ဥေရာပေစ်းကြက္ မပိတ္ခင္ လီဗာပူးကေန ထြက္ခြာသြားႏုိင္တဲ့ ကစားသမားမ်ား

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေႏြအေျပာင္းအေရႊ႔မွာ ထိပ္တန္း ကစားသမားေတြကို ေခၚယူခဲ့ျခင္း မရွိပဲ လက္ရွိ လူစာရင္းနဲ႔တင္ ေပ်ာ္ရႊင္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တယ္။ သူဟာ အနာဂတ္အတြက္ ရည္ရြယ္တဲ့ ေခၚယူမႈ ႏွစ္ခုအျဖစ္ အီလီးယက္ (၁၆ ႏွစ္) နဲ႔ ဗန္ဒန္ဘယ္ရာ (၁၇ ႏွစ္) တို႔ကိုပဲ ေခၚယူထားခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္ေတြမွာ ဂိုးသမားေတြျဖစ္တဲ့ အတ္ဒရီယန္ (၃၂ ႏွစ္) နဲ႔ လိုနာဂန္ (၃၆ ႏွစ္) တို႔ကိုလည္း ေခၚယူခဲ့ျပီး ၾသဂုတ္လ ၈ ရက္ေန႔ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာေတာ့ ကစားသမားသစ္ ထပ္မံ ေခၚယူျခင္း မရွိပါပဲ ေစ်းကြက္ ပိတ္သိမ္းခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေစ်းကြက္ဟာ ပိတ္သြားခဲ့ျပီဆိုေပမယ့္ ဥေရာပေစ်းကြက္က ဆက္ရွိေနဦးမွာျဖစ္သလို ခ်န္ပီယံရွစ္အသင္းေတြထံက ကစားသမား ေရာင္းခ်ျခင္းနဲ႔ အငွားခ်ျခင္းေတြကို ဆက္လက္ လုပ္ေဆာင္ခြင့္ေတြ ရွိေနဦးမွာျဖစ္တယ္။ ဒါေၾကာင့္ စက္တင္ဘာလ ၂ ရက္ေန႔ ေစ်းကြက္ၾကီးတစ္ခုလံုး မပိတ္ခင္မွာ လီဗာပူးကေန ထြက္ခြာသြားႏုိင္တဲ့ ကစားသမားေတြကို ေဖာ္ျပသြားမွာျဖစ္ပါတယ္။

လီဗာပူးကေန ထြက္ခြာဖို႔ အလားအလာအေကာင္းဆံုးကေတာ့ ဗဟိုခံစစ္မွဴး လိုဗရန္ျဖစ္ပါတယ္။ လီဗာပူးခံစစ္မွာ ဗန္ဒိုက္ကို ပင္တိုင္ထားျပီး ဂိုးမက္စ္၊ မာတင္၊ လိုဗရန္တို႔ကို အသံုးျပဳဖို႔ ရည္ရြယ္ေနတယ္။ ဒါေပမယ့္ ယာဂင္က လူငယ္ခံစစ္မွဴး ဗန္ဒန္ဘယ္ရာနဲ႔ ဟိုဗာတို႔ကို ေနရာေပးဖို႔ ဆံုးျဖတ္လာျပီး လိုဗရန္ကို ကမ္းလွမ္းလာမႈေတြအား လမ္းဖြင့္ေပးထားျပီး မွန္ကန္တဲ့ ေျပာင္းေရႊ႔ရရင္ ထြက္ခြင့္ေပးမွာ ျဖစ္ပါတယ္။

လီဗာပူးဟာ လူငယ္ကစားသမားေတြျဖစ္တဲ့ ခ်ီရီဗီလာနဲ႔ ရိုင္ယန္ကန္႔တို႔ရဲ႕ အနာဂတ္ကိုလည္း စဥ္းစားေနျပီျဖစ္တယ္။ ႏွစ္ဦးလံုးဟာ အသက္အားျဖင့္ ၂၂ ႏွစ္ေက်ာ္ျပီျဖစ္လုိ႔ လူငယ္ကစားသမားေတြလို လူစာရင္းေတြမွာ စိတ္တိုင္းက် ထည့္သြင္းခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။ လီဗာပူးဘက္ကေတာ့ အျပီးသတ္ ေခၚယူမယ့္ ကလပ္ေတြကို အလိုရွိေနေပမယ့္ မေအာင္ျမင္ခဲ့ရင္ လက္က်န္ ကာလအတြင္း အငွားခ်ဖို႔ ၾကိဳးစားမွာပါ။

လီဗာပူးလူငယ္အသင္းမွ ထူးခၽြန္တိုက္စစ္သမားျဖစ္သူ ေဘာ္ဘီဒြန္းကန္႔ကိုလည္း ဒိန္းမတ္ကလပ္ Nordsjaelland က ကမ္းလွမ္းမႈေတြ လုပ္ထားပါတယ္။ လီဗာပူးဘက္က ျငင္းဆန္ထားေပမယ့္လည္း တိုက္စစ္သမားကို ပံုမွန္ပြဲထြက္ခြင့္နဲ႔ အသင္းေကာင္းေတြက ကမ္းလွမ္းလာရင္ေတာ့ လက္ခံသြားဖြယ္ ရွိေနပါတယ္။

Sports Home Time

[Unicode] မန်နေဂျာယာဂင်ကလော့ပ်က နွေအပြောင်းအရွှေ့မှာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူခဲ့ခြင်း မရှိပဲ လက်ရှိ လူစာရင်းနဲ့တင် ပျော်ရွှင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ သူဟာ အနာဂတ်အတွက် ရည်ရွယ်တဲ့ ခေါ်ယူမှု နှစ်ခုအဖြစ် အီလီးယက် (၁၆ နှစ်) နဲ့ ဗန်ဒန်ဘယ်ရာ (၁၇ နှစ်) တို့ကိုပဲ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်တွေမှာ ဂိုးသမားတွေဖြစ်တဲ့ အတ်ဒရီယန် (၃၂ နှစ်) နဲ့ လိုနာဂန် (၃၆ နှစ်) တို့ကိုလည်း ခေါ်ယူခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာတော့ ကစားသမားသစ် ထပ်မံ ခေါ်ယူခြင်း မရှိပါပဲ ဈေးကွက် ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဈေးကွက်ဟာ ပိတ်သွားခဲ့ပြီဆိုပေမယ့် ဥရောပဈေးကွက်က ဆက်ရှိနေဦးမှာဖြစ်သလို ချန်ပီယံရှစ်အသင်းတွေထံက ကစားသမား ရောင်းချခြင်းနဲ့ အငှားချခြင်းတွေကို ဆက်လက် လုပ်ဆောင်ခွင့်တွေ ရှိနေဦးမှာဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာလ ၂ ရက်နေ့ ဈေးကွက်ကြီးတစ်ခုလုံး မပိတ်ခင်မှာ လီဗာပူးကနေ ထွက်ခွာသွားနိုင်တဲ့ ကစားသမားတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

လီဗာပူးကနေ ထွက်ခွာဖို့ အလားအလာအကောင်းဆုံးကတော့ ဗဟိုခံစစ်မှူး လိုဗရန်ဖြစ်ပါတယ်။ လီဗာပူးခံစစ်မှာ ဗန်ဒိုက်ကို ပင်တိုင်ထားပြီး ဂိုးမက်စ်၊ မာတင်၊ လိုဗရန်တို့ကို အသုံးပြုဖို့ ရည်ရွယ်နေတယ်။ ဒါပေမယ့် ယာဂင်က လူငယ်ခံစစ်မှူး ဗန်ဒန်ဘယ်ရာနဲ့ ဟိုဗာတို့ကို နေရာပေးဖို့ ဆုံးဖြတ်လာပြီး လိုဗရန်ကို ကမ်းလှမ်းလာမှုတွေအား လမ်းဖွင့်ပေးထားပြီး မှန်ကန်တဲ့ ပြောင်းရွှေ့ရရင် ထွက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ချီရီဗီလာနဲ့ ရိုင်ယန်ကန့်တို့ရဲ့ အနာဂတ်ကိုလည်း စဉ်းစားနေပြီဖြစ်တယ်။ နှစ်ဦးလုံးဟာ အသက်အားဖြင့် ၂၂ နှစ်ကျော်ပြီဖြစ်လို့ လူငယ်ကစားသမားတွေလို လူစာရင်းတွေမှာ စိတ်တိုင်းကျ ထည့်သွင်းခွင့်ရမှာ မဟုတ်တော့ပါဘူး။ လီဗာပူးဘက်ကတော့ အပြီးသတ် ခေါ်ယူမယ့် ကလပ်တွေကို အလိုရှိနေပေမယ့် မအောင်မြင်ခဲ့ရင် လက်ကျန် ကာလအတွင်း အငှားချဖို့ ကြိုးစားမှာပါ။

လီဗာပူးလူငယ်အသင်းမှ ထူးချွန်တိုက်စစ်သမားဖြစ်သူ ဘော်ဘီဒွန်းကန့်ကိုလည်း ဒိန်းမတ်ကလပ် Nordsjaelland က ကမ်းလှမ်းမှုတွေ လုပ်ထားပါတယ်။ လီဗာပူးဘက်က ငြင်းဆန်ထားပေမယ့်လည်း တိုက်စစ်သမားကို ပုံမှန်ပွဲထွက်ခွင့်နဲ့ အသင်းကောင်းတွေက ကမ်းလှမ်းလာရင်တော့ လက်ခံသွားဖွယ် ရှိနေပါတယ်။

Sports Home Time