VAR ရဲ႕ ပင္နယ္တီ ဆံုးျဖတ္ခ်က္ေတြက လက္ခံဖို႔ ခဲယဥ္းပါတယ္ဆိုတဲ့ ဟယ္ရီကိန္း

စပါးက အိမ္ကြင္းမွာ နယူးကာဆယ္ကို ၁-၀ နဲ႔ အေရးနိမ့္တဲ့ပြဲအတြင္း VAR ဆံုးျဖတ္ခ်က္ေတြမွာ အသာမရခဲ့ျခင္းအေပၚ တိုက္စစ္မွဴး ဟယ္ရီကိန္းက စိတ္ပ်က္ေနျပီး VAR ဟာ အေျပာင္းအလဲေတြ လုပ္သင့္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

တနဂၤေႏြေန႔က အိမ္ကြင္းမွာ နယူးကာဆယ္ကို ရင္ဆိုင္ျပီး ၁-၀ ရလဒ္ထြက္ေပၚေနခ်ိန္ ပြဲျပီးခါနီး ၁၀ မိနစ္ေလာက္မွာ နယူးကာဆယ္ ခံစစ္သမားက ဟယ္ရီကိန္းနဲ႔ ထိေတြ႔မႈျဖစ္ခဲ့ျပီး ဧရိယာထဲ လဲက်ခဲ့ၾကတာပါ။ ဒါေပမယ့္ ကြင္းလယ္လူ မုိက္ဒင္းက ပင္နယ္တီ မေပးခဲ့သလို VAR အဆံုးအျဖတ္ ခံယူရာမွာလည္း ပင္နယ္တီအျဖစ္ သက္မွတ္ေပးခဲ့ျခင္း မရွိပါဘူး။

ပင္နယ္တီျဖစ္ရပ္အတြက္ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းက ေျပာရာမွာ ” ပင္နယ္တီ ဘာလို႔ မရသလဲဆိုတာ နားလည္လက္ခံဖို႔ ခက္ခဲပါတယ္။ ဂိုးသမားေတြလိုပါပဲ လက္ေမာင္းကို သံုးျပီး လဲက်ေအာင္ လုပ္ခဲ့ရင္ ဒါက ပင္နယ္တီ ျဖစ္ရမွာပါ။

သူ႔ရဲ႕(Lascelles) လက္ေမာင္းနဲ႔ တိုက္မိခဲ့ျပီး သူ႔အေပၚ လဲက်ခဲ့တယ္။ ရည္ရြယ္ခ်က္ရွိတာျဖစ္ျဖစ္ မရွိဘူးျဖစ္ျဖစ္ က်ေနာ္ရဲ႕ အျမင္မွာေတာ့ ဒါကို ပင္နယ္တီ မဟုတ္ဘူးလို႔ သက္မွတ္တာကို လက္ခံဖို႔က ခက္ခဲပါတယ္။ ကြင္းထဲမွာ ဒိုင္လူၾကီးေတြက အကူအညီျဖစ္ေစဖို႔ပါ။ ဒါေပမယ့္ သူက မသိဘူး၊ မျမင္ဘူးလို႔ ေျပာခဲ့တယ္။

အဲ့သည္မွာ VAR နဲ႔ စစ္ေဆးဖို႔ ျဖစ္လာရတာပါပဲ။ သူက ပင္နယ္တီ မဟုတ္ဘူးလို႔ေျပာျပီး VAR က ၅၀-၅၀ လို႔ ေျပာတယ္။ သေဘာတူလိုက္ဖို႔ပဲ ရွိပါတယ္။ ဘာေတြေျပာၾကလဲေတာ့ မသိပါဘူး။ သူ မျမင္လိုက္ဘူးလို႔ ေျပာတာ ျဖစ္ေကာင္းျဖစ္မွာေပါ့ က်ေနာ္ကေတာ့ လက္ခံဖို႔ ခက္ခဲပါတယ္။ တစ္ခါတစ္ေလမွာ VAR က အကူအညီျဖစ္ေပမယ့္ တစ္ခါတစ္ေလေတာ့ မျဖစ္ပါဘူး။ နယူးကာဆယ္နဲ႔ပြဲမွာ အကူအညီ မျဖစ္ခဲ့ဘူးလို႔ ခံစားရတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ဟာ ပင္နယ္တီ ျပစ္ဒဏ္ေတြကို သံုးသပ္မႈမွာ အျမင္ေတြ အမ်ိဳးမ်ိဳး ရွိေနသလို လိဂ္အေစာပိုင္း ကာလမွာတင္ စနစ္ဟာ ေဝဖန္ခံရမႈေတြ၊ ျပန္လည္သံုးသပ္ဖို႔ ေတာင္းဆိုမႈေတြ မ်ားျပားေနတာပါ။ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြကေတာ့ VAR အဆံုးအျဖတ္ ကိစၥေတြကို ျပန္လည္စိစစ္မႈေတြ ျပဳလုပ္ဖို႔လည္း တုိင္ပင္ေနၾကပါတယ္။

Sports Home Time

[Unicode] စပါးက အိမ်ကွင်းမှာ နယူးကာဆယ်ကို ၁-၀ နဲ့ အရေးနိမ့်တဲ့ပွဲအတွင်း VAR ဆုံးဖြတ်ချက်တွေမှာ အသာမရခဲ့ခြင်းအပေါ် တိုက်စစ်မှူး ဟယ်ရီကိန်းက စိတ်ပျက်နေပြီး VAR ဟာ အပြောင်းအလဲတွေ လုပ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က အိမ်ကွင်းမှာ နယူးကာဆယ်ကို ရင်ဆိုင်ပြီး ၁-၀ ရလဒ်ထွက်ပေါ်နေချိန် ပွဲပြီးခါနီး ၁၀ မိနစ်လောက်မှာ နယူးကာဆယ် ခံစစ်သမားက ဟယ်ရီကိန်းနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး ဧရိယာထဲ လဲကျခဲ့ကြတာပါ။ ဒါပေမယ့် ကွင်းလယ်လူ မိုက်ဒင်းက ပင်နယ်တီ မပေးခဲ့သလို VAR အဆုံးအဖြတ် ခံယူရာမှာလည်း ပင်နယ်တီအဖြစ် သက်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။

ပင်နယ်တီဖြစ်ရပ်အတွက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောရာမှာ ” ပင်နယ်တီ ဘာလို့ မရသလဲဆိုတာ နားလည်လက်ခံဖို့ ခက်ခဲပါတယ်။ ဂိုးသမားတွေလိုပါပဲ လက်မောင်းကို သုံးပြီး လဲကျအောင် လုပ်ခဲ့ရင် ဒါက ပင်နယ်တီ ဖြစ်ရမှာပါ။

သူ့ရဲ့(Lascelles) လက်မောင်းနဲ့ တိုက်မိခဲ့ပြီး သူ့အပေါ် လဲကျခဲ့တယ်။ ရည်ရွယ်ချက်ရှိတာဖြစ်ဖြစ် မရှိဘူးဖြစ်ဖြစ် ကျနော်ရဲ့ အမြင်မှာတော့ ဒါကို ပင်နယ်တီ မဟုတ်ဘူးလို့ သက်မှတ်တာကို လက်ခံဖို့က ခက်ခဲပါတယ်။ ကွင်းထဲမှာ ဒိုင်လူကြီးတွေက အကူအညီဖြစ်စေဖို့ပါ။ ဒါပေမယ့် သူက မသိဘူး၊ မမြင်ဘူးလို့ ပြောခဲ့တယ်။

အဲ့သည်မှာ VAR နဲ့ စစ်ဆေးဖို့ ဖြစ်လာရတာပါပဲ။ သူက ပင်နယ်တီ မဟုတ်ဘူးလို့ပြောပြီး VAR က ၅၀-၅၀ လို့ ပြောတယ်။ သဘောတူလိုက်ဖို့ပဲ ရှိပါတယ်။ ဘာတွေပြောကြလဲတော့ မသိပါဘူး။ သူ မမြင်လိုက်ဘူးလို့ ပြောတာ ဖြစ်ကောင်းဖြစ်မှာပေါ့ ကျနော်ကတော့ လက်ခံဖို့ ခက်ခဲပါတယ်။ တစ်ခါတစ်လေမှာ VAR က အကူအညီဖြစ်ပေမယ့် တစ်ခါတစ်လေတော့ မဖြစ်ပါဘူး။ နယူးကာဆယ်နဲ့ပွဲမှာ အကူအညီ မဖြစ်ခဲ့ဘူးလို့ ခံစားရတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ်ဟာ ပင်နယ်တီ ပြစ်ဒဏ်တွေကို သုံးသပ်မှုမှာ အမြင်တွေ အမျိုးမျိုး ရှိနေသလို လိဂ်အစောပိုင်း ကာလမှာတင် စနစ်ဟာ ဝေဖန်ခံရမှုတွေ၊ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုမှုတွေ များပြားနေတာပါ။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ VAR အဆုံးအဖြတ် ကိစ္စတွေကို ပြန်လည်စိစစ်မှုတွေ ပြုလုပ်ဖို့လည်း တိုင်ပင်နေကြပါတယ်။

Sports Home Time