှ အဲ့ရလဒ်ရမယ်လို့ ထင်ထားမှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ဟာ အနိုင်သုံးမှတ်ရဖို့ ရည်မှန်းပြီး အန်ဖီးကို လာပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့မှာ ကောင်းမွန်တဲ့ အသင်း ရှိတယ်။ ဒီတစ်ပတ်အတွက် ကောင်းကောင်း ပြင်ဆင်နေတယ်။ လုံလောက်တဲ့ အချိန်ရှိပြီး နိုင်ငံအသင်းနဲ့ ပူးပေါင်းတဲ့ ကစားသမားတွေလဲ ပြန်လာနေပြီ။ဒါကြောင့် အန်ဖီးမှာ အနိုင်သုံးမှတ်ရဖို့ ကျနော်တို့ က အဆင်သင့် ပါပဲ။ ”

“ကျနော်တို့ တစ်ဆင့်ပြီးတစ်ဆင့် သွားဖို့လိုတယ်။ ပထမဆုံးအနေနဲ့ နယူးကာဆယ် က ပရီးမီးယားလိဂ် မှာ ဖြစ်တယ်။ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကျနော်တို့ အနိုင်ရဖို့ လိုတယ်။ ပြီးရင် ချန်ပီယံလိဂ်၊ ပြီးရင် နောက်ထပ် ပရီးမီးယားလိဂ်၊ ပြီးရင် ဖလားပွဲ၊ အဆင့်သေးသေးလေးတွေကို ကျနော်တို့ လုပ်ဖို့လိုတယ်။ ဒါပေမယ့် ပထမအဆင့်က နယူးကာဆယ် ပါ။ ဒါက အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

Sports Home Time