ယူႏိုက္တက္ရဲ႕ အေျပာင္းအလဲက ခ်န္ပီယံလိဂ္ကို သက္ေရာက္ႏိုင္မလားအေပၚ ေနမာရဲ႕အျမင္

[Zawgyi] ပီအက္ဂ်ီစတား ေနမာကေတာ့ ယူႏိုက္တက္ကေန ေမာ္ရင္ညိဳ ရာထူးထုတ္ပယ္ခံရျခင္းနဲ႔အတူ မန္ေနဂ်ာ အေျပာင္းအလဲျဖစ္လာတာက ခ်န္ပီယံလိဂ္မွာ ႏွစ္သင္းထိပ္တိုက္ေတြ႔မႈကို အေျပာင္းအလဲ ျဖစ္လာေစမယ္လို႔ မွတ္ခ်က္ေပးလာခဲ့ပါတယ္။

တနဂၤေႏြေန႔က အန္ဖီးကြင္းမွာ လီဗာပူးကို 3-1 နဲ႔ အေရးနိမ့္ခဲ့ျပီးေနာက္မွာ ယူႏုိက္တက္ဟာ လိဂ္ဦးေဆာင္သူနဲ႔ 19 မွတ္ထိ ကြာဟခဲ့သလို အဆင့္ေလးေနရာနဲ႔လည္း 11 မွတ္ထိ ကြာဟသြားခဲ့တယ္။ ဒါ့အျပင္ အသင္းတြင္း စည္းလံုးမႈနဲ႔ အသင္းျပင္ပ ပရိသတ္ေတြရဲ႕ ရိုက္ခတ္မႈေတြေၾကာင့္ ကလပ္အသင္းဘက္က မန္ေနဂ်ာ ေမာ္ရင္ညိဳကို အနားေပးဖို႔ ဆံုးျဖတ္ျပီး ရာသီကုန္ထိ ယာယီမန္ေနဂ်ာတစ္ဦးနဲ႔ အစားထိုးဖို႔ စီစဥ္ခဲ့တာျဖစ္တယ္။

ေနမာကေတာ့ “ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အရည္အခ်င္းနဲ႔ သူတို႔ကစားသမားေတြမွာ အႏိုင္ရလိုတဲ့ စိတ္ဓါတ္ေကာင္းေတြ ရွိတယ္ဆိုတာ က်ေနာ္တို႔ သိပါတယ္။ မန္ေနဂ်ာ အေျပာင္းအလဲက ကစားဟန္ကိုပါ ေျပာင္းလဲေစပါလိမ့္မယ္။ အေျပာင္းအလဲေတြ ရွိလာမယ့္ သူတို႔က အရည္အခ်င္းေကာင္းေတြ ရွိတဲ့ အသင္းေကာင္းပါ။ က်ေနာ္က ပြဲၾကီးေတြကို ႏွစ္သက္ပါတယ္။ ပြဲေကာင္းေတြကို ကစားရတာကို ေပ်ာ္ရႊင္တယ္။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယွဥ္ျပိဳင္ရမွာကို အရမ္းပဲ ေပ်ာ္ရႊင္ပါတယ္ ” လို႔ ေနမာက ဆိုပါတယ္။

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲကိုေတာ့ 2019 ခုႏွစ္ ေဖေဖာ္ဝါရီလ 13 ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ (2း15) နာရီမွာ ယူႏိုက္တက္က ပီအက္ဂ်ီကို အိမ္ကြင္းမွာ လက္ခံကစားမွာျဖစ္ျပီး 2019 ခုႏွစ္ မတ္လ 6 ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ (2း15) နာရီမွာ ဒုတိယအေက်ာ့အျဖစ္ ပီအက္ဂ်ီ အိမ္ကြင္းထံ သြားေရာက္ျပီး အေဝးကြင္းပြဲ သြားေရာက္ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ယူႏိုက္တက္ကို ရာသီကုန္ထိ တာဝန္ယူကိုင္တြယ္မယ့္ ဆိုးရွားဟာ မန္ေနဂ်ာဘဝကို 2011 မွာ စတင္လိုက္ျပီး မိခင္နုိင္ငံ ေနာ္ေဝက ကလပ္အသင္း Molde ကို စတင္ ကိုင္တြယ္ခဲ့ပါ။ အဆိုပါကလပ္ဟာ အ၀တ္လဲခန္းထဲက ကစားသမားေတြကို ဦးေဆာင္တဲ့ အေတြ႔အၾကံဳ ရွိေပမယ့္ နည္းျပတစ္ေယာက္ အျဖစ္ လံုးလံုးလ်ားလ်ား အုပ္ခ်ဳပ္မႈ အေတြ႔အၾကံဳလံုးဝ မရွိဘဲ ယူနိုက္တက္ကစားသမားေဟာင္းၾကီး မန္ေနဂ်ာအျဖစ္ စတင္ခဲ့ရာ ေနရာပါ။

ဆိုးရွား ေဘာလံုးသမားဘဝက အနားယူခ်ိန္မွာ ဖာဂူဆန္ရဲ႕ ယူနိုက္တက္မွာ တိုက္စစ္နည္းျပ အျဖစ္ တာဝန္ယူခဲ့ဖူးျပီး ထို႔ေနာက္ အရန္အသင္းကိုေတာ့ ေျပာင္းေရႊ႕ ကိုင္တြယ္ခဲ့ဖူးတာေတာ့ ရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ နည္းျပလုပ္ဖို႔ဆိုတာ သူ႔ရည္မွန္းခ်က္ ျဖစ္တယ္လို႔ ဆိုးရွားက ပြင့္ပြင့္လင္းလင္း ေျပာၾကားခဲ့ဖူးျပီး 2014 မွာ ကားဒစ္ဖ္အသင္းဆီ နည္းျပဖို႔ ေရာက္ရွိခဲ့ပါတယ္။ ဒါေပမယ့္ တန္းဆင္းဇုန္က မကယ္တင္နုိင္ခဲ့ပါဘူး။

ဆိုရွားအေနနဲ႔ ခ်န္ပီယံလိဂ္ ရံွဴးထြက္မတိုင္ခင္ အသင္းကို ႏွစ္လေလာက္ ၾကိဳတင္အခ်ိန္ယူခြင့္ရွိမွာျဖစ္သလို အေျပာင္းအေရႊ႔ေစ်းကြက္တစ္ခုကိုလည္း ယူႏိုက္တက္နဲ႔ ေက်ာ္ျဖတ္ခြင့္ရမွာပါ။ ဒါေၾကာင့္ ပီအက္ဂ်ီနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲအတြက္ ေရပန္းစားမႈ နိမ့္က်ေနတဲ့ အေနအထားကို ေျပာင္းလဲေပးႏိုင္မလားက ေမွ်ာ္လင့္စရာပါပဲ။

Sports Home Time

[Unicode] ပီအက်ဂျီစတား နေမာကတော့ ယူနိုက်တက်ကနေ မော်ရင်ညို ရာထူးထုတ်ပယ်ခံရခြင်းနဲ့အတူ မန်နေဂျာ အပြောင်းအလဲဖြစ်လာတာက ချန်ပီယံလိဂ်မှာ နှစ်သင်းထိပ်တိုက်တွေ့မှုကို အပြောင်းအလဲ ဖြစ်လာစေမယ်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။

တနင်္ဂနွေနေ့က အန်ဖီးကွင်းမှာ လီဗာပူးကို 3-1 နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ ယူနိုက်တက်ဟာ လိဂ်ဦးဆောင်သူနဲ့ 19 မှတ်ထိ ကွာဟခဲ့သလို အဆင့်လေးနေရာနဲ့လည်း 11 မှတ်ထိ ကွာဟသွားခဲ့တယ်။ ဒါ့အပြင် အသင်းတွင်း စည်းလုံးမှုနဲ့ အသင်းပြင်ပ ပရိသတ်တွေရဲ့ ရိုက်ခတ်မှုတွေကြောင့် ကလပ်အသင်းဘက်က မန်နေဂျာ မော်ရင်ညိုကို အနားပေးဖို့ ဆုံးဖြတ်ပြီး ရာသီကုန်ထိ ယာယီမန်နေဂျာတစ်ဦးနဲ့ အစားထိုးဖို့ စီစဉ်ခဲ့တာဖြစ်တယ်။

နေမာကတော့ “ မန်ချက်စတာယူနိုက်တက်ရဲ့ အရည်အချင်းနဲ့ သူတို့ကစားသမားတွေမှာ အနိုင်ရလိုတဲ့ စိတ်ဓါတ်ကောင်းတွေ ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ မန်နေဂျာ အပြောင်းအလဲက ကစားဟန်ကိုပါ ပြောင်းလဲစေပါလိမ့်မယ်။ အပြောင်းအလဲတွေ ရှိလာမယ့် သူတို့က အရည်အချင်းကောင်းတွေ ရှိတဲ့ အသင်းကောင်းပါ။ ကျနော်က ပွဲကြီးတွေကို နှစ်သက်ပါတယ်။ ပွဲကောင်းတွေကို ကစားရတာကို ပျော်ရွှင်တယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာကို အရမ်းပဲ ပျော်ရွှင်ပါတယ် ” လို့ နေမာက ဆိုပါတယ်။

ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ပွဲကိုတော့ 2019 ခုနှစ် ဖေဖော်ဝါရီလ 13 ရက်နေ့ မြန်မာစံတော်ချိန် နံနက် (2း15) နာရီမှာ ယူနိုက်တက်က ပီအက်ဂျီကို အိမ်ကွင်းမှာ လက်ခံကစားမှာဖြစ်ပြီး 2019 ခုနှစ် မတ်လ 6 ရက်နေ့ မြန်မာစံတော်ချိန် နံနက် (2း15) နာရီမှာ ဒုတိယအကျော့အဖြစ် ပီအက်ဂျီ အိမ်ကွင်းထံ သွားရောက်ပြီး အဝေးကွင်းပွဲ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ကို ရာသီကုန်ထိ တာဝန်ယူကိုင်တွယ်မယ့် ဆိုးရှားဟာ မန်နေဂျာဘဝကို 2011 မှာ စတင်လိုက်ပြီး မိခင်နိုင်ငံ နော်ဝေက ကလပ်အသင်း Molde ကို စတင် ကိုင်တွယ်ခဲ့ပါ။ အဆိုပါကလပ်ဟာ အဝတ်လဲခန်းထဲက ကစားသမားတွေကို ဦးဆောင်တဲ့ အတွေ့အကြုံ ရှိပေမယ့် နည်းပြတစ်ယောက် အဖြစ် လုံးလုံးလျားလျား အုပ်ချုပ်မှု အတွေ့အကြုံလုံးဝ မရှိဘဲ ယူနိုက်တက်ကစားသမားဟောင်းကြီး မန်နေဂျာအဖြစ် စတင်ခဲ့ရာ နေရာပါ။

ဆိုးရှား ဘောလုံးသမားဘဝက အနားယူချိန်မှာ ဖာဂူဆန်ရဲ့ ယူနိုက်တက်မှာ တိုက်စစ်နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးပြီး ထို့နောက် အရန်အသင်းကိုတော့ ပြောင်းရွှေ့ ကိုင်တွယ်ခဲ့ဖူးတာတော့ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့ဆိုတာ သူ့ရည်မှန်းချက် ဖြစ်တယ်လို့ ဆိုးရှားက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးပြီး 2014 မှာ ကားဒစ်ဖ်အသင်းဆီ နည်းပြဖို့ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန်က မကယ်တင်နိုင်ခဲ့ပါဘူး။

ဆိုရှားအနေနဲ့ ချန်ပီယံလိဂ် ရံှူးထွက်မတိုင်ခင် အသင်းကို နှစ်လလောက် ကြိုတင်အချိန်ယူခွင့်ရှိမှာဖြစ်သလို အပြောင်းအရွှေ့ဈေးကွက်တစ်ခုကိုလည်း ယူနိုက်တက်နဲ့ ကျော်ဖြတ်ခွင့်ရမှာပါ။ ဒါကြောင့် ပီအက်ဂျီနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် ရေပန်းစားမှု နိမ့်ကျနေတဲ့ အနေအထားကို ပြောင်းလဲပေးနိုင်မလားက မျှော်လင့်စရာပါပဲ။

Sports Home Time