စေနေန႔အတြက္ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] ၾသဂုတ္လအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုးကစားသမားဆု ဆန္ကာတင္ ၆ ဦးမွာ မန္စီးတီးမွ ဒီဘရိုင္း၊ အဂြယ္ရိုနဲ႕ စတားလင္းတို႕ သံုးဦးထိ ပါ၀င္ေနပါတယ္။

မန္စီးတီး ကြင္းလယ္ကစားသမား ဒီဘရိုင္းက ဒီရာသီမွာ ေျခစြမ္းေကာင္းမ်ား ျပသေနေပမယ့္ လက္ရွိေျခစြမ္းဟာ သူ႔ အေကာင္းဆံုး အေနအထား ေရာက္ရွိေနျပီလား ေမးျမန္းျခင္း ခံရရာမွာေတာ့ ေျပာဖို႔ ခက္ေသးေၾကာင္း တုန္႔ျပန္ခဲ့ပါတယ္။

ဘရာဇီးၾကယ္ပြင့္ ေကာ္တင္ညိဳကို ဒီေႏြမွာ အလြန္ ရွင္းထုတ္လိုခဲ့တဲ့ ဘာစီလိုနာက မန္စီးတီးအသင္းထံ ေကာ္တင္ညိဳကို ေခၚဖို႔ ကမ္းလွမ္းခဲ့ေသာ္လည္း ဂြာဒီယိုလာက ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

လီဗာပူးအကယ္ဒမီ မန္ေနဂ်ာ Alex Inglethorpe က ဘုန္းေမာက္မွာ အငွားထြက္ကစားေနတဲ့ လူငယ္ကစားသမား ဟယ္ရီ၀ီလ္ဆန္ဟာ ျပည္တြင္းလိဂ္မွာ ေျခစြမ္း ဆက္လက္ ေတာက္ပတာ ျမင္ရဦးမယ္လို႔ ေမွ်ာ္မွန္းေနျပီး ၀ီလ္ဆန္ဟာ အန္းဖီးမွာ ဆက္ရွိေနဖို႔ ထိုက္တန္ေၾကာင္း သက္ေသျပနိုင္မယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။

ၾသဂုတ္လအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုး မန္ေနဂ်ာဆု ဆန္ကာတင္ စာရင္းမွာ မန္စီးတီးမွ ဂြာဒီယိုလာ၊ လီဗာပူးမွ ကေလာ့ပ္၊ ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဆန္၊ လက္စတာမွ ဘရန္ဒန္ေရာ္ဂ်ာတို႔ ပါ၀င္ေနပါတယ္။

ခ်ယ္ဆီးတိုက္စစ္သမား ပူလီဆစ္ဟာ အေမရိကန္ နုိင္ငံအသင္းနဲ႕ အတူ ရွိေနေပမယ့္ ေသာၾကာေန႔ မကၠဆီကိုနဲ႕ ပြဲျပီးရင္ ၄င္းကို အနားေပးမွာ ျဖစ္လို႔ လန္ဒန္သို႔ ေစာစီးစြာ ျပန္လာနိုင္မွာ ျဖစ္ပါတယ္။

ရိုေမးနီးယားနဲ႕ ပြဲမွာ လက္စြမ္းျပခဲ့တဲ့ ခ်ယ္ဆီးမွ စပိန္သား ဂိုးသမား ကီပါကို စပိန္အသင္းမန္ေနဂ်ာ ေရာ္ဘတ္မိုရီနိုက အားရေက်နပ္ေနျပီး ပြဲအျပီးမွာ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

အြန္လိုင္းလူမႈကြန္ယက္မွာ လူမ်ိဳးေရးခြဲျခားခံရမႈမ်ားအတြက္ တြစ္တာဘက္က ပူးေပါင္းေဆာင္ရြက္မႈမ်ားဟာ ခ်ယ္ဆီး၊ ယူနိုက္တက္ကဲ့သို႔ အသင္းၾကီးက ကစားသမားမ်ားအတြက္သာ လႈပ္ရွားခဲ့တဲ့အေပၚ ၀က္ဖို႔ဒ္ကစားသမား ထရိြဳင္ဒီေနးက ေထာက္ျပ ေ၀ဖန္လိုကိ္ပါတယ္။

စပါးအသင္းဟာ အားထားရတဲ့ ကြင္းလယ္ဖန္တီးရွင္ အဲရစ္ဆန္ အတြက္ လစာခံစားခြင့္ အေျမာက္အျမားနဲ႕ ငါးနွစ္သက္တမ္းတိုး စာခ်ဳပ္ ကမ္းလွမ္းရန္ ျပင္ဆင္ေနပါတယ္။

အာဂ်င္တီးနားအသင္းနဲ႕ အတူ ခ်ီလီနဲ႕ ပြဲမွာ ပါ၀င္ကစားရင္း စပါးကစားသမား လိုဆယ္ဆိုဟာ ေပါင္ျခံ ထိခိုက္ဒဏ္ရာ ရသြားခဲ့ပါတယ္။ ဒါေပမယ့္ ပြဲအျပီးမွာေတာ့ ကစားသမားက သူ႔အေျခအေနဟာ စိုးရိမ္စရာ မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ တိုက္စစ္သမား နစ္ကိုးလပ္စ္ ပီပီဟာ ၾကံ႕ခိုင္မႈ မျပည့္၀တဲ့ အေနအထားေၾကာင့္ လန္ဒန္မွာ ဆက္ေနျပီး ေလ့က်င့္မႈမ်ား လုပ္ေဆာင္ေနကာ ဒီတပတ္နုိင္ငံတကာပြဲမ်ား မတိုင္ခင္ အိုင္ဗရီကို႔စ္ လက္ေရြးစင္အသင္းမွ ျပန္လည္ နႈတ္ထြက္လိုက္ပါတယ္။

ရိုးမားအသင္းထံ အငွား ကစားဖို႔ ထြက္ခြာသြားျပီ ျဖစ္တဲ့ အာဆင္နယ္ ကစားသမား မီခီတာရန္က ဒီရာသီ ျပီးရင္ သူ႔အနာဂတ္က ဘယ္မွာ ရွိမယ္ မေသခ်ာေ်သးေၾကာင္း ၀န္ခံေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ ကြင္းလယ္ လူငယ္ ဂြမ္ဒူဇီက ဒီရာသီမွာ တိုးတက္မႈၾကီးေတြ ျပသထားျပီး လက္ရွိ အခ်ိန္က သူ႔အတြက္ အခြင့္အေရးယူကာ အစြမ္းျပရမယ့္ အခ်ိန္ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

အာဆင္နယ္ဟာ အငွားေခၚယူထားတဲ့ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့ကို အျပီး ၀ယ္ယူေရးမွာ ရီးရဲလ္မက္ဒရစ္က ျငင္းဆန္ ေနေသာ္လည္း ဇီဒန္းသာ ရီးရဲလ္က ထြက္ခြာသြားရင္ အခြင့္အလမ္းသာလာဖြယ္ ရွိေနပါတယ္။

မန္ခ်က္စတာယူနုိက္တက္ရဲ႕ ၾသဂုတ္လ အေကာင္းဆံုး ကစားသမားဆုကို ေတာင္ပံတိုက္စစ္သမားေလး ဒန္နီရယ္ဂ်ိမ္းစ္က ရရွိသြားပါတယ္။ ဂ်ိမ္းစ္ဟာ ယူနုိက္တက္ ကစားသမားဘ၀ ပြဲဦးထြက္ လမွာတင္ ထိုသို႔ ပရိသတ္မ်ား ေရြးခ်ယ္တဲ့ ဆုကို ရရွိခဲ့ျခင္း ျဖစ္ျပီး မဲ ၆၁% နဲ႕ အျပတ္အသတ္ အနိုင္ရခဲ့တာပါ။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ယူနိုက္တက္အတြက္ နာမည္ေက်ာ္ ကြင္းလယ္ကစားသမား ဘရိုင္ယန္ေရာ့ဘ္ဆန္ ကဲ့သို႔ သက္ေရာက္မႈၾကီး ရွိလာေစဖို႔ နဗီးလ္က ေမွ်ာ္လင့္ေနျပီး ေပါ့ဘာ ေရာ့္ဘ္ဆန္ လက္သစ္ ျဖစ္လာေအာင္ ၾကိဳးပမ္းဖို႔ တိုက္တြန္းသြားပါတယ္။

လူမ်ိဳးေရး ခဲြဲျခားမႈေတြ ရွိေနျခင္းက ေလ်ာ့ပါးျပီး ေရွ႕ဆက္တိုးရမယ့္ အေနအထားကေန ေခတ္ေနာက္ျပန္ဆြဲက ေနာက္သို႔ ေျခလွမ္းေတြ ျပန္ဆုတ္ေနသလို ျဖစ္ကာ စိတ္ပ်က္ရေၾကာင္း ယူနိုက္တက္နဲ႕ အဂၤလန္ တိုက္စစ္မွဴး ရက္ဖို႔ဒ္က ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

Sports Home Time

[Unicode] သြဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ဆန်ကာတင် ၆ ဦးမှာ မန်စီးတီးမှ ဒီဘရိုင်း၊ အဂွယ်ရိုနဲ့ စတားလင်းတို့ သုံးဦးထိ ပါဝင်နေပါတယ်။

မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းက ဒီရာသီမှာ ခြေစွမ်းကောင်းများ ပြသနေပေမယ့် လက်ရှိခြေစွမ်းဟာ သူ့ အကောင်းဆုံး အနေအထား ရောက်ရှိနေပြီလား မေးမြန်းခြင်း ခံရရာမှာတော့ ပြောဖို့ ခက်သေးကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဘရာဇီးကြယ်ပွင့် ကော်တင်ညိုကို ဒီနွေမှာ အလွန် ရှင်းထုတ်လိုခဲ့တဲ့ ဘာစီလိုနာက မန်စီးတီးအသင်းထံ ကော်တင်ညိုကို ခေါ်ဖို့ ကမ်းလှမ်းခဲ့သော်လည်း ဂွာဒီယိုလာက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးအကယ်ဒမီ မန်နေဂျာ Alex Inglethorpe က ဘုန်းမောက်မှာ အငှားထွက်ကစားနေတဲ့ လူငယ်ကစားသမား ဟယ်ရီဝီလ်ဆန်ဟာ ပြည်တွင်းလိဂ်မှာ ခြေစွမ်း ဆက်လက် တောက်ပတာ မြင်ရဦးမယ်လို့ မျှော်မှန်းနေပြီး ဝီလ်ဆန်ဟာ အန်းဖီးမှာ ဆက်ရှိနေဖို့ ထိုက်တန်ကြောင်း သက်သေပြနိုင်မယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

သြဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆု ဆန်ကာတင် စာရင်းမှာ မန်စီးတီးမှ ဂွာဒီယိုလာ၊ လီဗာပူးမှ ကလော့ပ်၊ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်၊ လက်စတာမှ ဘရန်ဒန်ရော်ဂျာတို့ ပါဝင်နေပါတယ်။

ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ဟာ အမေရိကန် နိုင်ငံအသင်းနဲ့ အတူ ရှိနေပေမယ့် သောကြာနေ့ မက္ကဆီကိုနဲ့ ပွဲပြီးရင် ၎င်းကို အနားပေးမှာ ဖြစ်လို့ လန်ဒန်သို့ စောစီးစွာ ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

ရိုမေးနီးယားနဲ့ ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ချယ်ဆီးမှ စပိန်သား ဂိုးသမား ကီပါကို စပိန်အသင်းမန်နေဂျာ ရော်ဘတ်မိုရီနိုက အားရကျေနပ်နေပြီး ပွဲအပြီးမှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။

အွန်လိုင်းလူမှုကွန်ယက်မှာ လူမျိုးရေးခွဲခြားခံရမှုများအတွက် တွစ်တာဘက်က ပူးပေါင်းဆောင်ရွက်မှုများဟာ ချယ်ဆီး၊ ယူနိုက်တက်ကဲ့သို့ အသင်းကြီးက ကစားသမားများအတွက်သာ လှုပ်ရှားခဲ့တဲ့အပေါ် ဝက်ဖို့ဒ်ကစားသမား ထရွိုင်ဒီနေးက ထောက်ပြ ဝေဖန်လိုကိပါတယ်။

စပါးအသင်းဟာ အားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆန် အတွက် လစာခံစားခွင့် အမြောက်အမြားနဲ့ ငါးနှစ်သက်တမ်းတိုး စာချုပ် ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။

အာဂျင်တီးနားအသင်းနဲ့ အတူ ချီလီနဲ့ ပွဲမှာ ပါဝင်ကစားရင်း စပါးကစားသမား လိုဆယ်ဆိုဟာ ပေါင်ခြံ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ ကစားသမားက သူ့အခြေအနေဟာ စိုးရိမ်စရာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီဟာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ အနေအထားကြောင့် လန်ဒန်မှာ ဆက်နေပြီး လေ့ကျင့်မှုများ လုပ်ဆောင်နေကာ ဒီတပတ်နိုင်ငံတကာပွဲများ မတိုင်ခင် အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းမှ ပြန်လည် နှုတ်ထွက်လိုက်ပါတယ်။

ရိုးမားအသင်းထံ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်တဲ့ အာဆင်နယ် ကစားသမား မီခီတာရန်က ဒီရာသီ ပြီးရင် သူ့အနာဂတ်က ဘယ်မှာ ရှိမယ် မသေချာေျသးကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ် လူငယ် ဂွမ်ဒူဇီက ဒီရာသီမှာ တိုးတက်မှုကြီးတွေ ပြသထားပြီး လက်ရှိ အချိန်က သူ့အတွက် အခွင့်အရေးယူကာ အစွမ်းပြရမယ့် အချိန်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အာဆင်နယ်ဟာ အငှားခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ဆီးဘယ်လော့ကို အပြီး ဝယ်ယူရေးမှာ ရီးရဲလ်မက်ဒရစ်က ငြင်းဆန် နေသော်လည်း ဇီဒန်းသာ ရီးရဲလ်က ထွက်ခွာသွားရင် အခွင့်အလမ်းသာလာဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ သြဂုတ်လ အကောင်းဆုံး ကစားသမားဆုကို တောင်ပံတိုက်စစ်သမားလေး ဒန်နီရယ်ဂျိမ်းစ်က ရရှိသွားပါတယ်။ ဂျိမ်းစ်ဟာ ယူနိုက်တက် ကစားသမားဘ၀ ပွဲဦးထွက် လမှာတင် ထိုသို့ ပရိသတ်များ ရွေးချယ်တဲ့ ဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး မဲ ၆၁% နဲ့ အပြတ်အသတ် အနိုင်ရခဲ့တာပါ။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယူနိုက်တက်အတွက် နာမည်ကျော် ကွင်းလယ်ကစားသမား ဘရိုင်ယန်ရော့ဘ်ဆန် ကဲ့သို့ သက်ရောက်မှုကြီး ရှိလာစေဖို့ နဗီးလ်က မျှော်လင့်နေပြီး ပေါ့ဘာ ရော့်ဘ်ဆန် လက်သစ် ဖြစ်လာအောင် ကြိုးပမ်းဖို့ တိုက်တွန်းသွားပါတယ်။

လူမျိုးရေး ခွဲခြားမှုတွေ ရှိနေခြင်းက လျော့ပါးပြီး ရှေ့ဆက်တိုးရမယ့် အနေအထားကနေ ခေတ်နောက်ပြန်ဆွဲက နောက်သို့ ခြေလှမ်းတွေ ပြန်ဆုတ်နေသလို ဖြစ်ကာ စိတ်ပျက်ရကြောင်း ယူနိုက်တက်နဲ့ အင်္ဂလန် တိုက်စစ်မှူး ရက်ဖို့ဒ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Sports Home Time