ခံစစ္ညံ့ဖ်င္းျပီး အိုထရတ္ဖိုဒ့္မွာ ပဲေလစ့္ကို ထိုက္တန္စြာ အေရးနိမ့္ခဲ့တဲ့ ယူႏုိက္တက္

ယူႏုိက္တက္ဟာ အိမ္ကြင္းမွာ ပဲေလစ့္ကို ရင္ဆိုင္ဖို႔ လူစာရင္းအျပည့္ ထုတ္သံုးလာခဲ့ေပမယ့္ ခံစစ္အမွားေတြကေန အရူးရဲ႕ တစ္လံုးတည္ေသာ သြင္းဂိုးကို ခြင့္ျပဳရျပီး မိနစ္ ၉၀ ျပည့္ခါနီးမွာ ဂ်ိမ္းက ေျခပဂိုး ျပန္သြင္းႏုိင္ေပမယ့္ ဗန္အားႏိုစ့္က ဂိုးထပ္သြင္းခဲ့ျခင္းေၾကာင့္ ပြဲအျပီးမွာ ၁-၂ ရလဒ္ ထြက္ေပၚခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ ပထမပိုင္း ၁၅ မိနစ္မွာ ေဘာလံုးပိုင္ဆုိင္မႈ ၈၂% ထိ ရွိခဲ့ျပီး ပဲေလစ့္အသင္းသားေတြထဲက ထိခ်က္ ၅ ခ်က္ရွိတာဆိုလို႔ တစ္ဦးပဲ ရွိခဲ့ကာ တိုက္စစ္သမား ဇာဟာဆိုရင္ ေဘာလံုးထိခ်က္ တစ္ၾကိမ္ပဲ ရွိခဲ့တာျဖစ္တယ္။ ယူႏုိက္တက္ရဲ႕ ေဘာလံုးပိုင္ဆုိင္မႈနဲ႔ ျမန္ျမန္ကစားမႈဟာ ေကာင္းမြန္ခဲ့ေပမယ္လည္း အပိုင္ အခြင့္အေရးေတြ အမ်ားၾကီး မရခဲ့သလို သြင္းဂိုးေတြလည္း မျမင္ခဲ့ရပါဘူး။

ယူႏုိက္တက္ရဲ႕ တိုက္စစ္ဆင္မႈေတြဟာ ေကာင္းမြန္ေပမယ့္ ခ်ိတ္ဆက္မႈပိုင္း လိုအပ္ခ်က္ေတြ ရွိေနခဲ့တာျဖစ္တယ္။ တကယ္တမ္း ဂိုးရခဲ့တာကေတာ့ ပဲေလစ့္ ဂိုးသမား ကန္တင္ေပးတဲ့ ေဘာလံုးကို ခံစစ္မွဴး လင္ဒီေအာ့ ဖ်က္ထုတ္ႏုိင္ျခင္း မရွိရာက ပဲေလစ့္ဘက္က အရူး ေက်ာ္တက္သြားျပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႔ကာ ဒီဂီယာရဲ႕ ညာျခမ္း ေအာက္ဘက္ကို အသာအယာ ပိတ္သြင္းယူခဲ့တာျဖစ္တယ္။

လင္ဒီေအာ့ဟာ အမွားေတြ အေတာ္မ်ားျပီး သူရဲ႕ ေပါ့ေလ်ာ့မႈဟာ တြဲဘက္ မက္ဂြဲရားနဲ႔ အလွမ္းကြာေနမႈေၾကာင့္ ျပန္ဆယ္ဖို႔ မျဖစ္ႏုိင္တဲ့ အေနအထားျဖစ္ခဲ့တယ္။ ဦးေဆာင္ဂိုးေပးျပီး မၾကာခင္မွာပဲ ပဲေလစ့္ဘက္က အံ့အားသင့္ဖြယ္ အေနအထားက ကစားသမား သံုးဦးထိ ဧရိယာထဲ လြတ္လြတ္ကၽြတ္ကၽြတ္ လြတ္ထြက္သြားေသးေပမယ့္ လူကၽြံကို ေရွာင္ေနတဲ့ အေနအထားေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏုိင္ခဲ့တာျဖစ္တယ္။

ပဲေလစ့္ဘက္ကို ယူႏုိက္တက္က ျပန္ေဖာက္ေနတဲ့ အေနအထားမွာ ကာေဟးရဲ႕ ျဖတ္ထုတ္မႈက အနီကဒ္ျပသင့္တဲ့ အေနအထားျဖစ္ေပမယ့္ ျပသခံရျခင္း မရွိပါဘူး။ မာရွယ္ကို ဧရိယာထဲ မဝင္ႏုိင္ခင္မွာ ကာေဟးျဖတ္ထုတ္မႈက ယူႏုိက္တက္အတြက္ နစ္နာခဲ့ျပီး ျပစ္ဒဏ္ေဘာပဲ ကန္ခြင့္ရခဲ့ပါတယ္။ ပထမပိုင္းမွာ ယူႏုိက္တက္ဟာ တိုက္စစ္ကို တင္ကစားလိုေပမယ့္ ဂိုးေပါက္ျခိမ္းေျခာက္မႈေတာင္မွ မရွိခဲ့တာျဖစ္တယ္။

ပဲေလစ့္ဘက္က ဦးေဆာင္ထားရေအာင္ပဲ သူတို႔ဟာ လုပ္အားႏႈန္းေကာင္းသလို ၾကိဳးစားမႈလည္း ရွိခဲ့တယ္။ ယူႏုိက္တက္ဘက္ကေတာ့ အခြင့္အေရး ဖန္တီးမႈေတြ မရွိခဲ့ပဲ မာတာလို ကစားသမားမ်ိဳး လိုအပ္ေနခဲ့တာျဖစ္တယ္။ လင္ဂတ္ဟာ စြမ္းအားရွိေပမယ့္ ဖန္တီးႏုိင္မႈ လံုးဝမရွိသလို ကြင္းလယ္ဖန္တီးရွင္ မရွိျခင္းက ယူႏုိက္တက္ရဲ႕ မဟာ အမွားလည္းျဖစ္ခဲ့တယ္။ ပဲေလစ့္ကေတာ့ ၾကံ႕ၾကံ႕ခံထားျပီး ေကာင္တာေတြကို အရွိန္တင္ဖို႔ ၾကိဳးစားခဲ့တာျဖစ္တယ္။

ဒုတိယပိုင္းမွာ ယူႏုိက္တက္ တုိက္စစ္က ပိုအလုပ္ျဖစ္လာေပမယ့္ ပဲေလစ့္ရဲ႕ အမာခံ ရွင္းထုတ္မႈေတြနဲ႔ ပိတ္ကာမႈကို မေဖာက္ထြက္ႏုိင္ခဲ့ပါဘူး။ ပင္နယ္တီ ရခဲ့ရာမွာ တုိက္စစ္မွဴး ရပ္ဖိုဒ့္ ကန္သြင္းေပမယ့္ တိုင္ထိ ထြက္ခဲ့ေသးတယ္။ ယူႏုိက္တက္ဟာ အင္အားအျပည့္ ကစားေပမယ့္ ထိေရာက္မႈ မရွိပဲ ရွင္းထုတ္ခံရရင္းနဲ႔ပဲ အခ်ိန္ကန္ေနခဲ့တာျဖစ္တယ္။ ယူႏုိက္တက္ဟာ ပိုင္ဆုိင္မႈမွာ အသာရေပမယ့္ ပဲေလစ့္ခံစစ္ကို ခ်ိဳးဖ်က္ဖုိ႔ေတာ့ အေတာ္ေလး ရုန္းကန္ခဲ့ရပါတယ္။

ကြင္းလယ္ဖန္တီးမႈအားနည္းျပီး တုိက္စစ္က အဆံုးမသတ္ႏုိင္တဲ့ ဒီေျခစြမ္းနဲ႔ေတာ့ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေတာင္ အႏုိင္ႏုိင္ျဖစ္ေနဦးမွာပါ။ ပြဲျပီးခါနီးနားမွာ ဂ်ိမ္းက ေျခပဂိုးကို လွလွပပ သြင္းယူခဲ့ေပမယ့္လည္း သိပ္မၾကာခင္မွာပဲ ဗန္အားႏိုစ့္က ပဲေလစ့္အတြက္ ဦးေဆာင္ဂိုး ထပ္သြင္းသြားခဲ့တာျဖစ္တယ္။ ဘယ္ေတာင္ပံကေန သူရသြားတဲ့ ေဘာလံုးဟာ အေတာ္ေလးကို သက္ေသာင့္သက္သာရွိျပီး ဒါဟာ ယူႏုိက္တက္ခံစစ္ ယိုယြင္းမႈကို ပိုျမင္သာေစခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ဒီကေန႔ပြဲမွာ လံုေလာက္ေအာင္ မေကာင္းခဲ့သလို ပဲေလစ့္ကို အသာရခဲ့တာဆိုလို႔ ပိုင္ဆုိင္မႈပိုင္းပဲ ရွိမွာျဖစ္တယ္။ ပဲေလစ့္ရဲ႕ တိုက္စစ္ဆင္မႈေတြကို ကာကြယ္ဖို႔ လိုအပ္ခ်ိန္ေတြမွာေတာ့ ယူႏုိက္တက္ကြင္းလယ္နဲ႔ ခံစစ္က ေႏွးေကြးလွျပီး အက်ိဳးဆက္အားျဖင့္ အိမ္ကြင္းမွာတင္ သြင္းဂိုးေခါင္ေနတဲ့ ပဲေလစ့္ထံက ႏွစ္ဂိုးသြင္းယူျခင္းနဲ႔ အႏုိင္ယူျခင္း ခံခဲ့ရျပီျဖစ္ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ပဲလေစ့်ကို ရင်ဆိုင်ဖို့ လူစာရင်းအပြည့် ထုတ်သုံးလာခဲ့ပေမယ့် ခံစစ်အမှားတွေကနေ အရူးရဲ့ တစ်လုံးတည်သော သွင်းဂိုးကို ခွင့်ပြုရပြီး မိနစ် ၉၀ ပြည့်ခါနီးမှာ ဂျိမ်းက ခြေပဂိုး ပြန်သွင်းနိုင်ပေမယ့် ဗန်အားနိုစ့်က ဂိုးထပ်သွင်းခဲ့ခြင်းကြောင့် ပွဲအပြီးမှာ ၁-၂ ရလဒ် ထွက်ပေါ်ခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ ပထမပိုင်း ၁၅ မိနစ်မှာ ဘောလုံးပိုင်ဆိုင်မှု ၈၂% ထိ ရှိခဲ့ပြီး ပဲလေစ့်အသင်းသားတွေထဲက ထိချက် ၅ ချက်ရှိတာဆိုလို့ တစ်ဦးပဲ ရှိခဲ့ကာ တိုက်စစ်သမား ဇာဟာဆိုရင် ဘောလုံးထိချက် တစ်ကြိမ်ပဲ ရှိခဲ့တာဖြစ်တယ်။ ယူနိုက်တက်ရဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ မြန်မြန်ကစားမှုဟာ ကောင်းမွန်ခဲ့ပေမယ်လည်း အပိုင် အခွင့်အရေးတွေ အများကြီး မရခဲ့သလို သွင်းဂိုးတွေလည်း မမြင်ခဲ့ရပါဘူး။

ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုတွေဟာ ကောင်းမွန်ပေမယ့် ချိတ်ဆက်မှုပိုင်း လိုအပ်ချက်တွေ ရှိနေခဲ့တာဖြစ်တယ်။ တကယ်တမ်း ဂိုးရခဲ့တာကတော့ ပဲလေစ့် ဂိုးသမား ကန်တင်ပေးတဲ့ ဘောလုံးကို ခံစစ်မှူး လင်ဒီအော့ ဖျက်ထုတ်နိုင်ခြင်း မရှိရာက ပဲလေစ့်ဘက်က အရူး ကျော်တက်သွားပြီး ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ကာ ဒီဂီယာရဲ့ ညာခြမ်း အောက်ဘက်ကို အသာအယာ ပိတ်သွင်းယူခဲ့တာဖြစ်တယ်။

လင်ဒီအော့ဟာ အမှားတွေ အတော်များပြီး သူရဲ့ ပေါ့လျော့မှုဟာ တွဲဘက် မက်ဂွဲရားနဲ့ အလှမ်းကွာနေမှုကြောင့် ပြန်ဆယ်ဖို့ မဖြစ်နိုင်တဲ့ အနေအထားဖြစ်ခဲ့တယ်။ ဦးဆောင်ဂိုးပေးပြီး မကြာခင်မှာပဲ ပဲလေစ့်ဘက်က အံ့အားသင့်ဖွယ် အနေအထားက ကစားသမား သုံးဦးထိ ဧရိယာထဲ လွတ်လွတ်ကျွတ်ကျွတ် လွတ်ထွက်သွားသေးပေမယ့် လူကျွံကို ရှောင်နေတဲ့ အနေအထားကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်တယ်။

ပဲလေစ့်ဘက်ကို ယူနိုက်တက်က ပြန်ဖောက်နေတဲ့ အနေအထားမှာ ကာဟေးရဲ့ ဖြတ်ထုတ်မှုက အနီကဒ်ပြသင့်တဲ့ အနေအထားဖြစ်ပေမယ့် ပြသခံရခြင်း မရှိပါဘူး။ မာရှယ်ကို ဧရိယာထဲ မဝင်နိုင်ခင်မှာ ကာဟေးဖြတ်ထုတ်မှုက ယူနိုက်တက်အတွက် နစ်နာခဲ့ပြီး ပြစ်ဒဏ်ဘောပဲ ကန်ခွင့်ရခဲ့ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်ဟာ တိုက်စစ်ကို တင်ကစားလိုပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုတောင်မှ မရှိခဲ့တာဖြစ်တယ်။

ပဲလေစ့်ဘက်က ဦးဆောင်ထားရအောင်ပဲ သူတို့ဟာ လုပ်အားနှုန်းကောင်းသလို ကြိုးစားမှုလည်း ရှိခဲ့တယ်။ ယူနိုက်တက်ဘက်ကတော့ အခွင့်အရေး ဖန်တီးမှုတွေ မရှိခဲ့ပဲ မာတာလို ကစားသမားမျိုး လိုအပ်နေခဲ့တာဖြစ်တယ်။ လင်ဂတ်ဟာ စွမ်းအားရှိပေမယ့် ဖန်တီးနိုင်မှု လုံးဝမရှိသလို ကွင်းလယ်ဖန်တီးရှင် မရှိခြင်းက ယူနိုက်တက်ရဲ့ မဟာ အမှားလည်းဖြစ်ခဲ့တယ်။ ပဲလေစ့်ကတော့ ကြံ့ကြံ့ခံထားပြီး ကောင်တာတွေကို အရှိန်တင်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက် တိုက်စစ်က ပိုအလုပ်ဖြစ်လာပေမယ့် ပဲလေစ့်ရဲ့ အမာခံ ရှင်းထုတ်မှုတွေနဲ့ ပိတ်ကာမှုကို မဖောက်ထွက်နိုင်ခဲ့ပါဘူး။ ပင်နယ်တီ ရခဲ့ရာမှာ တိုက်စစ်မှူး ရပ်ဖိုဒ့် ကန်သွင်းပေမယ့် တိုင်ထိ ထွက်ခဲ့သေးတယ်။ ယူနိုက်တက်ဟာ အင်အားအပြည့် ကစားပေမယ့် ထိရောက်မှု မရှိပဲ ရှင်းထုတ်ခံရရင်းနဲ့ပဲ အချိန်ကန်နေခဲ့တာဖြစ်တယ်။ ယူနိုက်တက်ဟာ ပိုင်ဆိုင်မှုမှာ အသာရပေမယ့် ပဲလေစ့်ခံစစ်ကို ချိုးဖျက်ဖို့တော့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

ကွင်းလယ်ဖန်တီးမှုအားနည်းပြီး တိုက်စစ်က အဆုံးမသတ်နိုင်တဲ့ ဒီခြေစွမ်းနဲ့တော့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်တောင် အနိုင်နိုင်ဖြစ်နေဦးမှာပါ။ ပွဲပြီးခါနီးနားမှာ ဂျိမ်းက ခြေပဂိုးကို လှလှပပ သွင်းယူခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာပဲ ဗန်အားနိုစ့်က ပဲလေစ့်အတွက် ဦးဆောင်ဂိုး ထပ်သွင်းသွားခဲ့တာဖြစ်တယ်။ ဘယ်တောင်ပံကနေ သူရသွားတဲ့ ဘောလုံးဟာ အတော်လေးကို သက်သောင့်သက်သာရှိပြီး ဒါဟာ ယူနိုက်တက်ခံစစ် ယိုယွင်းမှုကို ပိုမြင်သာစေခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီကနေ့ပွဲမှာ လုံလောက်အောင် မကောင်းခဲ့သလို ပဲလေစ့်ကို အသာရခဲ့တာဆိုလို့ ပိုင်ဆိုင်မှုပိုင်းပဲ ရှိမှာဖြစ်တယ်။ ပဲလေစ့်ရဲ့ တိုက်စစ်ဆင်မှုတွေကို ကာကွယ်ဖို့ လိုအပ်ချိန်တွေမှာတော့ ယူနိုက်တက်ကွင်းလယ်နဲ့ ခံစစ်က နှေးကွေးလှပြီး အကျိုးဆက်အားဖြင့် အိမ်ကွင်းမှာတင် သွင်းဂိုးခေါင်နေတဲ့ ပဲလေစ့်ထံက နှစ်ဂိုးသွင်းယူခြင်းနဲ့ အနိုင်ယူခြင်း ခံခဲ့ရပြီဖြစ်ပါတယ်။

Sports Home Time