ပရီးမီးယားလိဂ္ ပြဲစဥ္ (၄) အတြက္ စကိုင္းစေပါ့ ခန္႔မွန္းခ်က္မ်ား

[Zawgyi] ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ အတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္ရဲ႕ ခန္႔မွန္းခ်က္ေတြကို Sports Home Time ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုပါတယ္။

ဘန္ေလ Vs လီဗာပူး


လီဗာပူးဟာ အေတာ္ေလး ေကာင္းခဲ့ေပမယ့္ အာဆင္နယ္နဲ႔ပြဲမွာ ေနာက္တန္း ျပႆနာေတြ ေတြ႕ခဲ့ရပါတယ္။ အတ္ဒရီယန္က စိတ္ခ်လို႔မရပါဘူး။ အက္ရွ္ေလဘန္းက အခုခ်ိန္မွာ ေျခစြမ္းျပေနၿပီး ဒိုင္ခ်ီအေနနဲ​့ ခရစ္ဝုဒ္ကို ထည့္သုံးႏိုင္ပါတယ္။ သူတို႔က လီဗာပူးရဲ႕ ကြင္းလယ္နဲ႔ ေနာက္တန္းကို အတင္း ေမႊေႏွာက္ပါလိမ့္မယ္။ သူတို႔အေနနဲ႔ ခံစစ္ကစားသမားေတြကို ရပ္တန္႔ဖို႔ လိုအပ္ပါတယ္။ လီဗာပူးက အာဆင္နယ္နဲ႔ပြဲမွာ သူတို႔ရဲ႕ ေနာက္တန္းက တစ္ခါတစ္ေလ ပြင့္ေနခဲ့တာျဖစ္ၿပီး ဒါကို ျပင္ဆင္ဖို႔ လိုပါလိမ့္မယ္။ ဆာလက္က ႏွစ္ဂိုးသြင္းၿပီး ျပန္လာတာနဲ႔အတူ တိုက္စစ္သုံးေယာက္က အေကာင္းဆုံး စြမ္းေဆာင္ျပမွာပါ။ ဒါေၾကာင့္ လီဗာပူး အႏိုင္ပဲလို႔ ေမွ်ာ္လင့္ပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ဘန္ေလ 1-3 လီ​ဗာပူး

အာဆင္နယ္ Vs ေတာ့တင္ဟမ္

လီဗာပူးနဲ႔ပြဲမွာ အာဆင္နယ္တို႔ ေကာင္းေကာင္း ကစားခဲ့ပါတယ္။ တစ္ခါတစ္ေလ ေဒးဗစ္လူးဝစ္က အမွားေတြ လုပ္ခဲ့ၿပီး အာဆင္နယ္အေနနဲ႔ အႏိုင္ရဖို႔ မထိုက္တန္ခဲ့ေပမယ့္လဲ ၿခိမ္း​ေျခာက္ႏိုင္ခဲ့ပါတယ္။ အမ္မရီဟာ လာကာဇက္တီကို ပြဲထြက္ မသုံးခဲ့ပဲ ဆီဘယ္ေလာ့ကလဲ ပိုၿပီးေတာ့ တိုက္စစ္ကို လိုက္ပါေပးခဲ့သင့္ပါတယ္။ အူဘာမီးယန္း နဲ႔ ပီပီတို႔က အခြင့္အေရး ေတြ ရခဲ့ပါတယ္။ ဂ်ိဳးေဝေလာ့ခ္က အဆင္ေျပခဲ့ေပမယ့္ ​ေဘာလုံး သိပ္မရခဲ့ဘူး။

ဒီလိုပြဲမ်ိဳးမွာ အေကာင္းဆုံး တိုက္စစ္ကစားသမားေတြ သုံးဖို႔ လိုပါတယ္။ က်ေနာ္ဆိုရင္ လာကာဇက္တီကို အလယ္မွာထားၿပီး ဘယ္နဲ႔ညာမွာ အူဘာမီးယန္း နဲ႔ပီပီကို ထားကစားတယ္။ လ​က္ရွိအခ်ိန္မွာ ​​ေတာ့တင္ဟမ္က ဖိအားေတြခံေနရၿပီး ဒီလိုပြဲေတြမွာ အမွားေတြ အၿမဲ ျဖစ္တတ္ပါတယ္။ ဆီဘယ္ေလာ့အေနနဲ႔ တိုက္စစ္သုံးေယာက္နဲ႔ ပိုၿပီး နီးနီးကပ္ကပ္ ရွိေနဖို႔ လိုပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ 4-2 ေတာ့တင္ဟမ္

ေဆာက္သမ္တန္ Vs မန္ယူႏိုက္တက္

ယူႏိုက္တက္ တိုက္စစ္မွာ ဒဏ္ရာရ​ေနတဲ့ မာရွယ္က ​ျပန္ေကာင္းလာမလား မေျပာႏိုင္ေသးဘူး။ ကြင္းလယ္မွာ ေပါ့ဘာနဲ႔ စေကာ့မက္​ေတာ္မီေနးတို႔က ဟန္ခ်က္ညီမွာ မဟုတ္ပါဘူး။ ေတာ္မီေနးက ဒါယန္းဖလက္ခ်ာနဲ႔ တူပါတယ္။ သူက ငယ္တယ္၊ လွ်င္ျမန္တယ္။ ေကာင္းမြန္တဲ့ ေပးပို႔မႈေတြ လုပ္ႏိုင္တယ္။ ေပါ့ဘာက ခံစစ္ကို ပိုကူညီေပးခဲ့ရၿပီး သူကစားခ်င္တဲ့ေနရာကို ေမ့ထားခဲ့ရတယ္။ ဆိုးရွားက ဒီလိုလုပ္ဖို႔ သူ႔ကို ခြင့္ျပဳေပးထားတာ ျဖစ္ၿပီး ေကာင္းေကာင္းလုပ္နိင္ရင္ အဓိက ကစားသမား ျဖစ္လာလိမ့္မယ္ လို႔ ဆိုပါတယ္။

ေနာက္တန္းက ဟန္ခ်က္ညီမႈက ပုံမွန္မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ အပတ္က ပထမဂိုးအတြက္ မယ္ဂြဲရားက လင္ဒီေအာ့ဖ္ကို မကာကြယ္ေပးခဲ့ဘူး။ ေနာက္ခံလူေတြက စိုးရိမ္ေနၾကၿပီး အရင္က ဒီဂီယာကို ယုံခဲ့သေလာက္ အခု မယုံၾကေတာ့ပါဘူး။ ေဆာက္သမ္တန္ကေတာ့ ဘ႐ိုက္တန္ကို အႏိုင္ရၿပီးေနာက္ အင္အားနဲ႔ ယုံၾကည္မႈေတြ ရွိေနပါတယ္။ တကယ္လို႔ ယူႏိုက္တက္ ေနာက္တန္းကို သူတို႔ ဒုကၡေပးႏိုင္ရင္ ေဆာက္သမ္တန္ အတြက္ လြယ္ကူမယ့္ပြဲပါပဲ။ ဒီပြဲက ေဖ်ာ္​ေျဖမႈေပးႏိုင္ၿပီး ႏွစ္သင္းေပါင္း ဂိုး​မ်ားမယ့္ပြဲ ျဖစ္ပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ေဆာက္သမ္တန္ 2-2 ယူႏိုက္တက္

ခ်ယ္ဆီး Vs ရွက္ဖီး ယူႏိုက္တက္


လမ္းပတ္အတြက္ ေနာဝစ္ပြဲမွာ အႏိုင္ရဖို႔ မျဖစ္မေန လိုအပ္ခဲ့ၿပီး ခ်ယ္ဆီးက ေကာင္းေကာင္း ကစားခဲ့ပါတယ္။ ေနာက္တန္းက အားနည္းတယ္ဆိုတာ သူတို႔သိပါတယ္။ ပက္ဒ႐ိုက လမ္းပတ္နဲ႔အတူ လုပ္ရတာ သေဘာေတြ႕လာပုံပါပဲ။ တန္မီေအဗရာဟမ္ က ဖိအားေတြ မ်ားစြာ ရွိခဲ့ေပမယ့္ ေကာင္းေကာင္း လုပ္ျပႏိုင္ခဲ့ပါတယ္။ လမ္းပတ္ဟာ ေမဆန္ေမာင့္ကို တိုက္စစ္မႉးေတြနဲ႔ ကစားဖို႔ အလိုရွိေနၿပီး ဒါကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ေမာင့္က အေတာ္ေလး အရည္အခ်င္း ရွိတဲ့ ေကာင္ေလးတစ္ေယာက္ပါ။

ရွက္ဖီး ယူႏိုက္တက္ အတြက္​က ေကာင္းမြန္တဲ့ အစ ျဖစ္ခဲ့တာေၾကာင့္ သူတို႔အေနနဲ႔ အေလွ်ာ့မေပးတတ္ဘူးဆိုတာ ျပသဖို႔ အဆင္သင့္ ျဖစ္ေနႏိုင္ပါတယ္။ ခ်ယ္ဆီးပရိသတ္ေတြက အႏိုင္ရလဒ္အတြက္ ေတာင္းဆိုၾကမွာ ျဖစ္ၿပီး လမ္းပတ္ကလဲ ကစားပုံေကာင္းေကာင္း အလိုရွိပါလိမ့္မယ္။ ဒါေပမယ့္ လြယ္မွာေတာ့ မဟုတ္ပါဘူး။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ခ်ယ္ဆီး 3-1 ရွက္ဖီး ယူႏိုက္တက္

မန္စီးတီး Vs ဘ႐ိုက္တန္


မန္စီးတီးဟာ အေျပာင္းအလဲ မ်ားၿပီး ခန္႔မွန္းလို​့ မရတာေၾကာင့္ ဂေရဟမ္ေပၚတာ အေနနဲ႔ ပလန္ A,B,C စသျဖင့္ မတူညီ​တဲ့ ဗ်ဳဟာေတြ လိုအပ္ပါတယ္။ တျခားေတာ့ မသိေပမယ့္ ဒီေနရာမွာ ဘ႐ိုက္တန္ နာက်င္ရမယ္ဆိုတာေတာ့ သိပါတယ္။ စတာလင္၊ အဂြဲ႐ိုးတို႔က ေၾကာက္စရာေကာင္းၿပီး အခုခ်ိန္မွာ ဒီဘ႐ိုင္းကလဲ အင္အားအျပည့္ ျဖစ္ေနတာပါ။ ဒီဘ႐ိုင္းက စီးတီးမွာ တျခားသူေတြထက္ အေကာင္းဆုံး ျဖစ္ႏိုင္ပါတယ္။ ဂိုးေတြ အမ်ားႀကီး၊ အၿပဳံးေတြ အမ်ားႀကီး ျမင္ခ်င္တယ္ဆိုရင္ ဒီလိုပြဲမ်ိဳးကို ၾကည့္ရမွာပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ မန္စီးတီး 5-0 ဘ႐ိုက္တန္

Sports Home Time

[Unicode] ဒီတစ်ပတ် ပရီးမီးယားလိဂ် အသင်းကြီးတွေအတွက် ချာလီနီကိုးလပ်ရဲ့ ခန့်မှန်းချက်

လီဗာပူးက ရာနှုန်းပြည့်နိုင်ပွဲကို ဆက်ထိန်းနိုင်မလား?
မြောက်လန်ဒန်ဒါဘီမှာ ဘယ်သူက အနိုင်ယူသွားမလဲ? ဒီတစ်ပတ်အတွက် အာဆင်နယ်နဲ့ စကော့တလန် တိုက်စစ်မှူးဟောင်း ချာလီနီကိုးလပ်ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးပါမယ်။

[Zawgyi] ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်ရဲ့ ခန့်မှန်းချက်တွေကို Sports Home Time ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုပါတယ်။ ချာလီက ပွဲစဉ် ၁ မှာ အနိုင်အရှုံး ခန့်မှန် ၆ ပွဲနဲ့ ဂိုးရလဒ် ၁ ပွဲ ကွက်တိ အမှန် ခန့်မှန်းထားခဲ့တာပါ။

ဘန်လေ Vs လီဗာပူး


လီဗာပူးဟာ အတော်လေး ကောင်းခဲ့ပေမယ့် အာဆင်နယ်နဲ့ပွဲမှာ နောက်တန်း ပြဿနာတွေ တွေ့ခဲ့ရပါတယ်။ အတ်ဒရီယန်က စိတ်ချလို့မရပါဘူး။ အက်ရှ်လေဘန်းက အခုချိန်မှာ ခြေစွမ်းပြနေပြီး ဒိုင်ချီအနေနဲ့ ခရစ်ဝုဒ်ကို ထည့်သုံးနိုင်ပါတယ်။ သူတို့က လီဗာပူးရဲ့ ကွင်းလယ်နဲ့ နောက်တန်းကို အတင်း မွှေနှောက်ပါလိမ့်မယ်။ သူတို့အနေနဲ့ ခံစစ်ကစားသမားတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။ လီဗာပူးက အာဆင်နယ်နဲ့ပွဲမှာ သူတို့ရဲ့ နောက်တန်းက တစ်ခါတစ်လေ ပွင့်နေခဲ့တာဖြစ်ပြီး ဒါကို ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ဆာလက်က နှစ်ဂိုးသွင်းပြီး ပြန်လာတာနဲ့အတူ တိုက်စစ်သုံးယောက်က အကောင်းဆုံး စွမ်းဆောင်ပြမှာပါ။ ဒါကြောင့် လီဗာပူး အနိုင်ပဲလို့ မျှော်လင့်ပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ဘန်လေ 1-3 လီဗာပူး

အာဆင်နယ် Vs တော့တင်ဟမ်

လီဗာပူးနဲ့ပွဲမှာ အာဆင်နယ်တို့ ကောင်းကောင်း ကစားခဲ့ပါတယ်။ တစ်ခါတစ်လေ ဒေးဗစ်လူးဝစ်က အမှားတွေ လုပ်ခဲ့ပြီး အာဆင်နယ်အနေနဲ့ အနိုင်ရဖို့ မထိုက်တန်ခဲ့ပေမယ့်လဲ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အမ်မရီဟာ လာကာဇက်တီကို ပွဲထွက် မသုံးခဲ့ပဲ ဆီဘယ်လော့ကလဲ ပိုပြီးတော့ တိုက်စစ်ကို လိုက်ပါပေးခဲ့သင့်ပါတယ်။ အူဘာမီးယန်း နဲ့ ပီပီတို့က အခွင့်အရေး တွေ ရခဲ့ပါတယ်။ ဂျိုးဝေလော့ခ်က အဆင်ပြေခဲ့ပေမယ့် ဘောလုံး သိပ်မရခဲ့ဘူး။

ဒီလိုပွဲမျိုးမှာ အကောင်းဆုံး တိုက်စစ်ကစားသမားတွေ သုံးဖို့ လိုပါတယ်။ ကျနော်ဆိုရင် လာကာဇက်တီကို အလယ်မှာထားပြီး ဘယ်နဲ့ညာမှာ အူဘာမီးယန်း နဲ့ပီပီကို ထားကစားတယ်။ လက်ရှိအချိန်မှာ တော့တင်ဟမ်က ဖိအားတွေခံနေရပြီး ဒီလိုပွဲတွေမှာ အမှားတွေ အမြဲ ဖြစ်တတ်ပါတယ်။ ဆီဘယ်လော့အနေနဲ့ တိုက်စစ်သုံးယောက်နဲ့ ပိုပြီး နီးနီးကပ်ကပ် ရှိနေဖို့ လိုပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 4-2 တော့တင်ဟမ်

ဆောက်သမ်တန် Vs မန်ယူနိုက်တက်

ယူနိုက်တက် တိုက်စစ်မှာ ဒဏ်ရာရနေတဲ့ မာရှယ်က ပြန်ကောင်းလာမလား မပြောနိုင်သေးဘူး။ ကွင်းလယ်မှာ ပေါ့ဘာနဲ့ စကော့မက်တော်မီနေးတို့က ဟန်ချက်ညီမှာ မဟုတ်ပါဘူး။ တော်မီနေးက ဒါယန်းဖလက်ချာနဲ့ တူပါတယ်။ သူက ငယ်တယ်၊ လျှင်မြန်တယ်။ ကောင်းမွန်တဲ့ ပေးပို့မှုတွေ လုပ်နိုင်တယ်။ ပေါ့ဘာက ခံစစ်ကို ပိုကူညီပေးခဲ့ရပြီး သူကစားချင်တဲ့နေရာကို မေ့ထားခဲ့ရတယ်။ ဆိုးရှားက ဒီလိုလုပ်ဖို့ သူ့ကို ခွင့်ပြုပေးထားတာ ဖြစ်ပြီး ကောင်းကောင်းလုပ်နိင်ရင် အဓိက ကစားသမား ဖြစ်လာလိမ့်မယ် လို့ ဆိုပါတယ်။

နောက်တန်းက ဟန်ချက်ညီမှုက ပုံမှန်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အပတ်က ပထမဂိုးအတွက် မယ်ဂွဲရားက လင်ဒီအော့ဖ်ကို မကာကွယ်ပေးခဲ့ဘူး။ နောက်ခံလူတွေက စိုးရိမ်နေကြပြီး အရင်က ဒီဂီယာကို ယုံခဲ့သလောက် အခု မယုံကြတော့ပါဘူး။ ဆောက်သမ်တန်ကတော့ ဘရိုက်တန်ကို အနိုင်ရပြီးနောက် အင်အားနဲ့ ယုံကြည်မှုတွေ ရှိနေပါတယ်။ တကယ်လို့ ယူနိုက်တက် နောက်တန်းကို သူတို့ ဒုက္ခပေးနိုင်ရင် ဆောက်သမ်တန် အတွက် လွယ်ကူမယ့်ပွဲပါပဲ။ ဒီပွဲက ဖျော်ဖြေမှုပေးနိုင်ပြီး နှစ်သင်းပေါင်း ဂိုးများမယ့်ပွဲ ဖြစ်ပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 2-2 ယူနိုက်တက်

ချယ်ဆီး Vs ရှက်ဖီး ယူနိုက်တက်


လမ်းပတ်အတွက် နောဝစ်ပွဲမှာ အနိုင်ရဖို့ မဖြစ်မနေ လိုအပ်ခဲ့ပြီး ချယ်ဆီးက ကောင်းကောင်း ကစားခဲ့ပါတယ်။ နောက်တန်းက အားနည်းတယ်ဆိုတာ သူတို့သိပါတယ်။ ပက်ဒရိုက လမ်းပတ်နဲ့အတူ လုပ်ရတာ သဘောတွေ့လာပုံပါပဲ။ တန်မီအေဗရာဟမ် က ဖိအားတွေ များစွာ ရှိခဲ့ပေမယ့် ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ်။ လမ်းပတ်ဟာ မေဆန်မောင့်ကို တိုက်စစ်မှူးတွေနဲ့ ကစားဖို့ အလိုရှိနေပြီး ဒါကို ထုတ်ဖော်ပြသခဲ့ပါတယ်။ မောင့်က အတော်လေး အရည်အချင်း ရှိတဲ့ ကောင်လေးတစ်ယောက်ပါ။

ရှက်ဖီး ယူနိုက်တက် အတွက်က ကောင်းမွန်တဲ့ အစ ဖြစ်ခဲ့တာကြောင့် သူတို့အနေနဲ့ အလျှော့မပေးတတ်ဘူးဆိုတာ ပြသဖို့ အဆင်သင့် ဖြစ်နေနိုင်ပါတယ်။ ချယ်ဆီးပရိသတ်တွေက အနိုင်ရလဒ်အတွက် တောင်းဆိုကြမှာ ဖြစ်ပြီး လမ်းပတ်ကလဲ ကစားပုံကောင်းကောင်း အလိုရှိပါလိမ့်မယ်။ ဒါပေမယ့် လွယ်မှာတော့ မဟုတ်ပါဘူး။

ချာလီ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 3-1 ရှက်ဖီး ယူနိုက်တက်

မန်စီးတီး Vs ဘရိုက်တန်


မန်စီးတီးဟာ အပြောင်းအလဲ များပြီး ခန့်မှန်းလို့ မရတာကြောင့် ဂရေဟမ်ပေါ်တာ အနေနဲ့ ပလန် A,B,C စသဖြင့် မတူညီတဲ့ ဗျုဟာတွေ လိုအပ်ပါတယ်။ တခြားတော့ မသိပေမယ့် ဒီနေရာမှာ ဘရိုက်တန် နာကျင်ရမယ်ဆိုတာတော့ သိပါတယ်။ စတာလင်၊ အဂွဲရိုးတို့က ကြောက်စရာကောင်းပြီး အခုချိန်မှာ ဒီဘရိုင်းကလဲ အင်အားအပြည့် ဖြစ်နေတာပါ။ ဒီဘရိုင်းက စီးတီးမှာ တခြားသူတွေထက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ဂိုးတွေ အများကြီး၊ အပြုံးတွေ အများကြီး မြင်ချင်တယ်ဆိုရင် ဒီလိုပွဲမျိုးကို ကြည့်ရမှာပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ မန်စီးတီး 5-0 ဘရိုက်တန်

Sports Home Time