ကန္ေတနဲ႔ ပက္သက္ျပီး ျပင္သစ္အသင္းထံက သက္ညာေပးမႈရဖို႔ လမ္းပတ္ ေမွ်ာ္လင့္ေန

ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ျပင္သစ္အသင္းအေနနဲ႔ လာမယ့္ ႏိူင္ငံတကာသီတင္းပတ္အတြင္း အန္ဂိုလို ကန္ေတကို ၾကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာေစဖို႔အတြက္ ကလပ္မွာပဲ ဆက္ေနခြင့္ ေပးလိမ့္မယ္လို႔ ေမ်ွာ္လင့္ေနပါတယ္။ ကန္ေတဟာ ဒူးေခါင္းဒဏ္ရာေၾကာင့္ စေနေန႔က ေနာဝစ္ခ်္ကို ၃-၂ နဲ႔ ႏိုင္ခဲ့တဲ့ ပြဲကို လြဲေခ်ာ္ခ့ဲတာပါ။

” ဒါက ခက္ခဲပါတယ္။ သူက ေလးႏွစ္လံုး ေျခစြမ္းတည္တည္ၿငိ္မ္ၿငိမ္နဲ႔ ကစားခဲ့တာပါ။ ယူ႐ိုပါလိဂ္ ဖိုင္နယ္က ဒဏ္႐ာက သူ႔ရဲ႕ ရာသီႀကိဳအတြက္ ထိခိုက္ခဲ့တယ္။ အဲ့ဒီ့ေနာက္ ယူႏိုက္တက္နဲ႔ပြဲမွာ သူ႔ဘာသူ ဒဏ္ရာထပ္ရခဲ့တယ္။ သူ ျပန္ေကာင္းလာဖို႔ က်ေနာ္တို႔ ႀကိဳးစားေနတယ္။

ႏိုင္ငံတကာ သီတင္းပတ္က သူ႔အတြက္ ဒဏ္ရာကေန ျပန္လာဖို႔ အေကာင္းဆံုး ျဖစ္မွာပါ။ ကန္ေတ ဒီမွာ ေနခဲ့ရင္ လူတိုင္းအတြက္ ေကာင္းပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက တစ္ပြဲၿပီး တစ္ပြဲ ကစားေနခဲ့တာေလ။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ကန္ေတဟာ ဒူးေခါင္းဒဏ္ရာေၾကာင့္ မႏွစ္က အာဆင္နယ္ နဲ႔ ယူ႐ိုပါလိဂ္ ဖိုင္နယ္ကို လြဲေခ်ာ္မယ္လို႔ ေမ်ွာ္လင့္ခဲ့ေပမယ့္ ပြဲထြက္ ပါဝင္ခဲ့ၿပီး ခ်ယ္ဆီးကို ၄-၁နဲ႔ အႏိုင္ရေအာင္ ကူညီေပးခဲ့ပါတယ္။ လက္စတာစီးတီး ကစားသမားေဟာင္း ဟာ ရာသီႀကိဳပြဲ အေတာ္မ်ားမ်ား ကို လြဲေခ်ာ္ခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ကို ေလးဂိုးျပတ္ ႐ွံူးခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ အရန္အေနနဲ႔သာ ကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လဲ လီဗာပူးနဲ႔ စူပါဖလားမွာေတာ့ မိနစ္ ၁၂၀ လံုး ကစားခဲ့ၿပီး အထင္ႀကီးေလာက္စရာ စြမ္းေဆာင္ျပခဲ့ပါတယ္။

အဆိုပါ ကြင္းလယ္လူဟာ အံ့ၾသစရာ စြမ္းရည္နဲ႔ သက္လံုေၾကာင့္ ထင္႐ွားခဲ့ၿပီး စူပါဖလားမွာ အစြမ္းကုန္ အားထုတ္ခဲ့သည့္တိုင္ သိပ္မျကာခင္ အသင္းေဟာင္း လက္စတာနဲ႔ ၁ဂိုးစီ သေရက်ခဲ့တဲ့ ပြဲမွာလဲ အဲ့ဒီ္အရည္အခ်င္း ေတြကို ထပ္မံျပသခဲ့ပါတယ္။ ကန္ေတက ပရီးမီးယားလိဂ္မွာ လႊမ္းမိုးမႈ အ႐ွိဆံုး ကစားသမား တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ အဓိက ကစားသမား ျဖစ္ေနတာပါ။

ကန္ေတရဲ႕ ၾကံ့ခိုင္မႈ ျပည့္ဝေနတာက အသင္းရဲ႕ ရည္မွန္းခ်က္ေတြအတြက္ အဓိကက်တာေၾကာင့္ စက္တင္ဘာ ၇ရက္နဲ႔ ၁၀ရက္တို႔မွာ အယ္ေဘးရီးယား၊ အန္ဒိုရာတို႔နဲ႔ ကစားမယ့္ ျပင္သစ္ရဲ႕ ယူ႐ို ၂၀၂၀ ဝင္ခြင့္ပြဲေတြမွာ မပါဝင္တာက သူ႔အတြက္ အက်ိဳးမ်ားပါလိမ့္မယ္။ သူက ျပင္သစ္ အသင္းအတြက္လဲ အလားတူ အေရးပါပါတယ္။

ဒါေပမယ့္ သူတို႔အေနနဲ႔ သူမပါပဲ အဲ့ပြဲေတြကို အႏိုင္ရႏိုင္သင့္ပါတယ္။ ဒီႏိုင္ငံတကာ အားလပ္ရက္မွာ သူ႔ရဲ႕ ၾကံ့ခိုင္မႈ အေကာင္းဆံုး ျပန္ရေအာင္ ခြင့္ျပဳေပးလ္ုက္ရင္ သူတို႔အတြက္လဲ ေရ႐ွည္မွာ အက်ိဳး႐ွိမွာပါ။ ဒါေၾကာင့္ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ သူ႔ကို ဆက္႐ွိေနေစတာက အားလံုးအတြက္ အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္။

Sports Home Time

[Unicode] ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြင်သစ်အသင်းအနေနဲ့ လာမယ့် နိူင်ငံတကာသီတင်းပတ်အတွင်း အန်ဂိုလို ကန်တေကို ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာစေဖို့အတွက် ကလပ်မှာပဲ ဆက်နေခွင့် ပေးလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ကန်တေဟာ ဒူးခေါင်းဒဏ်ရာကြောင့် စနေနေ့က နောဝစ်ချ်ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲကို လွဲချော်ခဲ့တာပါ။

” ဒါက ခက်ခဲပါတယ်။ သူက လေးနှစ်လုံး ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ကစားခဲ့တာပါ။ ယူရိုပါလိဂ် ဖိုင်နယ်က ဒဏ်ရာက သူ့ရဲ့ ရာသီကြိုအတွက် ထိခိုက်ခဲ့တယ်။ အဲ့ဒီ့နောက် ယူနိုက်တက်နဲ့ပွဲမှာ သူ့ဘာသူ ဒဏ်ရာထပ်ရခဲ့တယ်။ သူ ပြန်ကောင်းလာဖို့ ကျနော်တို့ ကြိုးစားနေတယ်။

နိုင်ငံတကာ သီတင်းပတ်က သူ့အတွက် ဒဏ်ရာကနေ ပြန်လာဖို့ အကောင်းဆုံး ဖြစ်မှာပါ။ ကန်တေ ဒီမှာ နေခဲ့ရင် လူတိုင်းအတွက် ကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူက တစ်ပွဲပြီး တစ်ပွဲ ကစားနေခဲ့တာလေ။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ကန်တေဟာ ဒူးခေါင်းဒဏ်ရာကြောင့် မနှစ်က အာဆင်နယ် နဲ့ ယူရိုပါလိဂ် ဖိုင်နယ်ကို လွဲချော်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ပွဲထွက် ပါဝင်ခဲ့ပြီး ချယ်ဆီးကို ၄-၁နဲ့ အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။ လက်စတာစီးတီး ကစားသမားဟောင်း ဟာ ရာသီကြိုပွဲ အတော်များများ ကို လွဲချော်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကို လေးဂိုးပြတ် ရှူံးခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အရန်အနေနဲ့သာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လဲ လီဗာပူးနဲ့ စူပါဖလားမှာတော့ မိနစ် ၁၂၀ လုံး ကစားခဲ့ပြီး အထင်ကြီးလောက်စရာ စွမ်းဆောင်ပြခဲ့ပါတယ်။

အဆိုပါ ကွင်းလယ်လူဟာ အံ့သြစရာ စွမ်းရည်နဲ့ သက်လုံကြောင့် ထင်ရှားခဲ့ပြီး စူပါဖလားမှာ အစွမ်းကုန် အားထုတ်ခဲ့သည့်တိုင် သိပ်မကြာခင် အသင်းဟောင်း လက်စတာနဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာလဲ အဲ့ဒီ်အရည်အချင်း တွေကို ထပ်မံပြသခဲ့ပါတယ်။ ကန်တေက ပရီးမီးယားလိဂ်မှာ လွှမ်းမိုးမှု အရှိဆုံး ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ အဓိက ကစားသမား ဖြစ်နေတာပါ။

ကန်တေရဲ့ ကြံ့ခိုင်မှု ပြည့်ဝနေတာက အသင်းရဲ့ ရည်မှန်းချက်တွေအတွက် အဓိကကျတာကြောင့် စက်တင်ဘာ ၇ရက်နဲ့ ၁၀ရက်တို့မှာ အယ်ဘေးရီးယား၊ အန်ဒိုရာတို့နဲ့ ကစားမယ့် ပြင်သစ်ရဲ့ ယူရို ၂၀၂၀ ဝင်ခွင့်ပွဲတွေမှာ မပါဝင်တာက သူ့အတွက် အကျိုးများပါလိမ့်မယ်။ သူက ပြင်သစ် အသင်းအတွက်လဲ အလားတူ အရေးပါပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ သူမပါပဲ အဲ့ပွဲတွေကို အနိုင်ရနိုင်သင့်ပါတယ်။ ဒီနိုင်ငံတကာ အားလပ်ရက်မှာ သူ့ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံး ပြန်ရအောင် ခွင့်ပြုပေးလ်ုက်ရင် သူတို့အတွက်လဲ ရေရှည်မှာ အကျိုးရှိမှာပါ။ ဒါကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ သူ့ကို ဆက်ရှိနေစေတာက အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Sports Home Time