အာဆင္နယ္က စပါးကို ဂိုးျပတ္နုိင္လိမ့္မယ္လို႔ ရလဒ္နဲ႕ တကြ ေပါမာဆန္ ခန္႔မွန္း

[Zawgyi] အာဆင္နယ္ ကစားသမားေဟာင္း ေပါလ္မာဆန္က တနဂၤေႏြေန႔ ေျမာက္လန္ဒန္ ဒါဘီမွာ အာဆင္နယ္က ေတာ့တင္ဟမ္ ေဟာ့ စပါးကို အျပဳတ္တိုက္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ အူႏိူင္းအမ္မရီရဲ႕ အသင္းဟာ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ ႏိူင္ပြဲ အတြက္ ပိုခ်က္တီႏို ရဲ႕ အသင္းကို အႏိုင္ယူႏိုင္တယ္လို႔ ေပါလ္က ေျပာခဲ့တာပါ။

“အာဆင္နယ္က ၄-၁ ေလာက္နဲ႔ ေအးေဆး ႏိုင္လိမ့္မယ္လို႔ က်ေနာ္ ထင္တယ္။ အာဆင္နယ္က စပါးကို စိစိညက္ညက္ ေက်ေစပါလိမ့္မယ္။ လက္႐ွိအခ်ိ္န္မွာ စပါးက ႐ုန္းကန္ေနရတယ္။ အာဆင္နယ္က စတာနဲ႔ ဂိုးအနည္းငယ္ သြင္းႏိုင္တယ္။ မန္စီးတီးပြဲက စပါးရဲ႕ အက္ေၾကာင္းေတြ ကို ဖံုးကြယ္ေပးခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ ” လို႔ ေျပာခဲ့ပါတယ္။

ေပါလ္မာဆန္ရဲ႕ ခန္႔မွန္းမႈကို ဆန္႔က်င္ၿပီး စပါးကြင္းလယ္လူေဟာင္း ေဂ်မီအိုဟာရာကေတာ့ ေတာ့တင္ဟမ္က ၂-၁ နဲ႔ ႏိူင္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဂန္းနားေတြဟာ လြန္ခဲ့တဲ့ ၁၅လ၊ အမ္မရီ စေရာက္ကတည္းက သူတို႔ရဲ႕ အိမ္နီးခ်င္းေတြကိူ အိမ္ကြင္းေလးပြဲမွာ အႏိုင္ယူထားပါတယ္။

စပါးရဲ႕ အဓိက ကစားသမား အဲရစ္ဆင္က ကလပ္မွာ ဆက္႐ွိေနမလားဆိုတာ ပိုခ်က္တီႏိုက ေစာင့္ၾကည့္ေနရတာနဲ႔အတူ အသင္းရဲ႕ အေျခအေနက မတည္ၿငိမ္ခဲ့ပါဘူး။ ကစားသမားက တျခားလိဂ္ေတြနဲ႔ ခ်ိတ္ဆက္မႈေတြ ႐ွိခဲ့တာပါ။ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ နဲ႔ စပိန္တို႔ရဲ႕ အေျပာင္းအေရႊ႔ ကာလက စက္တင္ဘာ ၂ရက္မွ ပိတ္မွာ ျဖစ္ပါတယ္။

လန္ဒန္ကလပ္ ႏွစ္ခုလံုးဟာ ရာသီသစ္မွာ တစ္ပြဲစီ ႐ွံူးနိမ့္ထားၿပီး အာဆင္နယ္က လီဗာပူးကို ၃-၁နဲ႔၊ စပါးက နယူးကာဆယ္ ကို ၁-၀ နဲဲ့ အံအားသင့္စရာ ႐ွံူးခဲ့တာျဖစ္ပါတယ္။နီကိုးလပ္ ပီပီ ေရာက္လာတာက အမ္မရီ ရဲ႕ တိုက္စစ္အတြက္ အ႐ွိန္ျမႇင့္ေစခဲ့ၿပီး စပိန္သားက သူ႔တိုက္စစ္ဟာ ေပါလ္မာဆြန္ ထင္သလို ျဖစ္လာဖို႔ ေမ်ွာ္လင့္ေနပါလိမ့္မယ္။

မာေဆးဆိုဒ္မွာ ႐ွံုးခဲ့ေပမယ့္လဲ အဲ့ပြဲမွာ ဂန္းနားေတြက သူတို႔ရဲ႕ အစြမ္းအစ ေတြကို ျပသခဲ့ၿပီး လီဗာပူးကို ယွဥ္ကစားႏိုင္ခ့ဲပါတယ္။ ဒါေပမယ့္ စပါးကေတာ့ အဲရစ္ဆင္ မပါရင္ ၿငီးေငြ႔ဖြယ္ ေကာင္းခဲ့ၿပီး ကြင္းလယ္ကစားသမားဟာလဲ အနာဂတ္ မေသခ်ာ ျဖစ္ေနတာနဲ႔အတူ ပရီးမီးယားလိဂ္ တစ္ပြဲသာ ပြဲထြက္ ကစားခဲ့ပါတယ္။

Sports Home Time

[Unicode] အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆန်က တနင်္ဂနွေနေ့ မြောက်လန်ဒန် ဒါဘီမှာ အာဆင်နယ်က တော့တင်ဟမ် ဟော့စပါးကို အပြုတ်တိုက်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ အူနိူင်းအမ်မရီရဲ့ အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် နိူင်ပွဲ အတွက် ပိုချက်တီနို ရဲ့ အသင်းကို အနိုင်ယူနိုင်တယ်လို့ ပေါလ်က ပြောခဲ့တာပါ။

“အာဆင်နယ်က ၄-၁ လောက်နဲ့ အေးဆေး နိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ အာဆင်နယ်က စပါးကို စိစိညက်ညက် ကျေစေပါလိမ့်မယ်။ လက်ရှိအချိန်မှာ စပါးက ရုန်းကန်နေရတယ်။ အာဆင်နယ်က စတာနဲ့ ဂိုးအနည်းငယ် သွင်းနိုင်တယ်။ မန်စီးတီးပွဲက စပါးရဲ့ အက်ကြောင်းတွေ ကို ဖုံးကွယ်ပေးခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ” လို့ ပြောခဲ့ပါတယ်။

ပေါလ်မာဆန်ရဲ့ ခန့်မှန်းမှုကို ဆန့်ကျင်ပြီး စပါးကွင်းလယ်လူဟောင်း ဂျေမီအိုဟာရာကတော့ တော့တင်ဟမ်က ၂-၁ နဲ့ နိူင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂန်းနားတွေဟာ လွန်ခဲ့တဲ့ ၁၅လ၊ အမ်မရီ စရောက်ကတည်းက သူတို့ရဲ့ အိမ်နီးချင်းတွေကိူ အိမ်ကွင်းလေးပွဲမှာ အနိုင်ယူထားပါတယ်။

စပါးရဲ့ အဓိက ကစားသမား အဲရစ်ဆင်က ကလပ်မှာ ဆက်ရှိနေမလားဆိုတာ ပိုချက်တီနိုက စောင့်ကြည့်နေရတာနဲ့အတူ အသင်းရဲ့ အခြေအနေက မတည်ငြိမ်ခဲ့ပါဘူး။ ကစားသမားက တခြားလိဂ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့တာပါ။ ပြင်သစ်၊ ဂျာမနီ၊ အီတလီ နဲ့ စပိန်တို့ရဲ့ အပြောင်းအရွှေ့ ကာလက စက်တင်ဘာ ၂ရက်မှ ပိတ်မှာ ဖြစ်ပါတယ်။

လန်ဒန်ကလပ် နှစ်ခုလုံးဟာ ရာသီသစ်မှာ တစ်ပွဲစီ ရှူံးနိမ့်ထားပြီး အာဆင်နယ်က လီဗာပူးကို ၃-၁နဲ့၊ စပါးက နယူးကာဆယ် ကို ၁-၀ နဲ့ အံအားသင့်စရာ ရှူံးခဲ့တာဖြစ်ပါတယ်။နီကိုးလပ် ပီပီ ရောက်လာတာက အမ်မရီ ရဲ့ တိုက်စစ်အတွက် အရှိန်မြှင့်စေခဲ့ပြီး စပိန်သားက သူ့တိုက်စစ်ဟာ ပေါလ်မာဆွန် ထင်သလို ဖြစ်လာဖို့ မျှော်လင့်နေပါလိမ့်မယ်။

မာဆေးဆိုဒ်မှာ ရှုံးခဲ့ပေမယ့်လဲ အဲ့ပွဲမှာ ဂန်းနားတွေက သူတို့ရဲ့ အစွမ်းအစ တွေကို ပြသခဲ့ပြီး လီဗာပူးကို ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါးကတော့ အဲရစ်ဆင် မပါရင် ငြီးငွေ့ဖွယ် ကောင်းခဲ့ပြီး ကွင်းလယ်ကစားသမားဟာလဲ အနာဂတ် မသေချာ ဖြစ်နေတာနဲ့အတူ ပရီးမီးယားလိဂ် တစ်ပွဲသာ ပွဲထွက် ကစားခဲ့ပါတယ်။

Sports Home Time