ယူႏိုက္တက္ ပရိသတ္ေတြကို ေဒါသထြက္ေစတဲ့ လင္ဂတ္နဲ႔ ဖာနန္ဒက္စ္ၾကား ႏိႈင္းယွဥ္ခံရမႈ

ယူႏုိက္တက္ပရိသတ္ေတြကေတာ့ ကလပ္အသင္း ကြင္းလယ္ကစားသမား လင္ဂတ္ရဲ႕ သြင္းဂိုးေတြအတြက္ ဂိုးေထာက္ပံ့မႈ မွတ္တမ္းေတြက ဆိုးရြားစြာ က်ဆင္းေနတဲ့ေနာက္ ဒီေႏြမွာ ေခၚယူဖို႔ ေရပန္းစားခဲ့ဖူးတဲ့ ဖာနန္ဒက္စ္နဲ႔ ႏိႈင္းယွဥ္မႈေတြ ျပဳလုပ္ေနၾကတာျဖစ္တယ္။

ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပဲေလစ့္ကို ၂-၁ နဲ႔ အေရးနိမ့္တဲ့ပြဲမွာ ယူႏုိက္တက္အတြက္ သြင္းဂိုးကို မာရွယ္ရဲ႕ ေပးမႈကေန သြင္းယူခဲ့တာပါ။ အသက္ ၂၆ ႏွစ္အရြယ္ လင္ဂတ္ဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလေနာက္ပိုင္းနဲ႔ ၂၀၁၉ ခုႏွစ္ တစ္ခုလံုးမွာ သြင္းဂိုးေကာ၊ ဂိုးေထာက္ပံ့မႈပါ တစ္ၾကိမ္မွ မလုပ္ထားႏုိင္ပါဘူး။ လင္ဂတ္ဟာ ကုန္ခဲ့တဲ့ ၁၃ လအတြင္းမွာ ဂိုးေထာက္ပံ့မႈနဲ႔ ဂိုးသြင္းယူမႈ မလုပ္ထားႏုိင္တာက ၁၂ လ ရွိေနခဲ့ျပီျဖစ္ပါတယ္။

လင္ဂတ္ ထူးထူးျခားျခား လုပ္ျပႏုိင္ခဲ့တာက ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ ကိုယ္တိုင္ ၄ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့ျခင္းပဲ ရွိထားတာျဖစ္တယ္။ လာမယ့္ စေနေန႔ ၾသဂုတ္လ ၃၁ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ေဆာက္သမ္တန္နဲ႔ အေဝးကြင္းမွာ ဒီမွတ္တမ္းကို မေျပာင္းလဲႏုိင္ရင္ လင္ဂတ္ရဲ႕ မွတ္တမ္းကေတာ့ အေတာ္ေလးကို မ်က္ႏွာပ်က္စရာေတြ ျဖစ္လာေတာ့မွာပါ။

ဒါေပမယ့္လို႔ ယူႏုိက္တက္က ဒီေႏြမွာ ေခၚယူဖို႔ ေနာက္ဆုတ္ခဲ့တဲ့ စပို႔တင္းကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ တနဂၤေႏြေန႔ညက ပြဲစဥ္ တစ္ပြဲတည္းမွာပဲ ေပၚတူဂီကလပ္အသင္းအတြက္ ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ထိ ျပဳလုပ္ေပးခဲ့ျပီျဖစ္တယ္။ ဒီကြာျခားမႈကို သိရွိခဲ့ၾကတဲ့ သရဲနီပရိသတ္ေတြကေတာ့ အေျပာင္းအေရႊ႔မွာ အားနည္းေနတဲ့ ကြင္းလယ္ကို ျဖည့္တင္းဖို႔ ေခါင္းမာခဲ့တဲ့ ကလပ္အသင္း တာဝန္ရွိသူေတြကို စိတ္ပ်က္ ေဒါသထြက္ခဲ့ၾကပါတယ္။

မ်ားစြာေသာ ကလပ္အသင္းအားေပးသူေတြက အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔ တိုက္တြန္းခဲ့ေပမယ့္ ယူႏုိက္တက္တာဝန္ရွိသူေတြကေတာ့ ထပ္မံအင္အားျဖည့္ျခင္း မရွိခဲ့ပါဘူး။ ယူႏုိက္တက္တာဝန္ရွိသူေတြက ဖာနန္ဒက္စ္ဟာ ေဘာလံုးအပ်က္မ်ားတယ္ဆိုတဲ့ ယူဆခ်က္နဲ႔ မေခၚယူခဲ့ျခင္းလို႔ သတင္းထြက္မႈေတြ ရွိထားခဲ့ျပီး မန္ေနဂ်ာဆိုးရွားကေတာ့ အေၾကာင္းျပန္ေပးခဲ့ျခင္း မရွိပါဘူး။

အဖြင့္ပြဲမွာ ခ်ယ္ဆီးကို အႏုိင္ရခဲ့လို႔ စိတ္အားတက္ၾကြမႈေတြ ရွိခဲ့ေပမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ ပြဲအျပီးမွာပဲ ယူႏုိက္တက္ရဲ႕ ကြင္းလယ္နဲ႔ တိုက္စစ္အင္အားေတြက ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့တယ္။ သြင္းဂိုးေတြကို တာဝန္ယူရတဲ့ မာရွယ္နဲ႔ ရပ္ဖိုဒ့္တို႔ဟာ ကလပ္အသင္း အႏိုင္ရဖို႔ လံုေလာက္တဲ့ တုိက္စစ္သြင္းဂိုးေတြကို သြင္းယူႏုိင္ခဲ့ျခင္း မရွိေသးတာျဖစ္တယ္။

လူကာကူကို အင္တာမီလန္ထံ ေပါင္ ၇၅ သန္းနဲ႔ ေရာင္းထုတ္ခဲ့တဲ့ ယူႏုိက္တက္ဟာ ဂ်ိမ္းတစ္ဦးကိုပဲ တိုက္စစ္အတြက္ ေခၚယူထားတာျဖစ္ျပီး ကြင္းလယ္နဲ႔ ေရွ႔တန္းကို လံုးဝ အင္အားျဖည့္မႈေတြ မလုပ္လာခဲ့ပဲ မႏွစ္က လူစာရင္းအတုိင္းပဲ ဆက္လက္ ယွဥ္ျပိဳင္လာခဲ့တာပဲျဖစ္ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက်ပရိသတ်တွေကတော့ ကလပ်အသင်း ကွင်းလယ်ကစားသမား လင်ဂတ်ရဲ့ သွင်းဂိုးတွေအတွက် ဂိုးထောက်ပံ့မှု မှတ်တမ်းတွေက ဆိုးရွားစွာ ကျဆင်းနေတဲ့နောက် ဒီနွေမှာ ခေါ်ယူဖို့ ရေပန်းစားခဲ့ဖူးတဲ့ ဖာနန်ဒက်စ်နဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်နေကြတာဖြစ်တယ်။

နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပဲလေစ့်ကို ၂-၁ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ယူနိုက်တက်အတွက် သွင်းဂိုးကို မာရှယ်ရဲ့ ပေးမှုကနေ သွင်းယူခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ် လင်ဂတ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းနဲ့ ၂၀၁၉ ခုနှစ် တစ်ခုလုံးမှာ သွင်းဂိုးကော၊ ဂိုးထောက်ပံ့မှုပါ တစ်ကြိမ်မှ မလုပ်ထားနိုင်ပါဘူး။ လင်ဂတ်ဟာ ကုန်ခဲ့တဲ့ ၁၃ လအတွင်းမှာ ဂိုးထောက်ပံ့မှုနဲ့ ဂိုးသွင်းယူမှု မလုပ်ထားနိုင်တာက ၁၂ လ ရှိနေခဲ့ပြီဖြစ်ပါတယ်။

လင်ဂတ် ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့တာက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ကိုယ်တိုင် ၄ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်းပဲ ရှိထားတာဖြစ်တယ်။ လာမယ့် စနေနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဆောက်သမ်တန်နဲ့ အဝေးကွင်းမှာ ဒီမှတ်တမ်းကို မပြောင်းလဲနိုင်ရင် လင်ဂတ်ရဲ့ မှတ်တမ်းကတော့ အတော်လေးကို မျက်နှာပျက်စရာတွေ ဖြစ်လာတော့မှာပါ။

ဒါပေမယ့်လို့ ယူနိုက်တက်က ဒီနွေမှာ ခေါ်ယူဖို့ နောက်ဆုတ်ခဲ့တဲ့ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့ညက ပွဲစဉ် တစ်ပွဲတည်းမှာပဲ ပေါ်တူဂီကလပ်အသင်းအတွက် ဂိုးထောက်ပံ့မှု ၃ ကြိမ်ထိ ပြုလုပ်ပေးခဲ့ပြီဖြစ်တယ်။ ဒီကွာခြားမှုကို သိရှိခဲ့ကြတဲ့ သရဲနီပရိသတ်တွေကတော့ အပြောင်းအရွှေ့မှာ အားနည်းနေတဲ့ ကွင်းလယ်ကို ဖြည့်တင်းဖို့ ခေါင်းမာခဲ့တဲ့ ကလပ်အသင်း တာဝန်ရှိသူတွေကို စိတ်ပျက် ဒေါသထွက်ခဲ့ကြပါတယ်။

များစွာသော ကလပ်အသင်းအားပေးသူတွေက အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ထပ်မံအင်အားဖြည့်ခြင်း မရှိခဲ့ပါဘူး။ ယူနိုက်တက်တာဝန်ရှိသူတွေက ဖာနန်ဒက်စ်ဟာ ဘောလုံးအပျက်များတယ်ဆိုတဲ့ ယူဆချက်နဲ့ မခေါ်ယူခဲ့ခြင်းလို့ သတင်းထွက်မှုတွေ ရှိထားခဲ့ပြီး မန်နေဂျာဆိုးရှားကတော့ အကြောင်းပြန်ပေးခဲ့ခြင်း မရှိပါဘူး။

အဖွင့်ပွဲမှာ ချယ်ဆီးကို အနိုင်ရခဲ့လို့ စိတ်အားတက်ကြွမှုတွေ ရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲအပြီးမှာပဲ ယူနိုက်တက်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်အင်အားတွေက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။ သွင်းဂိုးတွေကို တာဝန်ယူရတဲ့ မာရှယ်နဲ့ ရပ်ဖိုဒ့်တို့ဟာ ကလပ်အသင်း အနိုင်ရဖို့ လုံလောက်တဲ့ တိုက်စစ်သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ခြင်း မရှိသေးတာဖြစ်တယ်။

လူကာကူကို အင်တာမီလန်ထံ ပေါင် ၇၅ သန်းနဲ့ ရောင်းထုတ်ခဲ့တဲ့ ယူနိုက်တက်ဟာ ဂျိမ်းတစ်ဦးကိုပဲ တိုက်စစ်အတွက် ခေါ်ယူထားတာဖြစ်ပြီး ကွင်းလယ်နဲ့ ရှေ့တန်းကို လုံးဝ အင်အားဖြည့်မှုတွေ မလုပ်လာခဲ့ပဲ မနှစ်က လူစာရင်းအတိုင်းပဲ ဆက်လက် ယှဉ်ပြိုင်လာခဲ့တာပဲဖြစ်ပါတယ်။

Sports Home Time