ေဆာင္းပါး | အစြန္လူဆိုတဲ့ အနက္ကို အဓိပၸာယ္ေျပာင္းဖြင့္ေနတဲ့ ပါရမီရွင္ေလး ထရန္႔

အီတလီတိုက္စစ္မွဴးေဟာင္းၾကီး Gianluca Vialli က စကားတခြန္းေျပာခဲ့တာရွိတယ္။ ပံုမွန္အားျဖင့္ေတာ့ အစြန္လူဆိုတာက အသင္းတစ္သင္းမွာ အညံ့ဆံုးပဲ။ သူက တိုက္စစ္ပိုေကာင္းရင္ ေတာင္ပံသမားလို ကစားႏိုင္ျပီး ခံစစ္ပိုေကာင္းရင္ေတာ့ ဗဟိုခံစစ္သမားလိုလည္း ကစားႏုိင္တယ္လုိ႔ျဖစ္တယ္။

တူညီတဲ့ သီအိုရီတစ္ခုကို လီဗာပူးဗဟိုခံစစ္သမား ကာေရဂါကလည္း ေျပာခဲ့ပါတယ္။ ဘယ္ကစားသမားကမွ အစြန္လူအျဖစ္နဲ႔ ကစားျပီး တိုးတက္လာဖို႔ ဆႏၵမရွိပါဘူးတဲ့။ ဒီစကားက ဂယ္ရီနဗီးကို တိုက္ရိုက္ ဖဲ့ခဲ့တာက ၅၀% ျဖစ္ႏုိင္ပါတယ္။

ေမာ္ရင္ညိဳကလည္း သူၾကိဳက္ရတဲ့ ညာအစြန္လူ Paulo Ferreira နဲ႔ ပက္သက္ျပီး ဒီလိုေျပာဖူးတယ္။ ” သူက ပြဲမွာ ဘယ္ေတာ့မွ အေကာင္းဆံုးကစားသမား မဟုတ္ဘူး။ ဒါေပမယ့္ အမွတ္ ၁၀ ေပးရင္ အျမဲတမ္း ၇ ေလာက္ရတတ္တဲ့သူပဲ ” လို႔ ျဖစ္တယ္။

ကမၻာေဘာလံုးေလာကၾကီးက အေျပာင္းအလဲ ျဖစ္သြားခဲ့ပါျပီ။ အစြန္သမားေတြရဲ႕ ကစားဟန္နဲ႔ပက္သက္လို႔ ေတာ္လွန္ေျပာင္းလဲမႈတစ္ခုကလည္း စတင္ခဲ့တာ ဆယ္ဆုႏွစ္ ၾကာခဲ့ျပီျဖစ္တယ္။ ဒါေပမယ့္လို႔ အစြန္သမားနဲ႔ ပက္သက္လို႔ အခ်က္သံုးခ်က္နဲ႔ အကဲျဖတ္ေနၾကဆဲပါပဲ။

၁) သူ႔ရဲ႕ေနရာကို ဘယ္ေလာက္ေကာင္းေကာင္း ကစားႏုိင္သလဲနဲ႔ ရင္ဆိုင္ရတဲ့ ျပိဳင္ဘက္ ေတာင္ပံသမားထက္ ပိုေကာင္းသလား
၂) တိုက္စစ္လိုက္မႈေတြမွာ ျဖတ္တင္ေဘာကို ဘယ္ေလာက္ထိ ထိေရာက္စြာ ပံ့ပိုးေပးႏုိင္သလဲ
၃) ဒီအလုပ္ႏွစ္ခုအတြက္ ရုပ္ပိုင္းဆိုင္ရာ ဘယ္ေလာက္ထိ အားသန္သလဲ၊ ကြင္းအတြင္းမွာ အတက္အဆင္းကို တည္တည္ျငိမ္ျငိမ္နဲ႔ ျပင္းထန္စြာ လုပ္ႏုိင္သလား

အစြန္သမားေတြက ပံုမွန္အားျဖင့္ေတာ့ ေဘာလံုးပိုင္ဆိုင္မႈေတြမွာနဲ႔ ဖန္တီးမႈေတြမွာ ပါဝင္ေပးႏုိင္မႈနဲ႔ ပက္သက္ျပီး တြက္ခ်က္ခံရမႈေတြလည္း ရွိပါတယ္။ အျခားေသာ ေနရာေတြကေတာ့ ပိုျပီးေလးစားခံရမႈေတြ ရွိလာခဲ့ပါျပီ။ ဂိုးသမားတစ္ဦးကို sweeper-keeper အျဖစ္ အသံုးျပဳမႈကေန တိုက္စစ္သမားကို false 9 အျဖစ္ အသံုးျပဳတဲ့ ေျပာင္းလဲျခင္းေတြလိုေပါ့။ အားလံုးက ေနရာေတြကို ပေရာ္ဖက္ရွင္နယ္က်က် သံုးသပ္မႈနဲ႔ ေလးစားမႈေတြ ေပးလာၾကျပီျဖစ္ပါတယ္။

ဒါေပမယ့္ အစြန္သမားတစ္ေယာက္နဲ႔ ပက္သက္လာရင္ေတာ့ ပြဲအေပၚမွာ အျမင္ဘယ္ေလာက္ရွိလဲ? ေဘာလံုးကို သက္ေသာင့္သက္သာ ကစားႏုိင္လား? ေပးမႈေကာင္းေတြ လုပ္ႏုိင္လား? ဒီလို ဆယ္ဆုႏွစ္ၾကာ ကိုင္စြဲထားတဲ့ အျမင္ေတြက အမ်ားၾကီး မတိုးတက္လာေသးပါဘူး။ ဒန္နီအဲဗက္စ္နဲ႔ ဖီလစ္လမ္းတို႔ဟာ လုပ္အားႏႈန္းနဲ႔ ေဘာလံုးပိုင္ဆုိင္မႈေတြမွာ ကစားႏုိင္စြမ္းေတြအတြက္ အထူး အသိအမွတ္ျပဳခံရတယ္။ သူတို႔က ကြင္းလယ္လူတစ္ေယာက္လိုေတာင္ ေဘာလံုးကစားႏုိင္ပါတယ္။ ႏွစ္ဦးကလည္း ကြင္းလယ္သမားေတြနဲ႔ တြဲဘက္ျပီး ဖန္တီးရွင္ေတြလုိေတာင္ ကစားခဲ့ၾကတာျဖစ္တယ္။

အဂၤလန္ျပင္လိဂ္မွာ အစြန္လူေတြကို အသံုးခ်မႈနဲ႔ အထင္ၾကီးမႈေတြ မ်ားစြာ ရွိလာေနေပမယ့္ ထရန္႔ အလက္ဇႏၵါး အာႏိုးနဲ႔ ပက္သက္လာရင္ေတာ့ ေလးစားခံရမႈက ထိုက္သင့္သေလာက္ မရေသးပါဘူး။ လီဗာပူးဟာ ဖန္တီးရွင္မရွိတဲ့ အသင္းတစ္သင္းပါ။ ေကာ္တင္ညိဳကို လက္လြတ္ရတဲ့ေနာက္ ယာဂင္ကေလာ့ပ္ဟာ ဖန္တီးရွင္ဆိုတဲ့ ကစားသမားမ်ိဳးကို ထပ္မလိုခ်င္ေတာ့ပါဘူး။ ဖာဘင္ညိဳဟာ တကယ္တမ္းေတာ့ တည္ျငိမ္တဲ့ holding player တစ္ဦးပဲျဖစ္တယ္။ ေဘာလံုးပိုင္ဆိုင္မႈမွာ သင့္ေတာ္ေကာင္းမြန္ေပမယ့္လို႔ သူက ပီယာလိုကဲ့သို႔ ကစားသမား မဟုတ္ပါဘူး။

ဟန္ဒို၊ ဂီနီ၊ မီလ္နာတို႔ကေတာ့ လုပ္အားကို အားျပဳတဲ့ ကြင္းလယ္လူေတြပါ။ ကိတ္တာကေတာ့ အေျခမက်ေသးဘူး။ လယ္လာနာနဲ႔ ရွာကီြရီကလည္း ပံုမွန္ေနရာမရဘူး။ ဖာမင္ႏိုကေတာ့ false 9 ထက္စာရင္ တိုက္စစ္သမား စစ္စစ္ေနရာကို တိုးျမင့္ကစားေနရတယ္။ ဒီေတာ့ လီဗာပူးရဲ႕ ဖန္တီးမႈအားလံုးက ညာျခမ္းအစြန္သမားကေန လာပါတယ္။ ကလပ္အသင္းတစ္သင္းက ညာအစြန္လူကို အသက္ေသြေၾကးအျဖစ္ အသံုးျပဳတာမ်ိဳး ေမာ္ဒန္ေဘာလံုးေလာကမွ မရွိပါဘူး။ ဘယ္သူမွလည္း စဥ္းစားလို႔ရမွာ မဟုတ္ဘူး။

ထရန္႔ဟာ မႏွစ္တုန္းက ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္ လုပ္ခဲ့ပါတယ္။ လီဗာပူးကြင္းလယ္လူ အားလံုးေပါင္းထက္ ၃ ၾကိမ္ ပိုမ်ားခဲ့တယ္။ ဖာမင္ႏိုရဲ႕ ၂ ဆျဖစ္ျပီး ဆာလက္ထက္ ၅၀% ပိုမ်ားပါတယ္။ ဘယ္အစြန္က ေရာ္ဘတ္ဆန္ထက္ေတာင္ တစ္ၾကိမ္ ပိုမ်ားခဲ့ေသးတယ္။ မႏွစ္က လီဗာပူးက ဝတ္ဖိုဒ့္ကို ၅-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ သြင္းဂိုးအားလံုးက ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တို႔ရဲ႕ ဂိုးေထာက္ပံ့ေပးမႈေတြ ျဖစ္ခဲ့ပါတယ္။

ေရာ္ဘတ္ဆန္က ေမာ္ဒန္အစြန္လူပံုစံမ်ိဳးပါ။ တိုက္စစ္ကိုလိုက္တယ္၊ သူက ျဖတ္တင္ေဘာရွင္ျဖစ္တယ္။ ထရန္႔ကေတာ့ မတူပါဘူး။ သူက ပါရမီရွင္ ဖန္တီးရွင္ပါ။ သူက ျဖတ္တင္ေဘာေတြ ေပးတာေတာ့ ဟုတ္တယ္ ဒါေပမယ့္ ခံစစ္ကေန ကြင္းလယ္နဲ႔ ခ်ိတ္ဆက္ျပီး တိုက္စစ္ကုိ တိုက္ရိုက္ေပးတဲ့ lofted through-balls နဲ႔ တိုက္စစ္သမားကို အျမန္ေပးတဲ့ fires quick passes ေပးမႈေတြကို လုပ္ႏုိင္သူျဖစ္တယ္။ သူက ေတာင္ပံကေန ဧရိယာထဲကို ခ်ိဳးခ်ဝင္ေရာက္ျပီး ဘယ္ေျခနဲ႔လည္း ျခိမ္းေျခာက္မႈ လုပ္ႏုိင္ပါတယ္။

အာဆင္နယ္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ပြဲအျပီး အမ္မရီက သူတို႔နဲ႔ လီဗာပူးက သိပ္မကြာေတာ့ဘူးလို႔ ေျပာတာကို နည္းစနစ္အသားေပးတဲ့ ကၽြမ္းက်င္သူေတြက ေလွာင္ရယ္ၾကပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔အျမင္မွာ အာဆင္နယ္က လီဗာပူးကို ျခိမ္းေျခာက္ႏုိင္ျခင္း မရွိပါဘူး။ ပြင့္ပြင့္လင္းလင္းေျပာဆိုမႈေတြမွာ အာဆင္နယ္ရဲ႕ ကစားကြက္က လီဗာပူးအတြက္ ေပ်ာ္စရာေတာင္ ေကာင္းခဲ့ပါတယ္။

ဧရိယာထဲမွာ အသင္းသား ၈ ဦးေလာက္က ဝင္ေရာက္ဖုိ႔ အသင့္ျပင္ေနတဲ့ အေနအထားမွာ ဟန္ဒါဆန္က ဘယ္အစြန္ေဒါင့္ကို ေဘာလံုးေပးခဲ့တယ္။ အဂၤလန္သားရဲ႕ ေပးမႈက လူမရွိတဲ့ေနရာလို ထင္စရာျဖစ္ခဲ့ေပမယ့္ ေရာ္ဘတ္ဆန္က အဲ့သည္ေနရာကို တိုက္စစ္လုိက္လာမယ္ဆိုတာ ၾကိဳသိခဲ့ျပီးသားပါ။ အာဆင္နယ္အသင္းသားေတြ ဘာလုပ္ေနသလဲ? ျဖတ္တင္ေဘာကို ခုခံဖို႔ ဧရိယာထဲ စုျပံဳဝင္ေနပါတယ္။

လီဗာပူးအစြန္လူႏွစ္ဦးဟာ ဘရာဇီးဂႏၱဝင္ေတြျဖစ္တဲ့ ကာဖူးနဲ႔ ေရာ္ဘတ္တို ကားလိုစ့္တို႔ လုပ္ျပခဲ့တဲ့ အစြန္ႏွစ္ဘက္ ေဘာလံုးခ်ိန္းကစားမႈကို မၾကာခဏ လုပ္ေလ့ရွိတယ္။ မႏွစ္က မန္စီးတီးကို အေဝးကြင္းမွာ အေရးနိမ့္ခဲ့တုန္းက ဖာမင္ႏိုရဲ႕ ေခါင္းတိုက္ ေျခပဂိုးမွာ အစြန္လူႏွစ္ဦးက ဘယ္ကေနညာ ညာကေနဘယ္ကို ေဘာလံုးေပးမႈေတြ လုပ္ေနခ်ိန္မွာ မန္စီးတီးရဲ႕ ဖိအားေပးမႈက ဘာတစ္ခုမွ မတားဆီးႏုိင္ခဲ့ပါဘူး။ ဒါက လီဗာပူးရဲ႕ အထူးကၽြမ္းက်င္မႈပါ။

အာဆင္နယ္နဲ႔ပြဲ ပထမပိုင္း မျပီးခင္မွာ မာတစ္ ေခါင္းတိုက္သြင္းဖို႔ ထရန္႔က ေထာင့္ကန္ေဘာ ေပးခဲ့ပါတယ္။ တိုက္စစ္ကို open play ကစားခ်ိန္မွာလုပ္တဲ့ ျဖတ္တင္ေဘာကေန မဟုတ္ပဲ တည္ကန္ေဘာကေန ဂိုးရခဲ့တာကလြဲလို႔ ထရန္႔ ဒါမ်ိဳးေပးရင္ ဧရိယာထဲမွာရွိေနတဲ့ အဆံုးသတ္သူေတြက ဒီလိုအဆံုးသတ္တယ္ဆိုတာ ထူးဆန္းတဲ့ကိစၥ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္လို႔ ဒီလိုလြယ္ကူပါတယ္ဆိုတဲ့ နည္းစနစ္ကို ပရီးမီးယားလိဂ္က ဘယ္လို ညာအစြန္လူက လုပ္ရိုးလုပ္စဥ္လို လုပ္ႏုိင္စြမ္းရွိပါလဲ။

အာဆင္နယ္ရဲ႕ စနစ္က အမွားေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အားနည္းခ်က္ေတြ မ်ားေနခဲ့တယ္။ ထင္ရွားေအာင္ ဒုတိယဂိုးကို ၾကည့္မယ္ဆိုရင္ မာေနးက ဘယ္ေတာင္ပံကေန ေဘာလံုးရလာေတာ့ ညာျခမ္းက တိုက္စစ္လုိက္ဖုိ႔ျပင္ေနတဲ့ ထရန္႔ကို ထိုးေပးခဲ့တယ္။ အာဆင္နယ္က ခံစစ္ကို က်ဥ္းေျမာင္းျပီး ဧရိယာထဲမွာ လူမ်ားမ်ားထည့္တဲ့ ဗ်ဴဟာကိုပဲ သံုးခဲ့တယ္။ ေတာင္ပံေတြမွာ အစြန္သမားေတြ စိတ္ၾကိဳက္ကစားခြင့္ကို မ်က္ကြယ္ျပဳထားခဲ့တာျဖစ္တယ္။

ေဘာလံုးကိုရလာတဲ့ေနာက္မွာ ထရန္႔ဟာ ျပိဳင္ဘက္အသင္းသားေတြ မ်ားစြာၾကားကေန ဧရိယာထဲက ဖာမင္ႏိုရဲ႕ ေျခေထာက္ထဲကို ေဘာလံုးထိုးေပးႏိုင္ခဲ့တယ္။ ဘရာဇီးသားက ပံုမွန္လုပ္ေနက် ထိန္သိမ္းမႈနဲ႔ ဆာလက္ကို ထိုးေပးရာမွာ လူးဝစ္က ဆြဲထားတာေၾကာင့္ ပင္နယ္တီ ရခဲ့တယ္။ ဒါက ၂-၀ ပါ။ တိုက္စစ္ရဲ႕လားရာဟာ ညာျခမ္းက လူငယ္ေလးရဲ႕ ပါးနပ္တဲ့ ဖန္တီးမႈကေန ျဖစ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ခံစစ္ကေန ေဘာလံုးထုတ္ဖို႔ ၾကိဳးစားစဥ္မွာ ထရန္႔ရဲ႕ ေနရာယူမႈကလည္း စိတ္ဝင္စားစရာပါ။ သူက ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔နဲ႔ တစ္တန္းတည္း ေနရာယူျပီး တိုက္စစ္သမား ေလးဦးျဖစ္ေစခဲ့တယ္။ အဲ့သည္အခ်ိန္မွာ ဟန္ဒိုက သူနဲ႔ ကိုက္ ၃၀ အကြာမွာေနျပီး ညာအစြန္ကို ကာဗာေပးထားပါတယ္။ အာဆင္နယ္ရဲ႕ narrow diamond ကစားကြက္က ရယ္စရာျဖစ္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ရွင္းပါတယ္။ ထရန္႔က လိုက္ပိတ္စရာ ေတာင္ပံသမား မရွိေတာ့ပါဘူး။ ဒီေတာ့ သူ႔အေနနဲ႔ တိုက္စစ္ကို ေအးေဆးလိုက္ႏုိင္တယ္။ မဟုတ္လည္း ဟန္ဒိုက သူ႔ေနရာကေန ျဖည့္ေပးသြားပါလိမ့္မယ္။

ပထမပိုင္းတုန္းကလည္း ထရန္႔ရဲ႕ တိုက္ခုိက္လိုစိတ္အျပည့္နဲ႔ ဖိအားေပးမႈက ဆီဘယ္ေလာ့ကို ဖိအားေတြ မ်ားေစျပီး ေဘာလံုးကို အမွားမွား ေပးခဲ့တာေၾကာင့္ မာေနးက ဧရိယာထဲ အခြင့္အေရးရခဲ့ပါတယ္။ အာဆင္နယ္ဘက္က ဖိအားေပးခ်ိန္ေတြမွာေတာ့ အစြန္သမားေတြက ကြင္းလယ္လူနဲ႔ တြဲဘက္မႈက တည္ျငိမ္ပါတယ္။ လီဗာပူးကြင္းလယ္ေတြက ဖန္တီးရွင္ေတြမဟုတ္ဘူး။ ဒါေပမယ့္ ဖန္တီးရွင္ေတြအတြက္ ကာဗာေပးဖို႔ကေတာ့ ပါးနပ္သူေတြျဖစ္တယ္။

ထရန္႔ဟာ မႏွစ္ကတည္းက သူ႔ရဲ႕အရည္အခ်င္းကို ျပသခဲ့ျပီး ဖန္တီးရွင္တစ္ဦးအျဖစ္ အျမင္ရွိမႈက သူ႔ကို ကြင္းလယ္လူအျဖစ္ ထားကစားဖို႔ေတာင္ မွတ္ခ်က္ေပးခံခဲ့ရတာပါ။ လီဗာပူးရဲ႕ အသက္ေသြးေၾကာလုိ႔ဆိုရမယ့္ ညာအစြန္လူဟာ ျပည့္စံုတဲ့ ခံစစ္ကာကြယ္မႈေတြ လုပ္ႏုိင္ဖုိ႔ေတာ့ ေဝးကြာလွပါတယ္။ မႏွစ္က ခ်န္ပီယံလိဂ္မွာ နာပိုလီကို ရင္ဆိုင္တုန္းက သူဟာ ခံစစ္ပိုင္း အမွားေတြ မ်ားခဲ့တယ္။ ေဆာက္သမ္တန္ ကားဒစ္ပြဲေတြမွာလည္း အမွားေတြလုပ္ခဲ့တယ္။ ဒီရာသီ ေနာ္ဝစ္နဲ႔ပြဲမွာလည္း ခံစစ္အမွားေတြ ရွိခဲ့တာပါပဲ။

အသက္ ၂၀ အရြယ္ အစြန္လူဟာ ကြင္းလယ္လူကို ကာဗာလုပ္ေပးရတဲ့ အစြန္လူတစ္ေယာက္အျဖစ္ ခံစစ္ကို ကာကြယ္မႈမွာ အားနည္းခ်က္ေတြ ရွိေနသူပါ။ သူ႔ထက္စာရင္ ခံစစ္ကို ကာကြယ္ဖို႔ကေတာ့ ဂိုးမက္စ္က ပိုမိုထူးခၽြန္တဲ့ ညာအစြန္လူ ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္ ထရန္႔ဟာ လီဗာပူးတိုက္စစ္တစ္ခုလံုးကို အခရာလို႔ ဆိုႏုိင္တဲ့ထိ အျမင္ရွိသူျဖစ္တယ္။ ထရန္႔ဟာ အဂၤလန္သားေတြထဲမွာ ျမင္ရေလ့ရွိတဲ့ ပံုမွန္ညာအစြန္လူမ်ိဳး မဟုတ္ပါဘူး။ သူက ပါရမီရွင္ ဖန္တီးရွင္တစ္ဦးပဲ ျဖစ္ပါတယ္။

Sports Home Time

[Unicode] အီတလီတိုက်စစ်မှူးဟောင်းကြီး Gianluca Vialli က စကားတခွန်းပြောခဲ့တာရှိတယ်။ ပုံမှန်အားဖြင့်တော့ အစွန်လူဆိုတာက အသင်းတစ်သင်းမှာ အညံ့ဆုံးပဲ။ သူက တိုက်စစ်ပိုကောင်းရင် တောင်ပံသမားလို ကစားနိုင်ပြီး ခံစစ်ပိုကောင်းရင်တော့ ဗဟိုခံစစ်သမားလိုလည်း ကစားနိုင်တယ်လို့ဖြစ်တယ်။

တူညီတဲ့ သီအိုရီတစ်ခုကို လီဗာပူးဗဟိုခံစစ်သမား ကာရေဂါကလည်း ပြောခဲ့ပါတယ်။ ဘယ်ကစားသမားကမှ အစွန်လူအဖြစ်နဲ့ ကစားပြီး တိုးတက်လာဖို့ ဆန္ဒမရှိပါဘူးတဲ့။ ဒီစကားက ဂယ်ရီနဗီးကို တိုက်ရိုက် ဖဲ့ခဲ့တာက ၅၀% ဖြစ်နိုင်ပါတယ်။

မော်ရင်ညိုကလည်း သူကြိုက်ရတဲ့ ညာအစွန်လူ Paulo Ferreira နဲ့ ပက်သက်ပြီး ဒီလိုပြောဖူးတယ်။ ” သူက ပွဲမှာ ဘယ်တော့မှ အကောင်းဆုံးကစားသမား မဟုတ်ဘူး။ ဒါပေမယ့် အမှတ် ၁၀ ပေးရင် အမြဲတမ်း ၇ လောက်ရတတ်တဲ့သူပဲ ” လို့ ဖြစ်တယ်။

ကမ္ဘာဘောလုံးလောကကြီးက အပြောင်းအလဲ ဖြစ်သွားခဲ့ပါပြီ။ အစွန်သမားတွေရဲ့ ကစားဟန်နဲ့ပက်သက်လို့ တော်လှန်ပြောင်းလဲမှုတစ်ခုကလည်း စတင်ခဲ့တာ ဆယ်ဆုနှစ် ကြာခဲ့ပြီဖြစ်တယ်။ ဒါပေမယ့်လို့ အစွန်သမားနဲ့ ပက်သက်လို့ အချက်သုံးချက်နဲ့ အကဲဖြတ်နေကြဆဲပါပဲ။

၁) သူ့ရဲ့နေရာကို ဘယ်လောက်ကောင်းကောင်း ကစားနိုင်သလဲနဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက် တောင်ပံသမားထက် ပိုကောင်းသလား
၂) တိုက်စစ်လိုက်မှုတွေမှာ ဖြတ်တင်ဘောကို ဘယ်လောက်ထိ ထိရောက်စွာ ပံ့ပိုးပေးနိုင်သလဲ
၃) ဒီအလုပ်နှစ်ခုအတွက် ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိ အားသန်သလဲ၊ ကွင်းအတွင်းမှာ အတက်အဆင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ပြင်းထန်စွာ လုပ်နိုင်သလား

အစွန်သမားတွေက ပုံမှန်အားဖြင့်တော့ ဘောလုံးပိုင်ဆိုင်မှုတွေမှာနဲ့ ဖန်တီးမှုတွေမှာ ပါဝင်ပေးနိုင်မှုနဲ့ ပက်သက်ပြီး တွက်ချက်ခံရမှုတွေလည်း ရှိပါတယ်။ အခြားသော နေရာတွေကတော့ ပိုပြီးလေးစားခံရမှုတွေ ရှိလာခဲ့ပါပြီ။ ဂိုးသမားတစ်ဦးကို sweeper-keeper အဖြစ် အသုံးပြုမှုကနေ တိုက်စစ်သမားကို false 9 အဖြစ် အသုံးပြုတဲ့ ပြောင်းလဲခြင်းတွေလိုပေါ့။ အားလုံးက နေရာတွေကို ပရော်ဖက်ရှင်နယ်ကျကျ သုံးသပ်မှုနဲ့ လေးစားမှုတွေ ပေးလာကြပြီဖြစ်ပါတယ်။

ဒါပေမယ့် အစွန်သမားတစ်ယောက်နဲ့ ပက်သက်လာရင်တော့ ပွဲအပေါ်မှာ အမြင်ဘယ်လောက်ရှိလဲ? ဘောလုံးကို သက်သောင့်သက်သာ ကစားနိုင်လား? ပေးမှုကောင်းတွေ လုပ်နိုင်လား? ဒီလို ဆယ်ဆုနှစ်ကြာ ကိုင်စွဲထားတဲ့ အမြင်တွေက အများကြီး မတိုးတက်လာသေးပါဘူး။ ဒန်နီအဲဗက်စ်နဲ့ ဖီလစ်လမ်းတို့ဟာ လုပ်အားနှုန်းနဲ့ ဘောလုံးပိုင်ဆိုင်မှုတွေမှာ ကစားနိုင်စွမ်းတွေအတွက် အထူး အသိအမှတ်ပြုခံရတယ်။ သူတို့က ကွင်းလယ်လူတစ်ယောက်လိုတောင် ဘောလုံးကစားနိုင်ပါတယ်။ နှစ်ဦးကလည်း ကွင်းလယ်သမားတွေနဲ့ တွဲဘက်ပြီး ဖန်တီးရှင်တွေလိုတောင် ကစားခဲ့ကြတာဖြစ်တယ်။

အင်္ဂလန်ပြင်လိဂ်မှာ အစွန်လူတွေကို အသုံးချမှုနဲ့ အထင်ကြီးမှုတွေ များစွာ ရှိလာနေပေမယ့် ထရန့် အလက်ဇန္ဒါး အာနိုးနဲ့ ပက်သက်လာရင်တော့ လေးစားခံရမှုက ထိုက်သင့်သလောက် မရသေးပါဘူး။ လီဗာပူးဟာ ဖန်တီးရှင်မရှိတဲ့ အသင်းတစ်သင်းပါ။ ကော်တင်ညိုကို လက်လွတ်ရတဲ့နောက် ယာဂင်ကလော့ပ်ဟာ ဖန်တီးရှင်ဆိုတဲ့ ကစားသမားမျိုးကို ထပ်မလိုချင်တော့ပါဘူး။ ဖာဘင်ညိုဟာ တကယ်တမ်းတော့ တည်ငြိမ်တဲ့ holding player တစ်ဦးပဲဖြစ်တယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ သင့်တော်ကောင်းမွန်ပေမယ့်လို့ သူက ပီယာလိုကဲ့သို့ ကစားသမား မဟုတ်ပါဘူး။

ဟန်ဒို၊ ဂီနီ၊ မီလ်နာတို့ကတော့ လုပ်အားကို အားပြုတဲ့ ကွင်းလယ်လူတွေပါ။ ကိတ်တာကတော့ အခြေမကျသေးဘူး။ လယ်လာနာနဲ့ ရှာကွီရီကလည်း ပုံမှန်နေရာမရဘူး။ ဖာမင်နိုကတော့ false 9 ထက်စာရင် တိုက်စစ်သမား စစ်စစ်နေရာကို တိုးမြင့်ကစားနေရတယ်။ ဒီတော့ လီဗာပူးရဲ့ ဖန်တီးမှုအားလုံးက ညာခြမ်းအစွန်သမားကနေ လာပါတယ်။ ကလပ်အသင်းတစ်သင်းက ညာအစွန်လူကို အသက်သွေကြေးအဖြစ် အသုံးပြုတာမျိုး မော်ဒန်ဘောလုံးလောကမှ မရှိပါဘူး။ ဘယ်သူမှလည်း စဉ်းစားလို့ရမှာ မဟုတ်ဘူး။

ထရန့်ဟာ မနှစ်တုန်းက ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်ခဲ့ပါတယ်။ လီဗာပူးကွင်းလယ်လူ အားလုံးပေါင်းထက် ၃ ကြိမ် ပိုများခဲ့တယ်။ ဖာမင်နိုရဲ့ ၂ ဆဖြစ်ပြီး ဆာလက်ထက် ၅၀% ပိုများပါတယ်။ ဘယ်အစွန်က ရော်ဘတ်ဆန်ထက်တောင် တစ်ကြိမ် ပိုများခဲ့သေးတယ်။ မနှစ်က လီဗာပူးက ဝတ်ဖိုဒ့်ကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းဂိုးအားလုံးက ထရန့်နဲ့ ရော်ဘတ်ဆန်တို့ရဲ့ ဂိုးထောက်ပံ့ပေးမှုတွေ ဖြစ်ခဲ့ပါတယ်။

ရော်ဘတ်ဆန်က မော်ဒန်အစွန်လူပုံစံမျိုးပါ။ တိုက်စစ်ကိုလိုက်တယ်၊ သူက ဖြတ်တင်ဘောရှင်ဖြစ်တယ်။ ထရန့်ကတော့ မတူပါဘူး။ သူက ပါရမီရှင် ဖန်တီးရှင်ပါ။ သူက ဖြတ်တင်ဘောတွေ ပေးတာတော့ ဟုတ်တယ် ဒါပေမယ့် ခံစစ်ကနေ ကွင်းလယ်နဲ့ ချိတ်ဆက်ပြီး တိုက်စစ်ကို တိုက်ရိုက်ပေးတဲ့ lofted through-balls နဲ့ တိုက်စစ်သမားကို အမြန်ပေးတဲ့ fires quick passes ပေးမှုတွေကို လုပ်နိုင်သူဖြစ်တယ်။ သူက တောင်ပံကနေ ဧရိယာထဲကို ချိုးချဝင်ရောက်ပြီး ဘယ်ခြေနဲ့လည်း ခြိမ်းခြောက်မှု လုပ်နိုင်ပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ပွဲအပြီး အမ်မရီက သူတို့နဲ့ လီဗာပူးက သိပ်မကွာတော့ဘူးလို့ ပြောတာကို နည်းစနစ်အသားပေးတဲ့ ကျွမ်းကျင်သူတွေက လှောင်ရယ်ကြပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့အမြင်မှာ အာဆင်နယ်က လီဗာပူးကို ခြိမ်းခြောက်နိုင်ခြင်း မရှိပါဘူး။ ပွင့်ပွင့်လင်းလင်းပြောဆိုမှုတွေမှာ အာဆင်နယ်ရဲ့ ကစားကွက်က လီဗာပူးအတွက် ပျော်စရာတောင် ကောင်းခဲ့ပါတယ်။

ဧရိယာထဲမှာ အသင်းသား ၈ ဦးလောက်က ဝင်ရောက်ဖို့ အသင့်ပြင်နေတဲ့ အနေအထားမှာ ဟန်ဒါဆန်က ဘယ်အစွန်ဒေါင့်ကို ဘောလုံးပေးခဲ့တယ်။ အင်္ဂလန်သားရဲ့ ပေးမှုက လူမရှိတဲ့နေရာလို ထင်စရာဖြစ်ခဲ့ပေမယ့် ရော်ဘတ်ဆန်က အဲ့သည်နေရာကို တိုက်စစ်လိုက်လာမယ်ဆိုတာ ကြိုသိခဲ့ပြီးသားပါ။ အာဆင်နယ်အသင်းသားတွေ ဘာလုပ်နေသလဲ? ဖြတ်တင်ဘောကို ခုခံဖို့ ဧရိယာထဲ စုပြုံဝင်နေပါတယ်။

လီဗာပူးအစွန်လူနှစ်ဦးဟာ ဘရာဇီးဂန္တဝင်တွေဖြစ်တဲ့ ကာဖူးနဲ့ ရော်ဘတ်တို ကားလိုစ့်တို့ လုပ်ပြခဲ့တဲ့ အစွန်နှစ်ဘက် ဘောလုံးချိန်းကစားမှုကို မကြာခဏ လုပ်လေ့ရှိတယ်။ မနှစ်က မန်စီးတီးကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တုန်းက ဖာမင်နိုရဲ့ ခေါင်းတိုက် ခြေပဂိုးမှာ အစွန်လူနှစ်ဦးက ဘယ်ကနေညာ ညာကနေဘယ်ကို ဘောလုံးပေးမှုတွေ လုပ်နေချိန်မှာ မန်စီးတီးရဲ့ ဖိအားပေးမှုက ဘာတစ်ခုမှ မတားဆီးနိုင်ခဲ့ပါဘူး။ ဒါက လီဗာပူးရဲ့ အထူးကျွမ်းကျင်မှုပါ။

အာဆင်နယ်နဲ့ပွဲ ပထမပိုင်း မပြီးခင်မှာ မာတစ် ခေါင်းတိုက်သွင်းဖို့ ထရန့်က ထောင့်ကန်ဘော ပေးခဲ့ပါတယ်။ တိုက်စစ်ကို open play ကစားချိန်မှာလုပ်တဲ့ ဖြတ်တင်ဘောကနေ မဟုတ်ပဲ တည်ကန်ဘောကနေ ဂိုးရခဲ့တာကလွဲလို့ ထရန့် ဒါမျိုးပေးရင် ဧရိယာထဲမှာရှိနေတဲ့ အဆုံးသတ်သူတွေက ဒီလိုအဆုံးသတ်တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လို့ ဒီလိုလွယ်ကူပါတယ်ဆိုတဲ့ နည်းစနစ်ကို ပရီးမီးယားလိဂ်က ဘယ်လို ညာအစွန်လူက လုပ်ရိုးလုပ်စဉ်လို လုပ်နိုင်စွမ်းရှိပါလဲ။

အာဆင်နယ်ရဲ့ စနစ်က အမှားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အားနည်းချက်တွေ များနေခဲ့တယ်။ ထင်ရှားအောင် ဒုတိယဂိုးကို ကြည့်မယ်ဆိုရင် မာနေးက ဘယ်တောင်ပံကနေ ဘောလုံးရလာတော့ ညာခြမ်းက တိုက်စစ်လိုက်ဖို့ပြင်နေတဲ့ ထရန့်ကို ထိုးပေးခဲ့တယ်။ အာဆင်နယ်က ခံစစ်ကို ကျဉ်းမြောင်းပြီး ဧရိယာထဲမှာ လူများများထည့်တဲ့ ဗျူဟာကိုပဲ သုံးခဲ့တယ်။ တောင်ပံတွေမှာ အစွန်သမားတွေ စိတ်ကြိုက်ကစားခွင့်ကို မျက်ကွယ်ပြုထားခဲ့တာဖြစ်တယ်။

ဘောလုံးကိုရလာတဲ့နောက်မှာ ထရန့်ဟာ ပြိုင်ဘက်အသင်းသားတွေ များစွာကြားကနေ ဧရိယာထဲက ဖာမင်နိုရဲ့ ခြေထောက်ထဲကို ဘောလုံးထိုးပေးနိုင်ခဲ့တယ်။ ဘရာဇီးသားက ပုံမှန်လုပ်နေကျ ထိန်သိမ်းမှုနဲ့ ဆာလက်ကို ထိုးပေးရာမှာ လူးဝစ်က ဆွဲထားတာကြောင့် ပင်နယ်တီ ရခဲ့တယ်။ ဒါက ၂-၀ ပါ။ တိုက်စစ်ရဲ့လားရာဟာ ညာခြမ်းက လူငယ်လေးရဲ့ ပါးနပ်တဲ့ ဖန်တီးမှုကနေ ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ခံစစ်ကနေ ဘောလုံးထုတ်ဖို့ ကြိုးစားစဉ်မှာ ထရန့်ရဲ့ နေရာယူမှုကလည်း စိတ်ဝင်စားစရာပါ။ သူက ဆာလက်၊ ဖာမင်နို၊ မာနေးတို့နဲ့ တစ်တန်းတည်း နေရာယူပြီး တိုက်စစ်သမား လေးဦးဖြစ်စေခဲ့တယ်။ အဲ့သည်အချိန်မှာ ဟန်ဒိုက သူနဲ့ ကိုက် ၃၀ အကွာမှာနေပြီး ညာအစွန်ကို ကာဗာပေးထားပါတယ်။ အာဆင်နယ်ရဲ့ narrow diamond ကစားကွက်က ရယ်စရာဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ရှင်းပါတယ်။ ထရန့်က လိုက်ပိတ်စရာ တောင်ပံသမား မရှိတော့ပါဘူး။ ဒီတော့ သူ့အနေနဲ့ တိုက်စစ်ကို အေးဆေးလိုက်နိုင်တယ်။ မဟုတ်လည်း ဟန်ဒိုက သူ့နေရာကနေ ဖြည့်ပေးသွားပါလိမ့်မယ်။

ပထမပိုင်းတုန်းကလည်း ထရန့်ရဲ့ တိုက်ခိုက်လိုစိတ်အပြည့်နဲ့ ဖိအားပေးမှုက ဆီဘယ်လော့ကို ဖိအားတွေ များစေပြီး ဘောလုံးကို အမှားမှား ပေးခဲ့တာကြောင့် မာနေးက ဧရိယာထဲ အခွင့်အရေးရခဲ့ပါတယ်။ အာဆင်နယ်ဘက်က ဖိအားပေးချိန်တွေမှာတော့ အစွန်သမားတွေက ကွင်းလယ်လူနဲ့ တွဲဘက်မှုက တည်ငြိမ်ပါတယ်။ လီဗာပူးကွင်းလယ်တွေက ဖန်တီးရှင်တွေမဟုတ်ဘူး။ ဒါပေမယ့် ဖန်တီးရှင်တွေအတွက် ကာဗာပေးဖို့ကတော့ ပါးနပ်သူတွေဖြစ်တယ်။

ထရန့်ဟာ မနှစ်ကတည်းက သူ့ရဲ့အရည်အချင်းကို ပြသခဲ့ပြီး ဖန်တီးရှင်တစ်ဦးအဖြစ် အမြင်ရှိမှုက သူ့ကို ကွင်းလယ်လူအဖြစ် ထားကစားဖို့တောင် မှတ်ချက်ပေးခံခဲ့ရတာပါ။ လီဗာပူးရဲ့ အသက်သွေးကြောလို့ဆိုရမယ့် ညာအစွန်လူဟာ ပြည့်စုံတဲ့ ခံစစ်ကာကွယ်မှုတွေ လုပ်နိုင်ဖို့တော့ ဝေးကွာလှပါတယ်။ မနှစ်က ချန်ပီယံလိဂ်မှာ နာပိုလီကို ရင်ဆိုင်တုန်းက သူဟာ ခံစစ်ပိုင်း အမှားတွေ များခဲ့တယ်။ ဆောက်သမ်တန် ကားဒစ်ပွဲတွေမှာလည်း အမှားတွေလုပ်ခဲ့တယ်။ ဒီရာသီ နော်ဝစ်နဲ့ပွဲမှာလည်း ခံစစ်အမှားတွေ ရှိခဲ့တာပါပဲ။

အသက် ၂၀ အရွယ် အစွန်လူဟာ ကွင်းလယ်လူကို ကာဗာလုပ်ပေးရတဲ့ အစွန်လူတစ်ယောက်အဖြစ် ခံစစ်ကို ကာကွယ်မှုမှာ အားနည်းချက်တွေ ရှိနေသူပါ။ သူ့ထက်စာရင် ခံစစ်ကို ကာကွယ်ဖို့ကတော့ ဂိုးမက်စ်က ပိုမိုထူးချွန်တဲ့ ညာအစွန်လူ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ထရန့်ဟာ လီဗာပူးတိုက်စစ်တစ်ခုလုံးကို အခရာလို့ ဆိုနိုင်တဲ့ထိ အမြင်ရှိသူဖြစ်တယ်။ ထရန့်ဟာ အင်္ဂလန်သားတွေထဲမှာ မြင်ရလေ့ရှိတဲ့ ပုံမှန်ညာအစွန်လူမျိုး မဟုတ်ပါဘူး။ သူက ပါရမီရှင် ဖန်တီးရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

Sports Home Time