ေနမာအတြက္ ေပါင္ သန္း ၁၀၀ နဲ႕ ကစားသမားအလိုက္ေပးလာတဲ့ ရီးရဲလ္၊ ဆန္းခ်က္၊ လိုဇာနို၊ ဒိုင္ဘားလား၊ ေဘးလ္တို႔ နဲ႕ ညေနခင္း ေနာက္ဆံုးရသတင္းမ်ား

[Zawgyi] ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္မွာပဲ ဆက္ေနလိုတာေၾကာင့္ အေျပာင္းအေရႊ႕ တစံုတရာ ျဖစ္ဦးမွာ မဟုတ္ဘဲ ေ၀းစ္ၾကယ္ပြင့္ဟာ အသင္း အဓိက ကစားသမားအျဖစ္ ပါ၀င္ေနဦးမယ္လို႔ ဇီဒန္းက ၀န္ခံ ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ဆန္းခ်က္ဟာ ကလပ္အသင္းအခ်ိဳ႕နဲ႕ ေျပာဆို ေဆြးေႏြးမႈေတြ ရွိေနေၾကာင္း အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နဲ႕ အင္တာမီလန္တို႔ဟာ ဆန္းခ်က္ အေျပာင္းအေရႊ႕အတြက္ သေဘာတူညီမႈ ရရွိဖို႔ အျပီးမသတ္နုိင္ေသးဘဲ ရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ အေမ့ခံ ကြင္းလယ္ကစားသမား ရီနာတိုဆန္းခ်က္ဟာ လီဂူး၀မ္းကလပ္ လိုင္လီထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ျပီး ဒီေန႔မွာပဲ ေဆးစစ္ေတာ့မွာ ျဖစ္ပါတယ္။

ကမၻာ့ဖလားမွာ ေျခစြမ္းေတာက္ပခဲ့တဲ့ မကၠဆီကို ေတာင္ပံတိုက္စစ္သမား ဟာဗင္ လိုဇာနိုဟာ PSV ကေန နာပိုလီအသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၂ သန္းနဲ႕ ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ပါတယ္။ လိုဇာနိုက နာပိုလီနဲ႕ ၅ နွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

ရီးရဲလ္နဲ႕ ငါးနွစ္တာ လက္တြဲခဲ့တဲ့ ဂိုးသမား နားဗက္္စ္ဟာ အသင္းနဲ႕ ပတ္သတ္မႈကို အဆံုးသတ္ကာ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေရႊ႕ဖို႕ နီးစပ္ေနေၾကာင္း AS သတင္းမွာ ေဖာ္ျပလာပါတယ္။ ရီးရဲလ္ကလည္း ၄င္း ေနရာအတြက္ ခ်ယ္ဆီး အရန္ဂိုးသမား ကာဘယ္လာရိုကို ေခၚယူဖို႔ ၾကိဳးစားေနပါျပီ။

အာဆင္နယ္နည္းျပ အူနုိင္း အမ္မရီက ခံစစ္မွဴးေတြ ျဖစ္တဲ့ မူစတာဖီနဲ႕ အယ္နီနီ နွစ္ဦးလံုးကို ဥေရာပ အေျပာင္းအေရႊ႕ မပိတ္ခင္ အသင္း ကေန ထြက္ခြာနုိင္ေၾကာင္း အေၾကာင္းၾကားထားပါတယ္။

ရီးရဲလ္မက္ဒရစ္ တာ၀န္ရွိသူေတြဟာ ပဲရစ္ျမိဳ႔မွာ ေရာက္ရွိေနျပီး ေနမာ အေျပာင္းအေရႊ႕ အတြက္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနပါတယ္။ စပိန္ကလပ္ဟာ ေနမာအတြက္ ေပါင္ သန္း ၁၀၀ နဲ႕ ကစားသမား ထည့္သြင္း ကမ္းလွမ္းမႈ ျပဳလုပ္ရန္ ရည္ရြယ္ထားတာပါ။

ဘာစီလိုနာအသင္းကလည္း လာမယ့္ နာရီ အနည္းငယ္ အတြင္းမွာ ေနမာ ကို ျပန္လည္ ေခၚယူဖို႔ ၾကိဳးပမ္းမႈ အျပီးသတ္ေတာ့မွာ ျဖစ္တယ္လို႔ စပိန္သတင္းမ်ားမွာ ေဖာ္ျပေနပါတယ္။ ဒါေပမယ့္ ဘာစီလိုနာဘက္က ပီအက္စ္ဂ်ီလက္ခံနုိင္တဲ့ ကမ္းလွမ္းမႈမ်ိဳး မျပဳလုပ္ထားေသးဘူးလို႔ သိရပါတယ္။

ပီအက္စ္ဂ်ီဟာ ေနမာကို ဆံုးရွံဳးရရင္ အစားထိုးရန္ ဂ်ဴဗင္တပ္ ၾကယ္ပြင့္ ဒိုင္ဘားလားကို ေခၚယူဖို႔ မ်က္စိက်ေနပါတယ္။ ဒိုင္ဘားလားက ဒီလအေစာပိုင္းမွာ ပရီးမီးယားလိဂ္ ကလပ္ေတြ ျဖစ္တဲ့ ယူနိုက္တက္၊ စပါးတို႔နဲ႕ ခ်ိတ္ဆက္မႈ ရွိ္ခဲ့ေသာ္လည္း အေျပာင္းအေရႊ႕ မျဖစ္ခဲ့သူပါ။

လိဂ္၀မ္း ကလပ္ ဆန္းဒါးလန္းအသင္းကို ကမၻာ့အခ်မ္းသာဆံုး နံပါတ္ ၂၅ ခ်ိတ္တဲ့ အေမရိကန္ ရင္းနွီးျမွဳပ္နွံမႈ ကုမၸဏီတစ္ခုက ၀ယ္ယူဖို႔ စီစဥ္ေနျပီ ျဖစ္ပါတယ္။

ဘုန္းေမာက္ ေတာင္ပံကစားသမား ေဂ်ာ္ဒန္ အိုက္ဘ္က ၄င္း ဆဲလ္တစ္အသင္းထံ ေျပာင္းေရႊ႕မယ္ဆိုတဲ့ သတင္းမ်ားကို ျငင္းပယ္လိုက္ပါတယ္။ လီဗာပူး ကစားသမားေဟာင္းက အေျပာင္းအေရႊ႕သတင္းမ်ားနဲ႕ ပတ္သတ္ျပီး ထူးျခားမႈ မရွိေသးေၾကာင္း တုန္႔ျပန္ထားပါတယ္။

Sports Home Time

[Unicode] ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေလိုတာကြောင့် အပြောင်းအရွှေ့ တစုံတရာ ဖြစ်ဦးမှာ မဟုတ်ဘဲ ဝေးစ်ကြယ်ပွင့်ဟာ အသင်း အဓိက ကစားသမားအဖြစ် ပါဝင်နေဦးမယ်လို့ ဇီဒန်းက ဝန်ခံ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဆန်းချက်ဟာ ကလပ်အသင်းအချို့နဲ့ ပြောဆို ဆွေးနွေးမှုတွေ ရှိနေကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်တို့ဟာ ဆန်းချက် အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိဖို့ အပြီးမသတ်နိုင်သေးဘဲ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ် အမေ့ခံ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်ဟာ လီဂူးဝမ်းကလပ် လိုင်လီထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ဒီနေ့မှာပဲ ဆေးစစ်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမှာ ခြေစွမ်းတောက်ပခဲ့တဲ့ မက္ကဆီကို တောင်ပံတိုက်စစ်သမား ဟာဗင် လိုဇာနိုဟာ PSV ကနေ နာပိုလီအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ လိုဇာနိုက နာပိုလီနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ရီးရဲလ်နဲ့ ငါးနှစ်တာ လက်တွဲခဲ့တဲ့ ဂိုးသမား နားဗက်စ်ဟာ အသင်းနဲ့ ပတ်သတ်မှုကို အဆုံးသတ်ကာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း AS သတင်းမှာ ဖော်ပြလာပါတယ်။ ရီးရဲလ်ကလည်း ၎င်း နေရာအတွက် ချယ်ဆီး အရန်ဂိုးသမား ကာဘယ်လာရိုကို ခေါ်ယူဖို့ ကြိုးစားနေပါပြီ။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ခံစစ်မှူးတွေ ဖြစ်တဲ့ မူစတာဖီနဲ့ အယ်နီနီ နှစ်ဦးလုံးကို ဥရောပ အပြောင်းအရွှေ့ မပိတ်ခင် အသင်း ကနေ ထွက်ခွာနိုင်ကြောင်း အကြောင်းကြားထားပါတယ်။

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေဟာ ပဲရစ်မြို့မှာ ရောက်ရှိနေပြီး နေမာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေပါတယ်။ စပိန်ကလပ်ဟာ နေမာအတွက် ပေါင် သန်း ၁၀၀ နဲ့ ကစားသမား ထည့်သွင်း ကမ်းလှမ်းမှု ပြုလုပ်ရန် ရည်ရွယ်ထားတာပါ။

ဘာစီလိုနာအသင်းကလည်း လာမယ့် နာရီ အနည်းငယ် အတွင်းမှာ နေမာ ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းမှု အပြီးသတ်တော့မှာ ဖြစ်တယ်လို့ စပိန်သတင်းများမှာ ဖော်ပြနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်က ပီအက်စ်ဂျီလက်ခံနိုင်တဲ့ ကမ်းလှမ်းမှုမျိုး မပြုလုပ်ထားသေးဘူးလို့ သိရပါတယ်။

ပီအက်စ်ဂျီဟာ နေမာကို ဆုံးရှုံးရရင် အစားထိုးရန် ဂျူဗင်တပ် ကြယ်ပွင့် ဒိုင်ဘားလားကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ဒိုင်ဘားလားက ဒီလအစောပိုင်းမှာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ယူနိုက်တက်၊ စပါးတို့နဲ့ ချိတ်ဆက်မှု ရှိခဲ့သော်လည်း အပြောင်းအရွှေ့ မဖြစ်ခဲ့သူပါ။

လိဂ်ဝမ်း ကလပ် ဆန်းဒါးလန်းအသင်းကို ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၂၅ ချိတ်တဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုက ဝယ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ဘုန်းမောက် တောင်ပံကစားသမား ဂျော်ဒန် အိုက်ဘ်က ၎င်း ဆဲလ်တစ်အသင်းထံ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းများကို ငြင်းပယ်လိုက်ပါတယ်။ လီဗာပူး ကစားသမားဟောင်းက အပြောင်းအရွှေ့သတင်းများနဲ့ ပတ်သတ်ပြီး ထူးခြားမှု မရှိသေးကြောင်း တုန့်ပြန်ထားပါတယ်။

Sports Home Time