ပရီးမီးယားလိဂ္ ပြဲစဥ္-၃ မွာ အေတြးပြားျပီး အေျပာမ်ားရမယ့္ စိတ္ဝင္စားဖြယ္ ကိစၥမ်ား

ပရီးမီးယားလိဂ္ ပြဲစဥ္-၃ မွာေတာ့ ဒီရာသီ ရံွဴးပြဲမရွိေသးတဲ့ ၾကီး ၆ ၾကီးၾကား ထိပ္တိုက္ေတြ႔မႈ၊ ခ်ယ္ဆီးရဲ႕ ပထမဆံုးႏုိင္ပြဲ၊ ယူႏုိက္တက္ရဲ႕ ေျခစြမ္းအမွန္က ဘယ္လိုလဲဆိုတာနဲ႔ လက္ရွိ ခ်န္ပီယံ မန္စီးတီးနဲ႔ ပက္သက္ျပီး အေတြးပြားျပီး အေျပာမ်ားရမယ့္ ကိစၥရပ္ေတြကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ဒီအစီအစဥ္ကိုေတာ့ အပတ္တိုင္း ပရီးမီးယားလိဂ္ သီတင္းပတ္သစ္ေတြ မစခင္မွာ ေဖာ္ျပေပးေနတာျဖစ္ပါတယ္။

1) အန္ဖီးက ၾကိဳဆိုမႈမွာ စစ္မွန္တဲ့စိန္ေခၚမႈေတြနဲ႔ လီဗာပူး၊ အာဆင္နယ္

ၾသဂုတ္လ ၂၄၊ စေနေန႔ ည ၁၁း၀၀ နာရီ မွာေတာ့ လီဗာပူးနဲ႔ အာဆင္နယ္တို႔ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ျပီျဖစ္ပါတယ္။ ႏွစ္သင္းလံုးဟာ ဒီရာသီမွာ ရာႏႈန္းျပည့္ႏုိင္ပြဲေတြ ရထားတဲ့ ကလပ္အသင္းေတြျဖစ္တယ္။ အာဆင္နယ္ဟာ ရာသီၾကိဳမွာ ကစားသမားအင္အားျဖည့္မႈေကာင္းေတြ ျပဳလုပ္ထားတာက ဒီပြဲကို ပိုစိတ္ဝင္စားစရာ ေကာင္းေနေစပါတယ္။ လီဗာပူးရဲ႕လူစာရင္းက မႏွစ္ကလို ေတာင့္တင္းဆဲျဖစ္ေပမယ့္ ခံစစ္ကေတာ့ အရင္ႏွစ္ကေလာက္ မတည္ျငိမ္ေတာ့ပါဘူး။ ျပိဳင္ဘက္ အာဆင္နယ္ကေတာ့ မႏွစ္က လူစာရင္းေတာင့္လာျပီး ခံစစ္က လူးဝစ္၊ ကြင္းလယ္က ဆီးဘယ္ေလာ့၊ တိုက္စစ္က ပီပီတုိ႔ကို ေခၚယူခဲ့တာေၾကာင့္ ႏွစ္သင္းအင္အားက အရမ္းမကြာေတာ့ပါဘူး။

အဓိကအားျဖင့္ ႏွစ္သင္းလံုးဟာ အထိုင္မက်ေသးတဲ့ ရာသီစမွာတင္ ထိပ္တိုက္ေတြ႔တာေၾကာင့္ ဘယ္အသင္း ေျခပိုသာမယ္ဆိုတာ မွန္းစရခက္ပါတယ္။ အန္ဖီးကြင္းမွာ အာဆင္နယ္ဟာ အသာမရတဲ့အျပင္ ေအာက္အသင္းလို အေနအထားကို ဆင္းေနရတာ ၾကာခဲ့ပါျပီ။ အက်ိတ္အနယ္နဲ႔ ရလဒ္မျပတ္သားျခင္းမဟုတ္ပဲ ၃-၁၊ ၄-၀၊ ၅-၁ ထိေတာင္ ဂိုးေတြ ျပတ္ထားရတာျဖစ္ပါတယ္။ အမွတ္ေပးဖလားကို စိန္ေခၚမယ့္ လီဗာပူးရဲ႕ ေတာင့္တင္းမႈက မႏွစ္လိုပဲလား? ဂန္းနားတို႔ကေကာ အရင္ႏွစ္ေတြလို အားေပ်ာ့မေနဘူးလား? တကယ္ကို စိတ္ဝင္စားစရာပါပဲ။

2) အစေကာင္းမႈကို အားယူျပီး မန္စီးတီးကို တုန္႔ျပန္မယ့္ ဘုန္းေမာက္

မန္စီးတီးဟာ ဒုတိယအပတ္မွာတုန္းက စပါးကို သေရက်ခဲ့ျပီး တည္ကန္ေဘာေတြမွာ အားနည္းခ်က္ရွိတယ္လုိ႔ ေဖာ္ထုတ္ခံလာရတယ္။ ေဘာလံုးပိုင္ဆုိင္မႈ အသာရခဲ့ေပမယ့္ ဂိုးေပါက္ျခိမ္းေျခာက္မႈတိုင္းကို စပါးက ၾကံ႕ၾကံ႕ခံႏုိင္ခဲ့ပါတယ္။ မႏွစ္တုန္းကလည္း မန္စီးတီးဟာ ဘုန္းေမာက္ကို ေဘာလံုးပိုင္ဆိုင္မႈ ၈၀% ထိေတာင္ လႊမ္းမိုးခဲ့တာပါ။ ဟိုဝီရဲ႕အသင္းဟာ ဒီရာသီမွာ တာထြက္ေကာင္းေနျပီး အိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ မန္စီးတီးကို ေတာင့္ခံျပမလား ဂြာဒီယိုလာရဲ႕ အသင္းကပဲ အရင္ႏွစ္ရာသီအတိုင္းပဲ ေကာ္ေကာင္းအသင္းေတြဟာ သူတို႔ရဲ႕ ျပိဳင္ဘက္ မဟုတ္ဘူးဆိုတာကို ျပသမလား ျမင္ၾကရပါမယ္။

3) ေဘာ္ဒါေဟာင္းေတြ ေတြ႔ဆံုပြဲ

ရာသီအေစာပိုင္းမွာတင္ ဘစ္ဆာကာဟာ အသင္းေဟာင္းက ဇာဟာနဲ႔ ထိပ္တုိက္ေတြ႔ပါျပီ။ ညာအစြန္လူဟာ ပဲေလစ့္ရဲ႕ အေကာင္းဆံုး ကစားသမားကို ထိန္းခ်ဳပ္ျပီး သူ႔ရဲ႕ေက်ာ္ၾကားတဲ့ စပိုက္ဒါဖ်က္ထုတ္မႈေတြကို လုပ္ေဆာင္ရမွာျဖစ္တယ္။ ဇာဟာကလည္း ပရီးမီးယားလိဂ္ထိပ္တန္းအသင္းေတြကို ေျပာင္းႏုိင္ဖုိ႔ ဒီရာသီ သြင္းဂိုးတစ္ဂိုးမွ မရေသးတဲ့ ပဲေလစ့္ကို ေျပာင္းေရႊ႔ခြင့္ တင္ထားခဲ့ေသးတာျဖစ္ပါတယ္။

ပဲေလစ့္က သြင္းဂိုးေတြရဖို႔ ခက္ခဲေနတဲ့အသင္းျဖစ္ျပီး အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္တို႔က ပြဲကို လႊမ္းမိုး ကစားသြားမွာပါ။ ဒါေပမယ့္ ယူႏုိက္တက္ဟာ ေျခစြမ္း တည္ျငိမ္ျခင္းမရွိပဲ ဥေရာပ အေျပာင္းအေရႊ႔ မပိတ္ခင္ မန္ေနဂ်ာဆိုးရွားက အသင္းသားေတြကို ဆက္ထိန္းႏုိင္ဖုိ႔လည္း အာရံုစိုက္ေနရပါတယ္။ ယူႏုိက္တက္ဟာ အိမ္ကြင္းမွာ ရမွတ္အျပည့္ ရယူႏုိင္ရင္ေတာ့ ၾကီး ၆ ၾကီးထဲမွာ ရလဒ္ေကာင္းတဲ့ အသင္းတစ္သင္းအျဖစ္ သီတင္းပတ္တစ္ခုကို ေက်ာ္ျဖတ္ႏုိင္မွာျဖစ္ပါတယ္။

4) ခ်ယ္ဆီးအတြက္ အေျဖရွာေနဆဲ လမ္းပတ္

လမ္းပတ္ရဲ႕အသင္းဟာ ႏုိင္ပြဲတစ္ပြဲ စရမယ္ဆိုရင္ ပရီးမီးယားလိဂ္တန္းတက္ကလပ္နဲ႔ ျဖစ္သင့္ေနပါျပီ။ ယူႏိုက္တက္၊ လက္စတာပြဲေတြမွာ ေျခစြမ္းေကာင္းခဲ့ေပမယ့္ မိနစ္ ၉၀ လံုးေတာ့ ေကာင္းေနတာ မဟုတ္ပါဘူး။ ေျခစြမ္း တသမတ္ထဲ မရွိျခင္းကပဲ ခ်ယ္ဆီးကို ရလဒ္ေတြ ေကာင္းမြန္ဖို႔ တြန္းအားေလ်ာ့ေစခဲ့တာပါ။ ကစားအားေကာင္းေပမယ့္ လူငယ္ေတြကို အားျပဳေနတဲ့ ခ်ယ္ဆီးဟာ ဒုတိယပိုင္းေတြမွာ ေျခစြမ္းက်ဆင္းတတ္ျပီး ဗဟိုခံစစ္က အားေပ်ာ့သလို တိုက္စစ္ကို ဦးေဆာင္သူ လိုအပ္ေနပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီပြဲမွာေတာ့ ခ်ယ္ဆီးတို႔ ႏုိင္ပြဲရသင့္ေနပါျပီ။

5) တပ္ပ်က္ေနတဲ့ နယူးနဲ႔ စိန္ေခၚသူ စပါး

ရမွတ္ေတြလိုေနတဲ့ နယူးကာဆယ္က စပါးကြင္းမွာ ယွဥ္ျပိဳင္ရမွာပါ။ စပါးဟာ ပရီးမီးယားလိဂ္ စိန္ေခၚသူအဆင့္ကို ေရာက္လာခဲ့တာ ႏွစ္အနည္းငယ္ ၾကာလာခဲ့ပါျပီ။ အဘက္ဘက္က တိုးတက္ေနတဲ့ စပါးဟာ ဒီပြဲမွာေတာ့ လူသစ္ေတြကို ျမိဳင္ျမိဳင္ဆုိင္ဆုိင္ ထုတ္သံုးေတာ့မွာပါ။ ဒါေပမယ့္ မန္ေနဂ်ာရာဖာေနရာ အစားဝင္လာျပီး ကိုင္တြယ္ေနတဲ့ နယူးကာဆယ္မန္ေနဂ်ာကေတာ့ ဦးတည္ခ်က္ေတြကို ရွာေဖြေနရဆဲပါပဲ။ ဟယ္ရီကိန္း သြင္းဂိုးအမ်ားအျပားနဲ႔ အိမ္ရွင္အသင္းကို အႏုိင္သံုးမွတ္ရေစဖို႔ ဦးေဆာင္သြားဖို႔ ရာႏႈန္းမ်ားေနပါတယ္။

6) ၾကီး ၆ ၾကီးကို စိန္ေခၚသူမ်ား

အက္စတြန္ဗီလာ-အဲဗာတန္၊ ရွက္ဖီး-လက္စတာ ပြဲေတြမွာ အေဝးကြင္းအသင္းေတြက ပရီးမီးယားလိဂ္ တန္းတက္ကလပ္ေတြကို ရင္ဆိုင္ျပီး ၾကီး ၆ ၾကီးေနရာေတြကို စိန္ေခၚႏုိင္စြမ္းအား တိုးျမင့္လိုပါလိမ့္မယ္။ တန္းတက္လာျပီးကတည္းက ပိုေတာင့္တင္းလာတဲ့ ဝုဗ္ကေတာ့ ေျခစြမ္းေကာင္းတဲ့ ဘန္ေလကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ဒီသံုးသင္းဟာ ဒီရာသီမွာ ထိပ္ဆံုး ၆ သင္းေနရာကို ဝင္လုႏုိင္ေလာက္ေအာင္ ေတာင့္တင္းၾကတဲ့ အသင္းေတြပဲ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ် ပွဲစဉ်-၃ မှာတော့ ဒီရာသီ ရံှူးပွဲမရှိသေးတဲ့ ကြီး ၆ ကြီးကြား ထိပ်တိုက်တွေ့မှု၊ ချယ်ဆီးရဲ့ ပထမဆုံးနိုင်ပွဲ၊ ယူနိုက်တက်ရဲ့ ခြေစွမ်းအမှန်က ဘယ်လိုလဲဆိုတာနဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ပက်သက်ပြီး အတွေးပွားပြီး အပြောများရမယ့် ကိစ္စရပ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ အပတ်တိုင်း ပရီးမီးယားလိဂ် သီတင်းပတ်သစ်တွေ မစခင်မှာ ဖော်ပြပေးနေတာဖြစ်ပါတယ်။

1) အန်ဖီးက ကြိုဆိုမှုမှာ စစ်မှန်တဲ့စိန်ခေါ်မှုတွေနဲ့ လီဗာပူး၊ အာဆင်နယ်

သြဂုတ်လ ၂၄၊ စနေနေ့ ည ၁၁း၀၀ နာရီ မှာတော့ လီဗာပူးနဲ့ အာဆင်နယ်တို့ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ပြီဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ ဒီရာသီမှာ ရာနှုန်းပြည့်နိုင်ပွဲတွေ ရထားတဲ့ ကလပ်အသင်းတွေဖြစ်တယ်။ အာဆင်နယ်ဟာ ရာသီကြိုမှာ ကစားသမားအင်အားဖြည့်မှုကောင်းတွေ ပြုလုပ်ထားတာက ဒီပွဲကို ပိုစိတ်ဝင်စားစရာ ကောင်းနေစေပါတယ်။ လီဗာပူးရဲ့လူစာရင်းက မနှစ်ကလို တောင့်တင်းဆဲဖြစ်ပေမယ့် ခံစစ်ကတော့ အရင်နှစ်ကလောက် မတည်ငြိမ်တော့ပါဘူး။ ပြိုင်ဘက် အာဆင်နယ်ကတော့ မနှစ်က လူစာရင်းတောင့်လာပြီး ခံစစ်က လူးဝစ်၊ ကွင်းလယ်က ဆီးဘယ်လော့၊ တိုက်စစ်က ပီပီတို့ကို ခေါ်ယူခဲ့တာကြောင့် နှစ်သင်းအင်အားက အရမ်းမကွာတော့ပါဘူး။

အဓိကအားဖြင့် နှစ်သင်းလုံးဟာ အထိုင်မကျသေးတဲ့ ရာသီစမှာတင် ထိပ်တိုက်တွေ့တာကြောင့် ဘယ်အသင်း ခြေပိုသာမယ်ဆိုတာ မှန်းစရခက်ပါတယ်။ အန်ဖီးကွင်းမှာ အာဆင်နယ်ဟာ အသာမရတဲ့အပြင် အောက်အသင်းလို အနေအထားကို ဆင်းနေရတာ ကြာခဲ့ပါပြီ။ အကျိတ်အနယ်နဲ့ ရလဒ်မပြတ်သားခြင်းမဟုတ်ပဲ ၃-၁၊ ၄-ဝ၊ ၅-၁ ထိတောင် ဂိုးတွေ ပြတ်ထားရတာဖြစ်ပါတယ်။ အမှတ်ပေးဖလားကို စိန်ခေါ်မယ့် လီဗာပူးရဲ့ တောင့်တင်းမှုက မနှစ်လိုပဲလား? ဂန်းနားတို့ကကော အရင်နှစ်တွေလို အားပျော့မနေဘူးလား? တကယ်ကို စိတ်ဝင်စားစရာပါပဲ။

2) အစကောင်းမှုကို အားယူပြီး မန်စီးတီးကို တုန့်ပြန်မယ့် ဘုန်းမောက်

မန်စီးတီးဟာ ဒုတိယအပတ်မှာတုန်းက စပါးကို သရေကျခဲ့ပြီး တည်ကန်ဘောတွေမှာ အားနည်းချက်ရှိတယ်လို့ ဖော်ထုတ်ခံလာရတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုတိုင်းကို စပါးက ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ မနှစ်တုန်းကလည်း မန်စီးတီးဟာ ဘုန်းမောက်ကို ဘောလုံးပိုင်ဆိုင်မှု ၈၀% ထိတောင် လွှမ်းမိုးခဲ့တာပါ။ ဟိုဝီရဲ့အသင်းဟာ ဒီရာသီမှာ တာထွက်ကောင်းနေပြီး အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲမှာ မန်စီးတီးကို တောင့်ခံပြမလား ဂွာဒီယိုလာရဲ့ အသင်းကပဲ အရင်နှစ်ရာသီအတိုင်းပဲ ကော်ကောင်းအသင်းတွေဟာ သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို ပြသမလား မြင်ကြရပါမယ်။

3) ဘော်ဒါဟောင်းတွေ တွေ့ဆုံပွဲ

ရာသီအစောပိုင်းမှာတင် ဘစ်ဆာကာဟာ အသင်းဟောင်းက ဇာဟာနဲ့ ထိပ်တိုက်တွေ့ပါပြီ။ ညာအစွန်လူဟာ ပဲလေစ့်ရဲ့ အကောင်းဆုံး ကစားသမားကို ထိန်းချုပ်ပြီး သူ့ရဲ့ကျော်ကြားတဲ့ စပိုက်ဒါဖျက်ထုတ်မှုတွေကို လုပ်ဆောင်ရမှာဖြစ်တယ်။ ဇာဟာကလည်း ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေကို ပြောင်းနိုင်ဖို့ ဒီရာသီ သွင်းဂိုးတစ်ဂိုးမှ မရသေးတဲ့ ပဲလေစ့်ကို ပြောင်းရွှေ့ခွင့် တင်ထားခဲ့သေးတာဖြစ်ပါတယ်။

ပဲလေစ့်က သွင်းဂိုးတွေရဖို့ ခက်ခဲနေတဲ့အသင်းဖြစ်ပြီး အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်တို့က ပွဲကို လွှမ်းမိုး ကစားသွားမှာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ ခြေစွမ်း တည်ငြိမ်ခြင်းမရှိပဲ ဥရောပ အပြောင်းအရွှေ့ မပိတ်ခင် မန်နေဂျာဆိုးရှားက အသင်းသားတွေကို ဆက်ထိန်းနိုင်ဖို့လည်း အာရုံစိုက်နေရပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ရမှတ်အပြည့် ရယူနိုင်ရင်တော့ ကြီး ၆ ကြီးထဲမှာ ရလဒ်ကောင်းတဲ့ အသင်းတစ်သင်းအဖြစ် သီတင်းပတ်တစ်ခုကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

4) ချယ်ဆီးအတွက် အဖြေရှာနေဆဲ လမ်းပတ်

လမ်းပတ်ရဲ့အသင်းဟာ နိုင်ပွဲတစ်ပွဲ စရမယ်ဆိုရင် ပရီးမီးယားလိဂ်တန်းတက်ကလပ်နဲ့ ဖြစ်သင့်နေပါပြီ။ ယူနိုက်တက်၊ လက်စတာပွဲတွေမှာ ခြေစွမ်းကောင်းခဲ့ပေမယ့် မိနစ် ၉၀ လုံးတော့ ကောင်းနေတာ မဟုတ်ပါဘူး။ ခြေစွမ်း တသမတ်ထဲ မရှိခြင်းကပဲ ချယ်ဆီးကို ရလဒ်တွေ ကောင်းမွန်ဖို့ တွန်းအားလျော့စေခဲ့တာပါ။ ကစားအားကောင်းပေမယ့် လူငယ်တွေကို အားပြုနေတဲ့ ချယ်ဆီးဟာ ဒုတိယပိုင်းတွေမှာ ခြေစွမ်းကျဆင်းတတ်ပြီး ဗဟိုခံစစ်က အားပျော့သလို တိုက်စစ်ကို ဦးဆောင်သူ လိုအပ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲမှာတော့ ချယ်ဆီးတို့ နိုင်ပွဲရသင့်နေပါပြီ။

5) တပ်ပျက်နေတဲ့ နယူးနဲ့ စိန်ခေါ်သူ စပါး

ရမှတ်တွေလိုနေတဲ့ နယူးကာဆယ်က စပါးကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ စပါးဟာ ပရီးမီးယားလိဂ် စိန်ခေါ်သူအဆင့်ကို ရောက်လာခဲ့တာ နှစ်အနည်းငယ် ကြာလာခဲ့ပါပြီ။ အဘက်ဘက်က တိုးတက်နေတဲ့ စပါးဟာ ဒီပွဲမှာတော့ လူသစ်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် ထုတ်သုံးတော့မှာပါ။ ဒါပေမယ့် မန်နေဂျာရာဖာနေရာ အစားဝင်လာပြီး ကိုင်တွယ်နေတဲ့ နယူးကာဆယ်မန်နေဂျာကတော့ ဦးတည်ချက်တွေကို ရှာဖွေနေရဆဲပါပဲ။ ဟယ်ရီကိန်း သွင်းဂိုးအများအပြားနဲ့ အိမ်ရှင်အသင်းကို အနိုင်သုံးမှတ်ရစေဖို့ ဦးဆောင်သွားဖို့ ရာနှုန်းများနေပါတယ်။

6) ကြီး ၆ ကြီးကို စိန်ခေါ်သူများ

အက်စတွန်ဗီလာ-အဲဗာတန်၊ ရှက်ဖီး-လက်စတာ ပွဲတွေမှာ အဝေးကွင်းအသင်းတွေက ပရီးမီးယားလိဂ် တန်းတက်ကလပ်တွေကို ရင်ဆိုင်ပြီး ကြီး ၆ ကြီးနေရာတွေကို စိန်ခေါ်နိုင်စွမ်းအား တိုးမြင့်လိုပါလိမ့်မယ်။ တန်းတက်လာပြီးကတည်းက ပိုတောင့်တင်းလာတဲ့ ဝုဗ်ကတော့ ခြေစွမ်းကောင်းတဲ့ ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ဒီသုံးသင်းဟာ ဒီရာသီမှာ ထိပ်ဆုံး ၆ သင်းနေရာကို ဝင်လုနိုင်လောက်အောင် တောင့်တင်းကြတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။

Sports Home Time