တနဂၤေႏြေန႔အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] လာေပၚေတး ဒဏ္ရာရသြားတာေၾကာင့္ မန္စီးတီး ခံစစ္မွာ အၾကပ္အတည္းနဲ႕ ရင္ဆိုင္ရမွာ ျဖစ္ေသာ္လည္း ဇင္ခ်န္ကိုက ထိုအခက္အခဲကို ေျဖရွင္းေပးနုိင္မယ့္ သူ ျဖစ္တယ္လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာန MEN က သံုးသပ္ေဖာ္ျပထား

အမ်ိဳးသမီး စူပါလိဂ္ရဲ႕ ဒီရာသီ အဖြင့္ပြဲစဥ္ အျဖစ္ မန္စီးတီးနဲ႕ ယူနိုက္တက္ အမ်ိဳးသမီးအသင္းတို႔ရဲ႕ ပထမဆံုး ဒါဘီပြဲကို ယွဥ္ျပိဳင္ကစားခဲ့ရာမွၾ မန္စီးတီးက ကာရိုလင္း၀ီယာရဲ႕ လွလွပပ ကန္သြင္းခ်က္က ဂိုးနဲ႕ အနိုင္ရရွိသြားပါတယ္။

မန္စီးတီးဟာ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ အင္တာမီလန္မွ ခံစစ္မွဴး Milan Skriniar ကို အရေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ အသက္ ၂၄ နွစ္ အရြယ္ ခံစစ္မွဴးကို ဒီေႏြမွာ ေခၚဖို႔ အင္တာသို႔ ခ်ဥ္းကပ္ခဲ့ေပမယ့္ ၾကယ္ပြင့္ကစားသမားကို အင္တာမီလန္က ဆက္လက္ ထိန္း္ထားခဲ့ပါတယ္။

လီဗာပူး ဂိုးသမားေဟာင္း အဒန္ ေဘာ့ဒန္က မာေဆးဆိုဒ္ကလပ္က ျဖစ္ရပ္မ်ားကို လတ္တေလာ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ျပီး ထရိန္နင္မွာ ေတာက္ပခဲ့တဲ့ ၾကယ္ပြင့္ေတြထဲ ဆားဘီးယား တိုက္စစ္သမား လာဇာ မာကိုဗစ္လည္း ပါ၀င္ကာ မာကိုဗစ္က တကယ့္ ဥာဏ္ၾကီးရွင္ ပါရမီရွင္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။

လီဗာပူး တိုက္စစ္မွဴး ဆာလက္ဟာ ဂိုးသြင္းနုိင္ဖို႔ စိတ္ဖိစီးလြန္းေနျပီး နာမည္ေက်ာ္ မက္ဆီကဲ့သို႔ ျဖစ္လာဖို႔ ေျခစြမ္းတည္ျငိမ္မႈ ရွိဖို႔ လိုအပ္ေၾကာင္း အာဆင္နယ္နည္းျပေဟာင္းၾကီး အာဆင္၀င္းဂါးက ေထာက္ျပသြားခဲ့ပါတယ္။

အာဆင္၀င္းဂါးက လီဗာပူး တိုက္စစ္မွဴး ဖာမီနိုကိုေတာ့ ခ်ီးက်ဴးလိုက္ျပီး ဘရာဇီးသားလို သေဘာထား ျပည့္၀တဲ့ တိုက္စစ္သမားမ်ိဳး ရွာေတြ႕ဖို႔ ခက္ခဲမယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ေနာက္နွစ္ေႏြမွာ စာခ်ဳပ္ကုန္ဆံုးေတာ့မွာ ျဖစ္တဲ့ ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ီရူးဟာ လက္ရွိ စာခ်ဳပ္ကုန္တာနဲ႕ အေမရိကန္ ေမဂ်ာလိဂ္ဘက္သို႔ ေျပာင္းေရႊ႕ ကစားဖို႔ စိတ္အားထက္သန္ေနပါတယ္။

ဂ်ီရူးက ခ်ယ္ဆီး လူငယ္ တိုက္စစ္ၾကယ္ပြင့္မ်ားအတြက္ အစ္ကိုၾကီး တစ္ေယာက္လို ရပ္တည္ေပးရတာ ေပ်ာ္ရႊင္ေပမယ့္ အရန္ တိုက္စစ္မွူး အျဖစ္ ကြင္းေဘးမွာ ေနဖို႔ေတာ့ မေပ်ာ္နုိင္ေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဘယ္ျခမ္း ခံစစ္မွဴး အီမာဆန္ကို သက္တမ္းတိုး စာခ်ဳပ္သစ္ ကမ္းလွမ္းရန္ ျပင္ဆင္ေနပါတယ္။ အသက္ ၂၅ နွစ္ အရြယ္ ကစားသမားရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၀ မွ ကုန္ဆံုးမွာ ျဖစ္ေသာ္လည္း မားကို႔စ္ အလြန္ဆိုကို ေက်ာ္ျပီး ေျခစြမ္းျပေနတာေၾကာင့္ လုပ္ခ လစာ တိုးျမွင့္ကာ သက္တမ္းတိုးရန္ စီစဥ္လာျခင္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္နည္းျပ ဆာရီဟာ ၂၀၂၀ ေႏြမွာ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႕ ရရွိနိုင္မယ့္ ပရီးမီးယားလိဂ္ ထိပ္သီး ကစားသမား ၅ ေယာက္ကို ခ်ိန္ရြယ္ေနရာ စပါးမွ အဲရစ္ဆန္နဲ႕ အန္ဒါ၀ီရယ္တို႔နဲ႕ ယူနိုက္တက္မွ ဂိုးသမား ဒီဂီယာတုိ႔ ပါ၀င္ေနပါတယ္။

စပါး ကြင္းလယ္ကစားသမား ဆစ္ဆိုကိုက ယခင္နွစ္မ်ားမွာ ပိုခ်က္တီနိုရဲ႕ ပြဲထြက္ ကစားသမားေရြးခ်ယ္မႈမွာ မပါ၀င္ခဲ့ျခင္းေတြေၾကာင့္ နာက်င္ခံစား ခဲ့ရေသာ္လည္း အသင္းကေန ထြက္သြားဖို႔ မစဥ္းစားခဲ့ေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

ဆစ္ဆိုကိုက ဒီရာသီ စပါးရဲ႕ ပရီးမီးယားလိဂ္ ေလးပြဲလံုး ပါ၀င္ကစားထားရျပီး လြန္ခဲ့တဲ့ နွစ္နွစ္ကေတာ့ အခုနဲ႕ ကြဲျပားလြန္းတဲ့ အေနအထား ရင္ဆိုင္ခဲ့ရတာပါ။

ဘန္ေလနဲ႕ ပြဲမတိုင္ခင္မွာ ဖ်ားေနခဲ့တာေၾကာင့္ ထိုပြဲ လြဲေခ်ာ္ခဲ့တဲ့ အာဆင္နယ္ ကြင္းလယ္ကစားသမား အိုေဇးလ္ဟာ ကလပ္အသင္းေဖာ္ေတြ နဲ႕ အတူ ထရိန္နင္ အျပည့္ ျပန္ဆင္းေနျပီ ျဖစ္တယ္လို႔ သိရပါတယ္။

လိဒ္ယူနိုက္တက္ထံ အငွား ထြက္ကစားေနျပီ ျဖစ္တဲ့ အာဆင္နယ္ ၾကယ္ပြင့္ အန္ ကတ္တီးယားက အာဆင္နယ္အသင္းဟာ ၄င္းကို ဆက္လက္ ထိန္းသိမ္းထားလိုခဲ့တယ္လို႔ ဖြင့္ဟလိုက္ျပီး အမ္မရီရဲ႕ အၾကံျပဳခ်က္ကို ျငင္းပယ္ကာ အငွားထြက္ဖို႔ ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

စပါးနဲ႕ပြဲ ဒုတိယပိုင္းမွာ ထိခိုက္သြားပံု ရခဲ့တဲ့ အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္တီဟာ တံေကာက္ေၾကာ ဒဏ္ရာ ရခဲ့ျခင္း မဟုတ္ဘဲ နုိင္ငံတကာပြဲေတြ အျပီး ၀က္ဖို႔နဲ႕ ပြဲစဥ္မွာ ျပန္ ပါ၀င္လာမွာ ျဖစ္ပါတယ္။ ကာလရွည္ ဒူးဒဏ္ရာ ရထားတဲ့ ဘယ္လာရင္ရဲ႕ အေျခအေနကလည္း တိုးတက္ ေကာင္းမြန္ေနျပီး ဒီလထဲမွာ ေလ့က်င့္ေရး ျပန္ဆင္းနုိင္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း သိရပါတယ္။

ပါးမားအသင္းသို႔ ေျပာင္းေရႊ႕ သြားျပီ ျဖစ္တဲ့ ဒါမီးယန္းက ယူနိုက္တက္မွာ ပြဲ ကစားခြင့္ ေကာင္းစြာ မရခဲ့ေသာ္လည္း မန္ခ်က္စတာကလပ္သို႔ သြားေရာက္ခဲ့တာ အတြက္ ေနာင္တ ရျခင္း မရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား လင္ဂတ္ဟာ အဖ်ားေရာဂါ ရွိေနတာေၾကာင့္ အဂၤလန္လက္ေရြးစင္ အသင္း လူစာရင္းကေန နႈတ္ထြက္ကာ ကလပ္အသင္းထံ ျပန္သြားခဲ့ျပီ ျဖစ္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ပါရဲရားက နည္းျပ ဆိုးရွားရဲ႕ သူ႔အေပၚ ထားတဲ့ ယံုၾကည္မႈကို ျပန္လည္ ေပးဆပ္ရန္ အလုပ္ေကာင္း လုပ္ျပဖို႔ စိတ္ပိုင္းျဖတ္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Sports Home Time

[Unicode] လာပေါ်တေး ဒဏ်ရာရသွားတာကြောင့် မန်စီးတီး ခံစစ်မှာ အကြပ်အတည်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်သော်လည်း ဇင်ချန်ကိုက ထိုအခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် သူ ဖြစ်တယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာန MEN က သုံးသပ်ဖော်ပြထား

အမျိုးသမီး စူပါလိဂ်ရဲ့ ဒီရာသီ အဖွင့်ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ ယူနိုက်တက် အမျိုးသမီးအသင်းတို့ရဲ့ ပထမဆုံး ဒါဘီပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာမြှ မန်စီးတီးက ကာရိုလင်းဝီယာရဲ့ လှလှပပ ကန်သွင်းချက်က ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မန်စီးတီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အင်တာမီလန်မှ ခံစစ်မှူး Milan Skriniar ကို အရခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၄ နှစ် အရွယ် ခံစစ်မှူးကို ဒီနွေမှာ ခေါ်ဖို့ အင်တာသို့ ချဉ်းကပ်ခဲ့ပေမယ့် ကြယ်ပွင့်ကစားသမားကို အင်တာမီလန်က ဆက်လက် ထိန်းထားခဲ့ပါတယ်။

လီဗာပူး ဂိုးသမားဟောင်း အဒန် ဘော့ဒန်က မာဆေးဆိုဒ်ကလပ်က ဖြစ်ရပ်များကို လတ်တလော အင်တာဗျူးမှာ ဖြေကြားခဲ့ပြီး ထရိန်နင်မှာ တောက်ပခဲ့တဲ့ ကြယ်ပွင့်တွေထဲ ဆားဘီးယား တိုက်စစ်သမား လာဇာ မာကိုဗစ်လည်း ပါဝင်ကာ မာကိုဗစ်က တကယ့် ဉာဏ်ကြီးရှင် ပါရမီရှင်လို့ ချီးကျူးလိုက်ပါတယ်။

လီဗာပူး တိုက်စစ်မှူး ဆာလက်ဟာ ဂိုးသွင်းနိုင်ဖို့ စိတ်ဖိစီးလွန်းနေပြီး နာမည်ကျော် မက်ဆီကဲ့သို့ ဖြစ်လာဖို့ ခြေစွမ်းတည်ငြိမ်မှု ရှိဖို့ လိုအပ်ကြောင်း အာဆင်နယ်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ထောက်ပြသွားခဲ့ပါတယ်။

အာဆင်ဝင်းဂါးက လီဗာပူး တိုက်စစ်မှူး ဖာမီနိုကိုတော့ ချီးကျူးလိုက်ပြီး ဘရာဇီးသားလို သဘောထား ပြည့်ဝတဲ့ တိုက်စစ်သမားမျိုး ရှာတွေ့ဖို့ ခက်ခဲမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

နောက်နှစ်နွေမှာ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ချယ်ဆီးတိုက်စစ်မှူး ဂျီရူးဟာ လက်ရှိ စာချုပ်ကုန်တာနဲ့ အမေရိကန် မေဂျာလိဂ်ဘက်သို့ ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေပါတယ်။

ဂျီရူးက ချယ်ဆီး လူငယ် တိုက်စစ်ကြယ်ပွင့်များအတွက် အစ်ကိုကြီး တစ်ယောက်လို ရပ်တည်ပေးရတာ ပျော်ရွှင်ပေမယ့် အရန် တိုက်စစ်မှူး အဖြစ် ကွင်းဘေးမှာ နေဖို့တော့ မပျော်နိုင်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဘယ်ခြမ်း ခံစစ်မှူး အီမာဆန်ကို သက်တမ်းတိုး စာချုပ်သစ် ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ လက်ရှိ စာချုပ်က ၂၀၂၀ မှ ကုန်ဆုံးမှာ ဖြစ်သော်လည်း မားကို့စ် အလွန်ဆိုကို ကျော်ပြီး ခြေစွမ်းပြနေတာကြောင့် လုပ်ခ လစာ တိုးမြှင့်ကာ သက်တမ်းတိုးရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြ ဆာရီဟာ ၂၀၂၀ နွေမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိနိုင်မယ့် ပရီးမီးယားလိဂ် ထိပ်သီး ကစားသမား ၅ ယောက်ကို ချိန်ရွယ်နေရာ စပါးမှ အဲရစ်ဆန်နဲ့ အန်ဒါဝီရယ်တို့နဲ့ ယူနိုက်တက်မှ ဂိုးသမား ဒီဂီယာတို့ ပါဝင်နေပါတယ်။

စပါး ကွင်းလယ်ကစားသမား ဆစ်ဆိုကိုက ယခင်နှစ်များမှာ ပိုချက်တီနိုရဲ့ ပွဲထွက် ကစားသမားရွေးချယ်မှုမှာ မပါဝင်ခဲ့ခြင်းတွေကြောင့် နာကျင်ခံစား ခဲ့ရသော်လည်း အသင်းကနေ ထွက်သွားဖို့ မစဉ်းစားခဲ့ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ဆစ်ဆိုကိုက ဒီရာသီ စပါးရဲ့ ပရီးမီးယားလိဂ် လေးပွဲလုံး ပါဝင်ကစားထားရပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ အခုနဲ့ ကွဲပြားလွန်းတဲ့ အနေအထား ရင်ဆိုင်ခဲ့ရတာပါ။

ဘန်လေနဲ့ ပွဲမတိုင်ခင်မှာ ဖျားနေခဲ့တာကြောင့် ထိုပွဲ လွဲချော်ခဲ့တဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ကလပ်အသင်းဖော်တွေ နဲ့ အတူ ထရိန်နင် အပြည့် ပြန်ဆင်းနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

လိဒ်ယူနိုက်တက်ထံ အငှား ထွက်ကစားနေပြီ ဖြစ်တဲ့ အာဆင်နယ် ကြယ်ပွင့် အန် ကတ်တီးယားက အာဆင်နယ်အသင်းဟာ ၎င်းကို ဆက်လက် ထိန်းသိမ်းထားလိုခဲ့တယ်လို့ ဖွင့်ဟလိုက်ပြီး အမ်မရီရဲ့ အကြံပြုချက်ကို ငြင်းပယ်ကာ အငှားထွက်ဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

စပါးနဲ့ပွဲ ဒုတိယပိုင်းမှာ ထိခိုက်သွားပုံ ရခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီဟာ တံကောက်ကြော ဒဏ်ရာ ရခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတကာပွဲတွေ အပြီး ဝက်ဖို့နဲ့ ပွဲစဉ်မှာ ပြန် ပါဝင်လာမှာ ဖြစ်ပါတယ်။ ကာလရှည် ဒူးဒဏ်ရာ ရထားတဲ့ ဘယ်လာရင်ရဲ့ အခြေအနေကလည်း တိုးတက် ကောင်းမွန်နေပြီး ဒီလထဲမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။

ပါးမားအသင်းသို့ ပြောင်းရွှေ့ သွားပြီ ဖြစ်တဲ့ ဒါမီးယန်းက ယူနိုက်တက်မှာ ပွဲ ကစားခွင့် ကောင်းစွာ မရခဲ့သော်လည်း မန်ချက်စတာကလပ်သို့ သွားရောက်ခဲ့တာ အတွက် နောင်တ ရခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား လင်ဂတ်ဟာ အဖျားရောဂါ ရှိနေတာကြောင့် အင်္ဂလန်လက်ရွေးစင် အသင်း လူစာရင်းကနေ နှုတ်ထွက်ကာ ကလပ်အသင်းထံ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပါရဲရားက နည်းပြ ဆိုးရှားရဲ့ သူ့အပေါ် ထားတဲ့ ယုံကြည်မှုကို ပြန်လည် ပေးဆပ်ရန် အလုပ်ကောင်း လုပ်ပြဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

Sports Home Time