ယူႏုိက္တက္ကို ျပစ္တင္စကား ေျပာဆိုလိုက္တဲ့ အင္တာမီလန္တုိက္စစ္မွဴး လူကာကူ

အင္တာမီလန္ တိုက္စစ္မွဴး လူကာကူကေတာ့ အသင္းေဟာင္း ယူႏုိက္က္ဟာ သူ႔ကို ေကာင္းမြန္တဲ့ ဆက္ဆံမႈေတြ မလုပ္ခဲ့ပါဘူးလို႔ ေဝဖန္စကား ေျပာဆိုခဲ့ပါတယ္။ ယူႏုိက္တက္က သူတို႔ကို နလပိန္းတံုးေတြလို ျမင္ထားၾကေၾကာင္းလည္း ျပစ္တင္လိုက္ပါတယ္။

ဘယ္ဂ်ီယံတိုက္စစ္သမားက ယူႏုိက္တက္မွာ သူဟာ ကလပ္အသင္းရဲ႕ ကာကြယ္ေပးျခင္းကို မခံရသလို ကလပ္အသင္းဟာ မီဒီယာေတြကေနတစ္ဆင့္ သူ႔ရဲ႕အနာဂတ္အေၾကာင္း သတင္းေတြ ထုတ္ျပန္မႈေတြက အရမ္းကို စိတ္ပ်က္စရာပါလို႔ ဆိုပါတယ္။ လူကာကူဟာ ရာသီၾကိဳမွာကတည္းက စီနီယာအသင္းနဲ႔ ပူးေပါင္းခ်ိန္မွာ ပြဲကစားခြင့္ မရခဲ့ပဲ ဒဏ္ရာအေၾကာင္းျပျပီး ဖယ္ထုတ္ခံခဲ့ရတာျဖစ္တယ္။

” မင္းေပ်ာ္ေနရင္ေတာ့ နည္းလမ္းရွာရမွာေပါ့။ အရန္ခံုမွာပဲျဖစ္ျဖစ္ ပြဲထြက္ရတာျဖစ္ျဖစ္ အေရးမၾကီးပါဘူး။ ဒါေပမယ့္ ဘယ္သူကမွ အေျခအေနကို ရွင္းမျပၾကဘူး။ ဒီေတာ့ ႏွစ္ပတ္၊ သံုးပတ္ေလာက္အတြက္ က်ေနာ္ စိစစ္ၾကည့္ေတာ့ မီဒီယာေတြကို ဒီသတင္းေတြ ဘယ္လိုထြက္ေနလဲဆိုတာ ျမင္လာတယ္။ ဘယ္သူက ေဖာ္ထုတ္ေနတာလဲ? က်ေနာ္ မဟုတ္ဘူး။ ေအးဂ်င့္မဟုတ္ဘူး။ က်ေနာ္ ဖုန္းထဲကေန ဘယ္ေနရာကို ထြက္စရာအေၾကာင္း မရွိဘူး။

သူတို႔ကို က်ေနာ္ မလိုကို မလိုခ်င္တဲ့ေနရာမွာ ရွိေနရတာက အဆင္မေျပဘူးလို႔ ေျပာခဲ့တယ္။ က်ေနာ္က အေနတာမွ မဟုတ္ပဲ။ ယူႏုိက္တက္က က်ေနာ္တို႔ကို ငတံုးေတြလိုထင္တယ္။ ဒါေပမယ့္ က်ေနာ္တို႔ အဲ့ေလာက္ မပိန္းပါဘူး။ ဘယ္သူေတြက သတင္းေတြျဖန္ေနတယ္ဆိုတာ သိပါတယ္။ က်ေနာ္ ေျပာခဲ့တယ္ အဲ့သည္လို အေနအထားနဲ႔ေတာ့ က်ေနာ္ အလုပ္မလုပ္ႏုိင္ဘူး။ ထြက္သြားတာကမွ ေကာင္းဦးမယ္ ” ဆိုျပီး လူကာကူက ေျပာဆိုပါတယ္။

လူကာကူဟာ ယူႏုိက္တက္ကေန အင္တာမီလန္ကို ၅ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႔ခဲ့သူပါ။ သူဟာ အဖြင့္ရာသီမွာ ယူႏုိက္တက္အတြက္ ၂၇ ဂိုး သြင္းယူခဲ့တာျဖစ္ျပီး မႏွစ္တုန္းကလည္း ၁၅ ဂိုးထိ သြင္းယူခဲ့ပါတယ္။ လူကာကူဟာ ယူႏုိက္တက္ အကယ္ဒမီထြက္ တုိက္စစ္သမား ရပ္ဖိုဒ့္ရဲ႕ေနာက္မွာပဲ ဦးစားေပးခံရဖို႔ ျဖစ္လာသလို မန္ေနဂ်ာဆိုးရွားကလည္း သူ႔ကစားဟန္မွာ ဘယ္ဂ်ီယံသားထက္ အဂၤလန္သားတိုက္စစ္သမားကို ပိုသေဘာေတြ႔လာတာပါ။

ယူႏုိက္တက္မွာ တုိက္စစ္ကေန ဂိုးသြင္းယူေပးရဖို႔ ရုန္းကန္လာရေပမယ့္ လူကာကူဟာ ႏုိင္ငံအသင္းျဖစ္တဲ့ ဘယ္ဂ်ီယံမွာေတာ့ ဂိုးသြင္းေျခစြမ္း ေကာင္းမြန္ေနဆဲျဖစ္တယ္။ လူကာကူဟာ သူ႔သက္တမ္းထဲမွာေတာ့ ဂိုးသြင္းႏႈန္းျမင့္မားေပမယ့္ ယူႏုိက္တက္က သူ႔အေပၚ ယံုၾကည္မႈေတြ က်ဆင္းလာျခင္းက အသင္းေျပာင္းဖို႔အတြက္ တြန္းအားျဖစ္လာခဲ့ပါတယ္။

Sports Home Time

[Unicode] အင်တာမီလန် တိုက်စစ်မှူး လူကာကူကတော့ အသင်းဟောင်း ယူနိုက်က်ဟာ သူ့ကို ကောင်းမွန်တဲ့ ဆက်ဆံမှုတွေ မလုပ်ခဲ့ပါဘူးလို့ ဝေဖန်စကား ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်က သူတို့ကို နလပိန်းတုံးတွေလို မြင်ထားကြကြောင်းလည်း ပြစ်တင်လိုက်ပါတယ်။

ဘယ်ဂျီယံတိုက်စစ်သမားက ယူနိုက်တက်မှာ သူဟာ ကလပ်အသင်းရဲ့ ကာကွယ်ပေးခြင်းကို မခံရသလို ကလပ်အသင်းဟာ မီဒီယာတွေကနေတစ်ဆင့် သူ့ရဲ့အနာဂတ်အကြောင်း သတင်းတွေ ထုတ်ပြန်မှုတွေက အရမ်းကို စိတ်ပျက်စရာပါလို့ ဆိုပါတယ်။ လူကာကူဟာ ရာသီကြိုမှာကတည်းက စီနီယာအသင်းနဲ့ ပူးပေါင်းချိန်မှာ ပွဲကစားခွင့် မရခဲ့ပဲ ဒဏ်ရာအကြောင်းပြပြီး ဖယ်ထုတ်ခံခဲ့ရတာဖြစ်တယ်။

” မင်းပျော်နေရင်တော့ နည်းလမ်းရှာရမှာပေါ့။ အရန်ခုံမှာပဲဖြစ်ဖြစ် ပွဲထွက်ရတာဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါပေမယ့် ဘယ်သူကမှ အခြေအနေကို ရှင်းမပြကြဘူး။ ဒီတော့ နှစ်ပတ်၊ သုံးပတ်လောက်အတွက် ကျနော် စိစစ်ကြည့်တော့ မီဒီယာတွေကို ဒီသတင်းတွေ ဘယ်လိုထွက်နေလဲဆိုတာ မြင်လာတယ်။ ဘယ်သူက ဖော်ထုတ်နေတာလဲ? ကျနော် မဟုတ်ဘူး။ အေးဂျင့်မဟုတ်ဘူး။ ကျနော် ဖုန်းထဲကနေ ဘယ်နေရာကို ထွက်စရာအကြောင်း မရှိဘူး။

သူတို့ကို ကျနော် မလိုကို မလိုချင်တဲ့နေရာမှာ ရှိနေရတာက အဆင်မပြေဘူးလို့ ပြောခဲ့တယ်။ ကျနော်က အနေတာမှ မဟုတ်ပဲ။ ယူနိုက်တက်က ကျနော်တို့ကို ငတုံးတွေလိုထင်တယ်။ ဒါပေမယ့် ကျနော်တို့ အဲ့လောက် မပိန်းပါဘူး။ ဘယ်သူတွေက သတင်းတွေဖြန်နေတယ်ဆိုတာ သိပါတယ်။ ကျနော် ပြောခဲ့တယ် အဲ့သည်လို အနေအထားနဲ့တော့ ကျနော် အလုပ်မလုပ်နိုင်ဘူး။ ထွက်သွားတာကမှ ကောင်းဦးမယ် ” ဆိုပြီး လူကာကူက ပြောဆိုပါတယ်။

လူကာကူဟာ ယူနိုက်တက်ကနေ အင်တာမီလန်ကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူပါ။ သူဟာ အဖွင့်ရာသီမှာ ယူနိုက်တက်အတွက် ၂၇ ဂိုး သွင်းယူခဲ့တာဖြစ်ပြီး မနှစ်တုန်းကလည်း ၁၅ ဂိုးထိ သွင်းယူခဲ့ပါတယ်။ လူကာကူဟာ ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်သမား ရပ်ဖိုဒ့်ရဲ့နောက်မှာပဲ ဦးစားပေးခံရဖို့ ဖြစ်လာသလို မန်နေဂျာဆိုးရှားကလည်း သူ့ကစားဟန်မှာ ဘယ်ဂျီယံသားထက် အင်္ဂလန်သားတိုက်စစ်သမားကို ပိုသဘောတွေ့လာတာပါ။

ယူနိုက်တက်မှာ တိုက်စစ်ကနေ ဂိုးသွင်းယူပေးရဖို့ ရုန်းကန်လာရပေမယ့် လူကာကူဟာ နိုင်ငံအသင်းဖြစ်တဲ့ ဘယ်ဂျီယံမှာတော့ ဂိုးသွင်းခြေစွမ်း ကောင်းမွန်နေဆဲဖြစ်တယ်။ လူကာကူဟာ သူ့သက်တမ်းထဲမှာတော့ ဂိုးသွင်းနှုန်းမြင့်မားပေမယ့် ယူနိုက်တက်က သူ့အပေါ် ယုံကြည်မှုတွေ ကျဆင်းလာခြင်းက အသင်းပြောင်းဖို့အတွက် တွန်းအားဖြစ်လာခဲ့ပါတယ်။

Sports Home Time