မက္ဆီလို႔ အဆင့္အတန္းကို ဆာလက္ ေရာက္မလာေသးျခင္းအား အာဆင္ဝင္းဂါး ေထာက္ျပ

အာဆင္ဝင္းဂါးက ဆာလက္၊ မာေနးျဖစ္ရပ္ကို သက္ေသထူျပီး အီဂ်စ္သားဟာ ဆံုးျဖတ္ခ်က္ေတြ ျပဳလုပ္ရာမွာ ကိုယ္တုိင္ လုပ္ေဆာင္ဖို႔မ်ိဳးကို စြဲလမ္းစိတ္ လြန္ကဲေနတယ္လုိ႔ မွတ္ခ်က္ျပဳလာခဲ့ပါတယ္။

ဘန္ေလကို ၃-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ဆာလက္ ေဘာလံုးထိုးမေပးခဲ့တာေၾကာင့္ မာေနးက အေတာ္ေလး ေဒါသထြက္ခဲ့တာပါ။ အဆိုပါ အခြင့္အေရးကို ရခဲ့မယ္ဆိုရင္ မာေနးဟာ သြင္းဂိုး ေလးဂိုးေျမာက္ကို သြင္းယူဖို႔လည္း အခြင့္အေရး ရခဲ့မွာျဖစ္တယ္။ ဒါေပမယ့္လို႔ ဆာလက္ထံက အခြင့္အေရး မရခဲ့သလို လီဗာပူးကလည္း သြင္းဂိုး မရခဲ့ပါဘူး။

အာဆင္ဝင္းဂါးကေတာ့ ဆာလက္အေနနဲ႔ ပြဲေတြမွာ တိုးတက္လာႏိုင္သူျဖစ္ေပမယ့္ မက္ဆီလို အဆင့္အတန္းကို ေရာက္ဖို႔ဆိုရင္ ပြဲရႈေထာင့္ေတြမွာ အာဂ်င္တီးနား တုိက္စစ္သမား လုပ္သလို ဆံုးျဖတ္ႏုိင္ဖုိ႔ လိုတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

” ဆာလက္က မက္ဆီနဲ႔ တူညီပါတယ္။ သူက မက္ဆီလိုပဲ ေျခစြမ္းတည္ျငိမ္မႈကို ရွာေဖြထားႏုိင္တယ္။ သူက အဆံုးသတ္လည္း ေကာင္းတယ္။ ဒါေပမယ့္လို႔ မက္ဆီလို အေနအထားကို ေရာက္ဖုိ႔ဆိုရင္ ေနာက္ဆံုးေပးမႈေတြကို လုပ္ႏုိင္ဖို႔ လိုပါတယ္။ ဆာလက္က သူ႔ဘာသာ လုပ္လိုစိတ္ လြန္ကဲေနတယ္။

ျဖစ္ခဲ့တဲ့ အေနအထားမွာ သူရင့္က်က္လာတဲ့ အခါမွာ ေပးမႈေကာင္းေတြလုပ္ဖို႔ သူၾကိဳးစားပါလိမ့္မယ္။ ေဘာလံုးကို ေပးရမလား၊ ကိုယ္တုိင္ အဆံုးသတ္ရမလားဆိုတာကို ဆံုးျဖတ္ႏုိင္လာပါလိမ့္မယ္။ ဒါေပမယ့္လို႔ သူ႔ကို က်ေနာ္ အေတာ္ေလး သေဘာေတြ႔ပါတယ္။ ၾကီးမားတဲ့ အလားအလာေကာင္းေတြ ပိုင္ဆုိင္ထားျပီး မာေနးလည္း အတူတူပါပဲ ” လို႔ အာဆင္ဝင္းဂါးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္ဝင္းဂါးကေတာ့ လီဗာပူးတိုက္စစ္ကို အထင္ၾကီးေပမယ့္ သူႏွစ္သက္မႈက ဘရာဇီးတိုက္စစ္သမား ဖာမင္ႏိုဆိုတာကိုလည္း ဖုန္းကြယ္ မထားခဲ့ပါဘူး။

” လူတိုင္းက ဖာမင္ႏိုရဲ႕ စြန္႔လႊတ္ အနစ္နာခံမႈကိုေတာ့ ေမ့ေနၾကပါတယ္။ သူက မက္ဆီနဲ႔ ေနမာအတြက္ ဆြာရက္စ္ လုပ္ေပးခဲ့သလိုပါပဲ။ အသင္းအတြက္ ၾကိဳးစားေပးျပီး တြဲဘက္ကစားသမားတိုင္းကို ေတာက္ပေစသူျဖစ္တယ္။ ဖာမင္ႏိုလို သေဘာထားၾကီးတဲ့ တိုက္စစ္မွဴးမ်ိဳးက ရွာေဖြရ သိပ္ကို ခက္ခဲလြန္းလွပါတယ္ ” လို႔ အာဆင္ဝင္းဂါးက သတိေပးသြားခဲ့ပါတယ္။

Sports Home Time

[Unicode] အာဆင်ဝင်းဂါးက ဆာလက်၊ မာနေးဖြစ်ရပ်ကို သက်သေထူပြီး အီဂျစ်သားဟာ ဆုံးဖြတ်ချက်တွေ ပြုလုပ်ရာမှာ ကိုယ်တိုင် လုပ်ဆောင်ဖို့မျိုးကို စွဲလမ်းစိတ် လွန်ကဲနေတယ်လို့ မှတ်ချက်ပြုလာခဲ့ပါတယ်။

ဘန်လေကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဆာလက် ဘောလုံးထိုးမပေးခဲ့တာကြောင့် မာနေးက အတော်လေး ဒေါသထွက်ခဲ့တာပါ။ အဆိုပါ အခွင့်အရေးကို ရခဲ့မယ်ဆိုရင် မာနေးဟာ သွင်းဂိုး လေးဂိုးမြောက်ကို သွင်းယူဖို့လည်း အခွင့်အရေး ရခဲ့မှာဖြစ်တယ်။ ဒါပေမယ့်လို့ ဆာလက်ထံက အခွင့်အရေး မရခဲ့သလို လီဗာပူးကလည်း သွင်းဂိုး မရခဲ့ပါဘူး။

အာဆင်ဝင်းဂါးကတော့ ဆာလက်အနေနဲ့ ပွဲတွေမှာ တိုးတက်လာနိုင်သူဖြစ်ပေမယ့် မက်ဆီလို အဆင့်အတန်းကို ရောက်ဖို့ဆိုရင် ပွဲရှုထောင့်တွေမှာ အာဂျင်တီးနား တိုက်စစ်သမား လုပ်သလို ဆုံးဖြတ်နိုင်ဖို့ လိုတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

” ဆာလက်က မက်ဆီနဲ့ တူညီပါတယ်။ သူက မက်ဆီလိုပဲ ခြေစွမ်းတည်ငြိမ်မှုကို ရှာဖွေထားနိုင်တယ်။ သူက အဆုံးသတ်လည်း ကောင်းတယ်။ ဒါပေမယ့်လို့ မက်ဆီလို အနေအထားကို ရောက်ဖို့ဆိုရင် နောက်ဆုံးပေးမှုတွေကို လုပ်နိုင်ဖို့ လိုပါတယ်။ ဆာလက်က သူ့ဘာသာ လုပ်လိုစိတ် လွန်ကဲနေတယ်။

ဖြစ်ခဲ့တဲ့ အနေအထားမှာ သူရင့်ကျက်လာတဲ့ အခါမှာ ပေးမှုကောင်းတွေလုပ်ဖို့ သူကြိုးစားပါလိမ့်မယ်။ ဘောလုံးကို ပေးရမလား၊ ကိုယ်တိုင် အဆုံးသတ်ရမလားဆိုတာကို ဆုံးဖြတ်နိုင်လာပါလိမ့်မယ်။ ဒါပေမယ့်လို့ သူ့ကို ကျနော် အတော်လေး သဘောတွေ့ပါတယ်။ ကြီးမားတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပြီး မာနေးလည်း အတူတူပါပဲ ” လို့ အာဆင်ဝင်းဂါးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်ဝင်းဂါးကတော့ လီဗာပူးတိုက်စစ်ကို အထင်ကြီးပေမယ့် သူနှစ်သက်မှုက ဘရာဇီးတိုက်စစ်သမား ဖာမင်နိုဆိုတာကိုလည်း ဖုန်းကွယ် မထားခဲ့ပါဘူး။

” လူတိုင်းက ဖာမင်နိုရဲ့ စွန့်လွှတ် အနစ်နာခံမှုကိုတော့ မေ့နေကြပါတယ်။ သူက မက်ဆီနဲ့ နေမာအတွက် ဆွာရက်စ် လုပ်ပေးခဲ့သလိုပါပဲ။ အသင်းအတွက် ကြိုးစားပေးပြီး တွဲဘက်ကစားသမားတိုင်းကို တောက်ပစေသူဖြစ်တယ်။ ဖာမင်နိုလို သဘောထားကြီးတဲ့ တိုက်စစ်မှူးမျိုးက ရှာဖွေရ သိပ်ကို ခက်ခဲလွန်းလှပါတယ် ” လို့ အာဆင်ဝင်းဂါးက သတိပေးသွားခဲ့ပါတယ်။

Sports Home Time