ယူႏိုက္တက္က ေခၚယူထားတဲ့ ဆယ္ေက်ာ္သက္ ၾကယ္ပြင့္ Hannibal Mejbri ဆိုတာ ဘယ္သူလဲ

အသက္ ၁၆ႏွစ္အရြယ္ Hannibal Mejbri ဟာ လီဗာပူး၊ ေတာ့တင္ဟမ္ ၊ ခ်ယ္ဆီး၊ ဘိုင္ယန္၊ လက္စတာ တို႔ိနဲ႔ သတင္းေတြ ထြက္ခဲ့သည့္တိုင္ သရဲနီေတြနဲ႔ ပူးေပါင္းဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္ အေျပာင္းအေရႊ႔ကိုေတာ့ ဖီဖာက ခြင့္ျပဳေပးဖို႔ ေစာင့္ရဦးမွာပါ။

Mejbri ဟာ အိမ္မက္ျဖစ္တဲ့ အိုးလ္ထရက္ဖို႔ဒ္ထံ ေျပာင္းေရႊ႔ရဖို႔ အာဆင္နယ္ရဲ႕ ေနာက္က် စိတ္ဝင္စားမႈကိုေတာင္ ျငင္းပယ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ဘီလူးေတြဟာ သူ႔အတြက္ ယူ႐ို ၁၀ သန္း ေပးေခ်ဖို႔ သေဘာတူညီမႈ ရခဲ့တယ္လို႔ သိရပါတယ္။

“ဒါက ဂုဏ္ယူစရာပါ။ မန္ခ်က္စတာ ယူႏိုက္တက္က ႀကီးက်ယ္တဲ့ သမိုင္းေၾကာင္း ႐ွိၿပီး သူတို႔ရဲ႕ လူငယ္ေလ့က်င့္ေရးက ထင္႐ွားပါတယ္။ ဒါက က်ေနာ့္ကို အႀကီးက်ယ္ဆံုး တစ္ေန႔ကို ကစားႏိုင္ေအာင္ ႀကိဳးစားဖို႔ တိုးတက္ေစပါလိမ့္မယ္။ က်ေနာ္ အရင္တုန္းက ဗီဒီယိုေတြ အမ်ားႀကီးကို ၾကည့္ခဲ့တယ္။ နာမည္ႀကီးကစားသမားေတြက မန္ခ်က္စတာ ယူႏိုက္တက္ ဂ်ာစီကို ဝတ္ဆင္ထားၾကတယ္။ သူတို႔လို အခြင့္အေရး ရတာ ဂုဏ္ယူစ႐ာ ျဖစ္ပါတယ္။ ” လို႔ Mejbri က ဆိုပါတယ္။

Mejbri ကို ေခၚယူလိုက္ႏိုင္တာက ယူႏိုက္တက္ဟာ ျပင္သစ္နဲ႔ စပိန္ကေန အရည္အခ်င္း႐ွိ လူငယ္ကစားသမားေတြကို ေခၚယူဖို႔ ႀကိဳးစားေနတယ္ဆိုတဲ့ ေနာက္ထပ္ သက္ေသျဖစ္ပါတယ္။ ဇန္နဝါရီ ၂၁၊ ၂၀၀၃ ခုႏွစ္ဖြား Mejbri ဟာ ပဲရစ္ FC နဲ႔ AC Boulogne-Billiancourt တို႔ရဲ႕ အကယ္ဒမီမွာ ကစားခဲ့ၿပီးေနာက္ ၂၀၁၈ ျသဂုတ္မွာ မိုနာကိုကို ေရာက္႐ွိခဲ့ပါတယ္။ သူ႔ ဖခင္ ေလာ့တ္ဖီကလဲ တူနီး႐ွားမွာ ကစားခဲ့တဲ့ ေဘာလံုးသမားေဟာင္းပါပဲ။

Monegasque ကလပ္ဟာ ငယ္ငယ္ထဲက သူ႔အရည္အေသြးကို သိ႐ွိခဲ့တာျဖစ္ၿပီး အသက္ ၁၄ႏွစ္အရြယ္မွာ ေပါင္၁သန္းထဲနဲ႔ လီဗာပူးကို ေက်ာ္ၿပီး ေခၚယူခဲ့ပါတယ္။ မၾကာခင္မွာပဲ Mejbri ဟာ သူ႔အလားအလာကို ျပသခဲ့ၿပီး အကယ္ဒမီ ၿပိဳင္ပြဲ မ်ားစြာမွာ လူေတြကို ဖမ္းစားႏိူင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၆လကတည္းက ယူႏိုက္တက္ဟာ ဒီကြင္းလယ္လူကို သေဘာက်ၿပီး ကင္းေထာက္ေနခဲ့တာပါ။

သူက ႏွစ္ႏိုင္ငံ ႏိုင္ငံသားလက္မွတ္ ရ႐ွိထားတာ ျဖစ္သလို ျပင္သစ္ ဒါမွမဟုတ္ တူနီး႐ွားကို ကိုယ္စားျပဳ ကစားႏိုင္ပါတယ္။ ဒါေပမယ့္ Mejbri က သူ႔ေမြးရပ္ႏိူင္ငံ ယူ ၁၆ အသင္းမွာ တစ္ပြဲသာ ကစားခဲ့ရပါေသးတယ္။ သူ႔မိသားစုက ၂၀၁၇ လီဂူးဝမ္း ခ်န္ပီယံေတြဟာ စာခ်ဳပ္ပါ သေဘာတူညီမႈကို ဖ်က္ခဲ့တယ္လို႔ ဆိုခဲ့ၿပီးေနာက္ လူငယ္ကစားသမားရဲ႕ အနာဂတ္ဟာ သံသယ႐ွိစရာ ျဖစ္ခဲ့ပါတယ္။ သတင္းစာ႐ွင္းလင္းပြဲမွာ သူ႔ဖခင္ကလဲ သူတို႔ိနဲ႔ ကလပ္ၾကား ဆက္ဆံုေရးဟာ ပ်က္ဆီးသြားၿပီလို႔ ေျပာခဲ့ပါတယ္။

“တစ္စံုတစ္ရာ ဆိုးဝါးတာမ်ိဳး ျဖစ္ခဲ့တယ္။ က်ေနာ္တို႔ မိသားစုအတြက္ အဲ့ဒါက အရမ္းခက္ခဲခဲ့တယ္။ တကယ္ကို တုန္လႈပ္စရာေကာင္းတဲ့ စိတ္မခ်မ္းေျမ့စရာ အေတြ႔အၾကံဳပါပဲ။ အမွားေတြ႐ွိခဲ့တယ္။ အဲ့ဒီ့ကေန စၿပီး ကလပ္နဲ႔ က်ေနာ္တို႔ မိသားစုၾကား ယံုျကည္မွုဆက္ဆံေရးဟာ ပ်က္ဆီးခဲ့တယ္လို႔ ထင္ပါတယ္။ ” လို႔ ဆိုပါတယ္။

Mejbri က သူ႔ရဲ႕ သူမတူတဲ့ ဆံပင္ေကာက္ေကာက္ေလးေၾကာင့္ ကြင္းထဲမွာ လူသတိထားမိဖို႔ လြယ္ကူခဲ့ပါတယ္။ ဒါေပမယ့္ dribbling စြမ္းရည္၊ ဗဟိုကြင္းလယ္ေနရာမွာ အနီးကပ္ ထိန္းခ်ဳပ္မႈ နဲ႔ တိုက္စစ္ကို ကူညီေပးတာက သူ႔ကို ထင္႐ွားေစတဲ့ အရည္အခ်င္း ျဖစ္ပါတယ္။

သူ႔ကို အခုလက္႐ွိမွာ ခရစၥတီယာႏို ေရာ္နယ္ဒို ၊ ဟိုေဆးေမာ္ရင္ညိဳ တို႔ ပါဝင္တဲ့ ေဘာလံုးေလာကရဲ႕ ပါဝါအႀကီးဆံုး ေအးဂ်င့္ ေဂ်ာ့မန္ဒက္က ကိုယ္စားျပဳထားတယ္လို႔ သိရပါတယ္။

Sports Home Time

[Unicode] အသက် ၁၆နှစ်အရွယ် Hannibal Mejbri ဟာ လီဗာပူး၊ တော့တင်ဟမ် ၊ ချယ်ဆီး၊ ဘိုင်ယန်၊ လက်စတာ တို့ိနဲ့ သတင်းတွေ ထွက်ခဲ့သည့်တိုင် သရဲနီတွေနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကိုတော့ ဖီဖာက ခွင့်ပြုပေးဖို့ စောင့်ရဦးမှာပါ။

Mejbri ဟာ အိမ်မက်ဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်ထံ ပြောင်းရွှေ့ရဖို့ အာဆင်နယ်ရဲ့ နောက်ကျ စိတ်ဝင်စားမှုကိုတောင် ငြင်းပယ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဘီလူးတွေဟာ သူ့အတွက် ယူရို ၁၀ သန်း ပေးချေဖို့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။

“ဒါက ဂုဏ်ယူစရာပါ။ မန်ချက်စတာ ယူနိုက်တက်က ကြီးကျယ်တဲ့ သမိုင်းကြောင်း ရှိပြီး သူတို့ရဲ့ လူငယ်လေ့ကျင့်ရေးက ထင်ရှားပါတယ်။ ဒါက ကျနော့်ကို အကြီးကျယ်ဆုံး တစ်နေ့ကို ကစားနိုင်အောင် ကြိုးစားဖို့ တိုးတက်စေပါလိမ့်မယ်။ ကျနော် အရင်တုန်းက ဗီဒီယိုတွေ အများကြီးကို ကြည့်ခဲ့တယ်။ နာမည်ကြီးကစားသမားတွေက မန်ချက်စတာ ယူနိုက်တက် ဂျာစီကို ဝတ်ဆင်ထားကြတယ်။ သူတို့လို အခွင့်အရေး ရတာ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ” လို့ Mejbri က ဆိုပါတယ်။

Mejbri ကို ခေါ်ယူလိုက်နိုင်တာက ယူနိုက်တက်ဟာ ပြင်သစ်နဲ့ စပိန်ကနေ အရည်အချင်းရှိ လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ နောက်ထပ် သက်သေဖြစ်ပါတယ်။ ဇန်နဝါရီ ၂၁၊ ၂၀၀၃ ခုနှစ်ဖွား Mejbri ဟာ ပဲရစ် FC နဲ့ AC Boulogne-Billiancourt တို့ရဲ့ အကယ်ဒမီမှာ ကစားခဲ့ပြီးနောက် ၂၀၁၈ သြဂုတ်မှာ မိုနာကိုကို ရောက်ရှိခဲ့ပါတယ်။ သူ့ ဖခင် လော့တ်ဖီကလဲ တူနီးရှားမှာ ကစားခဲ့တဲ့ ဘောလုံးသမားဟောင်းပါပဲ။

Monegasque ကလပ်ဟာ ငယ်ငယ်ထဲက သူ့အရည်အသွေးကို သိရှိခဲ့တာဖြစ်ပြီး အသက် ၁၄နှစ်အရွယ်မှာ ပေါင်၁သန်းထဲနဲ့ လီဗာပူးကို ကျော်ပြီး ခေါ်ယူခဲ့ပါတယ်။ မကြာခင်မှာပဲ Mejbri ဟာ သူ့အလားအလာကို ပြသခဲ့ပြီး အကယ်ဒမီ ပြိုင်ပွဲ များစွာမှာ လူတွေကို ဖမ်းစားနိူင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆လကတည်းက ယူနိုက်တက်ဟာ ဒီကွင်းလယ်လူကို သဘောကျပြီး ကင်းထောက်နေခဲ့တာပါ။

သူက နှစ်နိုင်ငံ နိုင်ငံသားလက်မှတ် ရရှိထားတာ ဖြစ်သလို ပြင်သစ် ဒါမှမဟုတ် တူနီးရှားကို ကိုယ်စားပြု ကစားနိုင်ပါတယ်။ ဒါပေမယ့် Mejbri က သူ့မွေးရပ်နိူင်ငံ ယူ ၁၆ အသင်းမှာ တစ်ပွဲသာ ကစားခဲ့ရပါသေးတယ်။ သူ့မိသားစုက ၂၀၁၇ လီဂူးဝမ်း ချန်ပီယံတွေဟာ စာချုပ်ပါ သဘောတူညီမှုကို ဖျက်ခဲ့တယ်လို့ ဆိုခဲ့ပြီးနောက် လူငယ်ကစားသမားရဲ့ အနာဂတ်ဟာ သံသယရှိစရာ ဖြစ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သူ့ဖခင်ကလဲ သူတို့ိနဲ့ ကလပ်ကြား ဆက်ဆုံရေးဟာ ပျက်ဆီးသွားပြီလို့ ပြောခဲ့ပါတယ်။

“တစ်စုံတစ်ရာ ဆိုးဝါးတာမျိုး ဖြစ်ခဲ့တယ်။ ကျနော်တို့ မိသားစုအတွက် အဲ့ဒါက အရမ်းခက်ခဲခဲ့တယ်။ တကယ်ကို တုန်လှုပ်စရာကောင်းတဲ့ စိတ်မချမ်းမြေ့စရာ အတွေ့အကြုံပါပဲ။ အမှားတွေရှိခဲ့တယ်။ အဲ့ဒီ့ကနေ စပြီး ကလပ်နဲ့ ကျနော်တို့ မိသားစုကြား ယုံကြည်မှုဆက်ဆံရေးဟာ ပျက်ဆီးခဲ့တယ်လို့ ထင်ပါတယ်။ ” လို့ ဆိုပါတယ်။

Mejbri က သူ့ရဲ့ သူမတူတဲ့ ဆံပင်ကောက်ကောက်လေးကြောင့် ကွင်းထဲမှာ လူသတိထားမိဖို့ လွယ်ကူခဲ့ပါတယ်။ ဒါပေမယ့် dribbling စွမ်းရည်၊ ဗဟိုကွင်းလယ်နေရာမှာ အနီးကပ် ထိန်းချုပ်မှု နဲ့ တိုက်စစ်ကို ကူညီပေးတာက သူ့ကို ထင်ရှားစေတဲ့ အရည်အချင်း ဖြစ်ပါတယ်။

သူ့ကို အခုလက်ရှိမှာ ခရစ္စတီယာနို ရော်နယ်ဒို ၊ ဟိုဆေးမော်ရင်ညို တို့ ပါဝင်တဲ့ ဘောလုံးလောကရဲ့ ပါဝါအကြီးဆုံး အေးဂျင့် ဂျော့မန်ဒက်က ကိုယ်စားပြုထားတယ်လို့ သိရပါတယ်။

Sports Home Time