ဆာအဲလက္စ္နဲ႔ ယူႏုိက္တက္ရဲ႕ စိတ္ပ်က္စရာ စီမံခန္႔ခြဲမႈေတြကို ဖြင့္ခ်ခဲ့တဲ့ ရိြဳင္ကိန္း

အိုင္ယာလန္ ကြင္းလယ္လူေဟာင္း ႐ြိိဳင္ကိန္းက သူဟာ ဂႏၱဝင္မန္ေနဂ်ာၾကီး ဖာဂီကို ခြင့္လႊတ္မွာမဟုတ္ဘူးလို႔ ဆိုလာခဲ့ပါတယ္။ ဖာဂူဆန္လက္ေအာက္မွာ ပရီးမီးယားလိဂ္ ၁၃ ရာသီ ကစားခဲ့ေပမယ့္ ၂၀၀၅ မွာ အိုးလ္ထရက္ဖို႔ဒ္ကို ကိန္း စြန္႔ခြာသြားၿပီးေနာက္ သူတို႔ႏွစ္ဦးက မ်က္လုံးခ်င္းေတာင္ မဆုံခဲ့ၾကပါဘူး။

” က်ေနာ္ ဖာဂီကို ခြင့္လႊတ္မွာ မဟုတ္ဘူး။ လူေတြက ဖာဂူဆန္ရဲ႕ စီမံခန္႔ခြဲမႈအေၾကာင္း ေျပာၾကတယ္။ အဲ့ဒါက အဓိပၸာယ္ မရွိဘူး။ သူက အၿမဲတမ္း မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အေကာင္းဆုံး အေျခအေနေတြ ပိုင္ဆိုင္ခဲ့တယ္လို႔ လူေတြက ေျပာခဲ့တယ္။ စိတ္ပ်က္စရာပဲ။” လို႔ ကိန္းက ေျပာခဲ့ပါတယ္။

ကလပ္ကို ကိန္း မေရာက္လာခင္ ၁၉၉၂-၁၉၉၃ မွာ ဖာဂူဆန္ဟာ သူ႔သား ဒါရန္းကို ကံေကာင္းၿပီး ပရီးမီးယားလိဂ္ ဆုတံဆိပ္ရရွိေအာင္ လုပ္ေပးခဲ့ၿပီး သူ႔မိသားစုကို ကလပ္မွာ ေနရာေပးခဲ့တယ္လို႔ အသက္ ၄၈ႏွစ္အ႐ြယ္ ကြင္းလယ္လူေဟာင္းက ထင္ေနတာပါ။

” ဒါရန္းဖာဂူဆန္က ပရီးမီးယားလိဂ္ ဆုဖလားတစ္ႀကိမ္ ရခဲ့တယ္။ သူ သိပ္ကံေကာင္းခဲ့တာပါ။ သူ႔အကိုက ယူႏိုက္တက္ အတြက္ ကာလအတန္ၾကာ ကင္းေထာက္ ျဖစ္ခဲ့တယ္။ သူ႔မိန္းမက ဘာလို႔ ယူႏိုက္တက္ ဝန္ထမ္းအျဖစ္ မပါခဲ့လဲဆိုတာေတာင္ အံ့ၾသမိတယ္။

ဒါရန္းက Preston North End မွာ နည္းျပ ျဖစ္ခဲ့ၿပီးေတာ့ ထြက္ခြာခဲ့တယ္။ သူက မန္ခ်က္စတာ ယူႏိုက္တက္ ကေန အငွားကစားသမား အနည္းငယ္ ရခဲ့တယ္။ ေနာက္ေန႔မွာ ဘာဆက္ျဖစ္လဲ ခန္႔မွန္းၾကည့္။ သူတို႔ ပရက္စတန္ကေန ထြက္ခြာခဲ့ရတယ္။ အဲ့ဒါက ယူႏိုက္တက္အတြက္ အေကာင္းဆုံး လုပ္ေပးတာလား? ေပါက္ကရ​။” ဆိုၿပီး ကိန္းက ေျပာခဲ့ေသးတာပါ။

ကိန္းဟာ ယူႏိုက္တက္ အတြက္ စုစုေပါင္း ပြဲ ၅၀၀ နီးပါး ကစားခဲ့ၿပီး ၁၉၉၇ မွာ အဲရစ္ကန္တိုနာ အနားယူၿပီးေနာက္ ကလပ္အတြက္ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာခဲ့တယ္။ ဒါေပမယ့္ အဲ့ဒီ့အခ်ိန္အတြင္းမွာ အသင္းကေန ထြက္ခြာသြားတဲ့ စီနီယာကစားသမားအခ်ိဳ႕အေပၚ ကလပ္ရဲ႕ ဆက္ဆံမႈေတြကို စိတ္ပ်က္ခဲ့ရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ ကလပ္မွာ ရွိခဲ့တဲ့အခ်ိန္အတြင္း ဘ႐ိုင္ယန္ ေရာ့ဘ္ဆန္၊ စတိဗ္ဘ႐ုစ္တို႔လို ယူႏိုက္တက္ အတြက္ သိပ္ေကာင္းတဲ့ ကစားသမား ႏွစ္ေယာက္ ထြက္ခြာသြားခဲ့တယ္။ သူတို႔ကို ကလပ္အသင္းရဲ႕ ဆက္ဆံခဲ့ပုံေတြကို က်ေနာ္ မႏွစ္သက္ခဲ့ပါဘူး။ ” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] အိုင်ယာလန် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက သူဟာ ဂန္တဝင်မန်နေဂျာကြီး ဖာဂီကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ဆိုလာခဲ့ပါတယ်။ ဖာဂူဆန်လက်အောက်မှာ ပရီးမီးယားလိဂ် ၁၃ ရာသီ ကစားခဲ့ပေမယ့် ၂၀၀၅ မှာ အိုးလ်ထရက်ဖို့ဒ်ကို ကိန်း စွန့်ခွာသွားပြီးနောက် သူတို့နှစ်ဦးက မျက်လုံးချင်းတောင် မဆုံခဲ့ကြပါဘူး။

” ကျနော် ဖာဂီကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ လူတွေက ဖာဂူဆန်ရဲ့ စီမံခန့်ခွဲမှုအကြောင်း ပြောကြတယ်။ အဲ့ဒါက အဓိပ္ပာယ် မရှိဘူး။ သူက အမြဲတမ်း မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး အခြေအနေတွေ ပိုင်ဆိုင်ခဲ့တယ်လို့ လူတွေက ပြောခဲ့တယ်။ စိတ်ပျက်စရာပဲ။” လို့ ကိန်းက ပြောခဲ့ပါတယ်။

ကလပ်ကို ကိန်း မရောက်လာခင် ၁၉၉၂-၁၉၉၃ မှာ ဖာဂူဆန်ဟာ သူ့သား ဒါရန်းကို ကံကောင်းပြီး ပရီးမီးယားလိဂ် ဆုတံဆိပ်ရရှိအောင် လုပ်ပေးခဲ့ပြီး သူ့မိသားစုကို ကလပ်မှာ နေရာပေးခဲ့တယ်လို့ အသက် ၄၈နှစ်အရွယ် ကွင်းလယ်လူဟောင်းက ထင်နေတာပါ။

” ဒါရန်းဖာဂူဆန်က ပရီးမီးယားလိဂ် ဆုဖလားတစ်ကြိမ် ရခဲ့တယ်။ သူ သိပ်ကံကောင်းခဲ့တာပါ။ သူ့အကိုက ယူနိုက်တက် အတွက် ကာလအတန်ကြာ ကင်းထောက် ဖြစ်ခဲ့တယ်။ သူ့မိန်းမက ဘာလို့ ယူနိုက်တက် ဝန်ထမ်းအဖြစ် မပါခဲ့လဲဆိုတာတောင် အံ့သြမိတယ်။

ဒါရန်းက Preston North End မှာ နည်းပြ ဖြစ်ခဲ့ပြီးတော့ ထွက်ခွာခဲ့တယ်။ သူက မန်ချက်စတာ ယူနိုက်တက် ကနေ အငှားကစားသမား အနည်းငယ် ရခဲ့တယ်။ နောက်နေ့မှာ ဘာဆက်ဖြစ်လဲ ခန့်မှန်းကြည့်။ သူတို့ ပရက်စတန်ကနေ ထွက်ခွာခဲ့ရတယ်။ အဲ့ဒါက ယူနိုက်တက်အတွက် အကောင်းဆုံး လုပ်ပေးတာလား? ပေါက်ကရ။ ” ဆိုပြီး ကိန်းက ပြောခဲ့သေးတာပါ။

ကိန်းဟာ ယူနိုက်တက် အတွက် စုစုပေါင်း ပွဲ ၅၀၀ နီးပါး ကစားခဲ့ပြီး ၁၉၉၇ မှာ အဲရစ်ကန်တိုနာ အနားယူပြီးနောက် ကလပ်အတွက် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့အချိန်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားတဲ့ စီနီယာကစားသမားအချို့အပေါ် ကလပ်ရဲ့ ဆက်ဆံမှုတွေကို စိတ်ပျက်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

” ကျနော် ကလပ်မှာ ရှိခဲ့တဲ့အချိန်အတွင်း ဘရိုင်ယန် ရော့ဘ်ဆန်၊ စတိဗ်ဘရုစ်တို့လို ယူနိုက်တက် အတွက် သိပ်ကောင်းတဲ့ ကစားသမား နှစ်ယောက် ထွက်ခွာသွားခဲ့တယ်။ သူတို့ကို ကလပ်အသင်းရဲ့ ဆက်ဆံခဲ့ပုံတွေကို ကျနော် မနှစ်သက်ခဲ့ပါဘူး။ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Sports Home Time