အန္ဖီးကြင္းအေၾကာင္း ေသခ်ာ သတိေပးခဲ့တာေတာင္ ရံွဴးခဲ့ရတဲ့အေပၚ ဆြာရက္စ္ရဲ႕ မခ်ိစကား

လူးဝစ္ဆြာရက္ဇ္က ဘာစီလိုနာ အသင္းေဖာ္ေတြနဲ႔အတူ နာက်င္ခံစားရတဲ့ ရက္သတၱပတ္ေတြအေၾကာင္းကို ဖြင့္ဟခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ လီဗာပူးကို ရႈံးနိမ့္ၿပီးတဲ့ေနာက္ အိမ္ထဲကေနေတာင္ မထြက္ခ်င္ခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ကတ္တလန္ ကလပ္ဟာ ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ၃-၀ နဲ႔ ဦးေဆာင္ခဲ့ေပမယ့္ အန္ဖီးမွာ က်ရႈံးခဲ့ရၿပီး လီဗာပူးကို ဖိုင္နယ္တက္ေစခဲ့ပါတယ္။ သူ႔အသင္းေဟာင္းရဲ႕ အႏၲရာယ္နဲ႔ ပတ္သက္ၿပီး လက္ရွိကလပ္ကို သတိေပးခဲ့ေပမယ့္ ဘာစီလိုနာ သမိုင္းမွာ အဆိုးဝါးဆုံး ရွဴံးပြဲကို မတားဆီးႏိုင္ခဲ့ဘူးလို႔ ဆြာရက္ဇ္က ေျပာပါတယ္။

သူတို႔ရဲ႕ ၿပိဳလဲမႈအတြက္ ေျဖရွင္းခ်က္ကို ရွာေဖြေနဆဲ ျဖစ္သလို အန္ဖီးက အိမ္မက္ဆိုးဟာ ေန႔စဥ္ဘဝမွာ ႀကီးမားတဲ့ တုံ႔ျပန္မႈေတြ ျဖစ္ေစခဲ့တယ္လို႔ ဥ႐ုေဂြး တိုက္စစ္မႉးက ဆိုပါတယ္။

” ရက္တိုင္း အပတ္တိုင္း ကေလးေတြကို ေက်ာင္းပို႔တာေတြ၊ ေဘာလုံးကစားတာေတြ၊ ေန႔စဥ္လႈပ္ရွားမႈေတြမွာ က်ေနာ္တို႔ ခံစားခဲ့ရတယ္။ ရႈံးၿပီးတဲ့​ေနာက္ က်ေနာ္ အိမ္ထဲကေနေတာင္ မထြက္ခ်င္ခဲ့ဘူး။ အဲ့ဒါက အရမ္း ခက္ခဲခဲ့တယ္။ က်ေနာ့္အသင္းေဖာ္ အမ်ားစုလိုပဲ က်ေနာ္လဲ တကယ္ကို ဆိုးဝါးတဲ့ အခ်ိန္ေတြ ရင္ဆိုင္ခဲ့ရတယ္။

အန္ဖီးက ဘယ္ေလာက္ ခက္ခဲတဲ့ ကြင္းလဲဆိုတာ က်ေနာ္တို႔ သိျပီးသားပါ။ အသင္းေဖာ္ေတြကို အန္ဖီးနဲ႔ လီဗာပူးအေၾကာင္း အားလံုးကို က်ေနာ္ ေျပာျပခဲ့တယ္။ လီဗာပူးဆီက အရည္အခ်င္းကို ပယ္ရွားဖို႔ မလိုပါဘူး။ ငါးမိနစ္အတြင္း သူတို႔က အ​ေျခအေနေကာင္း ႏွစ္ခု ရွိခဲ့တယ္။ ၁၅ မိနစ္မွာ သူတို႔ဟာ အဲ့တာကို အႏုိင္ရျပီးျဖစ္ေနခဲ့တယ္။ ဒါက က်ေနာ္တုိ႔ကို စိတ္လႈပ္ရွား တုန္လႈပ္ေစခဲ့ပါတယ္။

အဲ့ဒီ့ေနာက္ အသင္းေဖာ္ တစ္ေယာက္က ေဘာလုံးဆုံးရႈံးရင္ ေနာက္တစ္ေယာက္က ႏွစ္ခါ ပိုဆုံးရႈံးတယ္။ ဒါက စိတ္ပ်က္စရာ အေျခအေန ျဖစ္ေစပါတယ္။ ခ်န္ပီယံလိဂ္ဆိုတာ အဲ့လိုပါပဲ။ စကၠန္႔သုံးဆယ္ေလာက္ နားလိုက္ရင္ သူတို႔က ေက်ာ္တက္သြားမွာပဲ။ က်ေနာ္တုိ႔အစုအဖြဲ႔၊ အဆင့္အတန္းအျပင္ လူသားတစ္ေယာက္ အေနနဲ႔ ဒီလိုအရွဴံးမ်ိဳးက အေတာ္ေလး ခံစားရပါတယ္။ ” ဆိုၿပီး ေျပာခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] လူးဝစ်ဆွာရက်ဇ်က ဘာစီလိုနာ အသင်းဖော်တွေနဲ့အတူ နာကျင်ခံစားရတဲ့ ရက်သတ္တပတ်တွေအကြောင်းကို ဖွင့်ဟခဲ့ပြီး ချန်ပီယံလိဂ်မှာ လီဗာပူးကို ရှုံးနိမ့်ပြီးတဲ့နောက် အိမ်ထဲကနေတောင် မထွက်ချင်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကတ်တလန် ကလပ်ဟာ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ၃-၀ နဲ့ ဦးဆောင်ခဲ့ပေမယ့် အန်ဖီးမှာ ကျရှုံးခဲ့ရပြီး လီဗာပူးကို ဖိုင်နယ်တက်စေခဲ့ပါတယ်။ သူ့အသင်းဟောင်းရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး လက်ရှိကလပ်ကို သတိပေးခဲ့ပေမယ့် ဘာစီလိုနာ သမိုင်းမှာ အဆိုးဝါးဆုံး ရှူံးပွဲကို မတားဆီးနိုင်ခဲ့ဘူးလို့ ဆွာရက်ဇ်က ပြောပါတယ်။

သူတို့ရဲ့ ပြိုလဲမှုအတွက် ဖြေရှင်းချက်ကို ရှာဖွေနေဆဲ ဖြစ်သလို အန်ဖီးက အိမ်မက်ဆိုးဟာ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ တုံ့ပြန်မှုတွေ ဖြစ်စေခဲ့တယ်လို့ ဥရုဂွေး တိုက်စစ်မှူးက ဆိုပါတယ်။

” ရက်တိုင်း အပတ်တိုင်း ကလေးတွေကို ကျောင်းပို့တာတွေ၊ ဘောလုံးကစားတာတွေ၊ နေ့စဉ်လှုပ်ရှားမှုတွေမှာ ကျနော်တို့ ခံစားခဲ့ရတယ်။ ရှုံးပြီးတဲ့နောက် ကျနော် အိမ်ထဲကနေတောင် မထွက်ချင်ခဲ့ဘူး။ အဲ့ဒါက အရမ်း ခက်ခဲခဲ့တယ်။ ကျနော့်အသင်းဖော် အများစုလိုပဲ ကျနော်လဲ တကယ်ကို ဆိုးဝါးတဲ့ အချိန်တွေ ရင်ဆိုင်ခဲ့ရတယ်။

အန်ဖီးက ဘယ်လောက် ခက်ခဲတဲ့ ကွင်းလဲဆိုတာ ကျနော်တို့ သိပြီးသားပါ။ အသင်းဖော်တွေကို အန်ဖီးနဲ့ လီဗာပူးအကြောင်း အားလုံးကို ကျနော် ပြောပြခဲ့တယ်။ လီဗာပူးဆီက အရည်အချင်းကို ပယ်ရှားဖို့ မလိုပါဘူး။ ငါးမိနစ်အတွင်း သူတို့က အခြေအနေကောင်း နှစ်ခု ရှိခဲ့တယ်။ ၁၅ မိနစ်မှာ သူတို့ဟာ အဲ့တာကို အနိုင်ရပြီးဖြစ်နေခဲ့တယ်။ ဒါက ကျနော်တို့ကို စိတ်လှုပ်ရှား တုန်လှုပ်စေခဲ့ပါတယ်။

အဲ့ဒီ့နောက် အသင်းဖော် တစ်ယောက်က ဘောလုံးဆုံးရှုံးရင် နောက်တစ်ယောက်က နှစ်ခါ ပိုဆုံးရှုံးတယ်။ ဒါက စိတ်ပျက်စရာ အခြေအနေ ဖြစ်စေပါတယ်။ ချန်ပီယံလိဂ်ဆိုတာ အဲ့လိုပါပဲ။ စက္ကန့်သုံးဆယ်လောက် နားလိုက်ရင် သူတို့က ကျော်တက်သွားမှာပဲ။ ကျနော်တို့အစုအဖွဲ့၊ အဆင့်အတန်းအပြင် လူသားတစ်ယောက် အနေနဲ့ ဒီလိုအရှူံးမျိုးက အတော်လေး ခံစားရပါတယ်။ ” ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

Sports Home Time