ေရႊဥဥေပးေနတဲ့ အိုထရတ္ဖိုဒ့္ကို အေရာင္တင္ဖို႔ေတာ့ မေမ့တဲ့ ယူႏုိက္တက္တာဝန္ရွိသူမ်ား

ပရီးမီးယားလိဂ္အသင္းေတြဟာ သူတို႔ရဲ႕ အိမ္ကြင္းေတြကုိ ပံုစံသစ္ေတြ အဆင့္ျမွင့္တင္မႈ ျပဳလုပ္ေလ့ ႐ွိၾကပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ကေတာ့ အသင္းရဲ႕အိမ္ကြင္းကုိ ေနာက္ဆံုး ျပဳျပင္မႈ ျပဳလုပ္ခဲ့တာ (၂၀၀၆) ခုႏွစ္ကျဖစ္ပါတယ္။

မန္ခ်က္စတာအေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာမႈအရ ယူႏုိက္တက္ဟာ ယခုရာသီ မစတင္မွီမွာ ေပါင္သန္း (၂၀) ပမာဏေလာက္ အသံုးျပဳၿပီး အိုးထရက္ဖိုဒ့္ကြင္းကုိ ျပဳျပင္မႈေတြ ျပဳလုပ္ထားတယ္လို႔ သတင္းေတြ ေပၚထြက္လာခဲ့ပါၿပီ။ အသင္းပရိတ္သတ္ေတြကေတာ့ သူတို႔ရဲ႕ကြင္းကုိ ဥေရာပမွာ အေကာင္းဆံုး ကြင္းတစ္ကြင္းအျဖစ္ ျမင္ေတြ႕လုိေနတာပါ။

ယူႏိုက္တက္ရဲ႕ စီမံခန္႔ခြဲမႈ အရာ႐ွိတစ္ဦးျဖစ္တဲ့ Colette Roche ကေတာ့ ” ကၽြန္ေတာ္တို႔ဟာ အိုးထရက္ဖိုဒ့္ကုိ ပိုမိုေကာင္းမြန္တဲ့ ကြင္းႀကီးတစ္ကြင္း ျဖစ္လာဖို႔ ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ ဆက္လုပ္ဦးမွာပါ။
အသင္းပရိတ္သတ္ေတြ စိတ္ေက်နပ္ရေစဖို႔ကုိ ကၽြန္ေတာ္တုိ႔ ဦးစားေပးသြားပါမယ္။ လံုၿခံဳေရး အဆင့္ျမွင့္တင္မႈေတြအျပင္ မသန္စြမ္းပရိတ္သတ္ေတြ အတြက္ပါ ကၽြန္ေတာ္တို႔ အဆင့္ျမွင့္တင္မွာပါ။ ” လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

ေႏြရာသီကာလမွာ ယူႏိုက္တက္ဟာ wheelchair နဲ႔ ၾကည့္႐ႈဖို႔ ေနရာ (၁၁၈) ခု အျပင္ ခံုအေရအတြက္ (၁၅၈) ခံု တိုးခ်ဲ႕ထားခဲ့တယ္လို႔ သိ႐ွိရပါတယ္။ ဒါ့အျပင္ အိုးထရက္ဖိုဒ့္ကြင္းအတြင္း ကြင္းအျပင္ လံုၿခံဳေရး အဆင့္ျမွင့္တင္မႈေတြ အတြက္လည္း ေငြအေျမာက္အျမား အသံုးျပဳခဲ့ပါေသးတယ္။ ပြဲအစီအစဥ္ထုတ္လြင့္အေရးအခန္းမွာ VAR စနစ္အတြက္ အဆင့္ျမွင့္တင္မႈေတြအျပင္ အျခားေသာ ေဆး၀ါးဆိုင္ရာ ပစၥည္းေတြကုိလည္း အဆင့္ျမွင့္တင္မႈေတြ ျပဳလုပ္ထားခဲ့ၿပီ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ အိုးထရက္ဖိုဒ့္ရဲ႕ ေတာင္ဖက္ ပြဲၾကည့္စဥ္ကုိလည္း ျပင္ဆင္မႈအခ်ဳိ႕ ျပဳလုပ္ထားခဲ့ၿပီ ျဖစ္ျပီး ပရီးမီးယားလိဂ္မွာ အျမင့္ဆံုးရေနတဲ့ ကလပ္အသင္းရဲ႕ ပြဲေန႔ဝင္ေငြေတြ မေလ်ာ့ေအာင္ ၾကိဳးစားေနတာျဖစ္တယ္။ ဒီလို ျပင္ဆင္မႈေတြေၾကာင့္ပဲ ယူႏုိက္တက္ဟာ ေႏြအေျပာင္းအေရႊ႔မွာ အသံုးစရိတ္ထုတ္ဖို႔ ကန္႔သတ္ခဲ့ျပီး ကစားသမားသစ္ ထပ္မံေခၚယူမႈ ႀကီးႀကီးမားမား မလုပ္ႏိုင္ေတာ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပခံေနရတယ္။

ပရီးမီးယားလိဂ္ ရာသီသစ္နဲ႔အတူ အိပ္မက္ကဇာတ္႐ံုႀကီး အိုးထရက္ဖိုဒ့္ဟာ ပြဲေတြကို ျပန္လည္ က်င္းပေနခဲ့ၿပီ ျဖစ္ပါတယ္။ ပြဲစဥ္(၃) ကစားၿပီးခ်ိန္မွာ ယူႏိုက္တက္ဟာ ရလာဒ္ဆိုး အခ်ိဳ႕ေတြကုိေတာ့ ရင္ဆုိင္ကာ ျဖတ္သန္းေနခဲ့ရတာပါ။ လက္က်န္ပြဲစဥ္ေတြမွာေတာ့ ဆိုး႐ွားရဲ႕ လက္ေအာက္မွာ အိုးထရက္ဖိုဒ့္ဟာ ဘယ္လိုေတာက္ပလာဦးမလဲ ဆိုတာကေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်အသင်းတွေဟာ သူတို့ရဲ့ အိမ်ကွင်းတွေကို ပုံစံသစ်တွေ အဆင့်မြှင့်တင်မှု ပြုလုပ်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ အသင်းရဲ့အိမ်ကွင်းကို နောက်ဆုံး ပြုပြင်မှု ပြုလုပ်ခဲ့တာ (၂၀၀၆) ခုနှစ်ကဖြစ်ပါတယ်။

မန်ချက်စတာအခြေစိုက် သတင်းဌာနတွေက ဖော်ပြလာမှုအရ ယူနိုက်တက်ဟာ ယခုရာသီ မစတင်မှီမှာ ပေါင်သန်း (၂၀) ပမာဏလောက် အသုံးပြုပြီး အိုးထရက်ဖိုဒ့်ကွင်းကို ပြုပြင်မှုတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါပြီ။ အသင်းပရိတ်သတ်တွေကတော့ သူတို့ရဲ့ကွင်းကို ဥရောပမှာ အကောင်းဆုံး ကွင်းတစ်ကွင်းအဖြစ် မြင်တွေ့လိုနေတာပါ။

ယူနိုက်တက်ရဲ့ စီမံခန့်ခွဲမှု အရာရှိတစ်ဦးဖြစ်တဲ့ Colette Roche ကတော့ ” ကျွန်တော်တို့ဟာ အိုးထရက်ဖိုဒ့်ကို ပိုမိုကောင်းမွန်တဲ့ ကွင်းကြီးတစ်ကွင်း ဖြစ်လာဖို့ နေရာ တော်တော်များများမှာ ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်ဦးမှာပါ။
အသင်းပရိတ်သတ်တွေ စိတ်ကျေနပ်ရစေဖို့ကို ကျွန်တော်တို့ ဦးစားပေးသွားပါမယ်။ လုံခြုံရေး အဆင့်မြှင့်တင်မှုတွေအပြင် မသန်စွမ်းပရိတ်သတ်တွေ အတွက်ပါ ကျွန်တော်တို့ အဆင့်မြှင့်တင်မှာပါ။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

နွေရာသီကာလမှာ ယူနိုက်တက်ဟာ wheelchair နဲ့ ကြည့်ရှုဖို့ နေရာ (၁၁၈) ခု အပြင် ခုံအရေအတွက် (၁၅၈) ခုံ တိုးချဲ့ထားခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အိုးထရက်ဖိုဒ့်ကွင်းအတွင်း ကွင်းအပြင် လုံခြုံရေး အဆင့်မြှင့်တင်မှုတွေ အတွက်လည်း ငွေအမြောက်အမြား အသုံးပြုခဲ့ပါသေးတယ်။ ပွဲအစီအစဉ်ထုတ်လွင့်အရေးအခန်းမှာ VAR စနစ်အတွက် အဆင့်မြှင့်တင်မှုတွေအပြင် အခြားသော ဆေးဝါးဆိုင်ရာ ပစ္စည်းတွေကိုလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖိုဒ့်ရဲ့ တောင်ဖက် ပွဲကြည့်စဉ်ကိုလည်း ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးရနေတဲ့ ကလပ်အသင်းရဲ့ ပွဲနေ့ဝင်ငွေတွေ မလျော့အောင် ကြိုးစားနေတာဖြစ်တယ်။ ဒီလို ပြင်ဆင်မှုတွေကြောင့်ပဲ ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ အသုံးစရိတ်ထုတ်ဖို့ ကန့်သတ်ခဲ့ပြီး ကစားသမားသစ် ထပ်မံခေါ်ယူမှု ကြီးကြီးမားမား မလုပ်နိုင်တော့ခြင်းဖြစ်ကြောင်း ဖော်ပြခံနေရတယ်။

ပရီးမီးယားလိဂ် ရာသီသစ်နဲ့အတူ အိပ်မက်ကဇာတ်ရုံကြီး အိုးထရက်ဖိုဒ့်ဟာ ပွဲတွေကို ပြန်လည် ကျင်းပနေခဲ့ပြီ ဖြစ်ပါတယ်။ ပွဲစဉ်(၃) ကစားပြီးချိန်မှာ ယူနိုက်တက်ဟာ ရလာဒ်ဆိုး အချို့တွေကိုတော့ ရင်ဆိုင်ကာ ဖြတ်သန်းနေခဲ့ရတာပါ။ လက်ကျန်ပွဲစဉ်တွေမှာတော့ ဆိုးရှားရဲ့ လက်အောက်မှာ အိုးထရက်ဖိုဒ့်ဟာ ဘယ်လိုတောက်ပလာဦးမလဲ ဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။

Sports Home Time