အဂၤလန္သားေတြ ေရႊေခတ္ျဖစ္ဖို႔ စတင္လမ္းဖြင့္ေပးလာေနတဲ့ ပရီးမီးယားလိဂ္

ပရီးမီးယားလိဂ္ ပထမအပတ္မွာ ေျပာစရာေတြ အမ်ားအျပား ထြက္ေပၚခဲ့ျပီး VAR စနစ္၊ ယူႏုိက္တက္ Vs ခ်ယ္ဆီးပြဲေတြက အဓိက လူေျပာမ်ားတဲ့ ကိစၥေတြျဖစ္ခဲ့ေပမယ့္ ေနာက္ထပ္ သတိျပဳစရာကေတာ့ အဂၤလန္သား ပြဲထြက္ခြင့္ေတြ ပိုမိုမ်ားျပားလာေနျခင္းပဲျဖစ္တယ္။

ပြဲစဥ္ ၁ အတြင္း အဂၤလန္သားေတြ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ရခဲ့တာက ေနာက္ဆံုး ၈ ႏွစ္အတြင္း ျပည္တြင္းလိဂ္မွာ အမ်ားဆံုး ပြဲထြက္ခြင့္ရတဲ့ အရည္အတြက္ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္ေတြက homegrown ကစားသမား အမ်ားအျပားကို ပြဲထုတ္ဖို႔ လုပ္လာၾကျခင္းက အေျပာင္းအလဲအသစ္ေတြကို စတင္ဖို႔ရာနဲ႔ ေစ်းကြက္သစ္တစ္ခုကို စတင္ေဖာက္ႏုိင္ဖို႔ ေျခလွမ္းျပင္လာခဲ့ျခင္း ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ပထမအပတ္မွာ ကစားသမားေပါင္း ၂၂၀ က ပြဲထြက္လူစာရင္းကေန ပါဝင္ခဲ့ျပီး ကစားသမားေပါင္း ၈၃ ဦးက အဂၤလန္အတြက္ ကစားေပးဖို႔ အရည္အခ်င္းျပည့္မွီသူေတြပါ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ ပထမအပတ္ ပြဲထြက္လူစာရင္းရဲ႕ ၃၇% ဟာ အဂၤလန္အသင္းအတြက္ ေရြးခ်ယ္ခြင့္ရဖို႔ ထည့္သြင္းစဥ္းစားလုိ႔ရတဲ့ ကစားသမားေတြျဖစ္လာခဲ့တယ္။

ၾကီး ၆ ၾကီး အသင္းေတြကလည္း အဂၤလန္သားေတြကို အေတာ္ေလး အသံုးျပဳခဲ့ျပီး ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးပြဲမွာေတာ့ ၉ ဦးထိ ပါဝင္လာခဲ့ပါတယ္။ ထိပ္ဆံုး ၆ သင္းက ပြဲထြက္လူစာရင္းမွာ အဂၤလန္သား ၂၂ ဦးကို သံုးခဲ့တာျဖစ္ျပီး မႏွစ္ကထက္ အေတာ္ေလး ရာခိုင္ႏႈန္းတက္လာခဲ့ျခင္းျဖစ္တယ္။ ဒီရာသီဟာ ၂၀၁၁ ခုႏွစ္က ပြဲထြက္လူစာရင္းမွာ အဂၤလန္သား ၃၈% ပြဲထြက္ေပးမႈေနာက္ပိုင္း အျမင့္ဆံုးလည္းျဖစ္တယ္။

အက္ဖ္ေအဟာ ၂၀၂၂ ခုႏွစ္ ကမၻာဖလားမွာ အဂၤလန္အသင္းကို အကူအညီျဖစ္ဖို႔ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြကို homegrown ကစားသမား ၈ ဦးထိ ထည့္သြင္းရမယ္ဆိုတဲ့ သက္မွတ္ခ်က္ကို ထည့္သြင္းခဲ့ျပီး စတင္အေကာင္အထည့္ေဖာ္ေနခဲ့တာက ဒီဘက္ႏွစ္ေတြမွာ အလုပ္ျဖစ္လာခဲ့တယ္။ ဒီရာသီ အဖြင့္ပြဲရလဒ္အရ မန္ေနဂ်ာေဆာက္ဂိတ္ဟာ အဂၤလန္သား အမ်ားအျပားကို လက္ေရြးစင္အတြက္ ေစာင့္ၾကည့္ခြင့္ေတြ ရရွိလာမွာျဖစ္တယ္။

အဂၤလန္သား လူငယ္ေတြ ပရီးမီးယားလိဂ္မွာ ေနရာရဖို႔ဆိုတာကလည္း အက္ဖ္ေအရဲ႕ ရည္ရြယ္ခ်က္ျဖစ္လာခဲ့ျပီး အဂၤလန္အဆင့္ျမင့္တန္းမွာ အဂၤလိပ္မန္ေနဂ်ာေတြ ပိုမ်ားလာဖို႔နဲ႔ အဂၤလန္သားကစားသမားေတြ ပိုမ်ားလာဖို႔ ၾကိဳးစားသြားမွာျဖစ္တယ္။ စပိန္လိဂ္ကစားသမားေတြထဲက ၅၉.၆% ဟာ လက္ေရြးစင္အတြက္ ေရြးခ်ယ္ခံရဖို႔ အဆင့္မွီျပီး၊ ျပင္သစ္ ၅၀.၅%၊ ဂ်ာမနီ ၄၄.၆% နဲ႔ အီတလီ ၄၀.၃% တို႔နဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ ပရီးမီးယားလိဂ္က အေတာ္ေလး က်န္ေနခဲ့ပါတယ္။

အဂၤလန္လူငယ္ေတြဟာ ျပင္ပလိဂ္ေတြမွာ ေအာင္ျမင္ဖို႔ကိုလည္း ရည္ရြယ္ခ်က္ရွိလာေနလို႔ ဒီရာသီမွာ VAR အေျပာင္းအလဲအျပင္ အဂၤလန္သား လူငယ္ေတြ တိုးတက္လာမႈလို အေနအထားကိုလည္း လမ္းဖြင့္ေပးဖို႔ အဂၤလန္ကလပ္ေတြက ၾကိဳးစားလာၾကျပီျဖစ္ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ် ပထမအပတ်မှာ ပြောစရာတွေ အများအပြား ထွက်ပေါ်ခဲ့ပြီး VAR စနစ်၊ ယူနိုက်တက် Vs ချယ်ဆီးပွဲတွေက အဓိက လူပြောများတဲ့ ကိစ္စတွေဖြစ်ခဲ့ပေမယ့် နောက်ထပ် သတိပြုစရာကတော့ အင်္ဂလန်သား ပွဲထွက်ခွင့်တွေ ပိုမိုများပြားလာနေခြင်းပဲဖြစ်တယ်။

ပွဲစဉ် ၁ အတွင်း အင်္ဂလန်သားတွေ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့တာက နောက်ဆုံး ၈ နှစ်အတွင်း ပြည်တွင်းလိဂ်မှာ အများဆုံး ပွဲထွက်ခွင့်ရတဲ့ အရည်အတွက်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေက homegrown ကစားသမား အများအပြားကို ပွဲထုတ်ဖို့ လုပ်လာကြခြင်းက အပြောင်းအလဲအသစ်တွေကို စတင်ဖို့ရာနဲ့ ဈေးကွက်သစ်တစ်ခုကို စတင်ဖောက်နိုင်ဖို့ ခြေလှမ်းပြင်လာခဲ့ခြင်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပထမအပတ်မှာ ကစားသမားပေါင်း ၂၂၀ က ပွဲထွက်လူစာရင်းကနေ ပါဝင်ခဲ့ပြီး ကစားသမားပေါင်း ၈၃ ဦးက အင်္ဂလန်အတွက် ကစားပေးဖို့ အရည်အချင်းပြည့်မှီသူတွေပါ။ ဒါကြောင့် ပရီးမီးယားလိဂ် ပထမအပတ် ပွဲထွက်လူစာရင်းရဲ့ ၃၇% ဟာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခွင့်ရဖို့ ထည့်သွင်းစဉ်းစားလို့ရတဲ့ ကစားသမားတွေဖြစ်လာခဲ့တယ်။

ကြီး ၆ ကြီး အသင်းတွေကလည်း အင်္ဂလန်သားတွေကို အတော်လေး အသုံးပြုခဲ့ပြီး ယူနိုက်တက်နဲ့ ချယ်ဆီးပွဲမှာတော့ ၉ ဦးထိ ပါဝင်လာခဲ့ပါတယ်။ ထိပ်ဆုံး ၆ သင်းက ပွဲထွက်လူစာရင်းမှာ အင်္ဂလန်သား ၂၂ ဦးကို သုံးခဲ့တာဖြစ်ပြီး မနှစ်ကထက် အတော်လေး ရာခိုင်နှုန်းတက်လာခဲ့ခြင်းဖြစ်တယ်။ ဒီရာသီဟာ ၂၀၁၁ ခုနှစ်က ပွဲထွက်လူစာရင်းမှာ အင်္ဂလန်သား ၃၈% ပွဲထွက်ပေးမှုနောက်ပိုင်း အမြင့်ဆုံးလည်းဖြစ်တယ်။

အက်ဖ်အေဟာ ၂၀၂၂ ခုနှစ် ကမ္ဘာဖလားမှာ အင်္ဂလန်အသင်းကို အကူအညီဖြစ်ဖို့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေကို homegrown ကစားသမား ၈ ဦးထိ ထည့်သွင်းရမယ်ဆိုတဲ့ သက်မှတ်ချက်ကို ထည့်သွင်းခဲ့ပြီး စတင်အကောင်အထည့်ဖော်နေခဲ့တာက ဒီဘက်နှစ်တွေမှာ အလုပ်ဖြစ်လာခဲ့တယ်။ ဒီရာသီ အဖွင့်ပွဲရလဒ်အရ မန်နေဂျာဆောက်ဂိတ်ဟာ အင်္ဂလန်သား အများအပြားကို လက်ရွေးစင်အတွက် စောင့်ကြည့်ခွင့်တွေ ရရှိလာမှာဖြစ်တယ်။

အင်္ဂလန်သား လူငယ်တွေ ပရီးမီးယားလိဂ်မှာ နေရာရဖို့ဆိုတာကလည်း အက်ဖ်အေရဲ့ ရည်ရွယ်ချက်ဖြစ်လာခဲ့ပြီး အင်္ဂလန်အဆင့်မြင့်တန်းမှာ အင်္ဂလိပ်မန်နေဂျာတွေ ပိုများလာဖို့နဲ့ အင်္ဂလန်သားကစားသမားတွေ ပိုများလာဖို့ ကြိုးစားသွားမှာဖြစ်တယ်။ စပိန်လိဂ်ကစားသမားတွေထဲက ၅၉.၆% ဟာ လက်ရွေးစင်အတွက် ရွေးချယ်ခံရဖို့ အဆင့်မှီပြီး၊ ပြင်သစ် ၅၀.၅%၊ ဂျာမနီ ၄၄.၆% နဲ့ အီတလီ ၄၀.၃% တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပရီးမီးယားလိဂ်က အတော်လေး ကျန်နေခဲ့ပါတယ်။

အင်္ဂလန်လူငယ်တွေဟာ ပြင်ပလိဂ်တွေမှာ အောင်မြင်ဖို့ကိုလည်း ရည်ရွယ်ချက်ရှိလာနေလို့ ဒီရာသီမှာ VAR အပြောင်းအလဲအပြင် အင်္ဂလန်သား လူငယ်တွေ တိုးတက်လာမှုလို အနေအထားကိုလည်း လမ်းဖွင့်ပေးဖို့ အင်္ဂလန်ကလပ်တွေက ကြိုးစားလာကြပြီဖြစ်ပါတယ်။

Sports Home Time