ေလးပတ္အတြင္း ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ပြဲထြက္ ၁၁ ဦး လူစာရင္း

ဒီရာသီရဲ႕ ပထမဆံုး ႏိုင္ငံတကာ သီတင္းပတ္ မတိုင္ခင္ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္း ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ပြဲထြက္ ၁၁ ေယာက္က ဘယ္သူေတြ ျဖစ္မလဲဆိုတာ ၾကည့္ရေအာင္ပါ။

ျပီးခဲ့တဲ့ ပြဲစဥ္ေတြအတြက္ အေကာင္းဆံုးအသင္းထဲမွာ လီဗာပူးနဲ႔ စီးတီးက တျခားအသင္းေတြနဲ႔ အေတာ္ေလး ကြာဟေနတာ ျဖစ္သလို ဒီလူစာရင္းရဲ႕ တစ္ဝက္ေက်ာ္ကို သူတို႔ႏွစ္သင္းကလဲ လႊမ္းမိုးထားပါတယ္။ အာဆင္နယ္၊ ေတာ့တင္ဟမ္၊ ယူႏိုက္တက္တို႔ဆီက ကစားသမားေတြ မပါလာေပမယ့္ big six အျပင္က အသင္းငယ္ေတြရဲ႕ ကစားသမား အခ်ိဳ႕ ပါဝင္လာပါတယ္။

နည္းျပ

လီဗာပူးက လက္ရွိ ခ်န္ပီယံေတြထက္ ၂ မွတ္ ပိုသာေနေပမယ့္ စီးတီးက Power ranking အမွတ္ေတြ ပိုရထားၿပီး ပက္ဂြာဒီယိုလာက အေကာင္းဆုံး ျဖစ္ေနပါတယ္။

ဂိုးသမား

မန္စီးတီး ဂိုးသမား အီဒါဆန္က ေဂ်ာ္ဒန္ပစ္ဖို႔ဒ္၊ Guaita တို႔နဲ႔အတူ clean sheet ႏွစ္ႀကိမ္ ရထားေပမယ့္ သူက ကာကြယ္မႈပိုမ်ားပါတယ္။ ဒါေၾကာင့္ သူက သုံးဂိုးေပးထားရေပမယ့္ ထိပ္ဆုံးမွာ ရွိေနတာပါ။ သူ႔ေနာက္မွာေတာ့ အေကာင္းဆံုး ဂိုးသမားေနရာ အျပိဳင္လုဖို႔ ပဲေလ့စ္ဂိုးသမား Guaita နဲ႔ နစ္ပုပ္တို႔ ရွိေနပါတယ္။

ခံစစ္

မႏွစ္က PFA ရဲ႕ အေကာင္းဆုံးဆုရွင္ ဗန္ဒိုက္နဲ႔အတူ လက္စတာက ဆိုယန္ခ်ဴတို႔ ပါဝင္လာပါတယ္။ တာကီကစားသမားဟာ ေအာင္ျမင္တဲ့ ေပးပို႔မႈနဲ႔ အျမင့္ေဘာယွဥ္လုရာမွာ အထင္ႀကီးစရာပါပဲ။ ညာေနာက္တန္းမွာေတာ့ ထရန္႔အလက္ဇန္းဒါး အာႏိုး ျဖစ္ပါတယ္။ တျခားေနာက္ခံလူေတြထက္ သူက အသင္းေဖာ္ေတြအတြက္ အခြင့္အေရး ၁၄ ႀကိမ္ ဖန္တီးေပးခဲ့တာပါ။ ဘယ္ေနာက္တန္းေနရာအတြက္ကေတာ့ ေနာဝစ္ခ်္ကို ၂-၀ နဲ႔ ႏိုင္ခဲ့တဲ့ ပြဲမွာ အဖြင့္ဂိုး ဖန္တီးေပးခဲ့တဲ့ ဝက္စ္ဟမ္း ေနာက္ခံလူ Arthur Masuaku ျဖစ္ပါတယ္။

ပြဲထြက္ ၁၁ ဦးစာရင္းမွာ မပါခဲ့ေပမယ့္ အရန္အျဖစ္ ရွိေန သူေတြကေတာ့ ရီကာဒို ပါရဲရား၊ ဖာဘီယန္စကာ၊ ဂ်ိဳဝယ္မာတစ္၊ လူးကပ္စ္ဒစ္ဂ္နီ တို႔ပါ။

ကြင္းလယ္

ထိပ္တန္း ကြင္းလယ္လူကေတာ့ အားလုံးသိၿပီးသား ဒီဘ႐ိုင္းပါပဲ။ ဘယ္လ္ဂ်ီယမ္ ကြင္းလယ္လူဟာ တစ္ဂိုးသြင္း၊ ငါးဂိုးဖန္တီး၊ အခြင့္အေရး ၁၆ ႀကိမ္ ဖန္တီးေပးခဲ့တာပါ။ ေနာက္ထပ္ ႏွစ္ေနရာမွာေတာ့ အသင္းအတြက္ ႏွစ္ဂိုး သြင္းယူခဲ့တဲ့ ခ်ယ္ဆီးရဲ႕ ေမဆန္ေမာင့္နဲ႔ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးထားတဲ့ အက္စ္တြန္ဗီလာ ကစားသမား John Mc Ginn ​တို႔ ျဖစ္ပါတယ္။

အရန္စာရင္းမွာ ပါဝင္သူေတြကေတာ့ ဒန္နီရယ္ ဂ်ိမ္းစ္၊ တိုင္လီမန္စ္း၊ ဟယ္ရီဝီလ္ဆန္နဲ႔ လာမယ္လာတို႔ပါ။

တိုက္စစ္

ဘ႐ိုက္တန္ကို ေလးဂိုးျပတ္ ႏိုင္ခဲ့တဲ့ပြဲမွာ အေတာက္ပဆုံး ပုံစံေတြ ျပသခဲ့ၿပီး ၂ ဂိုး ရရွိခဲ့တဲ့ အဂြဲ႐ိုးက ထိပ္ဆုံးမွာပါ။ အသင္းေဖာ္ စတာလင္က အဖြင့္ပြဲ သံုးပြဲမွာ ငါးဂိုး ရရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့ အပတ္ ဘ႐ိုက္တန္နဲ႔ ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ​က်န္တဲ့တစ္ေနရာအတြက္ေတာ့ ပရီးမီးယားလိဂ္ ပထမဆုံး ၄ ပြဲမွာ ၅ ဂိုး သြင္းယူခဲ့တဲ့ ေနာဝစ္ခ်္ တိုက္စစ္မႉး ပူကီက ရရွိထားပါတယ္။

အရန္စာရင္းမွာ ရွိသူေတြကေတာ့ အက္ရွ္ေလဘန္း ၊ ဖာမီႏို၊ တန္မီေအဗရာဟမ္နဲ႔ ဆာလက္တို႔ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ဒီရာသီရဲ့ ပထမဆုံး နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ယောက်က ဘယ်သူတွေ ဖြစ်မလဲဆိုတာ ကြည့်ရအောင်ပါ။

ပြီးခဲ့တဲ့ ပွဲစဉ်တွေအတွက် အကောင်းဆုံးအသင်းထဲမှာ လီဗာပူးနဲ့ စီးတီးက တခြားအသင်းတွေနဲ့ အတော်လေး ကွာဟနေတာ ဖြစ်သလို ဒီလူစာရင်းရဲ့ တစ်ဝက်ကျော်ကို သူတို့နှစ်သင်းကလဲ လွှမ်းမိုးထားပါတယ်။ အာဆင်နယ်၊ တော့တင်ဟမ်၊ ယူနိုက်တက်တို့ဆီက ကစားသမားတွေ မပါလာပေမယ့် big six အပြင်က အသင်းငယ်တွေရဲ့ ကစားသမား အချို့ ပါဝင်လာပါတယ်။

နည်းပြ

လီဗာပူးက လက်ရှိ ချန်ပီယံတွေထက် ၂ မှတ် ပိုသာနေပေမယ့် စီးတီးက Power ranking အမှတ်တွေ ပိုရထားပြီး ပက်ဂွာဒီယိုလာက အကောင်းဆုံး ဖြစ်နေပါတယ်။

ဂိုးသမား

မန်စီးတီး ဂိုးသမား အီဒါဆန်က ဂျော်ဒန်ပစ်ဖို့ဒ်၊ Guaita တို့နဲ့အတူ clean sheet နှစ်ကြိမ် ရထားပေမယ့် သူက ကာကွယ်မှုပိုများပါတယ်။ ဒါကြောင့် သူက သုံးဂိုးပေးထားရပေမယ့် ထိပ်ဆုံးမှာ ရှိနေတာပါ။ သူ့နောက်မှာတော့ အကောင်းဆုံး ဂိုးသမားနေရာ အပြိုင်လုဖို့ ပဲလေ့စ်ဂိုးသမား Guaita နဲ့ နစ်ပုပ်တို့ ရှိနေပါတယ်။

ခံစစ်

မနှစ်က PFA ရဲ့ အကောင်းဆုံးဆုရှင် ဗန်ဒိုက်နဲ့အတူ လက်စတာက ဆိုယန်ချူတို့ ပါဝင်လာပါတယ်။ တာကီကစားသမားဟာ အောင်မြင်တဲ့ ပေးပို့မှုနဲ့ အမြင့်ဘောယှဉ်လုရာမှာ အထင်ကြီးစရာပါပဲ။ ညာနောက်တန်းမှာတော့ ထရန့်အလက်ဇန်းဒါး အာနိုး ဖြစ်ပါတယ်။ တခြားနောက်ခံလူတွေထက် သူက အသင်းဖော်တွေအတွက် အခွင့်အရေး ၁၄ ကြိမ် ဖန်တီးပေးခဲ့တာပါ။ ဘယ်နောက်တန်းနေရာအတွက်ကတော့ နောဝစ်ချ်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ အဖွင့်ဂိုး ဖန်တီးပေးခဲ့တဲ့ ဝက်စ်ဟမ်း နောက်ခံလူ Arthur Masuaku ဖြစ်ပါတယ်။

ပွဲထွက် ၁၁ ဦးစာရင်းမှာ မပါခဲ့ပေမယ့် အရန်အဖြစ် ရှိနေ သူတွေကတော့ ရီကာဒို ပါရဲရား၊ ဖာဘီယန်စကာ၊ ဂျိုဝယ်မာတစ်၊ လူးကပ်စ်ဒစ်ဂ်နီ တို့ပါ။

ကွင်းလယ်

ထိပ်တန်း ကွင်းလယ်လူကတော့ အားလုံးသိပြီးသား ဒီဘရိုင်းပါပဲ။ ဘယ်လ်ဂျီယမ် ကွင်းလယ်လူဟာ တစ်ဂိုးသွင်း၊ ငါးဂိုးဖန်တီး၊ အခွင့်အရေး ၁၆ ကြိမ် ဖန်တီးပေးခဲ့တာပါ။ နောက်ထပ် နှစ်နေရာမှာတော့ အသင်းအတွက် နှစ်ဂိုး သွင်းယူခဲ့တဲ့ ချယ်ဆီးရဲ့ မေဆန်မောင့်နဲ့ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးထားတဲ့ အက်စ်တွန်ဗီလာ ကစားသမား John Mc Ginn တို့ ဖြစ်ပါတယ်။

အရန်စာရင်းမှာ ပါဝင်သူတွေကတော့ ဒန်နီရယ် ဂျိမ်းစ်၊ တိုင်လီမန်စ်း၊ ဟယ်ရီဝီလ်ဆန်နဲ့ လာမယ်လာတို့ပါ။

တိုက်စစ်

ဘရိုက်တန်ကို လေးဂိုးပြတ် နိုင်ခဲ့တဲ့ပွဲမှာ အတောက်ပဆုံး ပုံစံတွေ ပြသခဲ့ပြီး ၂ ဂိုး ရရှိခဲ့တဲ့ အဂွဲရိုးက ထိပ်ဆုံးမှာပါ။ အသင်းဖော် စတာလင်က အဖွင့်ပွဲ သုံးပွဲမှာ ငါးဂိုး ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ် ဘရိုက်တန်နဲ့ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ကျန်တဲ့တစ်နေရာအတွက်တော့ ပရီးမီးယားလိဂ် ပထမဆုံး ၄ ပွဲမှာ ၅ ဂိုး သွင်းယူခဲ့တဲ့ နောဝစ်ချ် တိုက်စစ်မှူး ပူကီက ရရှိထားပါတယ်။

အရန်စာရင်းမှာ ရှိသူတွေကတော့ အက်ရှ်လေဘန်း ၊ ဖာမီနို၊ တန်မီအေဗရာဟမ်နဲ့ ဆာလက်တို့ ဖြစ်ပါတယ်။

Sports Home Time