အဂၤလန္အေျပာင္းအေရႊ႔ ပိတ္သိမ္းျခင္းနဲ႔ ေသာၾကာေန႔အတြက္ နံနက္ခင္းသတင္းမ်ား

မန္စီးတီးေတာင္ပံသမား ဆာေနး ရရွိခဲ့တဲ့ ဒူးဒဏ္ရာဟာ ACL လို႔ ကလပ္အသင္းဘက္က အတည္ျပဳ ေၾကညာလိုက္ပါတယ္။ ဆာေနးဟာ ခြဲစိတ္မႈ ျပဳလုပ္ရမွာျဖစ္ျပီး ကာလရွည္ အနားယူရေတာ့မွာ ျဖစ္ပါတယ္။

မန္စီးတီးဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ ဒါဘီအသင္းမွ ဂိုးသမားၾကီး ကာဆန္ကို တစ္ရာသီ အငွားစာခ်ဳပ္ျဖင့္ ေခၚယူႏုိင္ခဲ့ေၾကာင္း တရားဝင္ ေၾကညာခဲ့ပါတယ္။

လီဗာပူးအသင္း ေတာင္ပံသမား ဆာလက္ကို လူမ်ိဳးေရးခြဲျခားခဲ့တဲ့ အဲဗာတန္အသင္းပရိသတ္ဟာ မနက္ကပဲ အဖမ္းခံခဲ့ရပါတယ္။ အဲဗာတန္ဟာ လူမ်ိဳးေရးခြဲျခားမႈကို ဆန္႔က်င့္ပါေၾကာင္း သက္ေသျပမႈအျဖစ္ ကစားသမားသစ္ ကိန္းကို ေထာက္ခံေၾကာင္းေတြ လုပ္ဖို႔လည္း အစီအစဥ္ရွိပါတယ္။

လီဗာပူးမန္ေနဂ်ာယာဂင္ကေလာ့ပ္က ဒီကေန႔ညမွာ လီဗာပူးပရိသတ္ေတြေတြပဲ ဖန္တီးႏုိင္တဲ့ အန္ဖီးညကို ပံုေဖာ္ထူးဆစ္ျပီး ေနာက္ထပ္ စာမ်က္ႏွာသစ္ကို ဖြင့္လွစ္ၾကမယ္လို႔ ေတာင္းဆိုလိုက္ပါတယ္။

ပဲေလစ့္ဟာ ေတာင္ပံသမား ဇာဟာကို ဇန္နဝါရီ အေျပာင္းအေရႊ႔လို လာမယ့္ ေစ်းကြက္ေတြမွာေတာ့ ေရာင္းခ်သြားေတာ့မွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ပဲေလစ့္တိုက္စစ္သမားကို စိတ္ဝင္စားျပီး လာမယ့္ေႏြအတြက္ ၾကိဳတင္ သေဘာတူညီမႈတစ္ခုကို ရဖို႔ ေမွ်ာ္လင့္ေနတာပါ။

ခ်ယ္ဆီးကြင္းလယ္လူ ဒရင့္ဝါးသားဟာ ဘန္ေလအသင္းထံသို႔ အငွားထြက္ကစားျပီျဖစ္ပါတယ္။ ခ်ယ္ဆီးဘက္က ကစားသမားရဲ႕ လုပ္ခကို မွ်ေဝ က်ခံေပးရမွာျဖစ္ျပီး ဇန္နဝါရီ ၆ ရက္ေန႔ထိ ၆ လတာ အငွားျဖစ္ပါတယ္။

စပါးအသင္းဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ ဘက္တစ္ကြင္းလယ္လူ လုိဆယ္ဆိုနဲ႔ ဖူလ္ဟမ္အစြန္လူ ဆက္ဆက္ႏြန္ကို အျပီးသတ္ ေခၚယူႏုိင္ခဲ့ပါတယ္။ ဒိုင္ဘာလာအတြက္ ၾကိဳးစားမႈကေတာ့ မေအာင္ျမင္ခဲ့ပါဘူး။

ဝတ္ဖိုဒ့္အသင္းဟာ စပါးဘယ္အစြန္လူ ဒန္နီရိုစ့္ကို အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ ေခၚယူႏုိင္ဖုိ႔ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း စပါးကေတာ့ ျငင္းဆန္ခဲ့ျပီး ရိုစ့္ကို အသင္းမွာပဲ ဆက္ထိန္းသြားႏုိင္ခဲ့ပါတယ္။

အာဆင္နယ္ ေတာင္ပံသမား အီဝိုဘီဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးအခ်ိန္မွာပဲ အဲဗာတန္အသင္းကို ေျပာင္းေရႊ႔သြားပါတယ္။ အာဆင္နယ္က ေျပာင္းေရႊ႔ေၾကး ေပါင္ ၃၅ သန္း ရရွိသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ လူးဝစ္နဲ႔ တီရာေနးတို႔ကို အျပီးသတ္ ေခၚယူသြားခဲ့ပါတယ္။ ႏွစ္ဦးလံုးဟာ ေဆးစစ္မႈလည္း ေအာင္ျမင္ခဲ့ျပီး တရားဝင္ ေၾကညာမႈလည္း လုပ္ခဲ့ပါျပီ။

အဲဗာတန္ဟာ ယူႏုိက္တက္ခံစစ္သမား ရိုဂ်ိဳကို ေစ်းကြက္ ေနာက္ဆံုးရက္မွာ ေခၚယူဖို႔ ညိႏိႈင္းခဲ့ေပမယ့္ ေအာင္ျမင္ခဲ့ျခင္း မရွိပါဘူး။ ယူႏုိက္တက္ဟာ ရိုဂ်ိဳအတြက္ ေပါင္ ၂၀ သန္း ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ ယူႏုိက္တက္ဟာ တုိက္စစ္သမားသစ္ ရွာေဖြေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ေစ်းကြက္ပိတ္ဖုိ႔ နာရီပိုင္းအလိုမွာတင္ မန္ေနဂ်ာဆိုးရွားက ကလပ္အသင္းနဲ႔ ကိုက္ညီမႈ မရွိတဲ့ ကစားသမားေတြကို မေခၚပဲ အေျပာင္းအေရႊ႔ ရပ္တန္႔ဖို႔ ဆံုးျဖတ္လိုက္ပါတယ္။

လက္စတာအသင္းဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ ဆမ့္ဒိုးရီးယားကြင္းလယ္လူ ပါရက္ကို ေပါင္ ၁၈ သန္းေပးျပီး အျပီးသတ္ ေခၚယူသြားႏုိင္ခဲ့ျပီျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးတောင်ပံသမား ဆာနေး ရရှိခဲ့တဲ့ ဒူးဒဏ်ရာဟာ ACL လို့ ကလပ်အသင်းဘက်က အတည်ပြု ကြေညာလိုက်ပါတယ်။ ဆာနေးဟာ ခွဲစိတ်မှု ပြုလုပ်ရမှာဖြစ်ပြီး ကာလရှည် အနားယူရတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဒါဘီအသင်းမှ ဂိုးသမားကြီး ကာဆန်ကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

လီဗာပူးအသင်း တောင်ပံသမား ဆာလက်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ အဲဗာတန်အသင်းပရိသတ်ဟာ မနက်ကပဲ အဖမ်းခံခဲ့ရပါတယ်။ အဲဗာတန်ဟာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင့်ပါကြောင်း သက်သေပြမှုအဖြစ် ကစားသမားသစ် ကိန်းကို ထောက်ခံကြောင်းတွေ လုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က ဒီကနေ့ညမှာ လီဗာပူးပရိသတ်တွေတွေပဲ ဖန်တီးနိုင်တဲ့ အန်ဖီးညကို ပုံဖော်ထူးဆစ်ပြီး နောက်ထပ် စာမျက်နှာသစ်ကို ဖွင့်လှစ်ကြမယ်လို့ တောင်းဆိုလိုက်ပါတယ်။

ပဲလေစ့်ဟာ တောင်ပံသမား ဇာဟာကို ဇန်နဝါရီ အပြောင်းအရွှေ့လို လာမယ့် ဈေးကွက်တွေမှာတော့ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပဲလေစ့်တိုက်စစ်သမားကို စိတ်ဝင်စားပြီး လာမယ့်နွေအတွက် ကြိုတင် သဘောတူညီမှုတစ်ခုကို ရဖို့ မျှော်လင့်နေတာပါ။

ချယ်ဆီးကွင်းလယ်လူ ဒရင့်ဝါးသားဟာ ဘန်လေအသင်းထံသို့ အငှားထွက်ကစားပြီဖြစ်ပါတယ်။ ချယ်ဆီးဘက်က ကစားသမားရဲ့ လုပ်ခကို မျှဝေ ကျခံပေးရမှာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့ထိ ၆ လတာ အငှားဖြစ်ပါတယ်။

စပါးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘက်တစ်ကွင်းလယ်လူ လိုဆယ်ဆိုနဲ့ ဖူလ်ဟမ်အစွန်လူ ဆက်ဆက်နွန်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒိုင်ဘာလာအတွက် ကြိုးစားမှုကတော့ မအောင်မြင်ခဲ့ပါဘူး။

ဝတ်ဖိုဒ့်အသင်းဟာ စပါးဘယ်အစွန်လူ ဒန်နီရိုစ့်ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးကတော့ ငြင်းဆန်ခဲ့ပြီး ရိုစ့်ကို အသင်းမှာပဲ ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

အာဆင်နယ် တောင်ပံသမား အီဝိုဘီဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာပဲ အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားပါတယ်။ အာဆင်နယ်က ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ရရှိသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လူးဝစ်နဲ့ တီရာနေးတို့ကို အပြီးသတ် ခေါ်ယူသွားခဲ့ပါတယ်။ နှစ်ဦးလုံးဟာ ဆေးစစ်မှုလည်း အောင်မြင်ခဲ့ပြီး တရားဝင် ကြေညာမှုလည်း လုပ်ခဲ့ပါပြီ။

အဲဗာတန်ဟာ ယူနိုက်တက်ခံစစ်သမား ရိုဂျိုကို ဈေးကွက် နောက်ဆုံးရက်မှာ ခေါ်ယူဖို့ ညိနှိုင်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ယူနိုက်တက်ဟာ ရိုဂျိုအတွက် ပေါင် ၂၀ သန်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက်ဟာ တိုက်စစ်သမားသစ် ရှာဖွေပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဈေးကွက်ပိတ်ဖို့ နာရီပိုင်းအလိုမှာတင် မန်နေဂျာဆိုးရှားက ကလပ်အသင်းနဲ့ ကိုက်ညီမှု မရှိတဲ့ ကစားသမားတွေကို မခေါ်ပဲ အပြောင်းအရွှေ့ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လက်စတာအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဆမ့်ဒိုးရီးယားကွင်းလယ်လူ ပါရက်ကို ပေါင် ၁၈ သန်းပေးပြီး အပြီးသတ် ခေါ်ယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Sports Home Time