Player Ratings | ပရိသတ္ေတြ သတ္မွတ္ေပးတဲ့ ဒီရာသီ ယူႏိုက္တက္ အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ အဆင့္မ်ား

[Zawgyi] မန္ခ်က္စတာအေျခစိုက္ သတင္းဌာန MEN က ေကာက္ယူတဲ့ စစ္တမ္းအရ ယူႏိုက္တက္ ပရိသတ္ေတြဟာ ရာသီသစ္ရဲ႕ ပထမဆုံး ေလးပြဲမွာ အေကာင္းဆုံး စြမ္းေဆာင္ႏိူင္ခဲ့တဲ့ သူေတြအျဖစ္ ကစားသမားသစ္ သုံးေယာက္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ ဆိုးရွားက အရည္အခ်င္း ရွိတဲ့ ​အဂၤလန္ လူငယ္ေတြကို ရည္မွန္းခ်က္ ထားခဲ့သလို ဝမ္ဘစ္ဆာကာ၊ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ဟယ္ရီမက္ဂြဲရား တို႔ကို ေခၚယူခဲ့တာပါ။ ဝမ္ဘစ္ဆာကာနဲ႔ မက္ဂြဲရား က ခံစစ္မွာ အေကာင္းဆုံး စြမ္းေဆာင္ခဲ့ၿပီး ဂ်ိမ္းစ္က သုံးဂိုးရရွိခဲ့သလို သုံးေယာက္လုံးက အထင္​ႀကီးဖြယ္ စြမ္းေဆာင္ျပခဲ့ပါတယ္။

ဒါေပမယ့္ ဆိုးရွားရဲ႕အသင္းဟာ ဝုလ္ဗ္၊ ပဲေလ့စ္၊ ေဆာက္သမ္တန္ နဲ႔ ပြဲေတြမွာ အမွတ္ဆုံးရႈံးခဲ့သလို မႏွစ္က ကြင္းလယ္ပိုင္းနဲ႔ တိုက္စစ္ ျပသနာေတြက ရွိေနဆဲပါ။ ကစားသမားေတြရဲ႕ rating အတြက္ MEN ကေန ပရိသတ္ေတြကို မဲေပးခိုင္းခဲ့ရာ ဘယ္ကြင္းလယ္လူမွ 5.8 မေက်ာ္ခဲ့သလို 6 ထက္မ်ားတဲ့ ကစားသမား ဆိုလို႔ ေလးေယာက္သာ ရွိခဲ့ပါတယ္။

အျမင့္ဆုံးအျဖစ္ ဝမ္ဘစ္ဆာကာနဲ႔အတူ ဒန္နီရယ္ ဂ်ိမ္းစ္က 8.2 ရခဲ့ၿပီး သူ႔ေနာက္မွာ မက္ဂြဲရားက 7.3 ရရွိခဲ့ပါတယ္။ ေနရာသစ္မွာ သုံးဂိုး သြင္းယူခဲ့တဲ့ မာရွယ္က 6.7 ရရွိၿပီး ပဲေလ့စ္နဲ႔ပြဲမွာ ပင္နယ္တီ လြဲခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ ကေတာ့ 5.6သာ ရခဲ့တာပါ။ ေမဆန္ဂရင္းဝုဒ္ လူစားဝင္ ကစားခဲ့တဲ့ ေလးပြဲမွာ စုစုေပါင္း ၄၇မိနစ္သာ ရရွိခဲ့ၿပီး အၾကာဆုံး ကစားခ်ိန္က ပဲေလ့စ္နဲ႔ပြဲမွာ ၃၄မိနစ္ ရရွိခဲ့ေပမယ့္လဲ rating 5.8 နဲ႔ ထိပ္ဆုံး ငါးေယာက္ထဲ ဝင္ခဲ့ပါတယ္။

ကြင္းလယ္လူ ေတာ္မီေနးကလဲ 5.8 ရခဲ့ၿပီး ေပါလ္ေပါ့ဘာ က 5.7 ရခဲ့ပါတယ္။ ဒီရာသီမွာ အဆိုးဆုံး အျဖစ္ မာတစ္က 3.5 သာ ရခဲ့ေပမယ့္ သူက ၿပီးခဲ့တဲ့ အပတ္ ေဆာက္သမ္တန္နဲ႔ပြဲမွာ အရန္အေနနဲ႔သာ ကစားခြင့္ရခဲ့တာ ျဖစ္ပါတယ္။ေလးပြဲမွာ သုံးပြဲ ပြဲထြက္ခဲ့ရတဲ့ ေဂ်​ဆီလင္ဂတ္က 3.6 ပဲ ရခဲ့တာေတာ့ အေတာ္ ဆိုးဝါးၿပီး ယန္းနဲ႔ ပါရဲရားတို႔ကေတာ့ 4.4 နဲ႔ 4.5 တို႔ အသီးသီး ရရွိခဲ့ပါတယ္။

လက္ရွိ ကစားသမား အားလံုးရဲ႕ Rating ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

  • ဝမ္ဘစ္ဆာကာ – 8.2
  • ဒန္နီရယ္ ဂ်ိမ္းစ္ – 8.2
  • မက္ဂြဲရား – 7.3
  • မာရွယ္ – 6.7
  • ဂရင္းဝုဒ္ – 5.8
  • ေတာ္မီေနး – 5.8
  • ေပါ့ဘာ – 5.7
  • ရက္ရွ္ဖို႔ဒ္ – 5.6
  • ဒီဂီယာ – 5.5
  • ဟြမ္မာတာ – 5.4
  • လုခ္ေရွာ – 5.3
  • လင္ဒီေအာ့ဖ္ – 5.1
  • တူရန္ဇီဘီ – 5
  • ပါရဲရား – 4.5
  • အက္ရွ္ေလယန္း – 4.4
  • လင္ဂတ္ – 3.6
  • မာတစ္ – 3.5

Sports Home Time

[Unicode] မန်ချက်စတာအခြေစိုက် သတင်းဌာန MEN က ကောက်ယူတဲ့ စစ်တမ်းအရ ယူနိုက်တက် ပရိသတ်တွေဟာ ရာသီသစ်ရဲ့ ပထမဆုံး လေးပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိူင်ခဲ့တဲ့ သူတွေအဖြစ် ကစားသမားသစ် သုံးယောက်ကို ရွေးချယ်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဆိုးရှားက အရည်အချင်း ရှိတဲ့ အင်္ဂလန် လူငယ်တွေကို ရည်မှန်းချက် ထားခဲ့သလို ဝမ်ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိမ်းစ်နဲ့ ဟယ်ရီမက်ဂွဲရား တို့ကို ခေါ်ယူခဲ့တာပါ။ ဝမ်ဘစ်ဆာကာနဲ့ မက်ဂွဲရား က ခံစစ်မှာ အကောင်းဆုံး စွမ်းဆောင်ခဲ့ပြီး ဂျိမ်းစ်က သုံးဂိုးရရှိခဲ့သလို သုံးယောက်လုံးက အထင်ကြီးဖွယ် စွမ်းဆောင်ပြခဲ့ပါတယ်။

ဒါပေမယ့် ဆိုးရှားရဲ့အသင်းဟာ ဝုလ်ဗ်၊ ပဲလေ့စ်၊ ဆောက်သမ်တန် နဲ့ ပွဲတွေမှာ အမှတ်ဆုံးရှုံးခဲ့သလို မနှစ်က ကွင်းလယ်ပိုင်းနဲ့ တိုက်စစ် ပြသနာတွေက ရှိနေဆဲပါ။ ကစားသမားတွေရဲ့ rating အတွက် MEN ကနေ ပရိသတ်တွေကို မဲပေးခိုင်းခဲ့ရာ ဘယ်ကွင်းလယ်လူမှ 5.8 မကျော်ခဲ့သလို 6 ထက်များတဲ့ ကစားသမား ဆိုလို့ လေးယောက်သာ ရှိခဲ့ပါတယ်။

အမြင့်ဆုံးအဖြစ် ဝမ်ဘစ်ဆာကာနဲ့အတူ ဒန်နီရယ် ဂျိမ်းစ်က 8.2 ရခဲ့ပြီး သူ့နောက်မှာ မက်ဂွဲရားက 7.3 ရရှိခဲ့ပါတယ်။ နေရာသစ်မှာ သုံးဂိုး သွင်းယူခဲ့တဲ့ မာရှယ်က 6.7 ရရှိပြီး ပဲလေ့စ်နဲ့ပွဲမှာ ပင်နယ်တီ လွဲခဲ့တဲ့ ရက်ရှ်ဖို့ဒ် ကတော့ 5.6သာ ရခဲ့တာပါ။ မေဆန်ဂရင်းဝုဒ် လူစားဝင် ကစားခဲ့တဲ့ လေးပွဲမှာ စုစုပေါင်း ၄၇မိနစ်သာ ရရှိခဲ့ပြီး အကြာဆုံး ကစားချိန်က ပဲလေ့စ်နဲ့ပွဲမှာ ၃၄မိနစ် ရရှိခဲ့ပေမယ့်လဲ rating 5.8 နဲ့ ထိပ်ဆုံး ငါးယောက်ထဲ ဝင်ခဲ့ပါတယ်။

ကွင်းလယ်လူ တော်မီနေးကလဲ 5.8 ရခဲ့ပြီး ပေါလ်ပေါ့ဘာ က 5.7 ရခဲ့ပါတယ်။ ဒီရာသီမှာ အဆိုးဆုံး အဖြစ် မာတစ်က 3.5 သာ ရခဲ့ပေမယ့် သူက ပြီးခဲ့တဲ့ အပတ် ဆောက်သမ်တန်နဲ့ပွဲမှာ အရန်အနေနဲ့သာ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။လေးပွဲမှာ သုံးပွဲ ပွဲထွက်ခဲ့ရတဲ့ ဂျေဆီလင်ဂတ်က 3.6 ပဲ ရခဲ့တာတော့ အတော် ဆိုးဝါးပြီး ယန်းနဲ့ ပါရဲရားတို့ကတော့ 4.4 နဲ့ 4.5 တို့ အသီးသီး ရရှိခဲ့ပါတယ်။

လက်ရှိ ကစားသမား အားလုံးရဲ့ Rating တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဝမ်ဘစ်ဆာကာ – 8.2
  • ဒန်နီရယ် ဂျိမ်းစ် – 8.2
  • မက်ဂွဲရား – 7.3
  • မာရှယ် – 6.7
  • ဂရင်းဝုဒ် – 5.8
  • တော်မီနေး – 5.8
  • ပေါ့ဘာ – 5.7
  • ရက်ရှ်ဖို့ဒ် – 5.6
  • ဒီဂီယာ – 5.5
  • ဟွမ်မာတာ – 5.4
  • လုခ်ရှော – 5.3
  • လင်ဒီအော့ဖ် – 5.1
  • တူရန်ဇီဘီ – 5
  • ပါရဲရား – 4.5
  • အက်ရှ်လေယန်း – 4.4
  • လင်ဂတ် – 3.6
  • မာတစ် – 3.5

Sports Home Time