Youth Ranks: ရာသီစမွာတင္ တန္ေၾကး အလြန္အမင္ ခုန္တက္လာတဲ့ ၾကယ္ပြင့္ ၁၀ ဦး

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ စတင္ေနျပီးျဖစ္ျပီး လူငယ္ကစားသမားေတြဟာ သူတို႔ရဲ႕ အလားအလာေကာင္းေတြကို စတင္ကာ ျပသေနျပီျဖစ္ပါတယ္။ အရင္ႏွစ္ေတြက အမ္ဘတ္ပီ၊ ဖီလစ္၊ ပီပီ၊ ပီယာတက္တို႔ ေတာက္ပလာခဲ့သလိုပဲ ဒီရာသီမွာ ကလပ္အသင္းေတြနဲ႔ ေတာက္ပျပီး ေဘာလံုးပရိသတ္ေတြရဲ႕ အာရံုကို ဖမ္းစားမယ့္ လူငယ္ေတြ ေပၚေပါက္လာေနျပီျဖစ္တယ္။

ထိပ္သီးလိဂ္ေတြထဲကမွ ကစားသမားေတြရဲ႕ ရာသီမစခင္ ေစ်းကြက္တန္ေၾကးနဲ႔ အလားအလာရွိတဲ့ တိုးတက္လာတဲ့ တန္ေၾကးေတြကို ကေနျပီး ေရြးထုတ္မႈ လုပ္လာခဲ့တယ္။ ထိပ္တန္းကစားသမားေတြအျဖစ္ အလားအလာရွိျပီး ေစ်းကြက္မွာ တန္ေၾကး ျမင့္တက္ေနတဲ့ လူငယ္ ၁၀ ဦးကို ေလ့လာၾကည့္ပါမယ္။

10. Todd Cantwell, 21, Winger

ေနာ္ဝစ္အသင္းရဲ႕ အဂၤလန္သား တိုက္စစ္သမားဟာ ပရီးမီးယားလိဂ္ သံုးပြဲလံုးမွာ ပါဝင္ကစားခြင့္ ရထားပါတယ္။ ေနာ္ဝစ္အသင္းရဲ႕ home-grown တိုက္စစ္သမားျဖစ္ျပီး ဂိုးေတြအတြက္ ဖန္တီးမႈ ေထာက္ပံ့မႈေတြမွာ အေတာ္ေလး ေကာင္းမြန္ေနသူျဖစ္တယ္။ ဒီေျခစြမ္းေတြကို ဆက္ထိန္းမယ္ဆိုရင္ ထိပ္တန္းအသင္းတစ္သင္းကို ေရာက္ဖုိ႔က ေသခ်ာပါတယ္။ ရာသီစက ေစ်းကြက္တန္ေၾကး ေပါင္ ၁၀ သန္းကေန လက္ရွိမွာ ေပါင္ ၃၀ သန္းထိ ေရာက္ေနပါျပီ။

9. Victor Osimhen, 20, Striker

လိုင္လီအသင္းမွာ ကစားေနတဲ့ ႏုိင္ဂ်ီးရီးယားသား တုိက္စစ္သမားျဖစ္တယ္။ ပီပီေနရာ အစားထိုးဖို႔ ပြဲထုတ္လာျပီး သူကလည္း အာဆင္နယ္ကစားသမားသစ္ လုပ္ျပခဲ့သလို လုပ္ျပႏုိင္ေနပါတယ္။ ဒီေႏြမွာတင္ လိုင္လီက ေပါင္ ၁၀ သန္းနဲ႔ ရခဲ့တာက အေတာ္ေလးကို ေစ်းေပါျပီး ရာသီကုန္မွာ ေပါင္ ၃၀ သန္းထိ တက္သြားႏုိင္ပါတယ္။

8. Ben White, 21, Centre-Back

ဘရိုက္တန္ကေန လိဒ္အသင္းထံ အငွားထြက္ကစားေနတဲ့ အဂၤလန္သားဟာ ခ်န္ပီယံရွစ္အသင္းမွာ ၅ ပြဲပဲ ကစားရေသးေပမယ့္ အေတာ္ေလးကို ထူးခၽြန္ျပေနပါတယ္။ ရွင္းထုတ္မႈ ျဖတ္ထုတ္မႈေတြမွာ ေကာင္းမြန္သူျဖစ္ျပီး ေဘာလံုးကို တည္ျငိမ္စြာ ကိုင္တြယ္ႏုိင္သူျဖစ္တယ္။ ေဘာလံုးပိုင္ဆိုင္မႈကို အားျပဳတဲ့ လိဒ္အသင္းမွာ တိုက္စစ္ပိုင္း အခရာျဖစ္တယ္။ ဘရိုက္တန္ကေတာ့ တကယ္ေက်ာက္ေကာင္းတစ္ပြင့္ကို ပိုင္ဆုိင္ခဲ့တာပါပဲ။ ေစ်းကြက္တန္ေၾကး ေပါင္ ၅ သန္းကေန ေပါင္ ၂၅ သန္းထိ တိုးတက္လာေနပါတယ္။

7. Joe Willock, 20, Central Midfielder

အာဆင္နယ္ရဲ႕ အဂၤလန္သား ကြင္းလယ္လူဟာ ရာသီစပြဲေတြမွာ ပါဝင္ခြင့္ေတြ ရေနပါတယ္။ လန္ဒန္ကလပ္ရဲ႕ အကယ္ဒမီထြက္ ကစားသမားဟာ တိုက္စစ္ကို ပံ့ပိုးေပးမႈနဲ႔ ကြင္းလယ္ ထိန္းေက်ာင္းမႈေတြမွာ ထူးခၽြန္သူျဖစ္တယ္။ လက္ရွိမွာေတာ့ အာဆင္နယ္ရဲ႕ အနာဂတ္အေကာင္းဆံုး ကြင္းလယ္လူျဖစ္ျပီး ရာသီစက ေစ်းကြက္တန္ေၾကး ေပါင္ ၁၅ သန္းကေန လက္ရွိမွာ ႏွစ္ဆုေက်ာ္ တိုးျမင့္ေနပါျပီ။

6. Martin Odegaard, 20, Attacking Midfielder

ရီးရဲလ္မက္ဒရစ္ကေန ဆိုစီဒက္ကို အငွားထြက္ကစားေနတဲ့ ေနာ္ေဝသားဟာ ဒီအဆင့္ကို ေရာက္မယ္ဆိုတာ လြန္ခဲ့တဲ့ ေလးႏွစ္တည္းက ခန္႔မွန္းခံထားရသူပါ။ အေရးပါတဲ့ ေပးမႈေတြ ျပဳလုပ္ႏုိင္သလို ျပိဳင္ဘက္ရဲ႕ ခံစစ္ကို ေက်ာ္ျဖတ္ႏုိင္တဲ့ ေပးမႈေကာင္းေတြ ျမင္ေနရတယ္။ အငွားကစားသမားဘဝ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ သူ႔တန္ဖိုးက ျပန္တက္လာခဲ့တာ ယခင္ ေပါင္ ၁၅ သန္းကေန ယခုမွာ ေပါင္ ၄၀ သန္းထိ ေရာက္လာခဲ့ပါျပီ။

5. Mason Mount, 20, Attacking Midfielder

မႏွစ္က ဒါဘီအသင္းမွာ ေျခစြမ္းျပခဲ့တဲ့ အဂၤလန္ကြင္းလယ္တိုက္စစ္သမားဟာ ဒီရာသီမွာေတာ့ မန္ေနဂ်ာလမ္းပတ္နဲ႔ ခ်ယ္ဆီးအသင္းမွာ ေျခစြမ္းျပေနပါတယ္။ ခ်ယ္ဆီးရဲ႕ အနာဂတ္ ကစားသမားျဖစ္ျပီး အေတြ႔အၾကံဳ ႏုေသးေပမယ့္ တကယ္ကို အထင္ၾကီးစရာပါ။ စြမ္းရည္ေကာင္းရွိျပီး အဆံုးသတ္ပိုင္း ဧရိယာမွာ ထူခၽြန္ေနတဲ့ ေမာင့္ရဲ႕ ေစ်းႏႈန္းက ရာသီစတုန္းက ေပါင္ ၂၀ သန္းျဖစ္ေပမယ့္ လက္ရွိမွာ ေပါင္ ၅၀ သန္း တန္ေၾကးရွိပါတယ္။

4. Dani Ceballos, 23, Central Midfielder

ရီးရဲလ္မက္ဒရစ္ အငွားကစားသမားေလးဟာ လန္ဒန္ကလပ္မွာေတာ့ အထင္ၾကီးဖြယ္ပါပဲ။ ရာသီကုန္ရင္ စပိန္ေျမကို ျပန္သြားႏုိင္ေပမယ့္ အာဆင္နယ္က အျပီးသတ္ ေခၚယူမယ္ဆိုရင္ ေႏြတုန္းကလို ေပါင္ ၄၀ သန္းေလာက္ ေစ်းေပါက္ေနတာ မဟုတ္ေတာ့ပါဘူး။ အျပီးသတ္ဝယ္ယူခြင့္ မပါဝင္တဲ့ စပိန္သားရဲ႕ ေစ်းႏႈန္းဟာ ႏွစ္ဆေလာက္ထိ တက္သြားရေအာင္ သူက ေကာင္းမြန္ေနပါတယ္။

3. Lisandro Martinez, 21, Centre-Back

ေအဂ်က္အသင္းဟာ အသင္းေခါင္းေဆာင္ ဒီလစ္ကို လက္လြတ္ရတဲ့ေနာက္ အာဂ်င္တီးနား ခံစစ္သမားကို စင္တင္လာခဲ့ပါတယ္။ ျပည္တြင္းျပိဳင္ပြဲနဲ႔ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲေတြမွာ ထူးခၽြန္ေနတဲ့ ဗဟိုခံစစ္မွဴးဟာ တိုက္ခိုက္လိုစိတ္ ရွိသူျဖစ္တယ္။ သူ႔အတြက္ ေပါင္ ၆.၃ သန္းပဲ သံုးခဲ့ရေပမယ့္ ရာသီကုန္မွာေတာ့ ေပါင္ ၄၀ သန္းေလာက္ ေစ်းေရာက္ခဲ့ရင္ အံ့ၾသစရာ မဟုတ္ပါဘူး။

2. Eduardo Camavinga, 16, Central Midfielder

ျပင္သစ္ကလပ္ ရီးနက္အသင္းမွာ ေျခစြမ္းျပေနတဲ့ အန္ဂိုလိုကြင္းလယ္လူဟာ အခုမွ အသက္ ၁၆ ႏွစ္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္လည္း စီနီယာအသင္းမွာ ျပသႏုိင္တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ထိပ္တန္းအသင္းေတြရဲ႕ ေစာင့္ၾကည့္ခံရမႈ စာရင္းမွာ ထိပ္တန္းတစ္ေနရာက ပါဝင္ေနျပီျဖစ္တယ္။ အသက္ ၁၆ ႏွစ္အရြယ္ ကစားသမားရဲ႕ တန္ေၾကးက ေပါင္ ၆၀ သန္းထိ ေရာက္လာတာေတာ့ တကယ္ကို ရူးသြပ္စရာပါပဲ။

1. Jadon Sancho, 19, Winger

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းမွ ေတာင္ပံသမား ဆန္ခ်ိဳဟာ တစ္ရာသီေကာင္း မဟုတ္ဘူးဆိုတာ သက္ေသျပေနပါတယ္။ ရာသီအစမွာတင္ သူ႔ရဲ႕ ေျခစြမ္းကို ေလ့လာခြင့္အရေတာ့ တကယ္ကို စိတ္လႈပ္ရွားစရာ ကစားသမားျဖစ္တယ္။ ေႏြတုန္းက ေပါင္ သန္း ၁၀၀ ေစ်းေပါက္ခဲ့တဲ့ မန္စီးတီးအသင္းသားေဟာင္းကို ပရီးမီးယားလိဂ္ဘက္က ကမ္းလွမ္းမႈေတြ လုပ္ခဲ့ေပမယ့္ ေဒါ့မြန္က ပယ္ခ်ခဲ့တာပါ။ မွန္ကန္တဲ့ ေရြးခ်ယ္မႈျဖစ္ျပီး မၾကာခင္မွာ ဆန္ခ်ိဳရဲ႔တန္ေၾကးက ေပါင္ သန္း ၂၀၀ ကို ေရာက္ရွိပါေတာ့မယ္။

Sports Home Time

[Unicode] ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ စတင်နေပြီးဖြစ်ပြီး လူငယ်ကစားသမားတွေဟာ သူတို့ရဲ့ အလားအလာကောင်းတွေကို စတင်ကာ ပြသနေပြီဖြစ်ပါတယ်။ အရင်နှစ်တွေက အမ်ဘတ်ပီ၊ ဖီလစ်၊ ပီပီ၊ ပီယာတက်တို့ တောက်ပလာခဲ့သလိုပဲ ဒီရာသီမှာ ကလပ်အသင်းတွေနဲ့ တောက်ပပြီး ဘောလုံးပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားမယ့် လူငယ်တွေ ပေါ်ပေါက်လာနေပြီဖြစ်တယ်။

ထိပ်သီးလိဂ်တွေထဲကမှ ကစားသမားတွေရဲ့ ရာသီမစခင် ဈေးကွက်တန်ကြေးနဲ့ အလားအလာရှိတဲ့ တိုးတက်လာတဲ့ တန်ကြေးတွေကို ရွေးထုတ်မှု လုပ်လာခဲ့တယ်။ ထိပ်တန်းကစားသမားတွေအဖြစ် အလားအလာရှိပြီး ဈေးကွက်မှာ တန်ကြေး မြင့်တက်နေတဲ့ လူငယ် ၁၀ ဦးကို လေ့လာကြည့်ပါမယ်။

10. Todd Cantwell, 21, Winger

နော်ဝစ်အသင်းရဲ့ အင်္ဂလန်သား တိုက်စစ်သမားဟာ ပရီးမီးယားလိဂ် သုံးပွဲလုံးမှာ ပါဝင်ကစားခွင့် ရထားပါတယ်။ နော်ဝစ်အသင်းရဲ့ home-grown တိုက်စစ်သမားဖြစ်ပြီး ဂိုးတွေအတွက် ဖန်တီးမှု ထောက်ပံ့မှုတွေမှာ အတော်လေး ကောင်းမွန်နေသူဖြစ်တယ်။ ဒီခြေစွမ်းတွေကို ဆက်ထိန်းမယ်ဆိုရင် ထိပ်တန်းအသင်းတစ်သင်းကို ရောက်ဖို့က သေချာပါတယ်။ ရာသီစက ဈေးကွက်တန်ကြေး ပေါင် ၁၀ သန်းကနေ လက်ရှိမှာ ပေါင် ၃၀ သန်းထိ ရောက်နေပါပြီ။

9. Victor Osimhen, 20, Striker

လိုင်လီအသင်းမှာ ကစားနေတဲ့ နိုင်ဂျီးရီးယားသား တိုက်စစ်သမားဖြစ်တယ်။ ပီပီနေရာ အစားထိုးဖို့ ပွဲထုတ်လာပြီး သူကလည်း အာဆင်နယ်ကစားသမားသစ် လုပ်ပြခဲ့သလို လုပ်ပြနိုင်နေပါတယ်။ ဒီနွေမှာတင် လိုင်လီက ပေါင် ၁၀ သန်းနဲ့ ရခဲ့တာက အတော်လေးကို ဈေးပေါပြီး ရာသီကုန်မှာ ပေါင် ၃၀ သန်းထိ တက်သွားနိုင်ပါတယ်။

8. Ben White, 21, Centre-Back

ဘရိုက်တန်ကနေ လိဒ်အသင်းထံ အငှားထွက်ကစားနေတဲ့ အင်္ဂလန်သားဟာ ချန်ပီယံရှစ်အသင်းမှာ ၅ ပွဲပဲ ကစားရသေးပေမယ့် အတော်လေးကို ထူးချွန်ပြနေပါတယ်။ ရှင်းထုတ်မှု ဖြတ်ထုတ်မှုတွေမှာ ကောင်းမွန်သူဖြစ်ပြီး ဘောလုံးကို တည်ငြိမ်စွာ ကိုင်တွယ်နိုင်သူဖြစ်တယ်။ ဘောလုံးပိုင်ဆိုင်မှုကို အားပြုတဲ့ လိဒ်အသင်းမှာ တိုက်စစ်ပိုင်း အခရာဖြစ်တယ်။ ဘရိုက်တန်ကတော့ တကယ်ကျောက်ကောင်းတစ်ပွင့်ကို ပိုင်ဆိုင်ခဲ့တာပါပဲ။ ဈေးကွက်တန်ကြေး ပေါင် ၅ သန်းကနေ ပေါင် ၂၅ သန်းထိ တိုးတက်လာနေပါတယ်။

7. Joe Willock, 20, Central Midfielder

အာဆင်နယ်ရဲ့ အင်္ဂလန်သား ကွင်းလယ်လူဟာ ရာသီစပွဲတွေမှာ ပါဝင်ခွင့်တွေ ရနေပါတယ်။ လန်ဒန်ကလပ်ရဲ့ အကယ်ဒမီထွက် ကစားသမားဟာ တိုက်စစ်ကို ပံ့ပိုးပေးမှုနဲ့ ကွင်းလယ် ထိန်းကျောင်းမှုတွေမှာ ထူးချွန်သူဖြစ်တယ်။ လက်ရှိမှာတော့ အာဆင်နယ်ရဲ့ အနာဂတ်အကောင်းဆုံး ကွင်းလယ်လူဖြစ်ပြီး ရာသီစက ဈေးကွက်တန်ကြေး ပေါင် ၁၅ သန်းကနေ လက်ရှိမှာ နှစ်ဆုကျော် တိုးမြင့်နေပါပြီ။

6. Martin Odegaard, 20, Attacking Midfielder

ရီးရဲလ်မက်ဒရစ်ကနေ ဆိုစီဒက်ကို အငှားထွက်ကစားနေတဲ့ နော်ဝေသားဟာ ဒီအဆင့်ကို ရောက်မယ်ဆိုတာ လွန်ခဲ့တဲ့ လေးနှစ်တည်းက ခန့်မှန်းခံထားရသူပါ။ အရေးပါတဲ့ ပေးမှုတွေ ပြုလုပ်နိုင်သလို ပြိုင်ဘက်ရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်တဲ့ ပေးမှုကောင်းတွေ မြင်နေရတယ်။ အငှားကစားသမားဘဝ စွမ်းဆောင်ရည်ကောင်းတွေကြောင့် သူ့တန်ဖိုးက ပြန်တက်လာခဲ့တာ ယခင် ပေါင် ၁၅ သန်းကနေ ယခုမှာ ပေါင် ၄၀ သန်းထိ ရောက်လာခဲ့ပါပြီ။

5. Mason Mount, 20, Attacking Midfielder

မနှစ်က ဒါဘီအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်သမားဟာ ဒီရာသီမှာတော့ မန်နေဂျာလမ်းပတ်နဲ့ ချယ်ဆီးအသင်းမှာ ခြေစွမ်းပြနေပါတယ်။ ချယ်ဆီးရဲ့ အနာဂတ် ကစားသမားဖြစ်ပြီး အတွေ့အကြုံ နုသေးပေမယ့် တကယ်ကို အထင်ကြီးစရာပါ။ စွမ်းရည်ကောင်းရှိပြီး အဆုံးသတ်ပိုင်း ဧရိယာမှာ ထူချွန်နေတဲ့ မောင့်ရဲ့ ဈေးနှုန်းက ရာသီစတုန်းက ပေါင် ၂၀ သန်းဖြစ်ပေမယ့် လက်ရှိမှာ ပေါင် ၅၀ သန်း တန်ကြေးရှိပါတယ်။

4. Dani Ceballos, 23, Central Midfielder

ရီးရဲလ်မက်ဒရစ် အငှားကစားသမားလေးဟာ လန်ဒန်ကလပ်မှာတော့ အထင်ကြီးဖွယ်ပါပဲ။ ရာသီကုန်ရင် စပိန်မြေကို ပြန်သွားနိုင်ပေမယ့် အာဆင်နယ်က အပြီးသတ် ခေါ်ယူမယ်ဆိုရင် နွေတုန်းကလို ပေါင် ၄၀ သန်းလောက် ဈေးပေါက်နေတာ မဟုတ်တော့ပါဘူး။ အပြီးသတ်ဝယ်ယူခွင့် မပါဝင်တဲ့ စပိန်သားရဲ့ ဈေးနှုန်းဟာ နှစ်ဆလောက်ထိ တက်သွားရအောင် သူက ကောင်းမွန်နေပါတယ်။

3. Lisandro Martinez, 21, Centre-Back

အေဂျက်အသင်းဟာ အသင်းခေါင်းဆောင် ဒီလစ်ကို လက်လွတ်ရတဲ့နောက် အာဂျင်တီးနား ခံစစ်သမားကို စင်တင်လာခဲ့ပါတယ်။ ပြည်တွင်းပြိုင်ပွဲနဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲတွေမှာ ထူးချွန်နေတဲ့ ဗဟိုခံစစ်မှူးဟာ တိုက်ခိုက်လိုစိတ် ရှိသူဖြစ်တယ်။ သူ့အတွက် ပေါင် ၆.၃ သန်းပဲ သုံးခဲ့ရပေမယ့် ရာသီကုန်မှာတော့ ပေါင် ၄၀ သန်းလောက် ဈေးရောက်ခဲ့ရင် အံ့သြစရာ မဟုတ်ပါဘူး။

2. Eduardo Camavinga, 16, Central Midfielder

ပြင်သစ်ကလပ် ရီးနက်အသင်းမှာ ခြေစွမ်းပြနေတဲ့ အန်ဂိုလိုကွင်းလယ်လူဟာ အခုမှ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း စီနီယာအသင်းမှာ ပြသနိုင်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ထိပ်တန်းအသင်းတွေရဲ့ စောင့်ကြည့်ခံရမှု စာရင်းမှာ ထိပ်တန်းတစ်နေရာက ပါဝင်နေပြီဖြစ်တယ်။ အသက် ၁၆ နှစ်အရွယ် ကစားသမားရဲ့ တန်ကြေးက ပေါင် ၆၀ သန်းထိ ရောက်လာတာတော့ တကယ်ကို ရူးသွပ်စရာပါပဲ။

1. Jadon Sancho, 19, Winger

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းမှ တောင်ပံသမား ဆန်ချိုဟာ တစ်ရာသီကောင်း မဟုတ်ဘူးဆိုတာ သက်သေပြနေပါတယ်။ ရာသီအစမှာတင် သူ့ရဲ့ ခြေစွမ်းကို လေ့လာခွင့်အရတော့ တကယ်ကို စိတ်လှုပ်ရှားစရာ ကစားသမားဖြစ်တယ်။ နွေတုန်းက ပေါင် သန်း ၁၀၀ ဈေးပေါက်ခဲ့တဲ့ မန်စီးတီးအသင်းသားဟောင်းကို ပရီးမီးယားလိဂ်ဘက်က ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် ဒေါ့မွန်က ပယ်ချခဲ့တာပါ။ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပြီး မကြာခင်မှာ ဆန်ချိုရဲ့တန်ကြေးက ပေါင် သန်း ၂၀၀ ကို ရောက်ရှိပါတော့မယ်။

Sports Home Time