ယူနိုက်တက် ပွဲစဉ်တိုင်း အတွက် ရည်မှန်းချက်ကြီး ရှိနေတဲ့ ၀မ်ဘစ်ဆာကာ
[Zawgyi] ယူနိုက်တက် ကစားသမားသစ် ဖြစ်တဲ့ ဝမ်ဘစ်ဆာကာက ကွင်းထဲမှာ ကစားတဲ့အခါတိုင်း ယူနိုက်တက် အတွက် ဖျက်ထုတ်မှု အများဆုံး ကစားသမား ဖြစ်ဖို ရည်မှန်းချက်ထားနေပါတယ်။
သူက ရာသီကြိုမှာ စိတ်ပါလက်ပါ ကစားပြခဲ့တာနဲ့အတူ ချက်ချင်းကို ယူနိုက်တက် သစ္စာခံတွေ ရဲ့ ချစ်ခင်မှု ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီ့ အားထုတ်မှုတွေကို ၂၀၁၉-၂၀၂၀ ရာသီအစမှာလဲ သယ်ဆောင်နိုင်ခဲ့ပြီး လူငယ်ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ တောင်းဆိုမှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ခဲ့လို့ ပျော်ရွှင်နေပါတယ်။
Sports Home Time
[Unicode] ယူနိုက်တက် ကစားသမားသစ် ဖြစ်တဲ့ ဝမ်ဘစ်ဆာကာက ကွင်းထဲမှာ ကစားတဲ့အခါတိုင်း ယူနိုက်တက် အတွက် ဖျက်ထုတ်မှု အများဆုံး ကစားသမား ဖြစ်ဖို ရည်မှန်းချက်ထားနေပါတယ်။
အသက် ၂၁နှစ်အရွယ် ကစားသမားက ပြိုင်ဘက်တွေကို တိုက်စစ်ဆင်ခွင့်မပေးပဲ တားဆီးနိုင်တဲ့ စွမ်းဆောင်ရည်ကြောင့် သူ့ ကိုယ် သူ ဂုဏ်ယူနေတာပါ။ ယူနိုက်တက်ဟာ သူ့ရဲ့ အဲ့ဒီ်အရည်အချင်း တွေအတွက် ခရစ္စတယ်ပဲလေ့စ် ကနေ ပေါင်သန်း၅၀နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဝမ်ဘစ်ဆာကာဟာ နယ်မြေသစ်မှာ အမြန် အသားကျခဲ့ပြီးနောက် ဆိုးရှားလက်အောက် ခံစစ်အချက်အလက်တွေမှာ လွှမ်းမိုးထားပြီး သူ့ ရဲ့ ထိုက်တန်မှုကို သက်သေပြဖို့ ဆုံးဖြတ်ထားတာပါ။
“ဖျက်ထုတ်ရတာတွေကို ကျနော် သဘောကျတယ်။ ပွဲတိုင်းမှာ ဖျက်ထုတ်မှု အများဆုံး ကစားသမား ဖြစ်လိုတယ်။ ဒါက ကျနော့်ရဲ့ ရည်မှန်းချက်ပါ။ ပွဲတစ်ပွဲမှာ ကျနော် ဖျက်ထုတ်မှု သိပ်မလုပ်နိူင်ဘူးဆိုရင် မပျော်တော့ဘူး။ ကောင်းတဲ့ဘက်က တွေးကြည့်ရင် တောင်ပံကစားသမားက သူ့ဆီက ဘောလုံးလုယူဖို့ ကျနော့် အတွက် အခွင့်အရေး ပေးဖိူ့ ယုံကြည်မှု မရှိဘူးလိူ့ ပြောလို့ရတာပဲလေ။ ”
” တောင်ပံကစားသမားတွေက အဲ့ဒါကို မုန်းတယ်။ ကျနော် တောင်ပံမှာ ကစားခဲ့တုန်းက ဘောလူံးအလုခံရတာကို မနှစ်သက်ခဲ့ဘူး။ ကစားသမား တစ်ယောက် ကို ကျော်ဖြတ်ဖိူ့ ကျနော် ကြိုးစားခဲ့ပြီး သူက ကျနော့်ကို လျှောတိုက်ဖြတ်ထုတ်တဲ့အခါ ‘ငါ ထပ်ပြီး မကျရှုံးချင်ဘူး’ လို့ တွေးပြီး လမ်းကြောင်းပြောင်းလိုက်တယ်။ ” လို့ ဝမ်ဘစ်ဆာကာ က ဆိုပါတယ်။
သူက ရာသီကြိုမှာ စိတ်ပါလက်ပါ ကစားပြခဲ့တာနဲ့အတူ ချက်ချင်းကို ယူနိုက်တက် သစ္စာခံတွေ ရဲ့ ချစ်ခင်မှု ရယူနိူင်ခဲ့ပါတယ်။ အဲ့ဒီ့ အားထုတ်မှုတွေကို ၂၀၁၉-၂၀၂၀ ရာသီအစမှာလဲ သယ်ဆောင်နိုင်ခဲ့ပြီး လူငယ်ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ တောင်းဆိုမှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိူင်ခဲ့လိူ့ ပျော်ရွှင်နေပါတယ်။
“ကျနော်က အကြောက်အလန့် မရှိပဲ ကိုယ်လုပ်နိုင်တာကို လုပ်ပြီး ကိုယ့်ဘာကိုယ် ကစားချင်တာပါ။ ပွဲဦးထွက် မတိုင်ခင် စိတ်လှုပ်ရှားမှု ရှိခဲ့လားဆိုတော့ မရှိခဲ့ပါဘူး။ ကျနော် အဲ့စိတ်ကို တားဆီးခဲ့ပါတယ်။ တုန်လှုပ်တတ်တာက ဘာဖြစ်စေနိုင်တယ်ဆ်ုတာ ကျနော် သိတယ်။ အဲ့ဒါတွေက မင်းကို တိတ်ဆိတ်ငြိမ်သက်စေတယ်။ ”
” ကျနော်က ပွဲစဖို့ကိုပဲ စောင့်နေခဲ့တာ။ အဝတ်လဲခန်းထဲမှာ စောင့်နေပြီး ‘ဒီပွဲကို မြန်မြန်စပါတော့’ ဆိုပြီး တွေးနေခဲ့တာပါ။ အချိန် ပိုကြာရင် စိုးရိမ်မှုတွေ ဝင်လာန်ုင်တယ်။ ဒါကြောင့် ကျနော်က မြန်မြန် စပြီး ပြီးလိုက်ချင်တာ။ ပွဲထဲဝင်ပြီး တတ်နိုင်သလောက် ဘောလူံး အများကြီး ရဖို့ အလိုရှိနေခဲ့တယ်၊ အဲ့ဒါက စိုးရိမ်မှုတွေကို တားဆီးပေးပါတယ်။ ”
“ပြီးတော့ ကျနော် ဖျက်ထုတ်ရတာ၊ ဘောလူံးလုရတာတွေကို ကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လို ဖျက်ထုတ်မှုတွေကနေ ကျနော် ယုံကြည်မှုတွေ အများကြီး ရတယ်။ပရိသတ်တွေက အဲ့ဒါကို ချီးမြှောက်သြဘာပေးတယ်။ အဲ့ကျတော့ ကျနော်က နောက်ထပ် နောက်ထပ် ထပ်လုပ်ပြချင်လာရော။ ဒါက အကူအညီ ဖြစ်စေပါတယ်။ ” လိူ့ ပြောဆိုခဲ့ပါတယ်။
လာမယ့် စနေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် ဝမ်ဘစ်ဆာကာရဲ့ အသင်းဟောင်း ပဲလေ့စ့်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Sports Home Time