စက္တင္ဘာမတိုင္ခင္ ဆန္းခ်က္ ထြက္ခြာခြင့္ကိစၥ ျပီးေျမာက္မလား ဆိုးရွား သတင္းျပန္

ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက တိုက္စစ္မွဴး ဆန္းခ်က္ဟာ ပရီးမီးယားလိဂ္ကေန ထြက္ခြာဖို႔ ကလပ္အသင္း အခ်ိဳ႕နဲ႔ စကားေျပာမႈေတြ လုပ္ေနေၾကာင္းကို အတည္ျပဳစကား ေျပာဆိုလိုက္ပါတယ္။

ခ်ီလီသားတိုက္စစ္မွဴးဟာ အိုထရတ္ဖုိဒ့္မွာ ေျခစြမ္းျပဖို႔ ရုန္းကန္ေနရျပီး မႏွစ္ကရာသီတုန္းက ကလပ္အသင္းအတြက္ မိနစ္ ၉၀ အျပည့္ ကစားေပးႏုိင္တဲ့ပြဲ တစ္ပြဲမွ မရွိခဲ့သလို ၂၀၁၈ ခုႏွစ္က အာဆင္နယ္ကေန ေရာက္လာျပီးေနာက္ပိုင္း လိဂ္သြင္းဂိုး ၃ ဂိုးပဲ ရထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တိုက္စစ္သမားဟာ အဂၤါေန႔က ရွက္ဖီးယူႏုိက္တက္နဲ႔ ကြင္းပိတ္ ယွဥ္ျပိဳင္ကစားတဲ့ ခ်စ္ၾကည္ေရးပြဲမွာ ပါဝင္ခဲ့ပါတယ္။

ဥေရာပေစး်ကြက္ဟာ စက္တင္ဘာလ ၂ ရက္ေန႔မွာ ပိတ္သိမ္းမွာျဖစ္ျပီး အဲ့သည္မတိုင္ခင္မွာ ဆန္းခ်က္ကို ညိႏိႈင္းေနတဲ့ ကလပ္အသင္းေတြက အျပီးသတ္ႏုိင္ေအာင္ ၾကိဳးစားရမွာျဖစ္တယ္။ စီးရီးေအကလပ္ အင္တာမီလန္ဟာ ဆန္းခ်က္ကို ေခၚယူႏုိင္ဖုိ႔ အဓိက ၾကိဳးစားေနတဲ့အသင္းျဖစ္ျပီး အငွားေခၚယူမႈဟာ ျဖစ္ေျမာက္သြားႏုိင္တာျဖစ္ပါတယ္။

ဆိုးရွားကေတာ့ ” အခ်ိဳ႕ကလပ္ေတြနဲ႔ ဆန္းခ်က္ကိစၥ စကားေျပာေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ကစားသမားက ရွက္ဖီးနဲ႔ပြဲမွာ ပါဝင္ကစားခဲ့ျပီး ကစားတာလည္း ေကာင္းခဲ့တယ္။ က်ေနာ္ ေျပာသလိုပါပဲ သူ အေကာင္းဆံုးေတာ့ ၾကိဳးစား လုပ္ေဆာင္ေနပါတယ္။ စက္တင္ဘာမွ ဘာေတြျဖစ္လာမယ္ဆိုတာေတာ့ က်ေနာ္တုိ႔ ေစာင့္ၾကည့္ၾကတာေပါ့ ” လို႔ ဆန္းခ်က္ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ေျဖဆိုခဲ့ပါတယ္။

မန္ေနဂ်ာဆိုးရွားက ဆန္းခ်က္က ေမွ်ာ္လင့္ထားၾကတာေတြထက္ ပြဲပိုကစားရမယ္ဆိုျပီး ခ်ီလီသားရဲ႕ အနာဂတ္ကို ေထာက္ခံမႈ လုပ္ထားဖူးပါတယ္။ ဒါေပမယ့္ အင္တာမီလန္နဲ႔ ညိႏိႈင္းခြင့္ကိုလည္း ခြင့္ျပဳထားလို႔ အေျပာင္းအေရႊ႔ မျဖစ္ေျမာက္ခဲ့ရင္း ပြဲထြက္လူစာရင္းအတြက္ ထည့္သြင္းသံုးႏုိင္ဖုိ႔ စဥ္းစားမယ့္သေဘာျဖစ္တယ္။

ယူႏုိက္တက္ဟာ တုိက္စစ္အတြက္ ရပ္ဖိုဒ့္၊ မာရွယ္၊ ဂ်ိမ္းတို႔နဲ႔ ဂရင္းဝုဒ္လို လူငယ္ကစားသမားကိုပဲ အဓိက သံုးေနရတဲ့ အေနအထားျဖစ္တာေၾကာင့္ ဝါရင့္တိုက္စစ္မွဴးကို ဆက္ထားဖို႔ကလည္း စဥ္းစားစရာျဖစ္ပါတယ္။ ဆန္းခ်က္ဟာ စံခ်ိန္တင္ လုပ္ခ ရေနတာျဖစ္ျပီး ဒါဟာ ယူႏုိက္တက္အတြက္ေကာ အငွားေခၚယူမယ့္ ကလပ္အသင္းေတြအတြက္ပါ ဝန္ပိေနေစတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက်မန်နေဂျာ ဆိုးရှားက တိုက်စစ်မှူး ဆန်းချက်ဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ ကလပ်အသင်း အချို့နဲ့ စကားပြောမှုတွေ လုပ်နေကြောင်းကို အတည်ပြုစကား ပြောဆိုလိုက်ပါတယ်။

ချီလီသားတိုက်စစ်မှူးဟာ အိုထရတ်ဖိုဒ့်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး မနှစ်ကရာသီတုန်းက ကလပ်အသင်းအတွက် မိနစ် ၉၀ အပြည့် ကစားပေးနိုင်တဲ့ပွဲ တစ်ပွဲမှ မရှိခဲ့သလို ၂၀၁၈ ခုနှစ်က အာဆင်နယ်ကနေ ရောက်လာပြီးနောက်ပိုင်း လိဂ်သွင်းဂိုး ၃ ဂိုးပဲ ရထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်သမားဟာ အင်္ဂါနေ့က ရှက်ဖီးယူနိုက်တက်နဲ့ ကွင်းပိတ် ယှဉ်ပြိုင်ကစားတဲ့ ချစ်ကြည်ရေးပွဲမှာ ပါဝင်ခဲ့ပါတယ်။

ဥရောပစေးျကွက်ဟာ စက်တင်ဘာလ ၂ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပြီး အဲ့သည်မတိုင်ခင်မှာ ဆန်းချက်ကို ညိနှိုင်းနေတဲ့ ကလပ်အသင်းတွေက အပြီးသတ်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ စီးရီးအေကလပ် အင်တာမီလန်ဟာ ဆန်းချက်ကို ခေါ်ယူနိုင်ဖို့ အဓိက ကြိုးစားနေတဲ့အသင်းဖြစ်ပြီး အငှားခေါ်ယူမှုဟာ ဖြစ်မြောက်သွားနိုင်တာဖြစ်ပါတယ်။

ဆိုးရှားကတော့ ” အချို့ကလပ်တွေနဲ့ ဆန်းချက်ကိစ္စ စကားပြောနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားက ရှက်ဖီးနဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး ကစားတာလည်း ကောင်းခဲ့တယ်။ ကျနော် ပြောသလိုပါပဲ သူ အကောင်းဆုံးတော့ ကြိုးစား လုပ်ဆောင်နေပါတယ်။ စက်တင်ဘာမှ ဘာတွေဖြစ်လာမယ်ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ကြတာပေါ့ ” လို့ ဆန်းချက်ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ဖြေဆိုခဲ့ပါတယ်။

မန်နေဂျာဆိုးရှားက ဆန်းချက်က မျှော်လင့်ထားကြတာတွေထက် ပွဲပိုကစားရမယ်ဆိုပြီး ချီလီသားရဲ့ အနာဂတ်ကို ထောက်ခံမှု လုပ်ထားဖူးပါတယ်။ ဒါပေမယ့် အင်တာမီလန်နဲ့ ညိနှိုင်းခွင့်ကိုလည်း ခွင့်ပြုထားလို့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ရင်း ပွဲထွက်လူစာရင်းအတွက် ထည့်သွင်းသုံးနိုင်ဖို့ စဉ်းစားမယ့်သဘောဖြစ်တယ်။

ယူနိုက်တက်ဟာ တိုက်စစ်အတွက် ရပ်ဖိုဒ့်၊ မာရှယ်၊ ဂျိမ်းတို့နဲ့ ဂရင်းဝုဒ်လို လူငယ်ကစားသမားကိုပဲ အဓိက သုံးနေရတဲ့ အနေအထားဖြစ်တာကြောင့် ဝါရင့်တိုက်စစ်မှူးကို ဆက်ထားဖို့ကလည်း စဉ်းစားစရာဖြစ်ပါတယ်။ ဆန်းချက်ဟာ စံချိန်တင် လုပ်ခ ရနေတာဖြစ်ပြီး ဒါဟာ ယူနိုက်တက်အတွက်ကော အငှားခေါ်ယူမယ့် ကလပ်အသင်းတွေအတွက်ပါ ဝန်ပိနေစေတာဖြစ်ပါတယ်။

Sports Home Time