လီဗာပူးကို သစၥာမေဖာက္ခ်င္လို႔ ယူႏိုက္တက္ကို ျငင္းပယ္ခဲ့တဲ့ တိုက္စစ္သမား

လီဗာပူး လူငယ္ကစားသမားေဟာင္း ေဘာ္ဘီဒန္ကန္႔က သူ႔ကလပ္ေဟာင္းကို သစၥာမေဖာက္ခ်င္ခဲ့တာေၾကာင့္ ဖီအိုရင္တီးနားကို မသြားခင္ ယူႏိုက္တက္ထံ သြားေရာက္ဖို႔ အခြင့္အေရးကို ပယ္ခ်ခဲ့တာလို႔ အီတလီေအးဂ်င့္က ေျပာဆိုလိုက္ပါတယ္။

ေအးဂ်င့္ Vincenzo Morabito ဟာ အရင္က ခ်ယ္ဆီးတိုက္စစ္မႈးေဟာင္း ဒမ္ဘာဘာ၊ အိုင္ဗရီကို႔စ္ တိုက္စစ္မႉး ဝိုင္ဖ႐ိုင္ ဘိုနီတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ေတြမွာ လုပ္ခဲ့တာျဖစ္ၿပီး အခု ဒန္ကန္ရဲ႕ အီတလီ အေျပာင္းအေ႐ႊ႕မွာလဲ ေအးဂ်င့္ Saif Rubie၊ ဒြန္ကန္နဲ႔အတူ အနီးကပ္ အလုပ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ ကစားသမား အေနနဲ႔ ဖီအိုရင္တီးနားကို မ​ေျပာင္းေ႐ႊ႕ခင္ ေ႐ြးခ်ယ္စရာေတြ ရွိခဲ့တယ္လို႔ Morabito က ေျပာျပခဲ့ပါတယ္။ ” ဒါေတြအားလုံးက ဧၿပီမွာ စခဲ့တာပါ။ Saif က က်ေနာ့္ကို ဆက္သြယ္ခဲ့​ၿပီး ေဘာ္ဘီအတြက္ ေနရာအသစ္ ရွာေဖြေပးဖို႔ က်ေနာ္တို႔ လုပ္ခဲ့ၾကတယ္။ ေကာင္ေလးက လီဗာပူးကို သစၥာမေဖာက္ခ်င္ခဲ့ဘူး။ သူ႔ကို အ​ေတာ္လိုခ်င္ေနတဲ့ ယူႏိုက္တက္ကို မသြားဘူးလို႔ ျငင္းခဲ့တယ္။

လာဇီယိုကိုလဲ သူသြားလို႔ရေပမယ့္ လီဗာပူးနဲ႔ ဆက္ဆံေရးက အေတာ္ဆိုးဝါးခဲဲ့ၿပီး ဘာမွဆက္မျဖစ္ခဲ့ဘူး။ လာဇီယိုနည္းျပက သူ႔ကို အေတာ္ေလး တိုးတက္ေစမွာပါ။ ဒါေပမယ့္ ဖီအိုရင္တီးနားမွာလဲ သူအဲ့လို တိုးတက္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ဆိုခဲ့တာပါ။

ေအးဂ်င့္ Rubieက လီဗာပူးဟာ ကစားသမားရဲ႕ စိတ္ဓာတ္ကို နာက်င္ေစခဲ့တယ္လိုဆိုၿပီး ေဝဖန္ခဲ့သလို အသက္ ၁၈ႏွစ္အ႐ြယ္ ကစားသမား က အန္ဖီးကို ထြက္ခြာဖို႔ သူ႔ဆူံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ အပတ္က ေျပာျပခဲ့ပါတယ္။ အဂၤလန္ လူငယ္ကစားသမား အေနနဲ႔ အသင္းသစ္မွာ အသားက်ဖို႔ သူ ႀကိဳးစားေနတယ္လို႔ Morabito က ေျပာဆိုခဲ့ပါတယ္။

” မၾကာခင္မွာ ဖီအိုရင္တီးနားက သူ႔အတြက္ အေကာင္းဆုံး အီတလီေက်ာင္းကို ရွာေဖြဖို႔နဲ႔ သူ ေနသားက်ေအာင္ လုပ္ေပးဖို႔ က်ေနာ္တို႔ ျမင္ေတြ႕ရပါလိမ့္မယ္။” လို႔ ဆိုခဲ့တာပါ။

ေအးဂ်င့္ျဖစ္သူဟာ ေပါ့ဘာက လူငယ္ကစားသမား အေနနဲ႔ ဂ်ဴဗင္တပ္မွာ အစြမ္းျပဖို႔ ယူႏိုက္တက္ကို စြန္႔ခြာခဲ့သလိုမ်ိဳး ဒန္ကန္႔လဲ ျဖစ္ႏိုင္တယ္လို႔ ဆိုၿပီး သူ႔အတြက္ ရည္မွန္းခ်က္ ျမင့္ျမင့္ထားေနပါတယ္။

“သူက ေပါ့ဘာလက္သစ္ ျဖစ္ႏိုင္တယ္။ ဖီအိုရင္တီးနားက ေခၚယူမႈတစ္ခု လုပ္ခဲ့ၿပီး လီ​ဗာပူးက ပရီးမီးယားလိဂ္ သမိုင္းမွာ အေကာင္းဆုံး အဂၤလန္ အကယ္ဒမီထြက္ ကစားသမား ငါးေယာက္ထဲက တစ္ေယာက္ကို ဆုံးရွဴံးခဲ့တာပါ။” လို႔ ​ေျပာခဲ့ပါတယ္။

အီတလီ ကလပ္နဲ႔အတူ သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ ဒြန္ကန္ဟာ အေျပာင္းအေ႐ႊ႕ ၿပီးတဲ့ေနာက္ သူ႔ကလပ္ေဟာင္းကို ေက်းဇူးတင္စကား ေျပာဆိုခဲ့ပါတယ္။

“ကလပ္မွာ က်ေနာ္ တိုးတက္ေအာင္ ကူညီေပးခဲ့တဲ့အတြက္ လီဗာပူးက နည္းျပေတြ၊ ဝန္ထမ္းေတြနဲ႔ ကစားသမားေတြ အပါအဝင္ လူတိုင္းကိူ ေက်းဇူးတင္ခ်င္ပါတယ္။ အဲ့ဒီ့မွာ ထူးျခားတဲ့ အမွတ္တရေတြ အမ်ားႀကီး ရွိခဲ့တာပါ။ ေက်းဇူးပါ။ ” လို႔ ဖီအိုရင္တီးနားရဲ႕ တြစ္တာမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူး လူငယ်ကစားသမားဟောင်း ဘော်ဘီဒန်ကန့်က သူ့ကလပ်ဟောင်းကို သစ္စာမဖောက်ချင်ခဲ့တာကြောင့် ဖီအိုရင်တီးနားကို မသွားခင် ယူနိုက်တက်ထံ သွားရောက်ဖို့ အခွင့်အရေးကို ပယ်ချခဲ့တာလို့ အီတလီအေးဂျင့်က ပြောဆိုလိုက်ပါတယ်။

အေးဂျင့် Vincenzo Morabito ဟာ အရင်က ချယ်ဆီးတိုက်စစ်မှုးဟောင်း ဒမ်ဘာဘာ၊ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဝိုင်ဖရိုင် ဘိုနီတို့ရဲ့ အပြောင်းအရွှေ့တွေမှာ လုပ်ခဲ့တာဖြစ်ပြီး အခု ဒန်ကန်ရဲ့ အီတလီ အပြောင်းအရွှေ့မှာလဲ အေးဂျင့် Saif Rubie၊ ဒွန်ကန်နဲ့အတူ အနီးကပ် အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် ကစားသမား အနေနဲ့ ဖီအိုရင်တီးနားကို မပြောင်းရွှေ့ခင် ရွေးချယ်စရာတွေ ရှိခဲ့တယ်လို့ Morabito က ပြောပြခဲ့ပါတယ်။ ” ဒါတွေအားလုံးက ဧပြီမှာ စခဲ့တာပါ။ Saif က ကျနော့်ကို ဆက်သွယ်ခဲ့ပြီး ဘော်ဘီအတွက် နေရာအသစ် ရှာဖွေပေးဖို့ ကျနော်တို့ လုပ်ခဲ့ကြတယ်။ ကောင်လေးက လီဗာပူးကို သစ္စာမဖောက်ချင်ခဲ့ဘူး။ သူ့ကို အတော်လိုချင်နေတဲ့ ယူနိုက်တက်ကို မသွားဘူးလို့ ငြင်းခဲ့တယ်။

လာဇီယိုကိုလဲ သူသွားလို့ရပေမယ့် လီဗာပူးနဲ့ ဆက်ဆံရေးက အတော်ဆိုးဝါးခဲ့ပြီး ဘာမှဆက်မဖြစ်ခဲ့ဘူး။ လာဇီယိုနည်းပြက သူ့ကို အတော်လေး တိုးတက်စေမှာပါ။ ဒါပေမယ့် ဖီအိုရင်တီးနားမှာလဲ သူအဲ့လို တိုးတက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ဆိုခဲ့တာပါ။

အေးဂျင့် Rubieက လီဗာပူးဟာ ကစားသမားရဲ့ စိတ်ဓာတ်ကို နာကျင်စေခဲ့တယ်လိုဆိုပြီး ဝေဖန်ခဲ့သလို အသက် ၁၈နှစ်အရွယ် ကစားသမား က အန်ဖီးကို ထွက်ခွာဖို့ သူ့ဆူံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်က ပြောပြခဲ့ပါတယ်။ အင်္ဂလန် လူငယ်ကစားသမား အနေနဲ့ အသင်းသစ်မှာ အသားကျဖို့ သူ ကြိုးစားနေတယ်လို့ Morabito က ပြောဆိုခဲ့ပါတယ်။

” မကြာခင်မှာ ဖီအိုရင်တီးနားက သူ့အတွက် အကောင်းဆုံး အီတလီကျောင်းကို ရှာဖွေဖို့နဲ့ သူ နေသားကျအောင် လုပ်ပေးဖို့ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်။” လို့ ဆိုခဲ့တာပါ။

အေးဂျင့်ဖြစ်သူဟာ ပေါ့ဘာက လူငယ်ကစားသမား အနေနဲ့ ဂျူဗင်တပ်မှာ အစွမ်းပြဖို့ ယူနိုက်တက်ကို စွန့်ခွာခဲ့သလိုမျိုး ဒန်ကန့်လဲ ဖြစ်နိုင်တယ်လို့ ဆိုပြီး သူ့အတွက် ရည်မှန်းချက် မြင့်မြင့်ထားနေပါတယ်။

“သူက ပေါ့ဘာလက်သစ် ဖြစ်နိုင်တယ်။ ဖီအိုရင်တီးနားက ခေါ်ယူမှုတစ်ခု လုပ်ခဲ့ပြီး လီဗာပူးက ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး အင်္ဂလန် အကယ်ဒမီထွက် ကစားသမား ငါးယောက်ထဲက တစ်ယောက်ကို ဆုံးရှူံးခဲ့တာပါ။” လို့ ပြောခဲ့ပါတယ်။

အီတလီ ကလပ်နဲ့အတူ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ဒွန်ကန်ဟာ အပြောင်းအရွှေ့ ပြီးတဲ့နောက် သူ့ကလပ်ဟောင်းကို ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။

“ကလပ်မှာ ကျနော် တိုးတက်အောင် ကူညီပေးခဲ့တဲ့အတွက် လီဗာပူးက နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေ အပါအဝင် လူတိုင်းကိူ ကျေးဇူးတင်ချင်ပါတယ်။ အဲ့ဒီ့မှာ ထူးခြားတဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့တာပါ။ ကျေးဇူးပါ။ ” လို့ ဖီအိုရင်တီးနားရဲ့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Sports Home Time