ရွာကီြရီ လက္ေရြးစင္ထံ လာေရာက္ပူးေပါင္းဖို႔ ကပၸတိန္လက္ပတ္ စြန္႔လႊတ္ေပးမယ့္ ရွာခါ

အာဆင္နယ္ကြင္းလယ္လူ ရွာခါက လီဗာပူးေတာင္ပံသမား ရွာကီြရီအေနနဲ႔ လက္ေရြးစင္အသင္းကို ျပန္လာမယ္ဆိုရင္ အသင္းေခါင္းေဆာင္ လက္ပတ္ကို ေပးအပ္သြားဖို႔ အဆင္သင့္ပါပဲလို႔ ေျပာဆိုလာပါတယ္။

ဒီရာသီ လီဗာပူးအသင္းမွာ ေနရာရဖို႔ ရုန္းကန္ေနရတဲ့ ရွာကီြရီဟာ ပရီးမီးယားလိဂ္ တစ္ပြဲမွာပဲ ပါဝင္ကစားခြင့္ရခဲ့ျပီး အရန္ခံုမွာ ထိုင္ေနရသူပါ။ ဒဏ္ရာေၾကာင့္ ေနးရွင္းလိဂ္ ဗိုလ္လုပြဲေတြမွာ ပါဝင္ခြင့္မရတဲ့ ရွာကီြရီဟာ ရာသီၾကိဳမွာလည္း ဒဏ္ရာျပႆနာေတြ ရခဲ့ျခင္းေၾကာင့္ ယာဂင္ကေလာ့ပ္အသင္းမွာ ေနရာမရျဖစ္ချ့ရတယ္။

သတင္းအခ်ိဳ႕မွာေတာ့ အသက္ ၂၇ ႏွစ္အရြယ္ ရွာကီြရီက လစ္စတိုင္နာ အနားယူသြားတဲ့ေနာက္ အသင္းေခါင္းေဆာင္ လက္ပတ္ကို ရွာခါအား လြဲေျပာင္းေပးမႈကို သေဘာမေတြ႔ျဖစ္ေနတယ္လုိ႔ ေဖာ္ျပခဲ့တယ္။ ရွာကီြရီဟာ ၂၀၁၀ ခုႏွစ္မွာ ဆြစ္ဇလန္အတြက္ ပြဲထြက္ေပးျပီးေနာက္ပိုင္း လက္ေရြးစင္ပြဲ ၈၂ ပြဲမွာ သြင္းဂိုး ၂၂ ဂိုးထိ သြင္းယူခဲ့သူျဖစ္ပါတယ္။

ယူရို ၂၀၂၀ ျပိဳင္ပြဲအတြက္ ေျခစစ္ပြဲအျဖစ္ အုိင္ယာလန္ကို သေရက်ခဲ့တာေၾကာင့္ ဆြစ္ဇလန္က ေဝဖန္ခံရမႈေတြရွိေနျပီး ကလပ္အသင္းအတြက္ အာရံုစိုက္လိုတာေၾကာင့္ လက္ေရြးစင္တာဝန္ကေန အနားယူထားတဲ့ ရွာကီြရီကို ျပန္ေခၚဖို႔ တိုက္တြန္းမႈေတြ ရွိလာခဲ့တယ္။ ရွာခါကေတာ့ အသင္းေခါင္းေဆာက္လက္ပတ္က ျပသနာဆိုရင္ ရွာကီြရီကို ေပးအပ္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

” သူက အသင္းအတြက္ အေရးပါပါတယ္။ တကယ္ကို ထူးခၽြန္သူျဖစ္ျပီး လက္ေရြးစင္အတြက္ သူမရွိတာကို စိတ္ပ်က္ရပါတယ္။ ဒါေပမယ့္ အသင္းက အျခားကစားသမားေတြကလည္း အေကာင္းဆံုး လုပ္ေဆာင္ေနပါတယ္။ သူဘာလို႔ လာေရာက္ ပူးေပါင္းျခင္း မလုပ္သလဲဆိုတာ က်ေနာ္ မသိပါဘူး။ က်ေနာ္တုိ႔အတြက္ ကစားသမားေကာင္းကို ဆံုးရံွဴးေနတာျဖစ္ပါတယ္ ” လို႔ ရွာခါက ေျပာပါတယ္။

မန္ေနဂ်ာ မတ္ကိုဗစ္ကေတာ့ ရွာကီြရီနဲ႔ ဆက္ဆံေရးေကာင္းရွိတယ္လို႔ ေျပာဆိုထားသလို လက္ေရြးစင္အသင္းကို သူလာေရာက္ ပူးေပါင္းမယ္ဆိုရင္ အသင္းေခါင္းေဆာင္လက္ပတ္ကို ေပးသြားပါမယ္လို႔ ကတိျပဳလာခဲ့တယ္။

” အားလံုး အဆင္ေျပပါတယ္။ က်ေနာ္ အဆိုးျမင္မႈေတြလည္း မလုပ္ခ်င္ဘူး။ က်ေနာ္အတြက္ကေတာ့ ဖန္ခြက္ထဲမွာ ေရတစ္ဝက္ျပည့္ေနတယ္ပဲ ျမင္ပါတယ္။ ရွာကီြရီရဲ႕ ဆံုးျဖတ္ခ်က္ကိုလည္း ေလးစားရမွာပါ။ သူက အသင္းနဲ႔ လာေရာက္ ပူးေပါင္းျခင္းမလုပ္တာက အေကာင္းဆံုးျဖစ္မယ္လုိ႔ ထင္ခဲ့တယ္။ က်ေနာ္ လက္ခံပါတယ္။

ရွာကီြရီနဲ႔ ပံုမွန္ စကားေျပာျဖစ္ျပီး က်ေနာ္တုိ႔ ဆံုးျဖတ္မႈေတြ လုပ္ခဲ့တယ္။ သူ ရာႏႈန္းျပည့္ မေပးဆပ္ႏုိင္ပဲ အသင္းထံ လာေရာက္ေပးမယ္ဆိုရင္လည္း အဓိပၸာယ္ မရွိပါဘူး။ ကစားသမားေတြက သူတို႔ အဆင္သင့္ျဖစ္တယ္ မျဖစ္ဘူးဆိုတာ သိပါတယ္။ ကစားသမားအခ်ိဳ႔က ကလပ္အသင္းအတြက္ လံုလံုေလာက္ေလာက္ ကစားေပးႏုိင္ျခင္း မရွိေပမယ့္လို႔ အသင္းထံ လာေရာက္ ပူးေပါင္းၾကတယ္။

ရွာကီြရီကေတာ့ သူအသင္းအတြက္ ရာႏႈန္းျပည့္ ေပးႏုိင္မယ္လို႔ မထင္လို႔ လာေရာက္ခဲ့ျခင္း မရွိပါဘူး။ ပြဲေတြအမ်ားၾကီးမွာ သူက က်ေနာ္တုိ႔ကို ျခားနားမႈေတြ ေပးသူပါ။ သူက လက္ေရြးစင္ပြဲ ၁၀၀ လည္း ျပည့္ပါေတာ့မယ္။ သူကလည္း လူသားပါ၊ သူမွာ ခက္ခဲတဲ့ အခ်ိန္ေတြ ရွိပါတယ္ ” လို႔ ဆြစ္ဇလန္မန္ေနဂ်ာက ဆိုတယ္။

ရွာခါကေတာ့ ရွာကီြရီအမေနနဲ႔ ေအာက္တိုဘာ ႏုိင္ငံတကာသီတင္းပတ္မွာ လက္ေရြးစင္အသင္းအတြက္ လာေရာက္ ကစားေပးမယ္ဆိုရင္ အသင္းေခါင္းေဆာင္လက္ပတ္ကို လြဲေျပာင္းေပးဖို႔ အဆင္သင့္ျဖစ္ေနပါတယ္လို႔လည္း ထုတ္ေဖာ္ ေျပာဆိုသြားပါတယ္။

Sports Home Time

[Unicode] အာဆင်နယ်ကွင်းလယ်လူ ရှာခါက လီဗာပူးတောင်ပံသမား ရှာကွီရီအနေနဲ့ လက်ရွေးစင်အသင်းကို ပြန်လာမယ်ဆိုရင် အသင်းခေါင်းဆောင် လက်ပတ်ကို ပေးအပ်သွားဖို့ အဆင်သင့်ပါပဲလို့ ပြောဆိုလာပါတယ်။

ဒီရာသီ လီဗာပူးအသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ရှာကွီရီဟာ ပရီးမီးယားလိဂ် တစ်ပွဲမှာပဲ ပါဝင်ကစားခွင့်ရခဲ့ပြီး အရန်ခုံမှာ ထိုင်နေရသူပါ။ ဒဏ်ရာကြောင့် နေးရှင်းလိဂ် ဗိုလ်လုပွဲတွေမှာ ပါဝင်ခွင့်မရတဲ့ ရှာကွီရီဟာ ရာသီကြိုမှာလည်း ဒဏ်ရာပြဿနာတွေ ရခဲ့ခြင်းကြောင့် ယာဂင်ကလော့ပ်အသင်းမှာ နေရာမရဖြစ်ခြ့ရတယ်။

သတင်းအချို့မှာတော့ အသက် ၂၇ နှစ်အရွယ် ရှာကွီရီက လစ်စတိုင်နာ အနားယူသွားတဲ့နောက် အသင်းခေါင်းဆောင် လက်ပတ်ကို ရှာခါအား လွဲပြောင်းပေးမှုကို သဘောမတွေ့ဖြစ်နေတယ်လို့ ဖော်ပြခဲ့တယ်။ ရှာကွီရီဟာ ၂၀၁၀ ခုနှစ်မှာ ဆွစ်ဇလန်အတွက် ပွဲထွက်ပေးပြီးနောက်ပိုင်း လက်ရွေးစင်ပွဲ ၈၂ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးထိ သွင်းယူခဲ့သူဖြစ်ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဖြစ် အိုင်ယာလန်ကို သရေကျခဲ့တာကြောင့် ဆွစ်ဇလန်က ဝေဖန်ခံရမှုတွေရှိနေပြီး ကလပ်အသင်းအတွက် အာရုံစိုက်လိုတာကြောင့် လက်ရွေးစင်တာဝန်ကနေ အနားယူထားတဲ့ ရှာကွီရီကို ပြန်ခေါ်ဖို့ တိုက်တွန်းမှုတွေ ရှိလာခဲ့တယ်။ ရှာခါကတော့ အသင်းခေါင်းဆောက်လက်ပတ်က ပြသနာဆိုရင် ရှာကွီရီကို ပေးအပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

” သူက အသင်းအတွက် အရေးပါပါတယ်။ တကယ်ကို ထူးချွန်သူဖြစ်ပြီး လက်ရွေးစင်အတွက် သူမရှိတာကို စိတ်ပျက်ရပါတယ်။ ဒါပေမယ့် အသင်းက အခြားကစားသမားတွေကလည်း အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ သူဘာလို့ လာရောက် ပူးပေါင်းခြင်း မလုပ်သလဲဆိုတာ ကျနော် မသိပါဘူး။ ကျနော်တို့အတွက် ကစားသမားကောင်းကို ဆုံးရံှူးနေတာဖြစ်ပါတယ် ” လို့ ရှာခါက ပြောပါတယ်။

မန်နေဂျာ မတ်ကိုဗစ်ကတော့ ရှာကွီရီနဲ့ ဆက်ဆံရေးကောင်းရှိတယ်လို့ ပြောဆိုထားသလို လက်ရွေးစင်အသင်းကို သူလာရောက် ပူးပေါင်းမယ်ဆိုရင် အသင်းခေါင်းဆောင်လက်ပတ်ကို ပေးသွားပါမယ်လို့ ကတိပြုလာခဲ့တယ်။

” အားလုံး အဆင်ပြေပါတယ်။ ကျနော် အဆိုးမြင်မှုတွေလည်း မလုပ်ချင်ဘူး။ ကျနော်အတွက်ကတော့ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပြည့်နေတယ်ပဲ မြင်ပါတယ်။ ရှာကွီရီရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားရမှာပါ။ သူက အသင်းနဲ့ လာရောက် ပူးပေါင်းခြင်းမလုပ်တာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ခဲ့တယ်။ ကျနော် လက်ခံပါတယ်။

ရှာကွီရီနဲ့ ပုံမှန် စကားပြောဖြစ်ပြီး ကျနော်တို့ ဆုံးဖြတ်မှုတွေ လုပ်ခဲ့တယ်။ သူ ရာနှုန်းပြည့် မပေးဆပ်နိုင်ပဲ အသင်းထံ လာရောက်ပေးမယ်ဆိုရင်လည်း အဓိပ္ပာယ် မရှိပါဘူး။ ကစားသမားတွေက သူတို့ အဆင်သင့်ဖြစ်တယ် မဖြစ်ဘူးဆိုတာ သိပါတယ်။ ကစားသမားအချို့က ကလပ်အသင်းအတွက် လုံလုံလောက်လောက် ကစားပေးနိုင်ခြင်း မရှိပေမယ့်လို့ အသင်းထံ လာရောက် ပူးပေါင်းကြတယ်။

ရှာကွီရီကတော့ သူအသင်းအတွက် ရာနှုန်းပြည့် ပေးနိုင်မယ်လို့ မထင်လို့ လာရောက်ခဲ့ခြင်း မရှိပါဘူး။ ပွဲတွေအများကြီးမှာ သူက ကျနော်တို့ကို ခြားနားမှုတွေ ပေးသူပါ။ သူက လက်ရွေးစင်ပွဲ ၁၀၀ လည်း ပြည့်ပါတော့မယ်။ သူကလည်း လူသားပါ၊ သူမှာ ခက်ခဲတဲ့ အချိန်တွေ ရှိပါတယ် ” လို့ ဆွစ်ဇလန်မန်နေဂျာက ဆိုတယ်။

ရှာခါကတော့ ရှာကွီရီအမနေနဲ့ အောက်တိုဘာ နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်အသင်းအတွက် လာရောက် ကစားပေးမယ်ဆိုရင် အသင်းခေါင်းဆောင်လက်ပတ်ကို လွဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်လို့လည်း ထုတ်ဖော် ပြောဆိုသွားပါတယ်။

Sports Home Time