ေဆာင္းပါး | ဥေရာပရဲ႕ Powerhouse အသင္းျဖစ္လာဖို႔ အရွိန္ျမင့္တင္ေနတဲ့ လီဗာပူး

လီဗာပူးအသင္းဟာ မၾကာခင္မွာေတာ့ ကလပ္အသင္းရဲ႕ အန္ဖီးကြင္းထဲက The Anfield Road ပြဲၾကည့္စဥ္ကို အဆင့္ျမင့္တင္မွာျဖစ္ျပီး တည္ေဆာက္မႈဆိုင္ရာ အေျခခံအခ်က္ေတြကို စတင္ျခင္းနဲ႔ ေျခလွမ္းသစ္ေတြကို အစပ်ိဳးေတာ့မွာျဖစ္ပါတယ္။

အဂၤလန္ရဲ႕ ဂုဏ္ရွိန္ၾကီးမားတဲ့ လီဗာပူးအသင္းဟာ ျပည္တြင္းမွာ ဆုဖလားေတြ ျပိဳင္ဆုိင္ဖို႔ အားသြန္းလာခဲ့ျပီျဖစ္ျပီး ဥေရာပရဲ႕ အထင္ကရျပိဳင္ပြဲၾကီးျဖစ္တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲထံ ႏွစ္ႏွစ္ဆက္ တက္ေရာက္ထားပါတယ္။ လက္ရွိ ခ်န္ပီယံလည္းျဖစ္ျပီး ေအာင္ျမင္မႈေတြ ျပန္လည္ရရွိလာတဲ့ လီဗာပူးဟာ ျပိဳင္ဘက္အသင္းေတြ ျပဳလုပ္လာၾကတဲ့ လမ္းစဥ္ေတြထဲက အက်ိဳးျဖစ္တဲ့ကိစၥေတြကို အတုယူျပီး ကလပ္အသင္းအတြက္ အေျခခံအုတ္ျမစ္ေတြ တည္ေဆာက္လာေနပါတယ္။

လီဗာပူးဟာ ဥေရာပရဲ႕ Powerhouse အသင္းျဖစ္လာေနတဲ့ ကလပ္အသင္းအတြက္ ေအာင္ျမင္တဲ့ အုတ္ျမစ္ခ်ႏုိင္မႈေတြနဲ႔ အရွိန္ျမင့္တင္ေနမႈေတြ လုပ္ေနတယ္။ ျမင္သာတဲ့ ျပဳျပင္မႈေတြမွာေတာ့ အေရးပါတဲ့ အေျပာင္းအေရႊ႔ဆိုင္ရာ ေကာ္မတီ၊ အားကစားဒါရိုက္တာေတြကို ထည့္သြင္းထားခဲ့ျပီျဖစ္တယ္။ ေမာ္ဒန္ေဘာလံုးေလာကမွ ထည့္သြင္းလာၾကတဲ့ အားကစားဆိုင္ရာသိပၸံ၊ ေဆးသိပၸံ အကူအညီေတြအျပင္ ေလ့က်င့္ေရးစင္တာေတြကိုလည္း တည္ေဆာက္လာခဲ့တယ္။

အေမရိကန္ပိုင္ရွင္ေတြ လက္လြဲယူျပီးေနာက္မွာ လီဗာပူးဟာ ေရွးဆန္တဲ့ အစဥ္အလာေတြကို စြန္႔လႊတ္ျပီး စီးပြားေရးဆုိင္ရာ အၾကီးအကဲေတြ ခန္႔အပ္ခဲ့သလို Sega, Microsoft နဲ႔ Electronic Arts တို႔မွာ အၾကီးအကဲအျဖစ္ အလုပ္လုပ္ေနတဲ့ ပီတာမိုးလို ဝါရင့္ပုဂၢိဳလ္အား ကလပ္အသင္း စီအီးအိုအသစ္အျဖစ္ တာဝန္ယူေစခဲ့ပါတယ္။ ဒါေတြဟာ ဥေရာပ ထိပ္တန္းအသင္းေတြ က်င့္သံုးလာတဲ့ အုပ္ခ်ဳပ္မႈဆိုင္ရာ နည္းလမ္းေတြကို နည္းနာယူ အသြင္ေျပာင္းမႈလည္း ျဖစ္ခဲ့ပါတယ္။

ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈေတြကို ေဆးသိပၸံပညာေတြနဲ႔ အျမဲတမ္း စစ္ေဆးသလို ဒဏ္ရာအေျခအေနကို ကုမႈမွာလည္း အားကစားေလာကထဲမွာ စတင္ကာ အသံုးျပဳလာၾကတဲ့ နာဆာ နည္းပညာေတြကို ထည့္သြင္းလာတယ္။ ပြဲစဥ္ျပီးတိုင္းမွာ အသင္းသားေတြရဲ႕ ေဒတာေတြကို စုစည္းကာ ေနာက္ထပ္ ပြဲေန႔ေတြအတြက္ ၾကိဳတင္ျပင္ဆင္မႈေတြလည္း လုပ္လာခဲ့ပါတယ္။

ဒီရာသီမွာ လီဗာပူးအသင္း ျပဳလုပ္ခဲ့တဲ့ ေဆးသိပၸံပညာရပ္တခုကေတာ့ ေနာ္ဝစ္ပြဲအျပီး တူရကီေျမထံသြားေရာက္တဲ့ ခ်ယ္ဆီးပြဲနဲ႔ ေဆာက္သမ္တန္ကို ဧည့္ခံက်င္းပတဲ့ ပရီးမီးယားလိဂ္ပြဲမတိုင္ခင္ အသင္းသားေတြရဲ႕ ၾကံ႕ခိုင္မႈကို ထိန္းသိမ္းျခင္းျဖစ္တယ္။ Lee Nobes ဦးေဆာင္တဲ့ ၾကံ႕ခိုင္မႈဆိုင္ရာ အသင္းဟာ အဖြဲ႔ငါးဖြဲ႔ခြဲထားျပီး တူရကီက ဟိုတယ္မွသည္ လီဗာပူးကိုျပန္ရမယ့္ ေလယာဥ္ခရီး၊ ေဆာက္သမ္တန္ကြင္းထံသြားရမယ့္ ၾကာခ်ိန္အထိ မိုင္ေပါင္း ၃၅၀၀ အတြက္ ႏွစ္ႏုိင္ငံကြာျခားခ်ိန္၊ အနားယူခ်ိန္ေတြကို အေသးစိတ္ တြက္ခ်က္ခဲ့ၾကတယ္။

တူရကီခရီးမွာ ဒဏ္ရာရလာတဲ့ အတ္ဒရီယန္ကို လီဗာပူးအသင္း ၾကံ႕ခိုင္ေရးအဖြဲ႔က NASA space suit technology ကို အသံုးျပဳျပီး ေရခဲကုထံုးနဲ႔ ကုသႏုိင္လို႔ စပိန္ဂိုးသမားဟာ စိန္႔နဲ႔ပြဲမွာ ပြဲထြက္ႏုိင္ခဲ့တာျဖစ္တယ္။ မိနစ္ ၁၂၀ ကစားခဲ့ရတဲ့ လီဗာပူးအသင္းသားေတြကို ေဆးသိပၸံအကူအညီေတြနဲ႔အတူ ပရီးမီးယားလိဂ္ပြဲကို ယခင္ပြဲေတြလို အင္ျပည့္အားျပည့္ ကစားႏုိင္ဖို႔ အားထုတ္ခဲ့ရတာျဖစ္တယ္။

လီဗာပူးဟာ လက္ေတြ႔က်တဲ့ အသင္းသားေတြရဲ႕ တိုးတက္မႈဆိုင္ရာ နည္းလမ္းေတြအျပင္ အနာဂတ္မွာ ပြဲေန႔ေတြအတြက္ ဝင္ေငြေတြနဲ႔ ခ်န္ပီယံလိဂ္လို အဓိက ျပိဳင္ပြဲၾကီးကို လက္ခံက်င္းပခြင့္အတြက္ အန္ဖီးကြင္းကို ထပ္မံ တိုးခ်ဲ႔မွာျဖစ္တယ္။ ကြင္းသစ္တည္ေဆာက္ဖုိ႔ အဆင္မေျပတဲ့ေနာက္ လီဗာပူးဟာ မဟာျပိဳင္ဘက္ ယူႏုိက္တက္ရဲ႕ တစ္ခ်ိန္က ျပဳလုပ္ခဲ့တဲ့ အိုထရတ္ဖိုဒ့္ တိုးခ်ဲ႔တည္ေဆာက္မႈေတြကို နည္းနာယူလာခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ဆာအဲလက္စ္ေခတ္မွာ နာမည္ေက်ာ္ အိုထရတ္ဖိုဒ့္ကြင္းကို စတင္ကာ တိုးခ်ဲ႔ တည္ေဆာက္ခဲ့တာျဖစ္တယ္။ ၁၉၉၀ ခုႏွစ္နဲ႔ ၂၀၀၀ ျပည့္ႏွစ္ေတြမွာ အိုထရတ္ဖိုဒ့္ဟာ စတင္ကာ ၾကီးက်ယ္လာခဲ့ျပီး ၁၉၉၅ ခုႏွစ္မွာ ပရိသတ္ ၅၅၀၀၀ ဆန္႔ကြင္းအဆင့္ကို ေရာက္ခဲ့ျပီး ေနာက္ထပ္ ၅ ႏွစ္အၾကာမွာ ၆၁၀၀၀ ေနာက္ထပ္ ၅ ရာသီအၾကာမွာ ပရိသတ္ ၆၈၀၀၀ ထိ ဝင္ဆံ့ဖို႔ တိုးခ်ဲ႔တည္ေဆာက္လာခဲ့ျပီး လက္ရွိမွာေတာ့ အဂၤလန္ရဲ႕ အၾကီးမားဆံုးကြင္းအဆင့္ကို ေရာက္လာခဲ့တာျဖစ္တယ္။

တူညီတဲ့ ေျခလွမ္းေတြအတိုင္း လီဗာပူးဟာ ကလပ္အသင္းရဲ႕ အရွိန္အဝါနဲ႔ အင္ပါယာကို တိုးခ်ဲ႔ဖို႔အျဖစ္ အန္ဖီးကြင္းကို ေျဖးေျဖးခ်င္း တည္ေဆာက္လာေနတာျဖစ္တယ္။ ဒီဘက္ႏွစ္ေတြမွာ လီဗာပူးပရိသတ္ေတြက အန္ဖီးကြင္းမွာ ကလပ္အသင္း ခ်န္ပီယံလိဂ္ဆုဖလားကို ကိုင္ေျမာက္ႏုိင္ဖုိ႔ဆိုတဲ့ အိပ္မက္ေတြ ထားရွိလာၾကတယ္။ ဒါေပမယ့္လို႔ ၂၀၀၆ ခုႏွစ္မွာ ျပဌာန္းခဲ့မႈအရ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အိမ္ရွင္အျဖစ္ က်င္းပလိုတဲ့ ကလပ္အသင္းဟာ အနည္းဆံုး ပရိသတ္ ၆၀၀၀၀ ကေန ၇၀၀၀၀ ထိ ဧည့္ခံႏုိင္မယ့္ ကြင္းျဖစ္ဖို႔ လိုအပ္ေနတာျဖစ္တယ္။

အန္ဖီးကြင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို လက္ခံက်င္းပဖို႔အတြက္ လံုေလာက္တဲ့ အရည္အခ်င္း မျပည့္မွီပဲ The Anfield Road ကို တိုးခ်ဲ႔မွသာလွ်င္ ပရိသတ္ဝင္ႏႈန္းကို တိုးျမင့္ႏုိင္မွာျဖစ္တယ္။ လီဗာပူးအၾကီးအကဲေတြကေတာ့ အာဆင္နယ္လို အိမ္ကြင္း ဟိုက္ဘူရီကို စြန္႔ျပီး အမ္းမရိတ္ကြင္းသစ္ ေဆာက္ဖို႔ထက္ ယူႏုိက္တက္လို ကလပ္ရဲ႕ စိတ္ဝိဥာဥ္ေတြ ကိန္းေအာင္းေနတဲ့ အိုထရတ္ဖိုဒ့္ကို တစ္ဆင့္ျခင္း အဆင့္ျမင့္တင္မႈေတြအား နည္းနာယူျပီး အန္ဖီးကြင္း ပြဲၾကည့္စင္ေတြကို တစ္ခုျခင္း တိုးခ်ဲ႔လာေနခဲ့ျခင္း ျဖစ္ေၾကာင္းလည္း The Athletic က ေဖာ္ျပထားခဲ့ပါတယ္။

လာမယ့္ႏွစ္မွာ လီဗာပူးဟာ မဲဝုဒ္ကို စြန္႔ခြာျပီး သန္း ၅၀ အကုန္အက်ခံ တည္ေဆာက္ထားတဲ့ ခရာဘီေလ့က်င့္ေရးကို ပူးေပါင္းေတာ့မွာပါ။ ဒါ့အျပင္ အန္ဖီးကြင္း တိုးခ်ဲ႔မႈကိုလည္း စတင္ေတာ့မွာျဖစ္တယ္။ လီဗာပူးအၾကီးအကဲေတြကေတာ့ ကလပ္အသင္း တိုးတက္လာဖို႔ ေကာင္းမြန္တဲ့ နည္းလမ္းျဖစ္မယ္ဆိုရင္ ျပိဳင္ဘက္အသင္းေတြရဲ႕ ေအာင္ျမင္တဲ့ ေျပာင္းလဲမႈလမ္းစဥ္ေတြကို အတုယူဖို႔ရာ အဆင္သင့္ျဖစ္ေနျပီပဲ ျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ မကြာခင်မှာတော့ ကလပ်အသင်းရဲ့ အန်ဖီးကွင်းထဲက The Anfield Road ပွဲကြည့်စဉ်ကို အဆင့်မြင့်တင်မှာဖြစ်ပြီး တည်ဆောက်မှုဆိုင်ရာ အခြေခံအချက်တွေကို စတင်ခြင်းနဲ့ ခြေလှမ်းသစ်တွေကို အစပျိုးတော့မှာဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ဂုဏ်ရှိန်ကြီးမားတဲ့ လီဗာပူးအသင်းဟာ ပြည်တွင်းမှာ ဆုဖလားတွေ ပြိုင်ဆိုင်ဖို့ အားသွန်းလာခဲ့ပြီဖြစ်ပြီး ဥရောပရဲ့ အထင်ကရပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲထံ နှစ်နှစ်ဆက် တက်ရောက်ထားပါတယ်။ လက်ရှိ ချန်ပီယံလည်းဖြစ်ပြီး အောင်မြင်မှုတွေ ပြန်လည်ရရှိလာတဲ့ လီဗာပူးဟာ ပြိုင်ဘက်အသင်းတွေ ပြုလုပ်လာကြတဲ့ လမ်းစဉ်တွေထဲက အကျိုးဖြစ်တဲ့ကိစ္စတွေကို အတုယူပြီး ကလပ်အသင်းအတွက် အခြေခံအုတ်မြစ်တွေ တည်ဆောက်လာနေပါတယ်။

လီဗာပူးဟာ ဥရောပရဲ့ Powerhouse အသင်းဖြစ်လာနေတဲ့ ကလပ်အသင်းအတွက် အောင်မြင်တဲ့ အုတ်မြစ်ချနိုင်မှုတွေနဲ့ အရှိန်မြင့်တင်နေမှုတွေ လုပ်နေတယ်။ မြင်သာတဲ့ ပြုပြင်မှုတွေမှာတော့ အရေးပါတဲ့ အပြောင်းအရွှေ့ဆိုင်ရာ ကော်မတီ၊ အားကစားဒါရိုက်တာတွေကို ထည့်သွင်းထားခဲ့ပြီဖြစ်တယ်။ မော်ဒန်ဘောလုံးလောကမှ ထည့်သွင်းလာကြတဲ့ အားကစားဆိုင်ရာသိပ္ပံ၊ ဆေးသိပ္ပံ အကူအညီတွေအပြင် လေ့ကျင့်ရေးစင်တာတွေကိုလည်း တည်ဆောက်လာခဲ့တယ်။

အမေရိကန်ပိုင်ရှင်တွေ လက်လွဲယူပြီးနောက်မှာ လီဗာပူးဟာ ရှေးဆန်တဲ့ အစဉ်အလာတွေကို စွန့်လွှတ်ပြီး စီးပွားရေးဆိုင်ရာ အကြီးအကဲတွေ ခန့်အပ်ခဲ့သလို Sega, Microsoft နဲ့ Electronic Arts တို့မှာ အကြီးအကဲအဖြစ် အလုပ်လုပ်နေတဲ့ ပီတာမိုးလို ဝါရင့်ပုဂ္ဂိုလ်အား ကလပ်အသင်း စီအီးအိုအသစ်အဖြစ် တာဝန်ယူစေခဲ့ပါတယ်။ ဒါတွေဟာ ဥရောပ ထိပ်တန်းအသင်းတွေ ကျင့်သုံးလာတဲ့ အုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းတွေကို နည်းနာယူ အသွင်ပြောင်းမှုလည်း ဖြစ်ခဲ့ပါတယ်။

ကစားသမားတွေရဲ့ ကြံ့ခိုင်မှုတွေကို ဆေးသိပ္ပံပညာတွေနဲ့ အမြဲတမ်း စစ်ဆေးသလို ဒဏ်ရာအခြေအနေကို ကုမှုမှာလည်း အားကစားလောကထဲမှာ စတင်ကာ အသုံးပြုလာကြတဲ့ နာဆာ နည်းပညာတွေကို ထည့်သွင်းလာတယ်။ ပွဲစဉ်ပြီးတိုင်းမှာ အသင်းသားတွေရဲ့ ဒေတာတွေကို စုစည်းကာ နောက်ထပ် ပွဲနေ့တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်လာခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်း ပြုလုပ်ခဲ့တဲ့ ဆေးသိပ္ပံပညာရပ်တခုကတော့ နော်ဝစ်ပွဲအပြီး တူရကီမြေထံသွားရောက်တဲ့ ချယ်ဆီးပွဲနဲ့ ဆောက်သမ်တန်ကို ဧည့်ခံကျင်းပတဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင် အသင်းသားတွေရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းခြင်းဖြစ်တယ်။ Lee Nobes ဦးဆောင်တဲ့ ကြံ့ခိုင်မှုဆိုင်ရာ အသင်းဟာ အဖွဲ့ငါးဖွဲ့ခွဲထားပြီး တူရကီက ဟိုတယ်မှသည် လီဗာပူးကိုပြန်ရမယ့် လေယာဉ်ခရီး၊ ဆောက်သမ်တန်ကွင်းထံသွားရမယ့် ကြာချိန်အထိ မိုင်ပေါင်း ၃၅၀၀ အတွက် နှစ်နိုင်ငံကွာခြားချိန်၊ အနားယူချိန်တွေကို အသေးစိတ် တွက်ချက်ခဲ့ကြတယ်။

တူရကီခရီးမှာ ဒဏ်ရာရလာတဲ့ အတ်ဒရီယန်ကို လီဗာပူးအသင်း ကြံ့ခိုင်ရေးအဖွဲ့က NASA space suit technology ကို အသုံးပြုပြီး ရေခဲကုထုံးနဲ့ ကုသနိုင်လို့ စပိန်ဂိုးသမားဟာ စိန့်နဲ့ပွဲမှာ ပွဲထွက်နိုင်ခဲ့တာဖြစ်တယ်။ မိနစ် ၁၂၀ ကစားခဲ့ရတဲ့ လီဗာပူးအသင်းသားတွေကို ဆေးသိပ္ပံအကူအညီတွေနဲ့အတူ ပရီးမီးယားလိဂ်ပွဲကို ယခင်ပွဲတွေလို အင်ပြည့်အားပြည့် ကစားနိုင်ဖို့ အားထုတ်ခဲ့ရတာဖြစ်တယ်။

လီဗာပူးဟာ လက်တွေ့ကျတဲ့ အသင်းသားတွေရဲ့ တိုးတက်မှုဆိုင်ရာ နည်းလမ်းတွေအပြင် အနာဂတ်မှာ ပွဲနေ့တွေအတွက် ဝင်ငွေတွေနဲ့ ချန်ပီယံလိဂ်လို အဓိက ပြိုင်ပွဲကြီးကို လက်ခံကျင်းပခွင့်အတွက် အန်ဖီးကွင်းကို ထပ်မံ တိုးချဲ့မှာဖြစ်တယ်။ ကွင်းသစ်တည်ဆောက်ဖို့ အဆင်မပြေတဲ့နောက် လီဗာပူးဟာ မဟာပြိုင်ဘက် ယူနိုက်တက်ရဲ့ တစ်ချိန်က ပြုလုပ်ခဲ့တဲ့ အိုထရတ်ဖိုဒ့် တိုးချဲ့တည်ဆောက်မှုတွေကို နည်းနာယူလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆာအဲလက်စ်ခေတ်မှာ နာမည်ကျော် အိုထရတ်ဖိုဒ့်ကွင်းကို စတင်ကာ တိုးချဲ့ တည်ဆောက်ခဲ့တာဖြစ်တယ်။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာ အိုထရတ်ဖိုဒ့်ဟာ စတင်ကာ ကြီးကျယ်လာခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ပရိသတ် ၅၅၀၀၀ ဆန့်ကွင်းအဆင့်ကို ရောက်ခဲ့ပြီး နောက်ထပ် ၅ နှစ်အကြာမှာ ၆၁၀၀၀ နောက်ထပ် ၅ ရာသီအကြာမှာ ပရိသတ် ၆၈၀၀၀ ထိ ဝင်ဆံ့ဖို့ တိုးချဲ့တည်ဆောက်လာခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလန်ရဲ့ အကြီးမားဆုံးကွင်းအဆင့်ကို ရောက်လာခဲ့တာဖြစ်တယ်။

တူညီတဲ့ ခြေလှမ်းတွေအတိုင်း လီဗာပူးဟာ ကလပ်အသင်းရဲ့ အရှိန်အဝါနဲ့ အင်ပါယာကို တိုးချဲ့ဖို့အဖြစ် အန်ဖီးကွင်းကို ဖြေးဖြေးချင်း တည်ဆောက်လာနေတာဖြစ်တယ်။ ဒီဘက်နှစ်တွေမှာ လီဗာပူးပရိသတ်တွေက အန်ဖီးကွင်းမှာ ကလပ်အသင်း ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြောက်နိုင်ဖို့ဆိုတဲ့ အိပ်မက်တွေ ထားရှိလာကြတယ်။ ဒါပေမယ့်လို့ ၂၀၀၆ ခုနှစ်မှာ ပြဌာန်းခဲ့မှုအရ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် ကျင်းပလိုတဲ့ ကလပ်အသင်းဟာ အနည်းဆုံး ပရိသတ် ၆၀၀၀၀ ကနေ ၇၀၀၀၀ ထိ ဧည့်ခံနိုင်မယ့် ကွင်းဖြစ်ဖို့ လိုအပ်နေတာဖြစ်တယ်။

အန်ဖီးကွင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပဖို့အတွက် လုံလောက်တဲ့ အရည်အချင်း မပြည့်မှီပဲ The Anfield Road ကို တိုးချဲ့မှသာလျှင် ပရိသတ်ဝင်နှုန်းကို တိုးမြင့်နိုင်မှာဖြစ်တယ်။ လီဗာပူးအကြီးအကဲတွေကတော့ အာဆင်နယ်လို အိမ်ကွင်း ဟိုက်ဘူရီကို စွန့်ပြီး အမ်းမရိတ်ကွင်းသစ် ဆောက်ဖို့ထက် ယူနိုက်တက်လို ကလပ်ရဲ့ စိတ်ဝိဉာဉ်တွေ ကိန်းအောင်းနေတဲ့ အိုထရတ်ဖိုဒ့်ကို တစ်ဆင့်ခြင်း အဆင့်မြင့်တင်မှုတွေအား နည်းနာယူပြီး အန်ဖီးကွင်း ပွဲကြည့်စင်တွေကို တစ်ခုခြင်း တိုးချဲ့လာနေခဲ့ခြင်း ဖြစ်ကြောင်းလည်း The Athletic က ဖော်ပြထားခဲ့ပါတယ်။

လာမယ့်နှစ်မှာ လီဗာပူးဟာ မဲဝုဒ်ကို စွန့်ခွာပြီး သန်း ၅၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ ခရာဘီလေ့ကျင့်ရေးကို ပူးပေါင်းတော့မှာပါ။ ဒါ့အပြင် အန်ဖီးကွင်း တိုးချဲ့မှုကိုလည်း စတင်တော့မှာဖြစ်တယ်။ လီဗာပူးအကြီးအကဲတွေကတော့ ကလပ်အသင်း တိုးတက်လာဖို့ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်မယ်ဆိုရင် ပြိုင်ဘက်အသင်းတွေရဲ့ အောင်မြင်တဲ့ ပြောင်းလဲမှုလမ်းစဉ်တွေကို အတုယူဖို့ရာ အဆင်သင့်ဖြစ်နေပြီပဲ ဖြစ်ပါတယ်။

Sports Home Time