စပါးက အာဆင္နယ္ကို အႏိုင္ယူႏိုင္တယ္လို႔ ယံုၾကည္ေနၿပီး ေဒးဗစ္လူးဝစ္ အတြက္ ေပ်ာ္ေနတဲ့ လူးကပ္ေမာ္ရာ

[Zawgyi] ေတာ့တင္ဟမ္ဟာ မႏွစ္ကထက္ ပိုမိုေတာင့္တင္းလာၿပီး ၂၀၁၀ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္ မွာ အာဆင္နယ္ ကို အႏိုင္ယူကာ အဲ့ဒါကို ျပသဖို႔အဆင္သင့္ျဖစ္ေနၿပီလို႔ လူးကပ္ေမာ္ရာက ဆိုပါတယ္။ စပါးဟာ ၿပီးခဲ့တဲ့ အပတ္က နယူးကာဆယ္နဲ႔ ပြဲမွာ ႐ုန္းကန္ခဲ့ရၿပီး အံ့အားသင့္ဖြယ္ ႐ွံူးနိမ့္ခဲ့ျ့ပီးေနာက္ ေျမာက္လန္ဒန္ပြဲမွာ ျပန္လာႏိုင္ဖို႔ ဖိအားေတြ ႐ွိေနပါတယ္။

ခ်န္ပီယံလိဂ္ ဖိုင္နယ္ ေရာက္ခဲ့ၿပီးေနာက္ စပါးဟာ ဒီရာသီ ပရီးမီးယားလိဂ္ ဖလားအတြက္ စီးတီးနဲ႔ လီဗာပူး ကို စိန္ေခၚႏိုင္တဲ့ အသင္းအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး စတိဗ္ဘ႐ုစ္ရဲ႕ အသင္းကို ႐ွံုးခဲ့ေပမယ့္လဲ ေမာ္ရာက စိုးရိမ္ေနျခင္း မ႐ွိပါဘူး။

“နယူးကာဆယ္ ကို ႐ွံူးၿပီးေနာက္ ဒါက က်ေနာ္တို႔ အတြက္ ၿပီးျပည့္စံုတဲ့ ပြဲလား? ဟုတ္ပါတယ္။ အခုခ်ိန္မွာ က်ေနာ္တို႔ ေနာက္ျပန္မၾကည့္ပဲ ေ႐ွ႕ဆက္ေလ်ွာက္ဖို႔လိုတယ္၊ အေ႐ွ႕မွာ ခက္ခဲတဲ့ ပြဲေတြ အမ်ားႀကီး ႐ွိတယ္။ နယူးကာဆယ္ ကို ႐ွံူးခဲ့ေပမယ့္ အာဆင္နယ္ နဲ႔ပြဲမွာ က်ေနာ္တို႔ သံုးမွတ္ျပန္ယူႏိုင္တဲ့ အရည္အခ်င္း ႐ွိတယ္လို႔ ယံုၾကည္တယ္။ ဒါက က်ေနာ္တို႔ ေသခ်ာေပါက္ ႀကိဳးစားရမယ့္ အရာပါ။ ”

” ပြဲတိုုင္းက ျခားနားတယ္။ ဒါက ရာသီသစ္ ျဖစ္ၿပီး က်ေနာ္တို႔မွာ ကစားသမားသစ္ေတြ ႐ွိတယ္။ အခု က်ေနာ္တို႔ဟာ ၿပီးခဲ့တဲ့ ရာသီထက္ ပိုၿပီးေတာင့္တင္းလာတယ္လို႔ ထင္တယ္။ ဘယ္ေနရာမဆို က်ေနာ္တို႔ အႏိုင္ယူႏိုင္တယ္လို႔ ယံုၾကည္ပါတယ္။ နယူးကာဆယ္ပြဲက အေတာ္ ဆိုးဝါးတဲ့ ရလဒ္ျဖစ္ခဲ့တယ္။က်ေနာ္တို႔ ႀကိဳးစားခဲ့ေပမယ့္ သူတို႔ကို ရင္ဆိူင္ဖို႔ ခက္ခဲခဲ့တယ္။ အထူးသျဖင့္ သူတို႔က ဂိုးရၿပီးေနာက္ ေဘာလံုးေနာက္မွာ အေသပိတ္ေနၾကတာကိုး။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

အခုခ်ိန္မွာ ေမာ္ရာက ပိုခ်က္တီႏို ရဲ႕ အသင္းအတြက္ အားေဆးျဖစ္ေစမယ့္ အမ္းမရိတ္စ္ကြင္းက ႏိုင္ပြဲကို ပံုေဖာ္ဖို႔ ေမ်ွာ္လင့္ေနပါတယ္။ အာဆင္နယ္ ကြင္းမွာ စပါးတိူ႔ ေနာက္ဆံုးႏိုင္ခဲ့တဲ့ လိဂ္ပြဲဟာ လြန္ခဲ့တဲ့ ကိုးႏွစ္က ျဖစ္ၿပီး ၂-၀နဲ႔ ႐ွံုးေနရာကေန ဂါရတ္ေဘး၊ ရာေဖးဗန္ဒါဗတ္နဲ႔ ကာဘူးတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အႏိုင္ရခဲ့တာပါ။

ဒီတေခါက္ လန္ဒန္ဒါဘီပြဲမွာ ပီအက္စ္ဂ်ီတုန္းက အသင္းေဖာ္ ျဖစ္ခဲ့ဖူးတဲ့ အာဆင္နယ္ ကစားသမားသစ္ ေဒးဗစ္ လူးဝစ္နဲ႔ ၿပိဳင္ဆိုင္ရမွာကို ေမာ္ရာက သေဘာေတြ႔ေနပါတယ္။

“ေဒးဗစ္က အေတာ္ေလး အေတြ႔အၾကံဳ႐ွိတဲ့ ကစားသမားသစ္ ျဖစ္ႁပီး လီဗာပူး ႐ွံုးပြဲအတြက္ ေဝဖန္ခံခဲ့ရၿပီးေနာက္ ဘယ္လိုျဖတ္ေက်ာ္ရမလဲ ဆိုတာ သူသိတယ္။ သိပ္မၾကာခင္ သူ ပိုၿပီးအင္အားေကာင္းလာမွာပါ။ က်ေနာ္ သူ႔အတြက္ ေပ်ာ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒါက သူ႔အတြက္ ေကာင္းမြန္တဲ့ အေျပာင္းအေရႊ႔ ျဖစ္ခဲ့တယ္။ အခု သူနဲ႔က်ေနာ္ ပိုနီးသြားတဲ့အတြက္လဲ ေပ်ာ္ရပါတယ္။”

” သူ က်ေနာ့္အိမ္ကို ပိုၿပီးလြယ္လြယ္ကူကူ လာလည္ႏိူင္တာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ သူ ခ်ယ္ဆီးမွာတုန္းက အေဝးႀကီးေလ။ ဒါေပမယ့္ တနဂၤေႏြေန႔ မွာ သူက က်ေနာ့္ ၿပိဳင္ဘက္ ျဖစ္လာမွာပါ။ က်ေနာ့္အသင္းအတြက္ သံုးမွတ္ရဖို႔ က်ေနာ္ အေကာင္းဆံုး ႀကိဳးစားသြားမွာပါ။ ကြင္းထဲက က်ေနာ္တို႔ရဲ႕ ဆက္ဆံေရးက မတူပါဘူး။ ၿပိဳင္ဘက္က ဘယ္သူပဲ ျဖစ္ျဖစ္ က်ေနာ့္အေနနဲ႔ အႏိုင္ရဖို႔ အေကာင္းဆံုး ႀကိဳးစားဖို႔ လိုပါတယ္။ ” ဆိုၿပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] တော့တင်ဟမ်ဟာ မနှစ်ကထက် ပိုမိုတောင့်တင်းလာပြီး ၂၀၁၀နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် မှာ အာဆင်နယ် ကို အနိုင်ယူကာ အဲ့ဒါကို ပြသဖို့အဆင်သင့်ဖြစ်နေပြီလို့ လူးကပ်မော်ရာက ဆိုပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ အပတ်က နယူးကာဆယ်နဲ့ပွဲမှာ ရုန်းကန်ခဲ့ရပြီး အံ့အားသင့်ဖွယ် ရှူံးနိမ့်ခဲ့ြ့ပီးနောက် မြောက်လန်ဒန်ပွဲမှာ ပြန်လာနိုင်ဖို့ ဖိအားတွေ ရှိနေပါတယ်။

ချန်ပီယံလိဂ် ဖိုင်နယ် ရောက်ခဲ့ပြီးနောက် စပါးဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားအတွက် စီးတီးနဲ့ လီဗာပူး ကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး စတိဗ်ဘရုစ်ရဲ့ အသင်းကို ရှုံးခဲ့ပေမယ့်လဲ မော်ရာက စိုးရိမ်နေခြင်း မရှိပါဘူး။

“နယူးကာဆယ် ကို ရှူံးပြီးနောက် ဒါက ကျနော်တို့ အတွက် ပြီးပြည့်စုံတဲ့ ပွဲလား? ဟုတ်ပါတယ်။ အခုချိန်မှာ ကျနော်တို့ နောက်ပြန်မကြည့်ပဲ ရှေ့ဆက်လျှောက်ဖို့လိုတယ်၊ အရှေ့မှာ ခက်ခဲတဲ့ ပွဲတွေ အများကြီး ရှိတယ်။ နယူးကာဆယ် ကို ရှူံးခဲ့ပေမယ့် အာဆင်နယ် နဲ့ပွဲမှာ ကျနော်တို့ သုံးမှတ်ပြန်ယူနိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ယုံကြည်တယ်။ ဒါက ကျနော်တို့ သေချာပေါက် ကြိုးစားရမယ့် အရာပါ။ ”

” ပွဲတိုင်းက ခြားနားတယ်။ ဒါက ရာသီသစ် ဖြစ်ပြီး ကျနော်တို့မှာ ကစားသမားသစ်တွေ ရှိတယ်။ အခု ကျနော်တို့ဟာ ပြီးခဲ့တဲ့ ရာသီထက် ပိုပြီးတောင့်တင်းလာတယ်လို့ ထင်တယ်။ ဘယ်နေရာမဆို ကျနော်တို့ အနိုင်ယူနိုင်တယ်လို့ ယုံကြည်ပါတယ်။ နယူးကာဆယ်ပွဲက အတော် ဆိုးဝါးတဲ့ ရလဒ်ဖြစ်ခဲ့တယ်။ကျနော်တို့ ကြိုးစားခဲ့ပေမယ့် သူတို့ကို ရင်ဆိူင်ဖို့ ခက်ခဲခဲ့တယ်။ အထူးသဖြင့် သူတို့က ဂိုးရပြီးနောက် ဘောလုံးနောက်မှာ အသေပိတ်နေကြတာကိုး။ ” လို့ ပြောဆိုခဲ့ပါတယ်။

အခုချိန်မှာ မော်ရာက ပိုချက်တီနို ရဲ့ အသင်းအတွက် အားဆေးဖြစ်စေမယ့် အမ်းမရိတ်စ်ကွင်းက နိုင်ပွဲကို ပုံဖော်ဖို့ မျှော်လင့်နေပါတယ်။ အာဆင်နယ် ကွင်းမှာ စပါးတိူ့ နောက်ဆုံးနိုင်ခဲ့တဲ့ လိဂ်ပွဲဟာ လွန်ခဲ့တဲ့ ကိုးနှစ်က ဖြစ်ပြီး ၂-ဝနဲ့ ရှုံးနေရာကနေ ဂါရတ်ဘေး၊ ရာဖေးဗန်ဒါဗတ်နဲ့ ကာဘူးတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တာပါ။ ဒါဘီပွဲမှာ ပီအက်စ်ဂျီတုန်းက အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ အာဆင်နယ် ကစားသမားသစ် ဒေးဗစ် လူးဝစ်နဲ့ ပြိုင်ဆိုင်ရမှာကို မော်ရာက သဘောတွေ့နေပါတယ်။

“ဒေးဗစ်က အတော်လေး အတွေ့အကြုံရှိတဲ့ ကစားသမားသစ် ဖြစ်ပြီး လီဗာပူး ရှုံးပွဲအတွက် ဝေဖန်ခံခဲ့ရပြီးနောက် ဘယ်လိုဖြတ်ကျော်ရမလဲ ဆိုတာ သူသိတယ်။ သိပ်မကြာခင် သူ ပိုပြီးအင်အားကောင်းလာမှာပါ။ ကျနော် သူ့အတွက် ပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါက သူ့အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့တယ်။ အခု သူနဲ့ကျနော် ပိုနီးသွားတဲ့အတွက်လဲ ပျော်ရပါတယ်။”

” သူ ကျနော့်အိမ်ကို ပိုပြီးလွယ်လွယ်ကူကူ လာလည်နိူင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူ ချယ်ဆီးမှာတုန်းက အဝေးကြီးလေ။ ဒါပေမယ့် တနင်္ဂနွေနေ့ မှာ သူက ကျနော့် ပြိုင်ဘက် ဖြစ်လာမှာပါ။ ကျနော့်အသင်းအတွက် သုံးမှတ်ရဖို့ ကျနော် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကွင်းထဲက ကျနော်တို့ရဲ့ ဆက်ဆံရေးက မတူပါဘူး။ ပြိုင်ဘက်က ဘယ်သူပဲ ဖြစ်ဖြစ် ကျနော့်အနေနဲ့ အနိုင်ရဖို့ အကောင်းဆုံး ကြိုးစားဖို့ လိုပါတယ်။ ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sports Home Time