ဒီရာသီ ယူႏုိက္တက္ ဆုဖလားအႏိုင္မရရင္ တာဝန္ယူရေပးမယ့္သူကို မာတစ္ ထုတ္ေဖာ္

ဒီရာသီမွာ ယူႏုိက္တက္တို႔ ပရီးမီးယားလိဂ္ဖလား စိန္ေခၚႏုိင္ျခင္းမရွိရင္ တာဝန္ယူရမယ့္သူတစ္ဦး ရွိေနပါတယ္လို႔ ကလပ္အသင္း ကြင္းလယ္လူ မာတစ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ခ်ယ္ဆီးကေန မန္ယူကို ေျပာင္းလာတဲ့ မာတစ္ဟာ ဒီရာသီမွာ ေဆာက္တမ္သန္တစ္ပြဲမွာပဲ ပြဲကစားခြင့္ ၂၂ မိနစ္ ရထားတာပါ။ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း အမွတ္ေပးဖလား အႏုိင္မရတဲ့ ယူႏုိက္တက္ဟာ လိဂ္ပြဲ ေလးပြဲကစားျပီးခ်ိန္မွာ အဆင့္ ၈ ေနရာကို ေရာက္ေနျပီး အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးနဲ႔ ၇ မွတ္ ကြာဟေနတာ ျဖစ္ပါတယ္။

” ကလပ္အသင္း ဆုဖလာေတြကို တိုက္ခိုက္ဖို႔လိုျပီး အမွတ္ေပးဖလား အႏုိင္ရဖို႔ မစြမ္းေဆာင္ႏုိင္ခဲ့ဘူးဆိုရင္ မန္ေနဂ်ာက တာဝန္ယူရပါလိမ့္မယ္။ က်ေနာ္ ေဘာလံုးကစားလာတာ အခ်ိန္ၾကာခဲ့ပါျပီ ကုန္ခဲ့တဲ့ ၁၀ ႏွစ္မွာ ကလပ္အသင္းတိုင္းမွာ ပြဲအမ်ားအျပား ကစားခဲ့ရတယ္။ က်ေနာ္ကို ကစားေစတာပဲျဖစ္ျဖစ္ အရန္ခံု ထိုင္ခိုင္းတာပဲျဖစ္ျဖစ္ လက္ခံရပါမယ္ ” လို႔ ဆားဘီးယား လက္ေရြးစင္နဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုပါတယ္။

ဆိုးရွားဟာ ေပါ့ဘာနဲ႔ တြဲဘက္အျဖစ္ အသက္ ၂၂ ႏွစ္အရြယ္ ေတာ္မီေနးကို အဓိက ပြဲထုတ္ေနတာပါ။ မာတစ္က လိဂ္ပြဲ ေလးပြဲအတြင္း သူပြဲမကစားရတဲ့ အေနအထားကို လက္ခံျပီး မန္ေနဂ်ာရဲ႕ ဆံုးျဖတ္ခ်က္ကို ေလးစားမႈရွိေနတာျဖစ္တယ္။ ဒါေပမယ့္ ေနာ္ေဝသားၾကီး မွားယြင္းပါတယ္ဆိုတာကိုေတာ့ သက္ေသျပလိုေနပါတယ္။

” ပထမ ႏွစ္ပြဲ၊ သံုးပြဲမွာ က်ေနာ္ မပါတဲ့ လူစာရင္းကို သူ ေရြးထုတ္ခဲ့တယ္။ က်ေနာ္ တတ္ႏုိင္သေလာက္ ၾကိဳးစားပါတယ္။ ဆံုးျဖတ္ခ်က္ကိုလည္း ေလးစားရမွာပါ။ မန္ေနဂ်ာအေနနဲ႔ ေရြးခ်ယ္မႈ မွားယြင္းျပီး က်ေနာ္ရဲ႕ ပြဲထြက္ေနရာကို ျပန္ရဖို႔ ၾကိဳးစားသြားမွာပါ။ ပြဲထြက္စာရင္းမွာ ပါခြင့္မရတာအတြက္ ျပႆနာ မရွိပါဘူး။ မန္ေနဂ်ာရဲ႕ ဆံုးျဖတ္ခ်က္ကို သေဘာမတူေပမယ့္ သူက အသင္းလူစာရင္းကို ဆံုးျဖတ္ရသူ ျဖစ္ပါတယ္ ” လို႔ မာတစ္က ဆိုတယ္။

ႏုိင္ငံတကာ သီတင္းပတ္အျပီး စက္တင္ဘာလ ၁၄ ရက္ေန႔မွာေတာ့ ယူႏုိက္တက္ဟာ လက္စတာနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ လက္စတာဟာ မန္ေနဂ်ာဘရန္ဒန္ေရာ္ဂ်ာ ဦးေဆာင္မႈမွာ ပံုစံေကာင္းေတြ ပိုင္ဆိုင္ေနျပီး ဒီရာသီ ရံွဴးပြဲမရွိေသးတဲ့ အဂၤလန္ကလပ္အသင္း ေလးသင္းထဲက တစ္သင္းလည္း ျဖစ္ပါတယ္။

Sports Home Time

[Unicode] ဒီရာသီမှာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ခြင်းမရှိရင် တာဝန်ယူရမယ့်သူတစ်ဦး ရှိနေပါတယ်လို့ ကလပ်အသင်း ကွင်းလယ်လူ မာတစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ချယ်ဆီးကနေ မန်ယူကို ပြောင်းလာတဲ့ မာတစ်ဟာ ဒီရာသီမှာ ဆောက်တမ်သန်တစ်ပွဲမှာပဲ ပွဲကစားခွင့် ၂၂ မိနစ် ရထားတာပါ။ ၂၀၁၃ ခုနှစ်နောက်ပိုင်း အမှတ်ပေးဖလား အနိုင်မရတဲ့ ယူနိုက်တက်ဟာ လိဂ်ပွဲ လေးပွဲကစားပြီးချိန်မှာ အဆင့် ၈ နေရာကို ရောက်နေပြီး အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးနဲ့ ၇ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

” ကလပ်အသင်း ဆုဖလာတွေကို တိုက်ခိုက်ဖို့လိုပြီး အမှတ်ပေးဖလား အနိုင်ရဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် မန်နေဂျာက တာဝန်ယူရပါလိမ့်မယ်။ ကျနော် ဘောလုံးကစားလာတာ အချိန်ကြာခဲ့ပါပြီ ကုန်ခဲ့တဲ့ ၁၀ နှစ်မှာ ကလပ်အသင်းတိုင်းမှာ ပွဲအများအပြား ကစားခဲ့ရတယ်။ ကျနော်ကို ကစားစေတာပဲဖြစ်ဖြစ် အရန်ခုံ ထိုင်ခိုင်းတာပဲဖြစ်ဖြစ် လက်ခံရပါမယ် ” လို့ ဆားဘီးယား လက်ရွေးစင်နဲ့ အင်တာဗျူးမှာ ဖြေဆိုပါတယ်။

ဆိုးရှားဟာ ပေါ့ဘာနဲ့ တွဲဘက်အဖြစ် အသက် ၂၂ နှစ်အရွယ် တော်မီနေးကို အဓိက ပွဲထုတ်နေတာပါ။ မာတစ်က လိဂ်ပွဲ လေးပွဲအတွင်း သူပွဲမကစားရတဲ့ အနေအထားကို လက်ခံပြီး မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှုရှိနေတာဖြစ်တယ်။ ဒါပေမယ့် နော်ဝေသားကြီး မှားယွင်းပါတယ်ဆိုတာကိုတော့ သက်သေပြလိုနေပါတယ်။

” ပထမ နှစ်ပွဲ၊ သုံးပွဲမှာ ကျနော် မပါတဲ့ လူစာရင်းကို သူ ရွေးထုတ်ခဲ့တယ်။ ကျနော် တတ်နိုင်သလောက် ကြိုးစားပါတယ်။ ဆုံးဖြတ်ချက်ကိုလည်း လေးစားရမှာပါ။ မန်နေဂျာအနေနဲ့ ရွေးချယ်မှု မှားယွင်းပြီး ကျနော်ရဲ့ ပွဲထွက်နေရာကို ပြန်ရဖို့ ကြိုးစားသွားမှာပါ။ ပွဲထွက်စာရင်းမှာ ပါခွင့်မရတာအတွက် ပြဿနာ မရှိပါဘူး။ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူပေမယ့် သူက အသင်းလူစာရင်းကို ဆုံးဖြတ်ရသူ ဖြစ်ပါတယ် ” လို့ မာတစ်က ဆိုတယ်။

နိုင်ငံတကာ သီတင်းပတ်အပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ လက်စတာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ လက်စတာဟာ မန်နေဂျာဘရန်ဒန်ရော်ဂျာ ဦးဆောင်မှုမှာ ပုံစံကောင်းတွေ ပိုင်ဆိုင်နေပြီး ဒီရာသီ ရံှူးပွဲမရှိသေးတဲ့ အင်္ဂလန်ကလပ်အသင်း လေးသင်းထဲက တစ်သင်းလည်း ဖြစ်ပါတယ်။

Sports Home Time