ပြဲၾကိဳမွာ လီဗာပူးကို အထင္ေသးခဲ့ၾကလို႔ ရလဒ္ဆိုးခဲ့ၾကတဲ့ ကလပ္အသင္းမ်ား

[Zawgyi] ပရီးမီးယားလိဂ္မွာေတာ့ ကလပ္အသင္း ႏွစ္သင္းကပဲ ရာႏႈန္းျပည့္ ႏုိင္ပြဲဆက္မႈကို ပိုင္ဆိုင္ေနတာ ျဖစ္ျပီး အဆိုပါ ႏွစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ အာဆင္နယ္တုိ႔ဟာ ဒီအပတ္ စေနေန႔မွာ ထိပ္တိုက္ ေတြ႔ၾကမွာ ျဖစ္ပါတယ္။

လီဗာပူးက ေနာ္ဝစ္နဲ႔ ေဆာက္သမ္တန္ကို အႏုိင္ရထားျပီး အာဆင္နယ္က နယူးကာဆယ္နဲ႔ ဘန္ေလ တို႔ကို အႏုိင္ရထားကာ အမွတ္ေပးဇယား အဆင့္ ၁ နဲ႔ ၂ ေနရာေတြကို ဦးေဆာင္ေနၾကတာပါ။ ဒါေၾကာင့္လည္း  စေနေန႔ပြဲက စိတ္ဝင္စားစရာ ေကာင္းလာခဲ့ခ်ိန္မွာ အာဆင္နယ္ခံစစ္မွဴး ဆိုကေရးတက္စ္ ကေတာ့ လီဗာပူးကို နိမ့္ခ်တဲ့ စကားတစ္ခြန္း ထုတ္ေျပာလာခဲ့ပါတယ္။

ဆိုကေရးတစ္က လီဗာပူးက ခက္ခဲတဲ့ပြဲျဖစ္မယ္ဆိုေပမယ့္ ဂန္းနားတို႔ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ဘန္ေလနဲ႔ပြဲထက္ ပိုလြယ္တဲ့ပြဲကို ရင္ဆိုင္ရႏုိင္တယ္လို႔ ဆိုထားခဲ့တယ္။

ဒီစကားေၾကာင့္ပဲ အဂၤလန္ သတင္းဌာနျဖစ္တဲ့ Givemesport ကေနျပီး အန္ဖီးကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ျခင္း မလုပ္ခင္ အထင္ေသးစကား ေျပာဆိုခဲ့ေပမယ့္ ရလဒ္ေတြ ဆိုးရြားခဲ့တဲ့ ကလပ္အသင္းေတြကို စုစည္းေဖာ္ျပလာခဲ့တယ္။

၄င္းတို႔ရဲ႕ ေဖာ္ျပမႈမွာေတာ့ အန္ဖီးကြင္းကို အထင္မၾကီးေၾကာင္း ေျပာဆိုမႈေတြ လုပ္ခဲ့ၾကျပီး တကယ္တမ္း ရင္ဆိုင္ခ်ိန္မွာ အေျပာနဲ႔ လက္တြ႔မက်ခဲ့တဲ့ ျပင္သစ္ခ်န္ပီယံ ပီအက္ဂ်ီ၊ စပိန္ လာလီဂါ ခ်န္ပီယံ ဘာစီလိုနာတို႔ပါ ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။

Marcelino | May 2016 | Villareal manager

ယာဂင္ကေလာ့ပ္ ပထမဆံုးတာဝန္ယူတဲ့ ေဘာလံုးရာသီအတြင္း ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္မွာ ဗီလာရီးရဲနဲ႔ ထိပ္တိုက္ေတြ႔ခဲ့ပါတယ္။ ဒုတိအေက်ာ့အျဖစ္ အန္ဖီးကြင္းထံ မသြားခင္မွာ ပထမအေက်ာ့ကို ၁-၀ နဲ႔ ဦးေဆာင္ထားတဲ့ စပိန္ကလပ္မန္ေနဂ်ာက အန္ဖီးကြင္းက သူတို႔ ရင္ဆိုင္ႏုိင္မယ့္ ကြင္း တစ္ကြင္းပါ လို႔ ဆိုခဲ့တာပါ။

” အန္ဖီးကြင္းမွာ ကစားဖို႔ဆိုတာက အရမ္းေကာင္းတဲ့ ကိစၥျဖစ္ျပီး သိပ္ေကာင္းတဲ့ ျပိဳင္ဘက္က က်ေနာ္ တို႔ကို ေစာင့္ေမွ်ာ္ေနပါလိမ့္မယ္။ ဒါေပမယ့္လို႔ ကြင္းအတြင္း အားေပးသူေတြက က်ေနာ္တုိ႔အေပၚ သက္ေရာက္မယ္ဆိုရင္ေတာ့ ေကာင္းဖို႔ပဲ ျဖစ္ပါလိမ့္မယ္။ သူတို႔ရဲ႕ အားေပးမႈက က်ေနာ္တုိ႔ကို ပိုေကာင္းေစဖို႔ ျဖစ္မွာပါ။ အန္ဖီးမွာ က်ေနာ္တုိ႔ ဗိုလ္လုပြဲကို ေရာက္ႏုိင္တဲ့ ရလဒ္ ယူႏုိင္မယ္လို႔ ခံစားေနရတယ္။ ” – မာဆယ္လီႏို

‘Nice occasion’ လို႔ မာဆယ္လီႏို နာမည္တပ္ခဲ့တဲ့ အန္ဖီးကြင္းက လီဗာပူးဟာ ဗီလာရီးရဲလ္ကို ရက္ရက္စက္စက္ ကစားခဲ့ျပီး စပိန္အသင္းဟာ ပြဲအစ ၇ မိနစ္မွာတင္ ကိုယ္ဂိုးကို သြင္းမိခဲ့တယ္။ လီဗာပူးက ၃-၀ နဲ႔ အႏုိင္ယူျပီး ဗိုလ္လုပြဲကို တက္ေရာက္သြားပါတယ္။

Julian Nagelsmann | August 2017 | Hoffenheim manager

ယာဂင္ကေလာ့ပ္ ကိုင္တြယ္မႈမွာ လီဗာပူးအသင္းဟာ ပထမဆံုး ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပါဝင္ ယွဥ္ျပိဳင္မႈ အျဖစ္ ေျခစစ္ပြဲမွာ ဂ်ာမနီကလပ္နဲ႔ ထိပ္တိုက္ေတြ႔ခဲ့တာျဖစ္တယ္။ ပထမအေက်ာ့ကိုေတာ့ လီဗာပူးက ၂-၁ နဲ႔ ဦးေဆာင္ထားခဲ့ပါတယ္။ ေနးစမန္းကေတာ့ ပြဲၾကိဳမွာ စကားလံုးစစ္ပြဲကို စတင္ခဲ့ပါတယ္။

” အန္ဖီးကြင္းမွာ က်ေနာ္တို႔ အႏုိင္ရရင္လည္း အံ့ၾသသင့္ၾကမယ္လို႔ မထင္ပါဘူး။ အိမ္ကြင္း၊ အေဝးကြင္း က သိပ္ကြာျခားတယ္လည္း မထင္ဘူး။ အန္ဖီးကြင္းမွာ ကစားရတယ္ဆိုတာကို က်ေနာ္တုိ႔ ဂရု မစိုက္ပါဘူး။ လီဗာပူးအသင္းကို သိပ္ျပီး ေလးစားျပေနမွာလည္း မဟုတ္ဘူး။ က်ေနာ္တုိ႔ကလည္း လံုေလာက္ေအာင္ ေကာင္းမြန္ပါတယ္။ ” – ေနးစမန္း

ပြဲေန႔မွာေတာ့ လီဗာပူးက ပြဲအစ ၂၁ မိနစ္မွာတင္ ၃ ဂိုးသြင္းယူခဲ့တာျဖစ္ျပီး ႏွစ္ေက်ာ့ေပါင္း ရလဒ္မွာ လည္း ျပတ္သားစြာ အႏုိင္ရခဲ့ကာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကို ေရာက္ခဲ့ပါတယ္။ ပြဲအျပီးမွာ ေနးစမန္းကေတာ့ လီဗာပူးအသင္းသားေတြေနာက္မွာ မယံုႏုိင္ေလာက္တဲ့ အားေပးမႈထုထည္ၾကီးရွိျပီး က်ေနာ္တုိ႔ဟာ ဦးေႏွာက္မရွိပဲ ပတ္ေျပးေနတဲ့ ေခါင္းမပါတဲ့ ၾကက္ေပါက္ေတြလို ျဖစ္ခဲ့ပါတယ္လို႔ ဝန္ခံခဲ့ပါတယ္။

Neymar | September 2018 | Paris Saint-Germain player

ပြဲၾကိဳေန႔မွာ ေနမာက လီဗာပူးကို စကားစစ္ထိုးခဲ့ျပီး ” လီဗာပူးက ရာသီကုန္ရင္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ေတာင္မွ ထပ္မရမွာ မဟုတ္ဘူး ” လို႔ နိမ့္ခ်ခဲ့တာပါ။

ပြဲေန႔မွာေတာ့ လီဗာပူးက ပီအက္ဂ်ီကို ၃-၂ နဲ႔ အႏုိင္ယူခဲ့ျပီး လီဗာပူးအသင္းသားေတြ ခပ္ၾကမ္းၾကမ္း ကိုင္တြယ္မႈမွာ ေနမာဟာ ေျခစြမ္းလံုးဝ မေပၚခဲ့တဲ့ထိ ျဖစ္ခဲ့ပါတယ္။ ရာသီသိမ္းရာမွာ လီဗာပူးက ခ်န္ပီယံလိဂ္ဖလား အႏုိင္ရျပီး အမွတ္ေပးဇယားမွာလည္း မန္စီးတီးေနာက္ တစ္မွတ္အကြာ အဆင့္ ၂ ေနရာက ရာသီသိမ္းခဲ့တာျဖစ္တယ္။

Leroy Sane | April 2018 | Manchester City player

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ မကစားခင္မွာ ဆာေနးက ” အားေပးသံေတြ သိပ္က်ယ္တဲ့ ကြင္းမွာ ကစားရမွာက က်ေနာ္အတြက္ေတာ့ ေပ်ာ္စရာပါပဲ။ အားေပးသံ ဆူညံတာက က်ေနာ္တို႔ကို ဒုကၡေပးမယ္လို႔ မထင္ပါဘူး ” လို႔ ဆိုခဲ့ပါတယ္။

ပထမအေက်ာ့ အန္ဖီးမွာ ယွဥ္ျပိဳင္စဥ္မွာေတာ့ လီဗာပူးက မန္စီးတီးကို ၃-၀ နဲ႔ ဂိုးျပတ္ အႏုိင္ယူျပီး ဒုတိယအေက်ာ့မွာလည္း ထပ္မံအႏုိင္ယူရာမွာ ၅-၁ ဆိုတဲ့ ရလဒ္နဲ႔ မန္စီးတီးကို ခ်န္ပီယံလိဂ္ကေန ထြက္ခြာေစခဲ့တာ ျဖစ္ပါတယ္။

Dries Mertens | December 2018 | Napoli player

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ဒရိုင္းမာတင္က အန္ဖီးကြင္းက ေက်ာ္ၾကားတဲ့ ‘This is Anfield’ အမွတ္အသား ကို ေလွာင္ေျပာင္ခဲ့တာပါ။ လီဗာပူးဟာ အုပ္စုအဆင့္က ေက်ာ္လြန္ဖို႔ရာ နာပိုလီကို ၁-၀ (သို႔) ႏွစ္ဂိုးျပတ္ အႏုိင္ရဖို႔ လိုအပ္ခဲ့တာ ျဖစ္ပါတယ္။

ပြဲေန႔ရလဒ္မွာေတာ့ “ ဒီ အမွတ္အသား ေသးေသးေလးက ‘This is Anfield’ တကယ္ေကာ ထူးျခားလို႔လား? ” ဆိုျပီး မွတ္ခ်က္ေပးခဲ့တဲ့ နာပိုလီဟာ အန္ဖီးကြင္းမွာ လီဗာပူးက ျဖဳတ္ခ်ခဲ့ျခင္းကို ရင္ဆိုင္ခဲ့ရျပီး ခ်န္ပီယံလိဂ္ကေန ယူရိုပါလိဂ္ကို ဆင္းကစားခဲ့ရပါတယ္။

Luis Suarez | April 2019 | Barcelona player

အန္ဖီးကြင္းကိုေတာ့ လီဗာပူးကစားသမားေဟာင္း ဆြာရက္စ္ကိုယ္တိုင္က အထင္ေသးစကား ဆိုခဲ့တာပါ။ ပထမအေက်ာ့မွာ အသင္းေဟာင္းကို ဂိုးသြင္းျပီး ထူးထူးကဲကဲ ေအာင္ပြဲခံခဲ့တဲ့ ဆြာရက္စ္က ” က်ေနာ္ အန္ဖီးကြင္းမွာ ဘူးလုပ္ မခံခဲ့ဖူးပါဘူး။ ယူႏုိက္တက္မွာေတာ့ သူတို႔က က်ေနာ္ကို ေလွာင္ေျပာင္ခဲ့ၾကတယ္။ ဒါေပမယ့္ အန္ဖီးကြင္းက က်ေနာ္ပရိသတ္ေတြ ဒါမ်ိဳးလုပ္တာကို ၾကားရမယ္ မထင္ပါဘူး။ သူတို႔ေတြက ေလွာင္ေျပာင္မႈအစား က်ေနာ္ကို လက္ခုပ္ ၾသဘာေပးၾကပါလိမ့္မယ္ ” လို႔ ဆိုခဲ့ပါတယ္။

ဆြာရက္စ္က သူ႔ပရိသတ္ေတြလို ပမာမခန္႔ ေျပာဆိုခဲ့တဲ့ အန္ဖီးကြင္းက လီဗာပူးပရိသတ္ေတြက တိုက္စစ္မွဴးေဟာင္းကို မိနစ္ ၉၀ လံုး ဘူးလုပ္ခဲ့ၾကကာ ပြဲအျပီးမွာေတာ့ ဘာစီလိုနာက ၄-၀ ရလဒ္နဲ႔ အရွက္တကြဲ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

Sokratis | August 2019 | Arsenal player

ဒီအပတ္ ရင္ဆိုင္ရမယ့္ အန္ဖီးကြင္းက ပြဲၾကိဳမွာေတာ့ အာဆင္နယ္ခံစစ္မွဴး ဆိုကေရးတက္စ္က ” ခံစစ္သမားတစ္ေယာက္အေနနဲ႔ ဘန္ေလလို အသင္းကို ရင္ဆုိင္ကစားရတာ ပိုခက္ခဲပါတယ္။ ဘာလို႔လည္းဆိုေတာ့ အရမ္း တုိက္ခိုက္ရတယ္။ လီဗာပူးကေတာ့ ျခားနားတဲ့ပြဲပါ။ ဘန္ေလထက္ ပိုလြယ္တာ ျဖစ္ေကာင္းျဖစ္ႏုိင္တာေပါ့။ သူတို႔က အရမ္းၾကီး မတိုက္ခိုက္ဘူးေလ။ ဒါေပမယ့္ သူတို႔လည္း ေဘာလံုးကစားတာပါပဲ။ ” လို႔ ဆိုထားတာပါ။

ဆိုကေရးတက္စ္ကေကာ သူ႔ေရွ႔က ေနာင္ေတာ္ေတြလမ္းစဥ္လုိက္မလား (သို႔) ႏွစ္ရာသီဆက္ ရံွဴးပြဲ မရွိထားတဲ့ အန္ဖီးကြင္းမွာ ပထမဆံုး အႏုိင္ရအသင္းရဲ႕ အသင္းသားအျဖစ္ မွတ္တမ္းဝင္မလား လာမယ့္ စေနေန႔မွာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်မှာတော့ ကလပ်အသင်း နှစ်သင်းကပဲ ရာနှုန်းပြည့် နိုင်ပွဲဆက်မှုကို ပိုင်ဆိုင်နေတာ ဖြစ်ပြီး အဆိုပါ နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ဒီအပတ် စနေနေ့မှာ ထိပ်တိုက် တွေ့ကြမှာ ဖြစ်ပါတယ်။

လီဗာပူးက နော်ဝစ်နဲ့ ဆောက်သမ်တန်ကို အနိုင်ရထားပြီး အာဆင်နယ်က နယူးကာဆယ်နဲ့ ဘန်လေ တို့ကို အနိုင်ရထားကာ အမှတ်ပေးဇယား အဆင့် ၁ နဲ့ ၂ နေရာတွေကို ဦးဆောင်နေကြတာပါ။ ဒါကြောင့်လည်း စနေနေ့ပွဲက စိတ်ဝင်စားစရာ ကောင်းလာခဲ့ချိန်မှာ အာဆင်နယ်ခံစစ်မှူး ဆိုကရေးတက်စ် ကတော့ လီဗာပူးကို နိမ့်ချတဲ့ စကားတစ်ခွန်း ထုတ်ပြောလာခဲ့ပါတယ်။

ဆိုကရေးတစ်က လီဗာပူးက ခက်ခဲတဲ့ပွဲဖြစ်မယ်ဆိုပေမယ့် ဂန်းနားတို့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဘန်လေနဲ့ပွဲထက် ပိုလွယ်တဲ့ပွဲကို ရင်ဆိုင်ရနိုင်တယ်လို့ ဆိုထားခဲ့တယ်။

ဒီစကားကြောင့်ပဲ အင်္ဂလန် သတင်းဌာနဖြစ်တဲ့ Givemesport ကနေပြီး အန်ဖီးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခြင်း မလုပ်ခင် အထင်သေးစကား ပြောဆိုခဲ့ပေမယ့် ရလဒ်တွေ ဆိုးရွားခဲ့တဲ့ ကလပ်အသင်းတွေကို စုစည်းဖော်ပြလာခဲ့တယ်။

၎င်းတို့ရဲ့ ဖော်ပြမှုမှာတော့ အန်ဖီးကွင်းကို အထင်မကြီးကြောင်း ပြောဆိုမှုတွေ လုပ်ခဲ့ကြပြီး တကယ်တမ်း ရင်ဆိုင်ချိန်မှာ အပြောနဲ့ လက်တွ့မကျခဲ့တဲ့ ပြင်သစ်ချန်ပီယံ ပီအက်ဂျီ၊ စပိန် လာလီဂါ ချန်ပီယံ ဘာစီလိုနာတို့ပါ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

Marcelino | May 2016 | Villareal manager

ယာဂင်ကလော့ပ် ပထမဆုံးတာဝန်ယူတဲ့ ဘောလုံးရာသီအတွင်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ဗီလာရီးရဲနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဒုတိအကျော့အဖြစ် အန်ဖီးကွင်းထံ မသွားခင်မှာ ပထမအကျော့ကို ၁-၀ နဲ့ ဦးဆောင်ထားတဲ့ စပိန်ကလပ်မန်နေဂျာက အန်ဖီးကွင်းက သူတို့ ရင်ဆိုင်နိုင်မယ့် ကွင်း တစ်ကွင်းပါ လို့ ဆိုခဲ့တာပါ။

” အန်ဖီးကွင်းမှာ ကစားဖို့ဆိုတာက အရမ်းကောင်းတဲ့ ကိစ္စဖြစ်ပြီး သိပ်ကောင်းတဲ့ ပြိုင်ဘက်က ကျနော် တို့ကို စောင့်မျှော်နေပါလိမ့်မယ်။ ဒါပေမယ့်လို့ ကွင်းအတွင်း အားပေးသူတွေက ကျနော်တို့အပေါ် သက်ရောက်မယ်ဆိုရင်တော့ ကောင်းဖို့ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ အားပေးမှုက ကျနော်တို့ကို ပိုကောင်းစေဖို့ ဖြစ်မှာပါ။ အန်ဖီးမှာ ကျနော်တို့ ဗိုလ်လုပွဲကို ရောက်နိုင်တဲ့ ရလဒ် ယူနိုင်မယ်လို့ ခံစားနေရတယ်။ ” – မာဆယ်လီနို

‘Nice occasion’ လို့ မာဆယ်လီနို နာမည်တပ်ခဲ့တဲ့ အန်ဖီးကွင်းက လီဗာပူးဟာ ဗီလာရီးရဲလ်ကို ရက်ရက်စက်စက် ကစားခဲ့ပြီး စပိန်အသင်းဟာ ပွဲအစ ၇ မိနစ်မှာတင် ကိုယ်ဂိုးကို သွင်းမိခဲ့တယ်။ လီဗာပူးက ၃-၀ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

Julian Nagelsmann | August 2017 | Hoffenheim manager

ယာဂင်ကလော့ပ် ကိုင်တွယ်မှုမှာ လီဗာပူးအသင်းဟာ ပထမဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်မှု အဖြစ် ခြေစစ်ပွဲမှာ ဂျာမနီကလပ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်တယ်။ ပထမအကျော့ကိုတော့ လီဗာပူးက ၂-၁ နဲ့ ဦးဆောင်ထားခဲ့ပါတယ်။ နေးစမန်းကတော့ ပွဲကြိုမှာ စကားလုံးစစ်ပွဲကို စတင်ခဲ့ပါတယ်။

” အန်ဖီးကွင်းမှာ ကျနော်တို့ အနိုင်ရရင်လည်း အံ့သြသင့်ကြမယ်လို့ မထင်ပါဘူး။ အိမ်ကွင်း၊ အဝေးကွင်း က သိပ်ကွာခြားတယ်လည်း မထင်ဘူး။ အန်ဖီးကွင်းမှာ ကစားရတယ်ဆိုတာကို ကျနော်တို့ ဂရု မစိုက်ပါဘူး။ လီဗာပူးအသင်းကို သိပ်ပြီး လေးစားပြနေမှာလည်း မဟုတ်ဘူး။ ကျနော်တို့ကလည်း လုံလောက်အောင် ကောင်းမွန်ပါတယ်။ ” – နေးစမန်း

ပွဲနေ့မှာတော့ လီဗာပူးက ပွဲအစ ၂၁ မိနစ်မှာတင် ၃ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်း ရလဒ်မှာ လည်း ပြတ်သားစွာ အနိုင်ရခဲ့ကာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ရောက်ခဲ့ပါတယ်။ ပွဲအပြီးမှာ နေးစမန်းကတော့ လီဗာပူးအသင်းသားတွေနောက်မှာ မယုံနိုင်လောက်တဲ့ အားပေးမှုထုထည်ကြီးရှိပြီး ကျနော်တို့ဟာ ဦးနှောက်မရှိပဲ ပတ်ပြေးနေတဲ့ ခေါင်းမပါတဲ့ ကြက်ပေါက်တွေလို ဖြစ်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

Neymar | September 2018 | Paris Saint-Germain player

ပွဲကြိုနေ့မှာ နေမာက လီဗာပူးကို စကားစစ်ထိုးခဲ့ပြီး ” လီဗာပူးက ရာသီကုန်ရင် ချန်ပီယံလိဂ် ဝင်ခွင့်တောင်မှ ထပ်မရမှာ မဟုတ်ဘူး ” လို့ နိမ့်ချခဲ့တာပါ။

ပွဲနေ့မှာတော့ လီဗာပူးက ပီအက်ဂျီကို ၃-၂ နဲ့ အနိုင်ယူခဲ့ပြီး လီဗာပူးအသင်းသားတွေ ခပ်ကြမ်းကြမ်း ကိုင်တွယ်မှုမှာ နေမာဟာ ခြေစွမ်းလုံးဝ မပေါ်ခဲ့တဲ့ထိ ဖြစ်ခဲ့ပါတယ်။ ရာသီသိမ်းရာမှာ လီဗာပူးက ချန်ပီယံလိဂ်ဖလား အနိုင်ရပြီး အမှတ်ပေးဇယားမှာလည်း မန်စီးတီးနောက် တစ်မှတ်အကွာ အဆင့် ၂ နေရာက ရာသီသိမ်းခဲ့တာဖြစ်တယ်။

Leroy Sane | April 2018 | Manchester City player

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ မကစားခင်မှာ ဆာနေးက ” အားပေးသံတွေ သိပ်ကျယ်တဲ့ ကွင်းမှာ ကစားရမှာက ကျနော်အတွက်တော့ ပျော်စရာပါပဲ။ အားပေးသံ ဆူညံတာက ကျနော်တို့ကို ဒုက္ခပေးမယ်လို့ မထင်ပါဘူး ” လို့ ဆိုခဲ့ပါတယ်။

ပထမအကျော့ အန်ဖီးမှာ ယှဉ်ပြိုင်စဉ်မှာတော့ လီဗာပူးက မန်စီးတီးကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ယူပြီး ဒုတိယအကျော့မှာလည်း ထပ်မံအနိုင်ယူရာမှာ ၅-၁ ဆိုတဲ့ ရလဒ်နဲ့ မန်စီးတီးကို ချန်ပီယံလိဂ်ကနေ ထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။

Dries Mertens | December 2018 | Napoli player

ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဒရိုင်းမာတင်က အန်ဖီးကွင်းက ကျော်ကြားတဲ့ ‘This is Anfield’ အမှတ်အသား ကို လှောင်ပြောင်ခဲ့တာပါ။ လီဗာပူးဟာ အုပ်စုအဆင့်က ကျော်လွန်ဖို့ရာ နာပိုလီကို ၁-၀ (သို့) နှစ်ဂိုးပြတ် အနိုင်ရဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲနေ့ရလဒ်မှာတော့ “ ဒီ အမှတ်အသား သေးသေးလေးက ‘This is Anfield’ တကယ်ကော ထူးခြားလို့လား? ” ဆိုပြီး မှတ်ချက်ပေးခဲ့တဲ့ နာပိုလီဟာ အန်ဖီးကွင်းမှာ လီဗာပူးက ဖြုတ်ချခဲ့ခြင်းကို ရင်ဆိုင်ခဲ့ရပြီး ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပါတယ်။

Luis Suarez | April 2019 | Barcelona player

အန်ဖီးကွင်းကိုတော့ လီဗာပူးကစားသမားဟောင်း ဆွာရက်စ်ကိုယ်တိုင်က အထင်သေးစကား ဆိုခဲ့တာပါ။ ပထမအကျော့မှာ အသင်းဟောင်းကို ဂိုးသွင်းပြီး ထူးထူးကဲကဲ အောင်ပွဲခံခဲ့တဲ့ ဆွာရက်စ်က ” ကျနော် အန်ဖီးကွင်းမှာ ဘူးလုပ် မခံခဲ့ဖူးပါဘူး။ ယူနိုက်တက်မှာတော့ သူတို့က ကျနော်ကို လှောင်ပြောင်ခဲ့ကြတယ်။ ဒါပေမယ့် အန်ဖီးကွင်းက ကျနော်ပရိသတ်တွေ ဒါမျိုးလုပ်တာကို ကြားရမယ် မထင်ပါဘူး။ သူတို့တွေက လှောင်ပြောင်မှုအစား ကျနော်ကို လက်ခုပ် သြဘာပေးကြပါလိမ့်မယ် ” လို့ ဆိုခဲ့ပါတယ်။

ဆွာရက်စ်က သူ့ပရိသတ်တွေလို ပမာမခန့် ပြောဆိုခဲ့တဲ့ အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေက တိုက်စစ်မှူးဟောင်းကို မိနစ် ၉၀ လုံး ဘူးလုပ်ခဲ့ကြကာ ပွဲအပြီးမှာတော့ ဘာစီလိုနာက ၄-၀ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

Sokratis | August 2019 | Arsenal player

ဒီအပတ် ရင်ဆိုင်ရမယ့် အန်ဖီးကွင်းက ပွဲကြိုမှာတော့ အာဆင်နယ်ခံစစ်မှူး ဆိုကရေးတက်စ်က ” ခံစစ်သမားတစ်ယောက်အနေနဲ့ ဘန်လေလို အသင်းကို ရင်ဆိုင်ကစားရတာ ပိုခက်ခဲပါတယ်။ ဘာလို့လည်းဆိုတော့ အရမ်း တိုက်ခိုက်ရတယ်။ လီဗာပူးကတော့ ခြားနားတဲ့ပွဲပါ။ ဘန်လေထက် ပိုလွယ်တာ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ သူတို့က အရမ်းကြီး မတိုက်ခိုက်ဘူးလေ။ ဒါပေမယ့် သူတို့လည်း ဘောလုံးကစားတာပါပဲ။ ” လို့ ဆိုထားတာပါ။

ဆိုကရေးတက်စ်ကကော သူ့ရှေ့က နောင်တော်တွေလမ်းစဉ်လိုက်မလား (သို့) နှစ်ရာသီဆက် ရံှူးပွဲ မရှိထားတဲ့ အန်ဖီးကွင်းမှာ ပထမဆုံး အနိုင်ရအသင်းရဲ့ အသင်းသားအဖြစ် မှတ်တမ်းဝင်မလား လာမယ့် စနေနေ့မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Sports Home Time