ဆိုးရွား အားကိုးရမယ့္ ယူနိုက္တက္ရဲ႕ လွ်ိဳ႕၀ွက္ တိုက္စစ္လက္နက္

[Zawgyi] တိုက္စစ္ပိုင္း ထက္ျမက္မႈ လိုအပ္ခ်က္ေတြ ရွိေနတဲ့ ထဲက ရက္ဖို႔ဒ္ နဲ႔ မာရွယ္ မွာ ဘယ္သူ​က ယူႏိုက္တက္ရဲ​့ အေကာင္းဆုံး အဆုံးသတ္သူလဲ ဆိုတာကို အိုလီဂန္နာဆိုးရွား က ေျဖၾကားေပးခဲ့ေပမယ့္ ပရိသတ္ေတြကို မလွိမ့္တပတ္ လုပ္ခဲ့တာေတာ့ မဟုတ္ပါဘူး။

“သူတို႔ နွစ္ေယာက္ထက္ ေမဆန္ဂရင္းဝုဒ္က ပိုၿပီးေတာ့ အရည္အခ်င္း ရွိတဲ့ အဆုံးသတ္သူ တစ္ေယာက္ ျဖစ္တယ္။ ” လို​႕ ​ဆိုးရွားက ေျပာခဲ့တာပါ။ ဂရင္းဝုဒ္ကို ေျပာဆိူခဲ့တာ အလကား သက္သ​က္ မဟုတ္ပါဘူး။ စကားလုံးတိုင္းက အဓိပၸာယ္ ရွိပါတယ္။

ဘယ္ေျခေရာ ညာေျခပါသန္တဲ့ အသက္ ၁၇ႏွစ္အ႐ြယ္ ကစားသမားဟာ ကာရင္တန္ ေလ့က်င့္ေရးမွာ အစြမ္းျပေနသူ ျဖစ္ၿပီး အသင္းေဖာ္ေတြ ကို အထင္ႀကီးေစခဲ့ကာ နည္းျပက ဘာလို႔ အေတြ႕အႀကဳံရွိ တိုက္စစ္မႉးႏွစ္ေယာက္အတြက္ အစားထိုး လူမ​ဝယ္ဘဲ ထြက္ခြင့္ျပဳလိုက္လဲ ဆိုတာ ျပသခဲ့ပါတယ္။

ဆန္းခ်က္နဲ႔ လူကာကူ ကို ထြက္ခြာေစတာက ေကာင္းတာလား ဆိုးတာလား ဆိုတာ မၾကာခင္ ထင္ရွားလာေတာ့မွာ ျဖစ္ၿပီး ယူႏိုက္တက္ ဘက္ကေတာ့ အဲ့ဒါက မွန္ကန္တဲ့ လုပ္ရပ္လို႔ ေသခ်ာေျပာေနၾကပါတယ္။ ဒါေပမယ့္ ဆယ္ေက်ာ္သက္ ကစားသမားကို ဆိုးရွားက အခြင့္အေရး ေပးမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။

ဂရင္းဝုဒ္ဟာ ေအာက္တိုဘာမွ ၁၈ႏွစ္ ျပည့္မွာျဖစ္ၿပီး မႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ သူ႔ရဲ႕ ပထမဆုံး ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္အရ တစ္ပတ္လုပ္ခ ေပါင္၁ေထာင္ေအာက္သာ ရရွိေနဆဲျဖစ္ကာ ဆန္းခ်က္ထက္ အပုံႀကီး သက္သာတဲ့ ပမာဏ ျဖစ္ပါတယ္။ ရာသီႀကိဳက သူ႔ရဲ႕ သြင္းဂိုးေတြဟာ ၿပီးျပည့္စုံတဲ့ စတင္မႈ ျဖစ္ခဲ့ၿပီး လိဒ္ယူႏိုက္တက္၊ အင္တာမီလန္ တို႔နဲ႔ ပြဲေတြမွာ သြင္းယူခဲ့တာပါ။

“သူက အခြင့္အေရး ကို ဆုပ္ကိုင္လိမ့္မယ္ဆိုတာ က်ေနာ္ ယုံၾကည္တယ္။ သူက ေျခႏွစ္ဖက္လုံး သန္တယ္။ ပထမဂိုးက သူ႔အတြက္ စိုးရိမ္စရာ မရွိဘူးဆိုတာ ျပသပါလိမ့္မယ္။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

အသက္ ၁၈ႏွစ္ ဆိုရင္ စာခ်ဳပ္သစ္ေတြ ခ်ဳပ္ေလ့ရွိတာေၾကာင့္ ဂရင္းဝုဒ္ရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၁မွ ကုန္မွာျဖစ္ေပမယ့္ မၾကာခင္ သူလဲ စာခ်ဳပ္သစ္ ရရွိလိမ့္မယ္လို​့ ေမွ်ာ္လင့္ရပါတယ္။ ပထမအသင္းႀကီးကိုေတာ့ ေရာက္ေနၿပီးသားပါ။ ကမာၻ႔ဖလားအၿပီး ပ်က္ကြက္မႈေတြေၾကာင့္ မႏွစ္က ေႏြရာသီ ခရီးမွာ ​ဟိုေဆးေမာ္ရင္ညိဳက သူ႔ကို ေခၚယူခဲ့တာျဖစ္ၿပီး ကလပ္ရဲ႕ ၾကယ္ပြင့္ေတြဟာ သူ႔အရည္အခ်င္းကို သိခဲ့ရပါတယ္။

အကယ္ဒမီ အသင္းေတြမွာ သူ႔ရဲ႕ သြင္းဂိုးေတြက ဆိုးရွားရဲ႕ အသင္းနဲ႔ မပူးေပါင္းခင္ထဲက ၁၂လထက္​ၾကာေအာင္ အဝတ္လဲခန္းထဲမွာ နာမည္ႀကီးခဲ့တာ ျဖစ္ပါတယ္။ မႏွစ္က အကယ္ဒမီ အသင္းေတြအတြက္ ၂၉ပြဲမွာ သူ႔ရဲ႕ သြင္းဂိုး ၃၀နဲ႔အတူ ေမလမွာ ဂ်င္မီမာဖီဆုကို ရခဲ့တာက အံ့ၾသစရာ မဟုတ္ခဲ့ပါဘူး။

ဂရင္းဝုဒ္နဲ႔အတူ ကြင္းလယ္လူ ဂ်ိမ္းစ္ဂါနာ ကလဲ ထြန္းေတာက္လာမယ့္ သူ တစ္ေယာက္ အျဖစ္ ေမွ်ာ္လင့္္ခံထားရတာပါ။ ရက္ဖို႔ဒ္ နဲ႔ စေကာ့မက္ ​ေတာ္မီေနးတို႔က ဂရင္းဝုဒ္ ရဲ႕ ​တိုးတက္မႈနဲ႔ ပတ္သက္ၿပီး ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။

“ေမဆန္က ေလ့က်င့္ေရး တိုင္းမွာ ပိုပိုၿပီး တိုးတက္လာတယ္။ နည္းျပက တိုက္စစ္မႉးတစ္ေယာက္ ျဖစ္ခဲ့ၿပီး ေမဆန္ဟာ ကလပ္မွာ ကစားခဲ့တဲ့ အံ့ၾသစရာ ေကာင္းတဲ့ တိုက္စစ္မႉး အခ်ိဳ႕ရဲ႕ ေျခရာအတိုင္း လိုက္ႏိုင္တဲ့ မတူညီတဲ့ နည္းျပမႈေတြ ရရွိပါလိမ့္မယ္။ ” လို႔ ေတာ္မီေနးက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္က ပင္နယ္တီေတြ ေလ့က်င့္တဲ့အခါ ဂရင္းဝုဒ္ က ေျခႏွစ္ဖက္လုံး နဲ႔ ကန္ခဲ့တာပါ။ သူက အေရွ႕မွာ ရွိေနတဲ့ အခြင့္အေရး ေတြကို ​ရွိန္မေနတတ္ပါဘူး။ မႏွစ္က ဆိုးရွားဟာ ပီအက္စ္ဂ်ီ နဲ႔ အေဝးကြင္းပြဲမွာ ဂရင္းဝုဒ္ကို လူစားဝင္ ကစားသမား အေနနဲ႔ ပြဲဦးထြက္ ကစားခြင့္ ေပးခဲ့ၿပီး ေနာ္မန္ဝႈိက္ဆိုက္ ၿပီးရင္ ကလပ္မွာ ဥေရာပပြဲ ကစားရ​တဲ့ ဒုတိယ အသက္အငယ္ဆူံး ကစားသမား ျဖစ္ခဲ့ပါတယ္။

သူဟာ ေရွ႕တန္း သုံးေနရာလုံးမွာ ကစားႏိုင္ၿပီး သြက္လဲသြက္ပါတယ္။ဆိုးရွားက သူ႔ကို ဘယ္ေနရာမွာ သုံးမလဲဆိုတာအတြက္ ​ေ႐ြးခ်ယ္စရာ အမ်ိဳးမ်ိဳး ရွိၿပီး ဒီတစ္ပတ္ ေဆာက္သမ္တန္နဲ႔ ဂရင္းဝုဒ္ ကစားခြင့္ ရရင္ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းမွာပါ။ မာရွယ္က ေပါင္တံ ဒဏ္ရာေၾကာင့္ ႐ုန္းကန္ေနရၿပီး ယူႏိုက္တက္မွာ ေ႐ြးခ်ယ္စရာ တိုက္စစ္မႉး အခ်ိဳ႕သာ ရွိတာေၾကာင့္ စိန္႔ေမရီမွာ ဂရင္းဝုဒ္ဟာ သူ႔ရဲ႕ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ ပြဲဦးထြက္ ရရွိႏိုင္ပါတယ္။

Sports Home Time

[Unicode] တိုက်စစ်ပိုင်း ထက်မြက်မှု လိုအပ်ချက်တွေ ရှိနေတဲ့ ထဲက ရက်ရှ်ဖို့ဒ် နဲ့ မာရှယ် မှာ ဘယ်သူက ယူနိုက်တက်ရဲ့ အကောင်းဆုံး အဆုံးသတ်သူလဲ ဆိုတာကို အိုလီဂန်နာဆိုးရှား က ဖြေကြားပေးခဲ့ပေမယ့် ပရိသတ်တွေကို မလှိမ့်တပတ် လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။
“သူတို့နှစ်ယောက်ထက် မေဆန်ဂရင်းဝုဒ်က ပိုပြီးတော့ အရည်အချင်း ရှိတဲ့ အဆုံးသတ်သူ တစ်ယောက် ဖြစ်တယ်။ ” လို့ ဆိုးရှားက ပြောခဲ့တာပါ။ ဂရင်းဝုဒ်ကို ပြောဆိူခဲ့တာ အလကား သက်သက် မဟုတ်ပါဘူး။ စကားလုံးတိုင်းက အဓိပ္ပာယ် ရှိပါတယ်။

ဘယ်ခြေရော ညာခြေပါသန်တဲ့ အသက် ၁၇နှစ်အရွယ် ကစားသမားဟာ ကာရင်တန် လေ့ကျင့်ရေးမှာ အစွမ်းပြနေသူ ဖြစ်ပြီး အသင်းဖော်တွေ ကို အထင်ကြီးစေခဲ့ကာ နည်းပြက ဘာလို့ အတွေ့အကြုံရှိ တိုက်စစ်မှူးနှစ်ယောက်အတွက် အစားထိုး လူမဝယ်ဘဲ ထွက်ခွင့်ပြုလိုက်လဲ ဆိုတာ ပြသခဲ့ပါတယ်။

ဆန်းချက်နဲ့ လူကာကူ ကို ထွက်ခွာစေတာက ကောင်းတာလား ဆိုးတာလား ဆိုတာ မကြာခင် ထင်ရှားလာတော့မှာ ဖြစ်ပြီး ယူနိုက်တက် ဘက်ကတော့ အဲ့ဒါက မှန်ကန်တဲ့ လုပ်ရပ်လို့ သေချာပြောနေကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် ကစားသမားကို ဆိုးရှားက အခွင့်အရေး ပေးမယ်ဆိုတာကတော့ သေချာပါတယ်။

ဂရင်းဝုဒ်ဟာ အောက်တိုဘာမှ ၁၈နှစ် ပြည့်မှာဖြစ်ပြီး မနှစ်က ချုပ်ဆိုခဲ့တဲ့ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင်၁ထောင်အောက်သာ ရရှိနေဆဲဖြစ်ကာ ဆန်းချက်ထက် အပုံကြီး သက်သာတဲ့ ပမာဏ ဖြစ်ပါတယ်။ ရာသီကြိုက သူ့ရဲ့ သွင်းဂိုးတွေဟာ ပြီးပြည့်စုံတဲ့ စတင်မှု ဖြစ်ခဲ့ပြီး လိဒ်ယူနိုက်တက်၊ အင်တာမီလန် တို့နဲ့ ပွဲတွေမှာ သွင်းယူခဲ့တာပါ။

“သူက အခွင့်အရေး ကို ဆုပ်ကိုင်လိမ့်မယ်ဆိုတာ ကျနော် ယုံကြည်တယ်။ သူက ခြေနှစ်ဖက်လုံး သန်တယ်။ ပထမဂိုးက သူ့အတွက် စိုးရိမ်စရာ မရှိဘူးဆိုတာ ပြသပါလိမ့်မယ်။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

အသက် ၁၈နှစ် ဆိုရင် စာချုပ်သစ်တွေ ချုပ်လေ့ရှိတာကြောင့် ဂရင်းဝုဒ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၁မှ ကုန်မှာဖြစ်ပေမယ့် မကြာခင် သူလဲ စာချုပ်သစ် ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပထမအသင်းကြီးကိုတော့ ရောက်နေပြီးသားပါ။ ကမ္ဘာ့ဖလားအပြီး ပျက်ကွက်မှုတွေကြောင့် မနှစ်က နွေရာသီ ခရီးမှာ ဟိုဆေးမော်ရင်ညိုက သူ့ကို ခေါ်ယူခဲ့တာဖြစ်ပြီး ကလပ်ရဲ့ ကြယ်ပွင့်တွေဟာ သူ့အရည်အချင်းကို သိခဲ့ရပါတယ်။

အကယ်ဒမီ အသင်းတွေမှာ သူ့ရဲ့ သွင်းဂိုးတွေက ဆိုးရှားရဲ့ အသင်းနဲ့ မပူးပေါင်းခင်ထဲက ၁၂လထက်ကြာအောင် အဝတ်လဲခန်းထဲမှာ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။ မနှစ်က အကယ်ဒမီ အသင်းတွေအတွက် ၂၉ပွဲမှာ သူ့ရဲ့ သွင်းဂိုး ၃၀နဲ့အတူ မေလမှာ ဂျင်မီမာဖီဆုကို ရခဲ့တာက အံ့သြစရာ မဟုတ်ခဲ့ပါဘူး။

ဂရင်းဝုဒ်နဲ့အတူ ကွင်းလယ်လူ ဂျိမ်းစ်ဂါနာ ကလဲ ထွန်းတောက်လာမယ့် သူ တစ်ယောက် အဖြစ် မျှော်လင့််ခံထားရတာပါ။ ရက်ရှ်ဖို့ဒ် နဲ့ စကော့မက် တော်မီနေးတို့က ဂရင်းဝုဒ် ရဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

“မေဆန်က လေ့ကျင့်ရေး တိုင်းမှာ ပိုပိုပြီး တိုးတက်လာတယ်။ နည်းပြက တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့ပြီး မေဆန်ဟာ ကလပ်မှာ ကစားခဲ့တဲ့ အံ့သြစရာ ကောင်းတဲ့ တိုက်စစ်မှူး အချို့ရဲ့ ခြေရာအတိုင်း လိုက်နိုင်တဲ့ မတူညီတဲ့ နည်းပြမှုတွေ ရရှိပါလိမ့်မယ်။ ” လို့ တော်မီနေးက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်က ပင်နယ်တီတွေ လေ့ကျင့်တဲ့အခါ ဂရင်းဝုဒ် က ခြေနှစ်ဖက်လုံး နဲ့ ကန်ခဲ့တာပါ။ သူက အရှေ့မှာ ရှိနေတဲ့ အခွင့်အရေး တွေကို ရှိန်မနေတတ်ပါဘူး။ မနှစ်က ဆိုးရှားဟာ ပီအက်စ်ဂျီ နဲ့ အဝေးကွင်းပွဲမှာ ဂရင်းဝုဒ်ကို လူစားဝင် ကစားသမား အနေနဲ့ ပွဲဦးထွက် ကစားခွင့် ပေးခဲ့ပြီး နော်မန်ဝှိုက်ဆိုက် ပြီးရင် ကလပ်မှာ ဥရောပပွဲ ကစားရတဲ့ ဒုတိယ အသက်အငယ်ဆူံး ကစားသမား ဖြစ်ခဲ့ပါတယ်။

သူဟာ ရှေ့တန်း သုံးနေရာလုံးမှာ ကစားနိုင်ပြီး သွက်လဲသွက်ပါတယ်။ဆိုးရှားက သူ့ကို ဘယ်နေရာမှာ သုံးမလဲဆိုတာအတွက် ရွေးချယ်စရာ အမျိုးမျိုး ရှိပြီး ဒီတစ်ပတ် ဆောက်သမ်တန်နဲ့ ဂရင်းဝုဒ် ကစားခွင့် ရရင် စောင့်ကြည့်ချင်စရာ ကောင်းမှာပါ။ မာရှယ်က ပေါင်တံ ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ယူနိုက်တက်မှာ ရွေးချယ်စရာ တိုက်စစ်မှူး အချို့သာ ရှိတာကြောင့် စိန့်မေရီမှာ ဂရင်းဝုဒ်ဟာ သူ့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲဦးထွက် ရရှိနိုင်ပါတယ်။

Sports Home Time