ေနမာကို ျပန္ေခၚနိုင္ဖို႔ ဆြာရက္စ္ကိုပါ စြန္႔ရန္ ၾကံလာတဲ့ ဘာစီလိုနာ

[Zawgyi] နာမည္ေက်ာ္ ဘရာဇီး တိုက္စစ္သမား ေနမာက ဘာစီလိုနာမွာ ရွိစဥ္ ကမၻာ့အေကာင္းဆံုး ကစားသမားေတြထဲ ပါ၀င္ျပီး ေျခစြမ္း အထူးေတာက္ပခ့ဲတာပါ။ လက္ရွိကလပ္ ပီအက္စ္ဂ်ီမွာ မေပ်ာ္ရႊင္ ျဖစ္ေနတဲ့ ေနမာက ဒီေႏြမွာပဲ အသင္းေဟာင္း ဘာစီလိုနာထံ ျပန္သြားဖြယ္ ရွိေနျပီး လာလီဂါကလပ္ကလည္း ျပန္ေခၚဖို႔ အစြမ္းကုန္ နည္းလမ္းရွာေနဆဲ ျဖစ္ပါတယ္။

၂၀၁၇ တည္းက ပီအက္စ္ဂ်ီ ေျပာင္းေရႊ႕ခဲ့ေပမယ့္ ေနမာဟာ ျပင္သစ္္မွာ လံုး၀ အေျခက်ျခင္း မရွိဘဲ စပိန္သို႔သာ ျပန္လိုေနတယ္လို႔ ေဒသခံသတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။ ဒီေႏြမွာ ဘာစီလိုနာနဲ႕ ရီးရဲလ္မက္ဒရစ္ နွစ္သင္းလံုးက ေနမာကို ေခၚဖို႔ ၾကိဳးစားခဲ့ေပမယ့္ ကစားသမားကေတာ့ ကလပ္အသင္းေဟာင္းထံ ျပန္သြားဖို႔ ပိုလိုလားေနပါတယ္။

ဒါေပမယ့္ ဘာစီလိုနာ အေနနဲ႕ ေနမာကို ျပန္ေခၚဖို႔ လံုေလာက္တဲ့ ေငြေၾကး ရွိရဲ႕လား ေမးခြန္းထုတ္စရာပါ။ ေနမာကို ေစ်းေပါေပါနဲ႕ေတာ့ သူတို႔ ရမွာ မဟုတ္ပါဘူး။

၂၀၁၇ ပီအက္စ္ဂ်ီသို႔ ေျပာင္းတုန္းက ၄င္းေျပာင္းေရႊ႕ေၾကးဟာ ေပါင္ ၁၉၈ သန္း ရွိခဲ့ျပီး ျပင္သစ္ကလပ္ဟာ ေနမာကို ျပန္လက္လႊတ္ရရင္ အလားတူ ေျပာင္းေရႊ႕ေၾကးမ်ိဳး ျပန္လည္ ရရွိလိုေနပါတယ္။ ဘာစီလိုနာက ဒီေႏြမွာ ဂရစၥမန္းအတြက္ ေပါင္ ၁၀၈ သန္း အပါအ၀င္ ကစားသမား ေခၚယူမႈ အတြက္ ေပါင္ သန္း ၂၃၀ သံုးထားျပီး ျဖစ္ပါတယ္။

ဖိလစ္ေကာ္တင္ညိဳကို ဘိုင္ယန္ထံ အငွားေစလႊတ္ ရွင္းထုတ္ခဲ့ေပမယ့္ ဘိုင္ယန္က အငွားေခၚယူဖို႔အတြက္ ယူရို ၈.၅သန္းမွ်သာ ေပးထားတာ ျဖစ္ျပီး ကစားသမားရဲ႕ လစာေပးေခ်မႈေတာ့ ဘာစီလိုနာ သက္သာခဲ့ပါတယ္။ ဒါေပမယ့္ ဒီပမာဏက ေနမာကို ေခၚနိုင္ဖို႔ လံုေလာက္မႈ မရွိပါဘူး။

ဒါေၾကာင့္ ဘာစီလိုနာက ေနမာကို ျပန္ေခၚနုိင္ဖို႔ အတြက္ လူး၀စ္ဆြာရက္စ္ကိုပါ ရွင္းထုတ္ ေရာင္းခ်လိုေနေၾကာင္း သိရပါတယ္။ အီတလီဘက္က သတင္းေတြ အဆိုအရ ဘာစီလိုနာဟာ ဆြာရက္စ္ကို ေခၚယူဖို႔ ဂ်ဴဗင္တပ္ထံ ခ်ိတ္ဆက္ ေမးျမန္းကာ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္နည္းျပ ဆာရီကလည္း ဒီေႏြမွာ တိုက္စစ္သမား တစ္ေယာက္ ေခၚယူဖို႔ ရွာေဖြေနဆဲျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာ လူကာကူကို လက္လႊတ္ခဲ့ရျပီးေနာက္ တိုက္စစ္ရွာေဖြဆဲ ျဖစ္ျပီး လူး၀စ္ဆြာရက္စ္ကို ဦးစားေပး စိတ္မ၀င္စားေသာ္လည္း အျပတ္လည္း မျငင္းပယ္ေသးဘူးလို႔ သိရပါတယ္။ အီတလီ အင္အားၾကီးကလပ္ဟာ အိုင္ကာဒီ ကို ေခၚယူဖို႔ ပိုမို စိတ္အားထက္သန္ေနတာပါ။ ဘာစီလိုနာကဘက္ကလည္း ဂ်ဴဗင္တပ္ မေခၚခ်င္ဘူး ဆိုရင္ေတာင္ ဆြာရက္စ္ကို တစ္သငး္သင္းထံ ေရာင္းထုတ္ဖို႔ ၾကိဳးစားဖြယ္ ရွိပါတယ္။

ဆြာရစ္စ္ဟာ မက္ဆီ၊ ေနမာတို႔နဲ႕ တူ နာမည္ေက်ာ္ MSN တိုက္စစ္အတြဲထဲ ပါ၀င္သူ ျဖစ္ျပီး ဘာစီလိုနာ ပရိသတ္ေတြကေတာ့ သူတို႔ သံုးဦး စံုစံုညီညီပဲ ျပန္ျမင္လိုမွာပါ။ ဒါေပမယ့္ ေနမာ ျပန္လာရင္ေတာ့ MSN က ပရိသတ္ေတြ ျမင္ခ်င္သလို ျပန္လက္တြဲနုိင္ပါ့မလား မေသခ်ာတဲ့ အေနအထား ျဖစ္ေနပါတယ္။

Sports Home Time

[Unicode] နာမည်ကျော် ဘရာဇီး တိုက်စစ်သမား နေမာက ဘာစီလိုနာမှာ ရှိစဉ် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်ပြီး ခြေစွမ်း အထူးတောက်ပခဲ့တာပါ။ လက်ရှိကလပ် ပီအက်စ်ဂျီမှာ မပျော်ရွှင် ဖြစ်နေတဲ့ နေမာက ဒီနွေမှာပဲ အသင်းဟောင်း ဘာစီလိုနာထံ ပြန်သွားဖွယ် ရှိနေပြီး လာလီဂါကလပ်ကလည်း ပြန်ခေါ်ဖို့ အစွမ်းကုန် နည်းလမ်းရှာနေဆဲ ဖြစ်ပါတယ်။

၂၀၁၇ တည်းက ပီအက်စ်ဂျီ ပြောင်းရွှေ့ခဲ့ပေမယ့် နေမာဟာ ပြင်သစ်မှာ လုံး၀ အခြေကျခြင်း မရှိဘဲ စပိန်သို့သာ ပြန်လိုနေတယ်လို့ ဒေသခံသတင်းများမှာ ဖော်ပြထားပါတယ်။ ဒီနွေမှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းလုံးက နေမာကို ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ ကလပ်အသင်းဟောင်းထံ ပြန်သွားဖို့ ပိုလိုလားနေပါတယ်။

ဒါပေမယ့် ဘာစီလိုနာ အနေနဲ့ နေမာကို ပြန်ခေါ်ဖို့ လုံလောက်တဲ့ ငွေကြေး ရှိရဲ့လား မေးခွန်းထုတ်စရာပါ။ နေမာကို ဈေးပေါပေါနဲ့တော့ သူတို့ ရမှာ မဟုတ်ပါဘူး။

၂၀၁၇ ပီအက်စ်ဂျီသို့ ပြောင်းတုန်းက ၎င်းပြောင်းရွှေ့ကြေးဟာ ပေါင် ၁၉၈ သန်း ရှိခဲ့ပြီး ပြင်သစ်ကလပ်ဟာ နေမာကို ပြန်လက်လွှတ်ရရင် အလားတူ ပြောင်းရွှေ့ကြေးမျိုး ပြန်လည် ရရှိလိုနေပါတယ်။ ဘာစီလိုနာက ဒီနွေမှာ ဂရစ္စမန်းအတွက် ပေါင် ၁၀၈ သန်း အပါအဝင် ကစားသမား ခေါ်ယူမှု အတွက် ပေါင် သန်း ၂၃၀ သုံးထားပြီး ဖြစ်ပါတယ်။

ဖိလစ်ကော်တင်ညိုကို ဘိုင်ယန်ထံ အငှားစေလွှတ် ရှင်းထုတ်ခဲ့ပေမယ့် ဘိုင်ယန်က အငှားခေါ်ယူဖို့အတွက် ယူရို ၈.၅သန်းမျှသာ ပေးထားတာ ဖြစ်ပြီး ကစားသမားရဲ့ လစာပေးချေမှုတော့ ဘာစီလိုနာ သက်သာခဲ့ပါတယ်။ ဒါပေမယ့် ဒီပမာဏက နေမာကို ခေါ်နိုင်ဖို့ လုံလောက်မှု မရှိပါဘူး။

ဒါကြောင့် ဘာစီလိုနာက နေမာကို ပြန်ခေါ်နိုင်ဖို့ အတွက် လူးဝစ်ဆွာရက်စ်ကိုပါ ရှင်းထုတ် ရောင်းချလိုနေကြောင်း သိရပါတယ်။ အီတလီဘက်က သတင်းတွေ အဆိုအရ ဘာစီလိုနာဟာ ဆွာရက်စ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်ထံ ချိတ်ဆက် မေးမြန်းကာ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်နည်းပြ ဆာရီကလည်း ဒီနွေမှာ တိုက်စစ်သမား တစ်ယောက် ခေါ်ယူဖို့ ရှာဖွေနေဆဲဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ လူကာကူကို လက်လွှတ်ခဲ့ရပြီးနောက် တိုက်စစ်ရှာဖွေဆဲ ဖြစ်ပြီး လူးဝစ်ဆွာရက်စ်ကို ဦးစားပေး စိတ်မဝင်စားသော်လည်း အပြတ်လည်း မငြင်းပယ်သေးဘူးလို့ သိရပါတယ်။ အီတလီ အင်အားကြီးကလပ်ဟာ အိုင်ကာဒီ ကို ခေါ်ယူဖို့ ပိုမို စိတ်အားထက်သန်နေတာပါ။ ဘာစီလိုနာကဘက်ကလည်း ဂျူဗင်တပ် မခေါ်ချင်ဘူး ဆိုရင်တောင် ဆွာရက်စ်ကို တစ်သင်းသင်းထံ ရောင်းထုတ်ဖို့ ကြိုးစားဖွယ် ရှိပါတယ်။

ဆွာရစ်စ်ဟာ မက်ဆီ၊ နေမာတို့နဲ့ တူ နာမည်ကျော် MSN တိုက်စစ်အတွဲထဲ ပါဝင်သူ ဖြစ်ပြီး ဘာစီလိုနာ ပရိသတ်တွေကတော့ သူတို့ သုံးဦး စုံစုံညီညီပဲ ပြန်မြင်လိုမှာပါ။ ဒါပေမယ့် နေမာ ပြန်လာရင်တော့ MSN က ပရိသတ်တွေ မြင်ချင်သလို ပြန်လက်တွဲနိုင်ပါ့မလား မသေချာတဲ့ အနေအထား ဖြစ်နေပါတယ်။

Sports Home Time