ယာဂင္ကေလာ့ပ္ အနားယူရင္ လီဗာပူးကို ျပန္လာျပီး နည္းျပလုပ္မလား အလြန္ဆို အေျဖျပန္

ေမြးရပ္ေျမကလပ္ ရီးရဲလ္ဆိုစီဒက္အသင္းရဲ႕ လူငယ္အသင္းမွာ မန္ေနဂ်ာအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ စပိန္ကြင္းလယ္လူေဟာင္း အလြန္ဆိုဟာ ဒီရာသီမွာ မန္ေနဂ်ာေလာကထဲ စတင္ဝင္ေရာက္လာခဲ့ပါတယ္။

လီဗာပူးအသင္းနဲ႔ ထင္းရွားလာခဲ့ျပီး စပိန္အသင္းနဲ႔အတူ ကမၻာဖလားခ်န္ပီယံလည္းျဖစ္ခဲ့သူ အလြန္ဆိုဟာ ၂၀၀၅ ခုႏွစ္က ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈမွာ အဓိကက်ခဲ့သူပါ။ သူဟာ ေနာက္ပိုင္းမွာ ဇာတိေျမက ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းသြားခဲ့ေပမယ့္ လီဗာပူးနဲ႔ ပက္သက္လာရင္ ေႏြးထြးတဲ့ ႏွလံုးသားရွိသူျဖစ္ပါတယ္။

ဘီဘီစီသတင္းဌာနက အလြန္ဆိုရဲ႕ မန္ေနဂ်ာေလာကထဲ ဝင္ေရာက္လာမႈေတြမွာ ကစားသမားရဲ႕ အန္ဖီးအသင္းအေပၚ ထားရွိတဲ့ စိတ္ခံစားခ်က္ေတြ ရွိေနဆဲဆိုတာ နားလည္ခဲ့တယ္။ ဒီေတာ့ သူတို႔က အနာဂတ္မွာ သူ႔ရဲ႕ေအာင္ေျမျဖစ္ခဲ့တဲ့ အန္ဖီးကြင္းကို ျပန္လာျပီး ဂ်ာမန္သား မန္ေနဂ်ာၾကီးရဲ႕ ေျခရာနင္းျပီး ဦးေဆာင္သူတာဝန္ကို ယူလိုလားလို႔ ေမးခြန္းထုတ္ခံခဲ့ရတယ္။

အလြန္ဆိုက ” က်ေနာ္တို႔ မ်ိဳးဆက္ေတြက ခ်န္ပီယံလိဂ္မွာ ႏွစ္ေပါင္းမ်ားစြာ ပါဝင္ယွဥ္ျပိဳင္ခဲ့ၾကတယ္။ အခုခ်ိန္မွာ က်ေနာ္တုိ႔က မန္ေနဂ်ာေလာကထဲ ေျခခ်လာခဲ့ၾကျပီျဖစ္ပါတယ္။ ဒါက ေဘာလံုးသံသရာ စက္ဝိုင္းၾကီးပါပဲ။ က်ေနာ္အတြက္ကေတာ့ စတီဗင္၊ အာတီတာ၊ လမ္းပတ္တို႔လို ငယ္ရြယ္တဲ့ မန္ေနဂ်ာေတြအေနနဲ႔ ဒီေလာကထဲ ျပန္ေျခခ်လာခဲ့ရတာ သိပ္ေကာင္းပါတယ္။

ဒီအေျခအေနမွာေတာ့ က်ေနာ္တုိ႔မွာ ထူးခၽြန္တဲ့ မန္ေနဂ်ာတစ္ဦး ရွိေနတယ္။ လီဗာပူးပရိသတ္ေတြ အေနနဲ႔ က်ေနာ္တုိ႔ဟာ ယာဂင္ကေလာ့ပ္ကို ေစာင့္ၾကည့္ရတာ စိတ္လႈပ္ရွားပါတယ္။ ဒီလူက တကယ္လူဆိုတာ ခံစားလို႔ရပါတယ္။ လီဗာပူးရဲ႕ အေမြအႏွစ္ေတြကို ႏွစ္သက္တယ္၊ ပရိသတ္ေတြနဲ႔ ဆက္သြယ္တဲ့ နည္းလမ္းေတြအျပင္ ဘယ္လို ေကာင္းမြန္စြာ လုပ္ေနလဲဆိုတာ ျမင္ႏုိင္တယ္။ အေကာင္းဆံုး ေမွ်ာ္လင့္ခ်က္ေတြ ျဖည့္စီးႏုိင္ခဲ့သလို သူက အသင္းရဲ႕ ႏွစ္သက္ခံ မန္ေနဂ်ာျဖစ္ေနပါတယ္ ” လို႔ ေျဖပါတယ္။

မက္ဒရစ္မွာ ယာဂင္ကေလာ့ပ္နဲ႔ အသင္းသားေတြ ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္ခဲ့တာက ၂၀၀၅ ခုႏွစ္က ေက်ာ္ၾကားလွတဲ့ ေအစီမီလန္ကို ေအာင္ျမင္မႈအား ျပန္သတိရေစပါတယ္။ လီဗာပူးက ရီးရဲလ္မက္ဒရစ္ကို ရင္ဆုိင္ခဲ့တုန္းက အလြန္ဆိုဟာ အသင္းေဟာင္းႏွစ္သင္းအတြက္ ခံစားခ်က္ေတြ ေရာေထြးခဲ့ေပမယ့္ စပါးနဲ႔ ရင္ဆိုင္ရာမွာေတာ့ သူဟာ လီဗာပူးကို အႏုိင္ရေစလိုခဲ့ပါတယ္။

” ခ်န္ပီယံလိဂ္ဖလားကို လီဗာပူးအသင္း အႏုိင္ရတာကို ျမင္ရတာနဲ႔ အသင္းပရိသတ္ေတြ ေပ်ာ္ရႊင္ေနတာကို ျမင္ရတာက က်ေနာ္တုိ႔ ၂၀၀၅ ခုႏွစ္မွာ လုပ္ခဲ့သလိုပါပဲ။ အမွတ္တရေတြ အမ်ားၾကီးကို သယ္ေဆာင္လာေပးပါတယ္။ ၂၀၀၅ ခုႏွစ္က က်ေနာ္တုိ႔ အသင္းသားေတြျဖစ္တဲ့ စတိဗင္၊ ဒူးဒက္၊ ဟစ္ပီယာတို႔ကလည္း ကြင္းထဲမွာရွိေနျပီး အသင္းအတြက္ အတူ ေအာင္ပြဲခံခဲ့ၾကတယ္။

တကယ္ကို ခံစားရတဲ့ အခ်ိန္ေတြပါပဲ။ လီဗာပူးက ဘယ္ေလာက္ထိ ထူးျခားသလဲဆိုတာ က်ေနာ္တို႔သိတယ္။ တစ္ခါနီျပီးရင္ အျမဲနီးပါတယ္။ ဒါက ေၾကြးေၾကာ္သံမဟုတ္ဘူး၊ လိုဂိုမဟုတ္ဘူး။ ဒါက အစစ္အမွန္ပါ။ က်ေနာ္တုိ႔ အျမဲတမ္း မွ်ေဝခဲ့ၾကပါတယ္ ” လို႔ အလြန္ဆိုက ဆိုသြားခဲ့ပါတယ္။

Sports Home Time

[Unicode] မွေးရပ်မြေကလပ် ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ လူငယ်အသင်းမှာ မန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ စပိန်ကွင်းလယ်လူဟောင်း အလွန်ဆိုဟာ ဒီရာသီမှာ မန်နေဂျာလောကထဲ စတင်ဝင်ရောက်လာခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ ထင်းရှားလာခဲ့ပြီး စပိန်အသင်းနဲ့အတူ ကမ္ဘာဖလားချန်ပီယံလည်းဖြစ်ခဲ့သူ အလွန်ဆိုဟာ ၂၀၀၅ ခုနှစ်က ချန်ပီယံလိဂ်ဖလား အောင်မြင်မှုမှာ အဓိကကျခဲ့သူပါ။ သူဟာ နောက်ပိုင်းမှာ ဇာတိမြေက ရီးရဲလ်မက်ဒရစ်ထံ ပြောင်းသွားခဲ့ပေမယ့် လီဗာပူးနဲ့ ပက်သက်လာရင် နွေးထွးတဲ့ နှလုံးသားရှိသူဖြစ်ပါတယ်။

ဘီဘီစီသတင်းဌာနက အလွန်ဆိုရဲ့ မန်နေဂျာလောကထဲ ဝင်ရောက်လာမှုတွေမှာ ကစားသမားရဲ့ အန်ဖီးအသင်းအပေါ် ထားရှိတဲ့ စိတ်ခံစားချက်တွေ ရှိနေဆဲဆိုတာ နားလည်ခဲ့တယ်။ ဒီတော့ သူတို့က အနာဂတ်မှာ သူ့ရဲ့အောင်မြေဖြစ်ခဲ့တဲ့ အန်ဖီးကွင်းကို ပြန်လာပြီး ဂျာမန်သား မန်နေဂျာကြီးရဲ့ ခြေရာနင်းပြီး ဦးဆောင်သူတာဝန်ကို ယူလိုလားလို့ မေးခွန်းထုတ်ခံခဲ့ရတယ်။

အလွန်ဆိုက ” ကျနော်တို့ မျိုးဆက်တွေက ချန်ပီယံလိဂ်မှာ နှစ်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ အခုချိန်မှာ ကျနော်တို့က မန်နေဂျာလောကထဲ ခြေချလာခဲ့ကြပြီဖြစ်ပါတယ်။ ဒါက ဘောလုံးသံသရာ စက်ဝိုင်းကြီးပါပဲ။ ကျနော်အတွက်ကတော့ စတီဗင်၊ အာတီတာ၊ လမ်းပတ်တို့လို ငယ်ရွယ်တဲ့ မန်နေဂျာတွေအနေနဲ့ ဒီလောကထဲ ပြန်ခြေချလာခဲ့ရတာ သိပ်ကောင်းပါတယ်။

ဒီအခြေအနေမှာတော့ ကျနော်တို့မှာ ထူးချွန်တဲ့ မန်နေဂျာတစ်ဦး ရှိနေတယ်။ လီဗာပူးပရိသတ်တွေ အနေနဲ့ ကျနော်တို့ဟာ ယာဂင်ကလော့ပ်ကို စောင့်ကြည့်ရတာ စိတ်လှုပ်ရှားပါတယ်။ ဒီလူက တကယ်လူဆိုတာ ခံစားလို့ရပါတယ်။ လီဗာပူးရဲ့ အမွေအနှစ်တွေကို နှစ်သက်တယ်၊ ပရိသတ်တွေနဲ့ ဆက်သွယ်တဲ့ နည်းလမ်းတွေအပြင် ဘယ်လို ကောင်းမွန်စွာ လုပ်နေလဲဆိုတာ မြင်နိုင်တယ်။ အကောင်းဆုံး မျှော်လင့်ချက်တွေ ဖြည့်စီးနိုင်ခဲ့သလို သူက အသင်းရဲ့ နှစ်သက်ခံ မန်နေဂျာဖြစ်နေပါတယ် ” လို့ ဖြေပါတယ်။

မက်ဒရစ်မှာ ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေ ချန်ပီယံလိဂ်ဖလားကို အောင်မြင်ခဲ့တာက ၂၀၀၅ ခုနှစ်က ကျော်ကြားလှတဲ့ အေစီမီလန်ကို အောင်မြင်မှုအား ပြန်သတိရစေပါတယ်။ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ခဲ့တုန်းက အလွန်ဆိုဟာ အသင်းဟောင်းနှစ်သင်းအတွက် ခံစားချက်တွေ ရောထွေးခဲ့ပေမယ့် စပါးနဲ့ ရင်ဆိုင်ရာမှာတော့ သူဟာ လီဗာပူးကို အနိုင်ရစေလိုခဲ့ပါတယ်။

” ချန်ပီယံလိဂ်ဖလားကို လီဗာပူးအသင်း အနိုင်ရတာကို မြင်ရတာနဲ့ အသင်းပရိသတ်တွေ ပျော်ရွှင်နေတာကို မြင်ရတာက ကျနော်တို့ ၂၀၀၅ ခုနှစ်မှာ လုပ်ခဲ့သလိုပါပဲ။ အမှတ်တရတွေ အများကြီးကို သယ်ဆောင်လာပေးပါတယ်။ ၂၀၀၅ ခုနှစ်က ကျနော်တို့ အသင်းသားတွေဖြစ်တဲ့ စတိဗင်၊ ဒူးဒက်၊ ဟစ်ပီယာတို့ကလည်း ကွင်းထဲမှာရှိနေပြီး အသင်းအတွက် အတူ အောင်ပွဲခံခဲ့ကြတယ်။

တကယ်ကို ခံစားရတဲ့ အချိန်တွေပါပဲ။ လီဗာပူးက ဘယ်လောက်ထိ ထူးခြားသလဲဆိုတာ ကျနော်တို့သိတယ်။ တစ်ခါနီပြီးရင် အမြဲနီးပါတယ်။ ဒါက ကြွေးကြော်သံမဟုတ်ဘူး၊ လိုဂိုမဟုတ်ဘူး။ ဒါက အစစ်အမှန်ပါ။ ကျနော်တို့ အမြဲတမ်း မျှဝေခဲ့ကြပါတယ် ” လို့ အလွန်ဆိုက ဆိုသွားခဲ့ပါတယ်။

Sports Home Time