နာမည္ေက်ာ္ေတြကို ျဖဳတ္ခ်ျပီး ပရီးမီးယားလိဂ္ စြမ္းေဆာင္ရည္ အေကာင္းဆံုးျဖစ္လာသူ

အဂၤလန္အားကစားသတင္းဌာနျဖစ္တဲ့ စကိုင္းစေပါ့က လစဥ္တိုင္းမွာ ပရီးမီးယားလိဂ္ရဲ႕ King လို႔ ဆိုႏုိင္တဲ့ ကစားသမားကို ေဖာ္ထုတ္ေလ့ရွိပါတယ္။ အဲ့သည္ အစီအစဥ္ကေတာ့ Power Rankings ျဖစ္ျပီး အပတ္တိုင္း ထုတ္ျပန္ေပးေနတာပါ။

ဒီအပတ္ ထုတ္ျပန္တဲ့ အဆိုပါ စာရင္းရ ၾသဂုတ္လရဲ႕ ေနာက္ဆံုးအေနအထားမွာ အေကာင္းဆံုး ကစားသမားအျဖစ္ ထိပ္ဆံုးကို ေရာက္လာသူကေတာ့ ၾကီး ၆ ၾကီးမွ ကစားသမားမဟုတ္သလို အျခားေသာ နာမည္ေက်ာ္ အသင္းေတြမွ မဟုတ္ခဲ့ပါဘူး။ ပရီးမီးယားလိဂ္တန္းတက္ ေနာ္ဝစ္အသင္း တိုက္စစ္မွဴး ပူကီဟာ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ စြမ္းေဆာင္ရည္ အေကာင္းဆံုး ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။

လိဂ္ရဲ႕ ဒုတိယအပတ္ ရလဒ္အေရ အေကာင္းဆံုး ထိပ္ဆံုး ၅၀ ဦးစာရင္းကို ထုတ္ျပန္ေပးရာမွာ ပူကီဟာ ထိပ္ဆံုးကို ေရာက္လာခဲ့တာပါ။ ဖင္လန္လက္ေရြးစင္ဟာ နယူးကာဆယ္ကို အႏုိင္ရတဲ့ပြဲမွာ hat-trick သြင္းယူခဲ့ျပီး အဖြင့္ပြဲတုန္းက လီဗာပူးကို ရင္ဆုိင္ကစားစဥ္ ဂိုးသြင္းယူႏုိင္ခဲ့တုန္းကထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ျပသႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ပူကီဟာ မန္စီးတီးတိုက္စစ္သမား စတာလင္ကိုေတာင္ ေက်ာ္ျဖတ္ႏုိင္ခဲ့တာျဖစ္ျပီး စပါးနဲ႔ပြဲမွာ စတာလင္ဂိုးသြင္းယူဖို႔ ျဖတ္တင္ေဘာ ေပးပို႔ႏုိင္ခဲ့တဲ့ ဒီဘရိုင္းက နံပါတ္ ၇၊ စပါးအတြက္ ေျခပဂိုး သြင္းယူေပးခဲ့တဲ့ လာမယ္လာက နံပါတ္ ၄ ေနရာေတြမွာ ရွိေနခဲ့တယ္။ အာဆင္နယ္ကို ရင္ဆိုင္ကစားျပီး သြင္းဂိုးရယူႏုိင္ခဲ့တဲ့ ဘန္းစ္က နံပါတ္ ၃ မွာ ရွိေနျပီး အႏုိင္ဂိုးသြင္းခဲ့တဲ့ အူဘာမီယန္က နံပါတ္ ၅ ေနရာမွာ ရွိေနပါတယ္။

လီဗာပူးအသင္းကို ဦးေဆာင္ျပီး အသင္းေဟာင္းကို သြားေရာက္ရင္ဆိုင္ခဲ့တဲ့ ဗန္ဒိုက္က နံပါတ္ ၉ ေနရာမွာ ရွိေနကာ စိန္႔နဲ႔ပြဲမွာ ပြဲထြက္လူစာရင္းကေန ပါဝင္လာခဲ့ျပီး ဂိုးသြင္းယူခဲ့တဲ့ မာေနးက နံပါတ္ ၁၃ နဲ႔ ဖာမင္ႏိုက နံပါတ္ ၂၁ ေနရာေတြမွာ ရွိေနခဲ့တာျဖစ္တယ္။ ဒီအပတ္မွာ လီဗာပူးနဲ႔ အာဆင္နယ္တုိ႔ ထိပ္တုိက္ေတြ႔ေနလုိ႔ အႏုိင္ရတဲ့အသင္းမွ ကစားသမားဟာ Power Rankings ရဲ႕ ထိပ္ပိုင္းနားထိ ေရာက္လာဖို႔ ရွိေနပါတယ္။

မေန႔က ယွဥ္ျပိဳင္ကစားတဲ့ ဝုဗ္နဲ႔ သေရက်တဲ့ပြဲအျပီး ယူႏုိက္တက္တုိက္စစ္သမားေတြျဖစ္တဲ့ ရပ္ဖိုဒ့္၊ မာရွယ္တို႔ကေတာ့ နံပါတ္ ၈နဲ႔ နံပါတ္ ၁၀ ေနရာေတြမွာ ရပ္တည္ခဲ့ၾကတာျဖစ္တယ္။ ခ်ယ္ဆီးအတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တဲ့ ေမဆန္ေမာင့္ကေတာ့ အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနပါတယ္။

Power Rankings ဟာ မတူညီတဲ့ ရႈေထာင့္ ၁၆ ခုက စြမ္းေဆာင္ရည္ကို အကဲျဖတ္ေပးျခင္းျဖစ္ျပီး အပတ္တိုင္း ထိပ္ဆံုးမွာရွိေနဖို႔ကေတာ့ ခက္ခဲပါတယ္။ လာမယ့္ အပတ္ေတြမွာေကာ မ်က္ႏွာမြဲေလး ပူကီအေနနဲ႔ ထိပ္ဆံုးေနရာေတြမွာ ဦးေဆာင္ဦးမလားဆိုတာက စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်အားကစားသတင်းဌာနဖြစ်တဲ့ စကိုင်းစပေါ့က လစဉ်တိုင်းမှာ ပရီးမီးယားလိဂ်ရဲ့ King လို့ ဆိုနိုင်တဲ့ ကစားသမားကို ဖော်ထုတ်လေ့ရှိပါတယ်။ အဲ့သည် အစီအစဉ်ကတော့ Power Rankings ဖြစ်ပြီး အပတ်တိုင်း ထုတ်ပြန်ပေးနေတာပါ။

ဒီအပတ် ထုတ်ပြန်တဲ့ အဆိုပါ စာရင်းရ သြဂုတ်လရဲ့ နောက်ဆုံးအနေအထားမှာ အကောင်းဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကို ရောက်လာသူကတော့ ကြီး ၆ ကြီးမှ ကစားသမားမဟုတ်သလို အခြားသော နာမည်ကျော် အသင်းတွေမှ မဟုတ်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်တန်းတက် နော်ဝစ်အသင်း တိုက်စစ်မှူး ပူကီဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

လိဂ်ရဲ့ ဒုတိယအပတ် ရလဒ်အရေ အကောင်းဆုံး ထိပ်ဆုံး ၅၀ ဦးစာရင်းကို ထုတ်ပြန်ပေးရာမှာ ပူကီဟာ ထိပ်ဆုံးကို ရောက်လာခဲ့တာပါ။ ဖင်လန်လက်ရွေးစင်ဟာ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲမှာ hat-trick သွင်းယူခဲ့ပြီး အဖွင့်ပွဲတုန်းက လီဗာပူးကို ရင်ဆိုင်ကစားစဉ် ဂိုးသွင်းယူနိုင်ခဲ့တုန်းကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပူကီဟာ မန်စီးတီးတိုက်စစ်သမား စတာလင်ကိုတောင် ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး စပါးနဲ့ပွဲမှာ စတာလင်ဂိုးသွင်းယူဖို့ ဖြတ်တင်ဘော ပေးပို့နိုင်ခဲ့တဲ့ ဒီဘရိုင်းက နံပါတ် ၇၊ စပါးအတွက် ခြေပဂိုး သွင်းယူပေးခဲ့တဲ့ လာမယ်လာက နံပါတ် ၄ နေရာတွေမှာ ရှိနေခဲ့တယ်။ အာဆင်နယ်ကို ရင်ဆိုင်ကစားပြီး သွင်းဂိုးရယူနိုင်ခဲ့တဲ့ ဘန်းစ်က နံပါတ် ၃ မှာ ရှိနေပြီး အနိုင်ဂိုးသွင်းခဲ့တဲ့ အူဘာမီယန်က နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။

လီဗာပူးအသင်းကို ဦးဆောင်ပြီး အသင်းဟောင်းကို သွားရောက်ရင်ဆိုင်ခဲ့တဲ့ ဗန်ဒိုက်က နံပါတ် ၉ နေရာမှာ ရှိနေကာ စိန့်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာခဲ့ပြီး ဂိုးသွင်းယူခဲ့တဲ့ မာနေးက နံပါတ် ၁၃ နဲ့ ဖာမင်နိုက နံပါတ် ၂၁ နေရာတွေမှာ ရှိနေခဲ့တာဖြစ်တယ်။ ဒီအပတ်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့နေလို့ အနိုင်ရတဲ့အသင်းမှ ကစားသမားဟာ Power Rankings ရဲ့ ထိပ်ပိုင်းနားထိ ရောက်လာဖို့ ရှိနေပါတယ်။

မနေ့က ယှဉ်ပြိုင်ကစားတဲ့ ဝုဗ်နဲ့ သရေကျတဲ့ပွဲအပြီး ယူနိုက်တက်တိုက်စစ်သမားတွေဖြစ်တဲ့ ရပ်ဖိုဒ့်၊ မာရှယ်တို့ကတော့ နံပါတ် ၈နဲ့ နံပါတ် ၁၀ နေရာတွေမှာ ရပ်တည်ခဲ့ကြတာဖြစ်တယ်။ ချယ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ မေဆန်မောင့်ကတော့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

Power Rankings ဟာ မတူညီတဲ့ ရှုထောင့် ၁၆ ခုက စွမ်းဆောင်ရည်ကို အကဲဖြတ်ပေးခြင်းဖြစ်ပြီး အပတ်တိုင်း ထိပ်ဆုံးမှာရှိနေဖို့ကတော့ ခက်ခဲပါတယ်။ လာမယ့် အပတ်တွေမှာကော မျက်နှာမွဲလေး ပူကီအနေနဲ့ ထိပ်ဆုံးနေရာတွေမှာ ဦးဆောင်ဦးမလားဆိုတာက စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Sports Home Time