ဂ်ရတ္နာမည္ ထည့္သံုးခဲ့တဲ့ ေအးဂ်င့္ျဖစ္သူကို လက္တြဲျဖဳတ္ဖို႔ ဒန္ကန္႔အား ကာေရဂါ သတိေပး

လီဗာပူးအသင္းဟာ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္တိုက္စစ္သမား ဒန္ကန္႔ကို ဆက္လက္ထိန္းသိမ္းဖို႔ ကိစၥမွာ ၾကီးစြာေသာ ခက္ခဲမႈေတြနဲ႔ ရင္ဆိုင္ေနရာတာျဖစ္ျပီး ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူက လီဗာပူးကေန ဆြဲထုတ္ႏုိင္ဖို႔ အစြမ္းကုန္ ၾကိဳးစားေနပါတယ္။

မေန႔ကပဲ ဒန္ကန္႔ရဲ႕ေအးဂ်င့္ျဖစ္သူ Saif Rubie က လီဗာပူးအားကစားဒါရိုက္တာ မုိက္ကယ္အဒ္ဝတ္ကို ျပစ္တင္မႈေတြ လုပ္ခဲ့သလို လီဗာပူးအသင္းကိုလည္း ရႈတ္ခ်မႈေတြ လုပ္ခဲ့တာျဖစ္တယ္။ ဒန္ကန္႔ကို ေရာင္းထုတ္ဖို႔အား အဒ္ဝတ္က ယတိျပတ္ ျငင္းဆန္ထားတာျဖစ္ျပီး မည္သည့္ေဆြးေႏြးမႈမွာမဆို ကလပ္အသင္းက ပါဝင္မွာ မဟုတ္ဘူးလို႔ သတင္းျပန္တာပါ။

ေအးဂ်င့္ျဖစ္သူရဲ႕ ဆြဲေဆာင္မႈမွာ ကစားသမားကိုယ္တုိင္က စိတ္ပါေနတဲ့ အေနအထားျဖစ္ျပီး လီဗာပူးကေန ထြက္ခြာခြင့္ရဖို႔ ဆႏၵျပဳမႈေတြ လုပ္ထားပါတယ္။ ဒီကိစၥနဲ႔ ပက္သက္ျပီး ဒန္ကန္႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ကိစၥနဲ႔ ပက္သက္လို႔ သူ႔ရဲ႕ေအးဂ်င့္နဲ႔ လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါတို႔ အၾကီးအက်ယ္ ျငင္းခံုေနၾကတာျဖစ္တယ္။

ကာေရဂါက သူ႔ရဲ႕တြဲဘက္ေဟာင္းၾကီး ဂ်ရတ္ရဲ႕နာမည္ကို ထည့္သြင္းကာ လီဗာပူးကို ေဝဖန္ခဲ့တဲ့ ေအးဂ်င့္ Rubie ကို ျပစ္တင္မႈေတြ လုပ္ခဲ့တယ္။ လူငယ္ေလးကိုလည္း စိတ္ရွည္ဖို႔နဲ႔ စီနီယာအသင္းမွာ ကစားခြင့္ရဖို႔ အခ်ိန္ေကာင္းကို ေစာင့္ဖို႔ သတိေပးခဲ့တယ္။ အထူးသျဖင့္ကေတာ့ ကာေရဂါဟာ လူငယ္ကစားသမားရဲ႕ ကစားသမားဘဝကို နာက်င္ေအာင္ အမွားၾကီးလုပ္ေနတယ္လုိ႔ Rubie ကို ျပစ္တင္သတိေပးလိုက္တာျဖစ္ပါတယ္။

ကာေရဂါကေတာ့ ဒန္ကန္႔အေနနဲ႔ လီဗာပူးက ထုတ္မခံရင္ ငနဲ (Rubie) ကို အရင္ လက္တြဲျဖဳတ္သင့္တယ္လို႔ ခါးခါးသီးသီး ဆိုခဲ့သလို Rubie ကလည္း ေဘာလံုးအေၾကာင္း ဘာတစ္ခုမွမသိတဲ့ အဒ္ဝတ္နဲ႔ ကားျပင္ဘက္ကို တံေတြးေထြးဖို႔ေလာက္သိတဲ့ လူက အၾကံေပးေနတယ္ဆိုျပီး တုန္႔ျပန္ခဲ့တာျဖစ္တယ္။

ဒန္ကန္႔ဟာ စတီဗင္ဂ်ရတ္ရဲ႕ ညီျဖစ္ျပီး ဂ်ရတ္မိသားစုဝင္ေတြနဲ႔ ရင္းႏွီးေပမယ့္ ဒီကိစၥမွာေတာ့ အၾကံဥာဏ္ေကာင္းေတြ ရယူျခင္း မရွိဘူးလားလို႔ ေမးခြန္းထုတ္ခံေနရပါတယ္။ ဒန္ကန္႔ဟာ မန္စီးတီးကေန လီဗာပူးကို ေျပာင္းလာခဲ့တာက ယူ-၁၈ မန္ေနဂ်ာေဟာင္း ဂ်ရတ္ရဲ႕ ေထာက္ခံမႈေၾကာင့္လည္း ျဖစ္ေပမယ့္ ဂ်ရတ္မရွိတဲ့ေနာက္ စီနီယာအသင္းမွာ ေနရာမရမွာကို ကစားသမားေလးက စိတ္ပူေနပါတယ္။

ရာသီၾကိဳ ပါဝင္ခြင့္ရခဲ့ေပမယ့္ တိုက္စစ္မွာ အင့္၊ ဆိုလန္ကီတို႔ ေနရာမရခဲ့သလို ဘရူးစတားလည္း ရွိေနေသးျပီး ဒန္ကန္႔ဟာ တြဲဘက္ ဂေလဇယ္နဲ႔လည္း စီနီယာအဆင့္ကို ေရာက္ဖုိ႔ ၾကိဳးစားေနရတာပါ။ ဒီအေျခအေနမွာ ဖီအိုရင္တီးနားထံ ေပါင္ ၁.၅ သန္းနဲ႔ ေျပာင္းခြင့္ဟာ ပြဲထြက္ခြင့္ေတြအတြက္ ပိုမိုအခြင့္အေရးရလာမယ္လို႔ ကစားသမားေလးကို ေအးဂ်င့္ျဖစ္သူက စည္းရံုးခဲ့တာျဖစ္တယ္။

ဒန္ကန္႔ဟာ သူ႔ရဲ႕လူမႈကြန္ယက္ေတြမွာ လီဗာပူးနဲ႔ ပက္သက္တာေတြကို ျဖဳတ္ထားခဲ့သလို အခန္းထဲကေန အိမ္ျပင္မထြက္တာ ၄ ရက္ေလာက္ရွိျပီလုိ႔ သိရတယ္။ ကာေရဂါကေတာ့ ငယ္ရြယ္တဲ့ ကစားသမားေလးကို လမ္းမွားေအာင္ လုပ္ေနတဲ့ ေအးဂ်င့္ရဲ႕ မက္လံုးေတြကိုပဲ အျပစ္တင္ခဲ့ျပီး လီဗာပူးမွာ ဒန္ကန္႔ ဆက္ရွိေနဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ အသက် ၁၈ နှစ်အရွယ် လူငယ်တိုက်စစ်သမား ဒန်ကန့်ကို ဆက်လက်ထိန်းသိမ်းဖို့ ကိစ္စမှာ ကြီးစွာသော ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရာတာဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက လီဗာပူးကနေ ဆွဲထုတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

မနေ့ကပဲ ဒန်ကန့်ရဲ့အေးဂျင့်ဖြစ်သူ Saif Rubie က လီဗာပူးအားကစားဒါရိုက်တာ မိုက်ကယ်အဒ်ဝတ်ကို ပြစ်တင်မှုတွေ လုပ်ခဲ့သလို လီဗာပူးအသင်းကိုလည်း ရှုတ်ချမှုတွေ လုပ်ခဲ့တာဖြစ်တယ်။ ဒန်ကန့်ကို ရောင်းထုတ်ဖို့အား အဒ်ဝတ်က ယတိပြတ် ငြင်းဆန်ထားတာဖြစ်ပြီး မည်သည့်ဆွေးနွေးမှုမှာမဆို ကလပ်အသင်းက ပါဝင်မှာ မဟုတ်ဘူးလို့ သတင်းပြန်တာပါ။

အေးဂျင့်ဖြစ်သူရဲ့ ဆွဲဆောင်မှုမှာ ကစားသမားကိုယ်တိုင်က စိတ်ပါနေတဲ့ အနေအထားဖြစ်ပြီး လီဗာပူးကနေ ထွက်ခွာခွင့်ရဖို့ ဆန္ဒပြုမှုတွေ လုပ်ထားပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဒန်ကန့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စနဲ့ ပက်သက်လို့ သူ့ရဲ့အေးဂျင့်နဲ့ လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါတို့ အကြီးအကျယ် ငြင်းခုံနေကြတာဖြစ်တယ်။

ကာရေဂါက သူ့ရဲ့တွဲဘက်ဟောင်းကြီး ဂျရတ်ရဲ့နာမည်ကို ထည့်သွင်းကာ လီဗာပူးကို ဝေဖန်ခဲ့တဲ့ အေးဂျင့် Rubie ကို ပြစ်တင်မှုတွေ လုပ်ခဲ့တယ်။ လူငယ်လေးကိုလည်း စိတ်ရှည်ဖို့နဲ့ စီနီယာအသင်းမှာ ကစားခွင့်ရဖို့ အချိန်ကောင်းကို စောင့်ဖို့ သတိပေးခဲ့တယ်။ အထူးသဖြင့်ကတော့ ကာရေဂါဟာ လူငယ်ကစားသမားရဲ့ ကစားသမားဘဝကို နာကျင်အောင် အမှားကြီးလုပ်နေတယ်လို့ Rubie ကို ပြစ်တင်သတိပေးလိုက်တာဖြစ်ပါတယ်။

ကာရေဂါကတော့ ဒန်ကန့်အနေနဲ့ လီဗာပူးက ထုတ်မခံရင် ငနဲ (Rubie) ကို အရင် လက်တွဲဖြုတ်သင့်တယ်လို့ ခါးခါးသီးသီး ဆိုခဲ့သလို Rubie ကလည်း ဘောလုံးအကြောင်း ဘာတစ်ခုမှမသိတဲ့ အဒ်ဝတ်နဲ့ ကားပြင်ဘက်ကို တံတွေးထွေးဖို့လောက်သိတဲ့ လူက အကြံပေးနေတယ်ဆိုပြီး တုန့်ပြန်ခဲ့တာဖြစ်တယ်။

ဒန်ကန့်ဟာ စတီဗင်ဂျရတ်ရဲ့ ညီဖြစ်ပြီး ဂျရတ်မိသားစုဝင်တွေနဲ့ ရင်းနှီးပေမယ့် ဒီကိစ္စမှာတော့ အကြံဉာဏ်ကောင်းတွေ ရယူခြင်း မရှိဘူးလားလို့ မေးခွန်းထုတ်ခံနေရပါတယ်။ ဒန်ကန့်ဟာ မန်စီးတီးကနေ လီဗာပူးကို ပြောင်းလာခဲ့တာက ယူ-၁၈ မန်နေဂျာဟောင်း ဂျရတ်ရဲ့ ထောက်ခံမှုကြောင့်လည်း ဖြစ်ပေမယ့် ဂျရတ်မရှိတဲ့နောက် စီနီယာအသင်းမှာ နေရာမရမှာကို ကစားသမားလေးက စိတ်ပူနေပါတယ်။

ရာသီကြို ပါဝင်ခွင့်ရခဲ့ပေမယ့် တိုက်စစ်မှာ အင့်၊ ဆိုလန်ကီတို့ နေရာမရခဲ့သလို ဘရူးစတားလည်း ရှိနေသေးပြီး ဒန်ကန့်ဟာ တွဲဘက် ဂလေဇယ်နဲ့လည်း စီနီယာအဆင့်ကို ရောက်ဖို့ ကြိုးစားနေရတာပါ။ ဒီအခြေအနေမှာ ဖီအိုရင်တီးနားထံ ပေါင် ၁.၅ သန်းနဲ့ ပြောင်းခွင့်ဟာ ပွဲထွက်ခွင့်တွေအတွက် ပိုမိုအခွင့်အရေးရလာမယ်လို့ ကစားသမားလေးကို အေးဂျင့်ဖြစ်သူက စည်းရုံးခဲ့တာဖြစ်တယ်။

ဒန်ကန့်ဟာ သူ့ရဲ့လူမှုကွန်ယက်တွေမှာ လီဗာပူးနဲ့ ပက်သက်တာတွေကို ဖြုတ်ထားခဲ့သလို အခန်းထဲကနေ အိမ်ပြင်မထွက်တာ ၄ ရက်လောက်ရှိပြီလို့ သိရတယ်။ ကာရေဂါကတော့ ငယ်ရွယ်တဲ့ ကစားသမားလေးကို လမ်းမှားအောင် လုပ်နေတဲ့ အေးဂျင့်ရဲ့ မက်လုံးတွေကိုပဲ အပြစ်တင်ခဲ့ပြီး လီဗာပူးမှာ ဒန်ကန့် ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

Sports Home Time