၂၀၁၉-၂၀၂၀ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ အုပ္စုအဆင့္နဲ႔ ရံွဴးထြက္အဆင့္ မဲခြဲမႈ သိေကာင္းစရာမ်ား

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ ခ်န္ပီယံလိဂ္မဲခြဲမႈဟာ လာမယ့္ ၾသဂုတ္လ ၂၉ ျဖစ္တဲ့ ေနာက္အပတ္ ၾကာသပေတးေန႔ ျဗိတိန္စံေတာ္ခ်ိန္ ညေန ၄း၃၀ နာရီမွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

အုပ္စုအဆင့္ကို ဝင္ေရာက္ထားတဲ့ အသင္းမ်ား

လက္ရွိခ်န္ပီယံ လီဗာပူး၊ အမွတ္ေပးခ်န္ပီယံ မန္စီးတီး၊ ဗိုလ္လုပြဲေနာက္ဆံုးေရာက္ စပါးနဲ႔ ယူရိုပါလိဂ္ခ်န္ပီယံ ခ်ယ္ဆီးတို႔ဟာ ပရီးမီးယားလိဂ္ကို ကိုယ္စားျပဳျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္မွာျဖစ္တယ္။ မက္ဆီပါဝင္တဲ့ ဘာစီလိုနာကလည္း ျပိဳင္ဘက္ေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ အက္သလက္တီကိုတို႔နဲ႔အတူ ပါဝင္မွာျဖစ္ျပီး ဂ်ဴဗင္တပ္၊ ပီအက္ဂ်ီနဲ႔ ဘိုင္ယန္ျမဴးနစ္တုိ႔က ဦးစားေပးအဆင့္ေတြမွာ ပါဝင္မွာျဖစ္ပါတယ္။

ေျခစစ္ပြဲဝင္အသင္း

ခ်န္ပီယံလိဂ္ေျခစစ္ပြဲ ပထမအေက်ာ့မွာေတာ့ အတြဲ ေျခာက္တြဲ ယွဥ္ျပိဳင္ထားျပီး အိုလံပီယာကိုစ့္နဲ႔ ဒိုင္နမိုဇာဂရပ္တို႔က ေနာက္တစ္ဆင့္ကို တက္ႏုိင္ဖုိ႔ အေျခအေနေကာင္းေနတယ္။ ေအဂ်က္နဲ႔ ကလပ္ဘရုစ္တို႔ကေတာ့ အိမ္ကြင္းေတြ ယွဥ္ျပိဳင္ရပါဦးမယ္။ ဒုတိယအေက်ာ့က မဲခြဲမႈမတိုင္ခင္ ၾသဂုတ္လ ၂၇-၂၈ ရက္ေတြမွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ဦးစားေပးအသင္းမ်ား


ဥေရာပျပိဳင္ပြဲမွ အျမင့္ဆံုးေသာ ေဘာလံုးလိဂ္ႏုိင္ငံ ၆ ခုမွ အမွတ္ေပးခ်န္ပီယံေတြက ဦးစားေပးအဆင့္မွာ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ အႏုိင္ရထားတဲ့ အသင္းေတြနဲ႔အတူ ေနရာရပါမယ္။ ဒါေၾကာင့္ လီဗာပူး(လက္ရွိ ခ်န္ပီယံ)၊ ခ်ယ္ဆီး (ယူရိုပါလိဂ္ခ်န္ပီယံ)၊ ဘာစီလိုနာ၊ မန္စီးတီး၊ ဂ်ဴဗင္တပ္၊ ဘိုင္ယန္၊ ပီအက္ဂ်ီနဲ႔ ဇင္းနစ္တို႔ ၈ သင္းဟာ ဦးစားေပးေတြျဖစ္ပါတယ္။

အုပ္စုအဆင့္အတြက္ ရက္စြဲမ်ား

အုပ္စုအဆင့္ပြဲေတြကို စက္တင္ဘာလ ၁၇ ရက္ကေန ဒီဇင္ဘာလ ၁၁ ရက္ေန႔ထိ ယွဥ္ျပိဳင္မွာျဖစ္တယ္။

ရံွဴးထြက္အဆင့္ရက္စြဲမ်ား

၁၆ သင္းအဆင့္ ရံွဴးထြက္ကို ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာ မဲခြဲပါမယ္။

  • Round of 16 first legs: 18/19/25/26 February 2020
  • Round of 16 second legs: 10/11/17/18 March 2020
  • Quarter-final and semi-final draw: 20 March 2020
  • Quarter-final first legs: 7/8 April 2020
  • Quarter-final second legs: 14/15 April 2020
  • Semi-final first legs: 28/29 April 2020
  • Semi-final second legs: 5/6 May 2020
  • Final: 30 May 2020, Ataturk Stadium, Istanbul

ဗိုလ္လုပြဲကို ဘယ္ေနရာမွာ က်င္းပမွာလဲ?

ဒီရာသီအတြက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုေတာ့ တူရကီႏုိင္ငံ Ataturk Olympic ကြင္းၾကီးထဲမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ အဆိုပါကြင္းဟာ ၂၀၀၂ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ျပီး တူရကီႏုိင္ငံရဲ႕ အၾကီးဆံုးကြင္းျဖစ္ကာ ပရိသတ္ေပါင္း ၇၆၀၀၀ ဝင္ဆံ့မွာျဖစ္ပါတယ္။ ေက်ာ္ၾကားလွတဲ့ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ၂၀၀၅ ခုႏွစ္က လီဗာပူးနဲ႔ ေအစီမီလန္တို႔ဟာ အဆိုပါကြင္းမွာပဲ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ကစားခဲ့ၾကျပီး ‘The Miracle of Istanbul’ လို႔ ေခၚတြင္ပါတယ္။

Sports Home Time

[Unicode] ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်မဲခွဲမှုဟာ လာမယ့် သြဂုတ်လ ၂၉ ဖြစ်တဲ့ နောက်အပတ် ကြာသပတေးနေ့ ဗြိတိန်စံတော်ချိန် ညနေ ၄း၃၀ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အုပ်စုအဆင့်ကို ဝင်ရောက်ထားတဲ့ အသင်းများ

လက်ရှိချန်ပီယံ လီဗာပူး၊ အမှတ်ပေးချန်ပီယံ မန်စီးတီး၊ ဗိုလ်လုပွဲနောက်ဆုံးရောက် စပါးနဲ့ ယူရိုပါလိဂ်ချန်ပီယံ ချယ်ဆီးတို့ဟာ ပရီးမီးယားလိဂ်ကို ကိုယ်စားပြုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်။ မက်ဆီပါဝင်တဲ့ ဘာစီလိုနာကလည်း ပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုတို့နဲ့အတူ ပါဝင်မှာဖြစ်ပြီး ဂျူဗင်တပ်၊ ပီအက်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့က ဦးစားပေးအဆင့်တွေမှာ ပါဝင်မှာဖြစ်ပါတယ်။

ခြေစစ်ပွဲဝင်အသင်း

ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့မှာတော့ အတွဲ ခြောက်တွဲ ယှဉ်ပြိုင်ထားပြီး အိုလံပီယာကိုစ့်နဲ့ ဒိုင်နမိုဇာဂရပ်တို့က နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အခြေအနေကောင်းနေတယ်။ အေဂျက်နဲ့ ကလပ်ဘရုစ်တို့ကတော့ အိမ်ကွင်းတွေ ယှဉ်ပြိုင်ရပါဦးမယ်။ ဒုတိယအကျော့က မဲခွဲမှုမတိုင်ခင် သြဂုတ်လ ၂၇-၂၈ ရက်တွေမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ဦးစားပေးအသင်းများ


ဥရောပပြိုင်ပွဲမှ အမြင့်ဆုံးသော ဘောလုံးလိဂ်နိုင်ငံ ၆ ခုမှ အမှတ်ပေးချန်ပီယံတွေက ဦးစားပေးအဆင့်မှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အနိုင်ရထားတဲ့ အသင်းတွေနဲ့အတူ နေရာရပါမယ်။ ဒါကြောင့် လီဗာပူး(လက်ရှိ ချန်ပီယံ)၊ ချယ်ဆီး (ယူရိုပါလိဂ်ချန်ပီယံ)၊ ဘာစီလိုနာ၊ မန်စီးတီး၊ ဂျူဗင်တပ်၊ ဘိုင်ယန်၊ ပီအက်ဂျီနဲ့ ဇင်းနစ်တို့ ၈ သင်းဟာ ဦးစားပေးတွေဖြစ်ပါတယ်။

အုပ်စုအဆင့်အတွက် ရက်စွဲများ

အုပ်စုအဆင့်ပွဲတွေကို စက်တင်ဘာလ ၁၇ ရက်ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ ယှဉ်ပြိုင်မှာဖြစ်တယ်။

ရံှူးထွက်အဆင့်ရက်စွဲများ

၁၆ သင်းအဆင့် ရံှူးထွက်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ မဲခွဲပါမယ်။

  • Round of 16 first legs: 18/19/25/26 February 2020
  • Round of 16 second legs: 10/11/17/18 March 2020
  • Quarter-final and semi-final draw: 20 March 2020
  • Quarter-final first legs: 7/8 April 2020
  • Quarter-final second legs: 14/15 April 2020
  • Semi-final first legs: 28/29 April 2020
  • Semi-final second legs: 5/6 May 2020
  • Final: 30 May 2020, Ataturk Stadium, Istanbul

ဗိုလ်လုပွဲကို ဘယ်နေရာမှာ ကျင်းပမှာလဲ?

ဒီရာသီအတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ တူရကီနိုင်ငံ Ataturk Olympic ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ အဆိုပါကွင်းဟာ ၂၀၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တူရကီနိုင်ငံရဲ့ အကြီးဆုံးကွင်းဖြစ်ကာ ပရိသတ်ပေါင်း ၇၆၀၀၀ ဝင်ဆံ့မှာဖြစ်ပါတယ်။ ကျော်ကြားလှတဲ့ ချန်ပီယံလိဂ်ပွဲအဖြစ် ၂၀၀၅ ခုနှစ်က လီဗာပူးနဲ့ အေစီမီလန်တို့ဟာ အဆိုပါကွင်းမှာပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားခဲ့ကြပြီး ‘The Miracle of Istanbul’ လို့ ခေါ်တွင်ပါတယ်။

Sports Home Time